မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ပါတယ်။
Photo:RFA
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ၀ါရှင်တန်ဒီစီ NED ( National Endowment for Democracy ) က ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကိုဇာဂနာ ဆွေးနွေးနေစဉ်
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်က NED ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အကူအညီ ပေးနေတဲ့အဖွဲ့ရဲ့ ရုံးခန်းမှာ မနေ့က ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဇာဂနာနဲ့ ဒေါ်ဘောက်ဂျာတို့က ပြောခဲ့တာပါ။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မိမိတို့ တိုင်းပြည် ပြောင်းလဲမှုအတွက် အသုံးဝင်တဲ့ ဖိအားတွေဖြစ်ကြောင်း ကိုဇာဂနာက ပြောပါတယ်။ လက်ရှိ အခြေအနေမှာ ပြောင်းလဲမှုတွေ ရှိနေပေမယ့် တိုင်းရင်းသား ကချင်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထက် ပိုဆိုးကြောင်း၊ အစိုးရ စစ်သားတွေက ယောက်ကျားတွေကို ပေါ်တာဆွဲ၊ အမျိုးသမီးတွေကို မတရားပြုကျင့်၊ ပစ္စည်းယူ ရွာမီးရှို့ လုပ်ကြတာကြောင့် ဒေသခံ ကျေးရွာတွေ စစ်ပွဲဒဏ် ခံစားနေရကြောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။ မနေ့က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမေရိကန်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Michael Posner ကတော့ အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး "မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ယုံကြည်ရတဲ့ အခြေခံ အကြောင်းတွေ မိမိတို့မှာ ခိုင်ခိုင်လုံလုံ ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာလည်း အပြောင်းအလဲတွေ ခိုင်မာမှုမရှိဘဲနဲ့ မိမိတို့ အမေရိကန် အစိုးရရဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒဟာ အလျင်စလို ချက်ခြင်း ပြောင်းလဲသွားဖို့မရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
RFA
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး Reviewed by သစ်ထူးလွင် on 11:15 Rating: 5

22 comments:

Anonymous said...

နိုင်ငံရေးသမားဆိုတာ နိုင်ငံကောင်းဖို့လုပ်ရမှာ သူလုပ်တာမကောင်းရင် ကိုယ်က ကောင်းအောင်လုပ်ဖို့ လိုမယ်ဗျ။ သူမကောင်းတာချည်းဘဲ လိုက်ပြောနေရင် အပုပ်ချနိုင်ငံရေးဘဲ။ ကိုဇာဂနာ ဟိုး...တစ်ခါပျက်လုံးထုတ်ခဲ့သလို ဒီသတင်းတွေကို ပြာချပြီး ပြန်တိုက်ရမလိုဖြစ်နေပြီ။ ငါတို့လုပ်မှ ကောင်းမယ် ထင်ရင်လဲ စကားတွေ အရှည်ကြီးရှောက်ပြော မနေပါနဲ့တော့ဗျာ။ အခုဘဲ အလုပ်လုပ်လိုက်ပါတော့လား။

gawli said...

Ooo

gawli said...

ကိုဇာဂနာ မပြောခင် စဉ်းစားပါ။

nyan said...

ကိုဇာဂနာ နားမလည်ဘူးလားမသိဘူး။ ပိတ်ဆို့မှုဟာ ပြည်သူကိုပဲ သက်ရောက်တယ်ဆိုတာကို။ နိုင်ငံရေးလုပ်မနေပါနဲ့ဗျာ။ လူရွှင်တော်ပဲလုပ်စားတော့။ စစ်တပ်ဆိုပြီးသိမ်းကြုံးမရိုက်ရဘူးဗျ။ ပြုပြင်ပြောင်းလဲချင်တဲ့သူတွေ ရှိနေတယ်ဆိုတာလည်း တွေးကြည့်ပါအုံး။ ဦးသိန်းစိန်ဟာ စစ်တပ်ထဲကပဲ။ ရုရှားက ပူတင်လည်းစစ်တပ်ထဲကပဲ။

nyan said...
This comment has been removed by the author.
မောင်မောင် said...

ကိုဇာဂနာ ရေ တိုင်းပြည်ကောင်းစားတာ တကယ်မြင်ချင်ယင် အပြုသဘောဆောင်တဲ့ အမြင်နဲ့ ကြည့်ပေးပါ။ သူများတိုင်းပြည်ရောက်မှ ခုလိုမျိုး ကြီးထုတ်ပြောတာ ကတော့ သိပ်မသင့်တော်ပါဘူး။

kyaw soe ko ko said...

မှန်လိုက်တဲ့စကား ကိုဇာဂနာကြီးရေ မကောင်းသေးတာကို မကောင်းဘူးလို့ ပြောရဲ တာကိုက နှလုံးရည် နှုတ်ရည်သတ္တိရှိခြင်းပဲ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးနှိပ်ဆက်ခံ့ခဲ့ရတာကိုက အဲ့ဒီ သတ္တိနဲ့ ပြည့်စုံခဲ့လို့ ပဲ...ဒါဟာ ကိုဇာဂနာရဲ့  ပင်ကိုယ်လုပ်နိုင်တဲ့ စွမ်းရည်ပဲ...ကိုရင် ရေ ကိုယ် ကကောင်းအောင်လုပ် ပြောရဲ ဆိုရဲခဲ့ လို့ ကိုဇာဂနာကြီး ထောင် နှစ်နဲ့ ချီပြီးကြခဲ့တာပေါ့...လက်ရုံးရည်သမား နှလုံးရည်သမား ဆိုတာခွဲခြားပြီးမြင်အောင်ကြည့် ပါအုံး ကိုရင်လေး ရယ်...( မှန်ပါသည် လောလော ဆယ် စီးပွားရေးပိတ်ဆို့  မှု မရပ်ဆိုင်းသင့်သေးပါ...ရုပ်သိမ်းလိုက်ပါက ကြံ့ဖွတ်အမတ်များမဲဆွယ် စည်းရုံးစားရိတ်ဖြစ်သွားနိုင်ပါသည်...ပြည်သူကတော့ ထုံးစံအတိုင်းပင်...ထို့ ထက်ပိုပြီးစဉ်းစားမိရာ ထိုငွေများအားလုံး နောက်ကွယ်မှကြိုးကိုင် နေသေးသော မိသားစုလက်ထဲ ရောက်သွားမည်ကို အထူးပင်စိုးရိမ်မိခြင်းဖြစ်မိပါကြောင်း...)

phyo1980 said...

ကျွန်တော်တို့ကတော့သာမာန်ပြည်သူတွေပါ။နိုင်ငံရေးအကြောင်းကိုနားမလည်ပါဘူး။မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှူ့တွေအချိန်မတန်သေးဘူးဆိုရင်
ဘယ်လိုမျိုးမှအချိန်တန်မှာလည်း။ကျွန်တော်တို့ အသက်၁၀၀ တောင်မှီပါ့မလား။
ကျွန်တော်တို့လူငယ်တွေ စိတ်ထဲမှာတော့ စီးပွားရေးပြန်ဖွင့်ရင် မြန်မာပြည်မှာ
စက်ရုံတွေအလုပ်ရုံတွေလူငယ်ပေါင်းမြောက်များစွာအတွက်အလုပ်ရမယ်ဆိုပြီး
မျှော်လင့်ချက်လေးနဲ့ စောင့်စားနေကျရတာ။တစ်ခါတစ်လေ နိုင်ငံရေးအတွေး
ပေါင်းမြောက်များစွာနဲ့ ချောင်ပိတ်မိမနေစေချင်ပါဘူး။စီပွားရေးပိတ်ဆို့မှူ့
ရုပ်သိမ်းချင်တဲ့ ဆန္ဒကတော့ ပြည်သူတိုင်းရဲ့ရင်ထဲမှာမျှော်လင့်နေကျတာပါ။

aung san lin said...

ကိုဇာဂနာနှင့် ဒေါ်ဘောက်ဂျာ......
ဒါတော့ ကျုပ် ခင်ဗျားကို ကန့်ကွက်တယ် .....
ဥပမာပြောရရင်......
မိသားစုတစုမှာ နှစ်ဖတ်ဆွေမျိုးဆိုတာရှိတယ်၊
ယောကျာင်္းက ရှာဖွေမကောင်း ဆိုးရွားနေတယ၊် မိန်းမအတွက်လဲ အခွင့်အရေးတွေကို လင်ကလိုက်ပိတ်တယ၊် ဘာမှလုပ်လို့မရဘူးပေါ့ နှစ်ဖတ်လုံးက ဆွေမျိုးတွေက မထောက်ပန့်ကြဘူးဗျာ အဲ့ဒီမှာ မိသားစုတော်တော် ဒုက္ခရောက်တော့ ယောကျာင်္းဖြစ်သူက အမြင်မှန်ရပြီး အလုပ်ကြီးလုပ်ဖို့ မိန်းမကိုတိုင်ပင်ပြီးကျိုးစားလာတာ ၁နှစ်လောက်ရှိတော့
နည်းနည်း အိမ်တွင်းရေးအဆင်ပြေလာတယ် ၊
အဲ့ဒီအချိန်မှာ နှစ်ဖတ်ဆွေမျိုးက အရင်းအနှီးထုတ်ပေး ပြီးလုပ်ငန်းတိုးချဲ့ဖို့ မိန်းမဖြစ်သူကို ခေါ်တွေ့တယ်၊
် အဲ့ဒီမှာ မိန်းမဖြစ်သူက.....
( ဟောကျာင်္း ဖက်က ထောက်ခံမလား ၊ ကန့်ကွက်မလား )
ထောက်ခံရင် ယောကျာင်္းလဲသက်သာမယ်၊
လုပ်ငန်းတွေလဲ တွင်ကျယ်လာမယ်၊
မထောက်ခံရင် နှေးကွေးမယ်၊
ယောကျာင်္းသေရင် ဆုံးရှုံးမှု့ပိုများလိမ့်မယ်၊
ကိုဇာဂနာနှင့် ဒေါ်ဘောက်ဂျာ သေချာစဉ်းစားပြောစေချင်သလို ငါတို့ပါမှပြီးစီးမယ်ဆိုတဲ့ မာန်တွေကိုချပြီ အားလုံး စည်းလုံးညီညွတ် မှု့ကိုပြုစေချင်ပါတယ် ၊
ကိုယ့်ကြောင့် တကယ်ပြုပြင်ပြောင်းလဲနေတဲ့သူတွေအတွက် စိတ်ထိခိုက်မှု့ မဖြစ်စေချင်ပါနဲ့ ကချင်ပြည်နယ်က အဖြစ်အပျက်တွေဟာလဲ စစ်တပ်နဲ့ဆိုင်နေတာပါ သမ္မတကြီးရဲ့နိုင်ငံပြုပြင်ပြောင်းလဲမှု့နဲ့မဆိုင်ဘူးလို့ ကျွန်တော်မပြောလိုပါဘူး ဒါပေမယ့် နိုင်ငံတော်ပြုပြင်ပြောင်းလဲစမှာ တဘက်ဘက်ကတော့ ချွန်းချက်ဖြစ်စမြဲပါပဲ ၊
ဥပမာပြရရင်.......
စီးပွားရေးငွေကြေး စတင်အဆင်ပြေတဲ့ မိသားစုတစုမှာ
ကျန်းမာရေးသော်၎င်း အိမ်တွင်းရေးသော်၎င်း ပြဿနာ ရှိတက်ကြပါတယ် ဘယ်အရာမှ တပြိုင်တည်း ပြည့်စုံပြောင်းလဲ လို့မရသေးပါဘူး...... နောက်တခုကတော့
တောင်သူတွေနဲ့ လယ်သမားဥပမာပါပဲ
တောင်သူတွေမှာတောင်ယာလုပ်ဖို့ ကိုင်းရှင် မြေရှင်းလုပ်ရပါတယ် လုပ်ဖော်ကိုင်ဖတ် ဓါး ပုဆိန် မကောင်းရင် လုပ်ငန်းမတွင်ကျယ်ပါဘူး ခုတ်ထစ်ရှင်းလင်းနေတဲ့ အချိန် တောရိုင်းတိရစ္ဆာန်နဲ့ မြွေ အန္တာရာယ်ကြုံရစမြဲပဲလေ
လယ်သမားတွေလဲ ဆန်စပါးပေါ်ဖို့ မြွေ၊ မိုး၊ တွေကအဖျက်အမျိုးမျိုးရှိကြသေးတယ်လေ
ဒါကြောင့် တခုထဲကို အပြစ်ပုံချ တဖတ်သားတွေကို မကောင်းပြောလို့ ကိုယ့်ပြည်သူတွေဒုက္ခရောက်တာပဲရှိတယ် ကိုယ့်ပြည်သူကိုကိုချစ်ရင် ပြည်ပရောက်နိုင်ငံရေးခုတုသမားတွေဆီက မြန်မာပြည်သူတွေအတွက် အကျိုးပြုဖို့ အားပေးပြောကြားသင့်တယ်
အမှားပါလို့ ဘ၀င်မကျစရာပါရင် ခွင့်လွှတ်ဖို့အနူးအညွှန့်တောင်းပန်ပါသည်....။

aung said...

ကိုရင် ပြောတာကို အပြည့်အ၀ထောက်ခံပါတယ်
ဆိုမာလီဓါးပြက ကိုဇာဂနာ ကိုယ်တိုင်ဖြစ်နေပါရော့လား စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းမှ နိုင်ငံရဲ့စီးပွားရေးအခြေအနေပြန်ကောင်းလာမယ်နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အသိ၊ အတတ်ပညာရှင်တွေလဲ အလုပ်အကိုင်အခွင့်အရေး နိုင်ငံသားတွေရဲ့လူသားအရင်းအမြစ်တွေ တိုးတက်လာမယ် ထင်ပါတယ်
ပိတ်ပြီးရင် ပိတ်နေရင် ဆင်းရဲသား ငတုံးတွေသာပေါပြီး ချမ်းသာတဲ့သူတွေက တော့ ချမ်းသာပြီးရင် ချမ်းသာနေမှာပဲ

Unknown said...

ko yin!!
ခုပဲ ဇာတိတွေပြနေကြပြန်နေကြပြန်ပြီလေ...
သိဘူးလားဗျ..??
ခရီးစဉ်တွေဖျက်လိုက်ရတယ်ကော...
သံသယ ဆိုတာ ပိုတယ်မရှိဘူးတဲ့.....ဗျ နော..

kaung kaung said...

မှန်လိုက်တာ ကိုရင်ရာ...
ပွင့်ပွင်လင်းလင်းပြောရရင်တော့ ဒါနိုင်ငံရေးလုပ်တာမဟုတ်တော့ဘူး.
နိုငိငံရေးကိုခုတုံးလုပ်ပြီး နာမည်ကြီးအောင်လုပ်နေတာပါ..
သူတို့လုပ်ခိုင်းလဲ ဘာလုပ်တတ်မှာလဲ...
အထင်မကြီးပါဘူး..

soelwin said...

ကိုဇာဂနာပြောတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုကိစ္စ ဖွင့်ပေးရေး၊ ဖွင့်မပေးရေးကိုတော့ မဆွေးနွေးလိုပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အခြားနိုင်ငံနဲ့  သူတို့ ရဲ့ ပေါ်လစီပေါ်မှာ မူတည်နေလို့ ပါ။ ဒါပေမဲ့ ကိုဇာဂနာရဲ့  မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို ပွင့်ပွင့်လင်းလင်း အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့အတွက် လေးစားပါတယ်။

Anonymous said...

ကိုယ့်လူတို့ ဘာတွေလာပြောနေတာလဲ ဘာသိလို့လဲ နားထောင်ငါပြောပြမယ်
မင်းတို့ငါတို့က ကီးဘုတ်ပေါ်လက်တင်ပြီးပြောနေတာ ဒေါ်ဘောက်ဂျာတို့
သူတို့နယ်မှာတကယ် ခံစားနေရတဲံ့ အချေအနေနဲ့ ယှဉ်ပြီးပြောနေတာဟ
မယုံရင်မင်းတို့သွားကြည့်ကြပါလား အမေစုတို့ ဦးကျော်သူတို့ စတဲ့ အဖွဲ့တွေ
ကတောင် အကူအညီတွေသွားပေးနေရတာ ကြည့်ပါလားဟ အဲဒါမညိမ်းချမ်းသေးလို့ဆိုတဲ့ အဓိပ်ပါယ်ပဲ ဒီအချိန်မှာပိတ်ဆို့မှုရုပ်သိမ်းလိုက်ရင် ပြည်သူလူထုအားလုံး အကျိုးအပြည့်အ၀ မခံစားရပဲ လက်တစ်ဆုပ်စာလူတစ်စု အတွက်ပဲ ဖြစ်သွားမှာပေါ့ဟ ဂေါင်းလေးနဲ့စဉ်းစားစမ်းပါ မပိန်းစမ်းပါနဲ့
ဦးသိန်းစိန် တစ်ယောက်ကောင်းယုံနဲ့ မရဘူးကိုယ့်လူတို့ အတွင်းအောက်ချေထဲမှာ အကျင့်ပျက် ချစား အာဏာကို အလွဲသုံးပြီး
ကိုယ်ကျိုးရှာနေတဲ့ ၀န်ထမ်းအစုတ်ပလုပ်တွေ ရှိနေသေးတယ် ကိုယ့်လူတို့
အေး အဲဒီ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လူ့ငနွားတွေကို အရင်ဖယ်ရှားသုတ်သင်သင့်တယ် ကိုယ့်လူတို့ ဒါမှ ဒို့တိုင်းပြည်တိုးတတ်လာမှာ ဖြစ်ကြောင်းပါခင်ဗျား၊၊။။။။၊၊၊၊၊၊။။။

ကျေးဇူးတင်စွာဖြင့် ဘယ်သန်ဘမှန်

စင်ရော် said...

ပိတ်ဆို့မှုရဲ့ ဒဏ်ကို အစိုးရက မဖြုံပါဘူး၊ ပိုလို့တောင် လုပ်စားလို့ ကောင်းနေသေးတယ်၊ တကယ်တော့ ခံရတာပြည်သူတွေပါဗျာ။ ကျွန်တော် တို့တိုင်းပြည်ကနဂိုကတည်းက ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်ပါ၊ရှေး မြန်မာမင်းတွေလက်ထက်ကတည်းက များသောအားဖြင့် အချင်းချင်းမညီညွတ်ကြဘူး။နောက်ပြီး၁၂၃ နှစ်ကျော် ကျွန်သဘောက်ဘဝမှာနေခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတော့တက်လာတဲ့ပါလီမန်အစိုးရလက်ထက်မှာလည်းအ ချင်းချင်းအာဏာလုနေတာနဲ့ပဲတိုင်းပြည်ကိုတိုးတက်အောင်မလုပ်ခဲ့ဘူး။အာဏာသိမ်းခဲ့တဲ့ ဦးနေဝင်းအစိုးရလက်ထက်မှာလည်း အာဏာရှင်စတိုင်အုပ်ချုပ်မှု၊ အသုံးမကျတဲ့နိုင်ငံရေးစ နစ်တွေကြောင့် ပြည်သူတွေပဲ ဆင်းရဲဒုက္ခရောက်ခဲ့တယ်။ ၈၈မှာအာဏာ သိမ်းခဲ့တဲ့စစ်အစိုးရကလည်းအာဏာရှင်စနစ်ကိုကျင့်သုံးပြီး သူတို့အာဏာ တည်မြဲရေး၊လူတစ်စုကောင်းစားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ကိုမင်းကိုနိုင်အစရှိတဲ့ နိုင်ငံရေးသမားတွေကိုပြည်သူတွေအကြားဝါဒမျိုးစုံဖြန့်ပြီးနည်းလမ်းပေါင်းစုံသုံးပြီးဖိနှိပ်ရေးတို့ကိုလုပ်ခဲ့တယ်။သူတို့လက်ထက်မှာလူတိုင်းသာတူညီမျှအခွင့်အရေးမရပဲ သားသမီးတွေနဲ့ကပ်မြှောင်တွေ သာကြီးပွားပြီးပြည်သူတွေပဲဆင်းရဲဒုက္ခခံစားခဲ့ရတယ်။ လွတ်လပ်ရေးရပြီးကတည်းကအစိုးရအဆက်ဆက်ဘယ်သူမှပြည်သူကိုဦး ထိပ်ထားပြီးမဆောင်ရွက်ခဲ့ဘူး။ခေတ်အဆက်ဆက်မှာစတေးခံနေရတာပြည်သူတွေပဲဖြစ်ပါတယ်။အခုအစိုးရသစ်ကတော့ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတာတော့တွေ့နေရတယ်။ဒါပေမဲ့မြို့ ရွာအဆင့်တွေမှာတော့မထူးပါဘူး။ စနစ်မကောင်းလို့ပြည်သူတွေဖွတ်ကျောပြာစူးဖြစ်နေရတဲ့အထဲစီးပွားရေးပိတ်ဆို့မှုတွေဝင်လာတော့ပြည်သူတွေခမျာမြေနိမ့်ရာလှံစိုက်ခံနေ၇ပါတယ်၊ဒီကနေ့ အရက်သမားတွေများလာတာ၊လမ်းပေါ်မှာပြည့် တန်ဆာတွေများနေတာတွေလည်းဒါတွေကြောင့်ပါပဲ။ ကဲ ကိုဇာဂနာရေ ကျွန်တော်တို့ပြည်သူတွေအတွက်ကြည့် လုပ်ပေးပါအုံး။

Si said...

ထောက်ခံပါတယ်ကိုဇဂနာ အမှန်ကိုအမှန်အတိုင်း ပြေရမှာပေါ့။
ဒီအစိုးရက ဒီယုံမြင်လို့ ဒီခြုံထွင်နေတာဗျ... နာမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပီးတော့ အမှတ်ယူမယ်၊ မြစ်ဆုံစီမံကိန်းကြီး ခန ရပ်ထားမယ်၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးတော့နိုင်ငံတကာကို လှည့်စားအုံးမယ်၊ တရားမျှတရပါစေမယ်လို့ အသံကောင်းဟစ်ပီး တော့ ၊ အခုဘဲကြည့် သူများစည်းရုံးရေး ခရီးစဉ်တွေကို စပြီးနှောင့်ယှက်နေပြီ။စီးပွားရေးဖွင့်ပေးပါပြီ တဲ့၊
ဒီကောင်တွေဒီလိုအောက်တန်းကျနေသ၍ပြည်သူတွေဘယ်လိုကောင်းစားမလဲ၊ စက်ရုံအလုပ်ရုံတွေပေါလာမယ်၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်တွေရမယ်၊ အဲဒီလောက်လေးတင်ကြည့်လို့မရပါဘူး။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရ က အကျင့်ပျက်ချစားမှု လုံးဝ ကင်းရှင်းမှ ပြည်သူတွေ စီးပွားရေးအခွင့်အလမ်းတွေပွင့်လာနိုင်မှာပါ။ မဟုတ်ရင်တော့ အစဉ်အဆက်က အကျင့်ပျက်ချစားခဲ့တဲ့ လက်ရှိအစိုးရကိုဘဲ အကျိုးဖြစ်ထွန်းစေမှာပါ။

For My Rosebud said...

ကျွန်တော်တွေးမိတယ်ဗျ
ကိုသစ်ထူးလွင် ဆိုဒ်က လွှတ်တော်ထက်တောင်
သဘောထားအမြင်စုံပါတယ်ဗျာ..
ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး/မပေးရေးကို
ရှုထောင့်ပေါင်းစုံ ကနေထောက်ပြဝေဖန်သွားတာ
သိပ်ကောင်းတယ်ဗျာ...
ကျွန်တော်တို့ လွှတ်တော်မှာသာ ဒီလိုပွင့်လင်းထင်သာစွာ
ဝေဖန်ဆွေးနွေးနိုင်မယ်ဆို ဒီထက်မြန်မြန်ပြောင်းလဲ
နိုင်မယ်လို့ ယူဆမိပါတယ်။
comment ကသတင်းနဲ့တော့မဆိုင်ပေမယ့်
ရင်ထဲပေါ်လာတာလေး..ပြောခဲ့တာပါ...
ကိုသစ်ထူးလွင် နှင့်တကွ comment ရှင်အားလုံး
ပြီးတော့မြန်မာနိုင်ငံသားအားလုံး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ...။

အောင်တေဇ said...

ပိတ်ဆိုမှုဒါဏ်ကိုပြည်သူခံရတာတော့လက်ခံပါတယ် ပြန်ဖွင့်ရင်ပြည်သူကောင်းစားမယ်လို့ ခင်ဗျားတို့အာမခံရဲလား..............အခုအထည်ချုပ်စက်ရုံတွေ မျက်ကပ်မှန်စက်ရုံတွေပဲကြည့်ပါ အစိုးရဘယ်လောက်ထိများ အလုပ်သမား ပြည်သူအတွက် ဥပဒေပြထမ်းထားလိုလဲ ..ဘယ်တုန်းကများပြည်သူဆိုတဲ့လူတန်းစားအတွတ်ထည့်တွတ်ဘူးလဲ ပြောပြ ပါကိုဆရာတို့ .........ပြန်ဖွင့်ကြည့်ပါ ဘီးလူးရုပ်တွေပြန်ပေါ်လာပြီး လူနည်းစုသူတို့ပဲပြန် အမျတ်ထွတ်မှာပါ ..........အခုအချိန်မှာဦးတေဇတိုဟာသူတို့ရဲ့မတရားယူထားတဲ့ပိုင်ဆိုင်မှုတွေနဲ့ လူတော့မ၀င်သေးဘူး ပြန်ဖွင့်ကြည့်ပါသူတို တောင့်တမှုတွေပြည့်ဝပြီး ပြည်သူကတော့ဒုံရင်းပဲဖြစ်မှာပါါ................စီးပွားရေးပြန်ဖွင့်တာပြည်သူနဲ့အရင်ဆက်သွယ်တာမ မဟုတ်တာ အစိုးရဆိုတဲ့ငနွားတွေကိုဘယ်သွားထားလဲ ကိုဆရာတို့

Anonymous said...

ဖားထား ဖားထား commentေ၇းတာ ပိတ်မပစ်အောင်။ေ၇းခွင့်လေးတော့ပေးသနားပါ ကိုသစ်ထူးလွင်ေ၇့

lin lin said...

သီးလေးသီးအပိတ်ခံရတာ ဒီသတင်းနဲ့များ
ပတ်သက်နေလားမသိ။အမှန်အတိုင်းသတ္တိရှိရှိပြောရဲတဲ့
ပညာရှင် ကိုဇာဂနာကို ချီးကျူးပါ၏။

လရောင်ဝါ said...

အန်တီစုကိုယ်တိုင်ကိုကဒီပိတ်စို့မှုတွေကိုမရုတ်သိမ်းခိုင်းတာပါ ဉီးဇာဂနာကအဲဒါကြောင့်ပြောရဲတာပေါ့ အခုနေဖွင့်ခိုင်းလိုက်ရင် အန်တီစုအာဏာရဖို့ခက်သွားလိမ့်မယ်ထင်တယ် အစိုးရနဲ့အပေးအယူတော့လုပ်မှပေါ့ သူတို့ကလူညစ်တွေလေ အန်တီစုကငါ့ကိုအာဏာပေး ဒါမှဖွင့်ခိုင်းမယ် ဒီလိုတော့လုပ်ထားဉီးမှပေါ့ အန်တီစုကနိုင်ငံခြားသားတွေကိုပိုင်ပြီးသားပါ အန်တီစုနေရာတစ်နေရာရတဲ့အခါ ထူးခြားလာပါလိမ့်မယ်

Anonymous said...

ဟေ့ကောင် လရောင်ဝါ မင်းပြောမှပိုဆိုးနေပြီ မင်းအမေစုကို သက်သက်စော်ကားတာပဲ မင်းပြောပုံက အမေစုကပဲ အာဏာငန်းငန်းတက် လိုချင်နေတဲ့ပုံပေါက်နေပြီ ကြည့်ပြောကိုယ့်လူ အနှောင့်မလွတ်အသွားမလွတ်နဲ့ မကောင်ကျစ်နဲ့၊။။။။

Powered by Blogger.