ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ရဲတပ်ဖွဲ့ ကဆောင်ရွက်ပေးနေ


 အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်() ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးတွင် လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးနှင့် ရဲစခန်းမှ တာဝန်ရှိသူများက မလိုလားအပ်သောအနှောက်အယှက်များ မရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဲဆွယ်ခွင့်မရှိသေး
´ဒေါ်စုက မဲဆွယ်ခရီးစဉ်တော်တော်များများသွားပြီးပြီ။ သူအနေနဲ့က ကော့မှူးမှာ တရာဝင်ကိုယ်စားလှယ်မဖြစ်သေးတော့ သူ့အနေနဲ့ မဲဆွယ်စည်းရုံးခွင့်မရှိသေးဘူး။ ပါတီကိုယ်စားပြုပဲ စည်းရုံးလို့ရတယ်။ စည်းရုံးရေးသွားတဲ့အခါ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်မြို့နယ်မှာ စုဝေးဟောပြောခွင့်ပေးဖို့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ကို ခွင့်တောင်းရတယ်။ ကော်မရှင်ရဲ့ အဓိကအလုပ်က နှစ်ခုရှိတယ်။ ခွင့်ပြုခြင်း၊ မပြုခြင်းနဲ့ ခွင့်ပြုလိုက်ပြီဆိုရင် လုံခြုံရေးပေါ့။ လုံခြုံရေးကိစ္စကိုလည်း ဆောင်ရွက်ပေးရပါတယ်´ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကိုကိုက ပြောသည်။
အကြောင်းကြားပေး
သက်ဆိုင်ရာကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ကို တရားဝင်ခွင့်ပြုပြီးလျှင် ခွင့်ပြုကြောင်းအကြောင်းကြားစာနှင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်အချိန်၊ ဘယ်နေရာ၌ ဟောပြောမည် စသည်တို့ကို သက်ဆိုင်ရာမြို့နယ်မှူး ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို မိတ္တူပေးပို့ရမည်။ မလိုလားအပ်သော အနှောက်အယှက်များ မရှိစေရေးအတွက် လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးရန် ညွှန်ကြးထားကြောင်း သိရသည်။
Favourite News Journal 
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ရဲတပ်ဖွဲ့ ကဆောင်ရွက်ပေးနေ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ရဲတပ်ဖွဲ့ ကဆောင်ရွက်ပေးနေ Reviewed by သစ်ထူးလွင် on 10:35 Rating: 5

12 comments:

moeoo said...

Thank so must security for ah may suu.

moeoo said...

Thank so must security for ah may suu.

TTMY said...

အမကြီးစည်းရုံးရေးအတွက်ဒီလိုလုပ်ပေးတာကျေးဇူးတင်ဖို့ကောင်းပါတယ်
ဒါပေမယ့်အမကြီးဆီကလူတွေစည်းရုံးရေးဆင်းနေတာဟိုပါတီခလုပ်တိုက်
ဒီပါတီခလုပ်တိုက်ပြောနေတာတွေကတော့အမကြီးသိဖို့လိုပါလိမ့်မယ်

Myanmar said...

ဒေါ်စုကို ကန့်ကွက်တဲ့လူက လက်၇ှိအစိုး၇ကို အပုတ်ချဘို့ကြိုးစားနေတာနဲ့တူနေပီ ကြည့်လဲလုပ်အုံး။
ကိုတင်၇ီကတော့ DO OR DIE လုပ်နေတာဘဲ။ ။

ကျော်ထိုက် said...

( TTMY ) တောက်တိုမယ်ရ ရေ...အမေစု ပါတီက ဟိုပါတီ ခလုပ်တိုက် ဒီ ပါတီ ခလုပ်တိုက် လို့ ပြောနေရတာ..ခင် ဗျား တို့ ပါတီ တွေကကော ပြည့် သူ့ အကျိုး အတွက် ဘာတွေများ ကောင်း အောင် လုပ်ပေးခဲ့ပါသလဲ...ပြည် သူတွေ ငတ်ပြတ်ပြီး ...ဒုက္ခ ရောက်နေတာ တွေ ကို နည်းနည်းမှ ဂရုမစိုက်ပေးခဲ့ဘူး..လူတွေ ဟာ မှန်တာပြောရင် နာတယ်..တဲ့ အဲ့ဒီ့ အတိုင်းပေါ့...ခု ခင်ဗျား တို့ပါတီတွေ ကလည်း ကိုယ့်မယား..ကိုယ့် ဆွေမျိုး တွေကောင်းဖို့ ကြီးပွားဖို့ ပဲ ကြံစည် အားထုတ်နေကြတာ ဘယ်သူ့အတွက်မှ ကြည့် ခဲ့တာမဟုတ်ဘူး.....အဲ့လို တိုက်ခိုက်ပြီး မပြောစေချင်ရင် ကိုယ် ဘက် ကလည်း ကောင်းတာတွေကို လုပ်ဖို့လိုပါတယ်....မှန် တာတွေ ကို ထုတ်ဖော်ပြသပြောပြ ရတာ ဟာ ပါတီ ကောင်းတို့ရဲ့လုပ်ရပ်ပဲ...သူများ နိုင်ငံတွေလည်း တခြား ပါတီက မှားခဲ့ရင် လည်း ထုတ်ဖော်ပြောဆိုနေကြတာပဲ...ဒါ ဟာ ဒီမိုကရေစီ လမ်းမှန်ပဲ... မပြောစေချင် ရင် မကောင်းတာမလုပ်နဲ့..မှန်တာ အများအကျိုး ရှိတာပဲလုပ်...ဒါကို ဖတ်ပြီး ခလုပ် တိုက် တယ်ဆိုတဲ့ ခင်ဗျား စကား ကို ပြန်ရုတ်သိမ်းသင့်တယ်...နားလည်သင့်တယ် TTMY...

zarni17 said...

အပေါ်က ကျော်ထိုက်comment ကိုထောက်ခံတယ် ကြံဖွတ်မကောင်းဘူးဆိုတာ ကလေးတွေကစသိတယ် မပြောတတ်လို့သာရှိမယ် ကိုယ်ထက်သာမနာလိုဆိုတဲ့က ဒီနေရာမှာ ကွက်တိမှန်တယ် လူကကောင်းချင်ကောင်းနေမယ် သူတို့ရဲ့မူကတော့ နှစ်ပေါင်းမနည်းတော့ဘူးမြန်မာဆိုတဲ့နာမည်ကိုယူသုံးတာကိုလွန်လွန်းနေပြီ ဘယ်ကောင်းမကောင်းဘူး ဘယ်ကောင်ကောင်းတယ်ဆိုတာ ဆွဲထုတ်ပြရမလား

zay said...

နာမည်ကတော်တော်မျိုးယုတ် တဲ့လား.?

စောလူ said...

ဘယ်ပါတီတစ်ခုခုကိုများရဲးအရာရှိတွေကလုံခြုံရေးပေးဖူပါသလဲ....ဒီပါတီကိုပဲပေးတာလား...လုံခြုံရေးဆိုတာတောင်းမှပေးရတာလေ....သူတို့ဘာတွေ လုပ်နေလဲကိုသိချင်တာပဲဖြစ်မှာပါ....အမေစုကိုဘယ်ပြည်သူကမှမလုပ်ကြံပါဘူး....အမြင်မြ့ည်တဲ့လူတွေကတာမနာလိုဝန်တိုဖြစ်နေကြတာပါ....ဘယ်သူတွေဆိုတာတော့မပြောတော့ပါဘူး....

phayoung2009@gmail.com said...

TTMY ရေ ကြားလား

ကျော်ထိုက်ပြောသလိုပဲ!

အမြင်သစ် said...

မှန်ပါတယ်ကိုကျော်ထိုက်

ယုယ said...

TTMY ကို ဘာမှသိပ်မပြောချင်ပါဘူး... တစ်ခုပဲပြောချင်တယ်... ကိုယ်ကျိုးမဖက် မှန်ကန်တည့်မတ်တဲ့အမြင်နဲ့ ကြည့်ပေးဖို့ရာပါ... ကိုယ်ကကော သူများကို အပုပ်ချတာလွတ်ကင်းရဲ့လားဆိုတာ... အမြဲတွေးပါ... ကိုယ့်အလုပ်ကိုယ်လုပ်ပါ... အဓိကက အတ္တမဖက်ပဲ အများအတွက်ကြည့်ပါ...ပြောပါ... လုပ်ပါ....

Violin Angle said...

TTMY ရေ အမေကတကယ်သဘောထားပြည့်ဝတဲ့သူပါ သူကမှန်တာပဲပြောတယ် အမေကစာတတ်တဲ့သူဆိုတော့ သူများကိုပုတ်ခတ်ပြီးမပြောဘူး စာမတတ်တဲ့သူတွေသာ အမေ့ကိုအမျိုးမျိုးပြောနေကြတာပါ ပြောရမယ်ဆိုရင်မပြည့်တဲ့အိုးဘောင်ဘင်ခတ်တယ်ဆိုသလိုပေါ့ သူများကိုအပြစ်ပြောချင်ရင် ကိုယ်ကအဲဒီလူထက်သာအောင်ကြိုးစားပေါ့နော် ကိုယ်ကသူ့ထက်မသာဘဲနဲ့ ပြောရင်တော့ မနာလိုဝန်တိုပေါ့ကွယ်

Powered by Blogger.