ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏
ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း
လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ်
အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်း
ဖြစ်သည်။
“မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက်
အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။
သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီး
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။
“ အောင်နိုင်ရေး အလှပြကားပေါ့ ကျနော်တို့ ဆင်ထားတယ်။ ကားပေါ်မှာ ရွှေရောင် ခွပ်ဒေါင်းကြီးနဲ့ ကြယ်ဖြူကြီးကို ကျနော်တို့ လုပ်ထားတယ်။ မန္တလေး သင်္ကြန် အလှပြကားတွေလိုပေါ့ဗျာ” ဟု ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန် ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်က
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြောမည် ဖြစ်သည်။
မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ
Reviewed by သစ်ထူးလွင်
on
20:32
Rating:
11 comments:
မင်္ဂလာသတင်းပါ........
ဝမ်းသာစရာသတင်းပါဗျာ။ မန္တလေးပာာ မျိုးချစ်စိတ်အလွန်ပြင်းထန်တဲ့ဒေသပါ။ အလွန်စည်ကားအောင်မြင်မယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။
မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီပိရိသေသပ်လွန်းပြီး လှပသည့် နိုင်ငံရေး ကျားကွက်ကစားခုံအတွင်း၌ ရွေ့ပုံခြင်း မတူပါ.ကစားပုံခြင်းမတူပါ.အတွေးမတူ.အပြောမတူ .အလုပ်မတူ..မီဒီယာကို မှီတက် ဦးခင်ညွန့်(အငြိမ်းမဟုတ် ဗိုလ်ချုပ်ကြီးဟောင်း)မီဒီယာကို အမှီမပြု
သူရဦးရွှေမန်း(အင်ြမ်းစား ဗိုလ်ချုပ်ကြီး...ဥပဒေ အထက် မည်သူမျှ မရှိစေရ)ဦးသန်းရွှေ၊ဦးသိန်းစိန်၊ဒေါက်တာစိုင်းမောက်ကေခမ်း၊သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးတင်အေး၊ ၊ ဦးတင့်ဆန်း ၊ ဦးကျော်ဆန်း.သူတို့သူတို့တွေကြားထဲ ဗိုလ်ချုပ်ကြီးမင်အောင်လှိုင်.ဗိုလ်ချုပ် ကိုကို ပြီတော့ http://www.rfa.org/burmese/news/nld-mandalay-02222012101602.html.. ကိုကျော်ပြီး မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ....
မြို့တော်ဝန်ဥိးဖုန်းဇော်ဟန်ကိုအထူးပင်ကျေးဇူးတင်ပါတယ်
မြို့တော်ဝန်ဦးဖုန်းဇော်ဟန်လိုလူများမြန်မာနိုင်ငံမှာပေါများပါစေ
ပြည်သူလူထူကလည်သိန်းပေါင်းမြောက်များစွာနဲ့ကြိုဆိုမယ်ဆိုတာကို
ယုံကြည်ပါတယ်
မန်တလေးမှ ပြည်သူလူထူအားလုံးကိုလည်းကျေးဇူးအထူးတင်လျက်ပါ...
မြို့တော်ဝန်ကြီးကိုကျေးဇူးတင်ပါတယ်။မန်းမြို့သားတွေ ကောင်းကောင်းကြိုကြ။သောင်းသောင်းဖြဖြနဲ့မန်းဇာတိသွေး၇ဲကြောင်ပြကြပေါ့။
တာဝန်ယူတတ်မှု၊ တာဝန်ယူရဲမှု လူတိုင်းမှာရှိသင့်တယ်။ အထူးသဖြင့်ရာထူးကြီးလေ ပိုပြီးတာဝန်ယူရဲရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အဲဒီတာဝန်ကြီးကြီးနဲ့ လစာများများယူထားပြီး တယောက်ယောက်ကို မှီခိုပြီး၊ မေးမြန်းပြီးမှ ဆုံးဖြတ်ချက်တခု၊ အဖြေတခုပေးနိုင်မယ်ဆိုရင်တော့ ကိုယ်ဒီရာထူး၊ ဒီလစာနဲ့ မတန်ဖူးဆိုတာ မပြောပဲနဲ့သိသင့်တယ်။ အဲဒီလိုဆိုရင် ဝန်ကြီး၊ ဝန်လေးတွေထားမဲ့အစား သတင်းထုတ်ပြန်သူတွေသာခန့်ပြီး တဦးထဲကအမိန့်ပေးရင် ပြည်သူတွေထမ်းရတဲ့ အခွန်တောင်သက်သက်သာသာဖြစ်သွားမှာ။
မြို့တော်ဝန်ကိုကျေးဇူးပါ။မန်းသားများသောင်းသောင်းဖြဖြကြိုကြပါ။ေ၇ွှမန်း၇ဲ့ဇာတိသွေးဇာတိမာန်ကိုပြလိုက်ကြဦး။
ွှ
မြို့တော်ဝန်ကိုကျေဇူးတင်ပါတယ်။မန်းသူ။သားများရဲ့ဇာတိသွေး/မာန်ကိုပြခွင့် ပေးလို့ပါ.ကဲ..စည်းကမ်းကျစွာ.အင်းအားပြည့်စွာနဲ့ အားပေးကြပါ.ကြိုဆိုကြပါအုံး လို့..ယုံကြည်စွာစောင့်မျှော်နေမယ်နော်..
'ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်' မန္တလေး ပြည်သူလူထုကွင်းလုံးပြည့် လျှံအောင်လာရောက် အားပေးကြိုဆိုကြမယ်လို့ ယုံကြည်ပါတယ်...မန်းပြည်သူလူထုအားလုံးအား ကျေးဇူး အထူးတင်လျက်ပါ.....
နိုင်ငံရေး ပရိယာယ် တစ်မျိုးလို့ပဲ မြင်မိပါတယ်။ သည့်ထက် ပို မြင်လို့ မရပါ။ ဘာပြောပြော အကောင်းဘက်ကို ပြောင်းတယ်ဆိုတော့ ကြိုဆိုရမှာပေါ့လေ။
ယုံကြည် နိုင်လောက် သော ပုဂ္ဂိုလ်ထဲတွင် ဖုန်းဇော်ဟန် မပါဝင်ပါ kokhent ပြောသလို လှည့်ကွက်တွေ ရှိပါတယ် ယခု အထက် လူကြီးများဟု ခံယူထားသော ပုဂ္ဂိုလ်တိုင်း သူတို့၏ အထက်မှာ တစ်ယောက် ကျန်နေသမျှ ကျန်တစ်ယောက်၏ အမိန့်အား အမြဲတမ်း နာခံရစမြဲပါ။
Post a Comment