ယခုဘဏ္ဍာနှစ် ကုန်ဆုံးရန်အတွက် ရက် ၅၀ ကျန်ရှိသည့် အချိန်၌ပင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံထိရှိလာပြီး ယခင်နှစ်တစ်နှစ်လုံး ကုန်သွယ်မှုပမာဏကို ကျော်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ယခုဘဏ္ဍာနှစ်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ စာရင်းများအရ ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏက ပိုမိုမြင့်တက်လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သွင်းကုန် ဒီနှစ်မြင့်တက်ရတဲ့ အနေအထားက စားအုန်းဆီ၊ မော်တော်ယာဉ်၊ စက်သုံးဆီဆိုတဲ့ အရင်တုန်းက လက်ဝါးကြီးအုပ် ကန့်သတ်ကုန်တွေကို ဒီနှစ်မှာအကုန် ခွင့်ပြုလိုက်တဲ့အတွက် သွင်းကုန်ပမာဏ က မြင့်တက်ခဲ့တယ်လို့ မြင်တယ် . . . |
ယခုဘဏ္ဍာနှစ်တွင် ပို့ကုန် ပမာဏမှာ ဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက် ၅၀ လိုနေသေးသည်ဟု ဆိုသော်လည်း ယခင်နှစ်က တင်ပို့ခဲ့သည့် ပမာဏထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် လျော့နည်းလျက်ရှိရာ ယခုနှစ်ပို့ကုန်မှာ ကျဆင်းမည့် အနေအထားရှိကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။
သွင်းကုန်ပမာဏ မြင့်တက်ရသည့် အဓိက အကြောင်းရင်းမှာ ယန္တရား၊ မော်တော်ယာဉ်များ တင်သွင်း ခွင့်ပြုခဲ့ခြင်း၊ စားအုန်းဆီတင်သွင်း ခွင့်အား လွတ်လပ်စွာပြုခဲ့ခြင်း၊ စက်သုံးဆီ တင်သွင်းခွင့်ကန့်သတ်မထား ခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။
“သွင်းကုန်ဒီနှစ် မြင့်တက်ရတဲ့ အနေအထားက စားအုန်းဆီ၊ မော်တော်ယာဉ်၊ စက်သုံးဆီဆိုတဲ့ အရင်တုန်းက လက်ဝါးကြီးအုပ်ကန့်သတ် ကုန်တွေကို ဒီနှစ်မှာ အကုန်ခွင့်ပြုလိုက်တဲ့အတွက် သွင်းကုန်ပမာဏ က မြင့်တက်ခဲ့တယ်လို့မြင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ သွင်းကုန်ထက် ပို့ကုန်ပမာဏက ပိုများရမယ်လို့ တစ်ထစ်ချတော့ မှတ်ထားလို့ မရဘူးလေ။ အဓိက အချက်ကတော့ ပို့ကုန်တင် ပို့တဲ့နေရာမှာ ငွေဈေးကြောင့် မတည် မငြိမ်မဖြစ်ဖို့ အဓိကကျတယ်။ ဒီနှစ် ပို့ကုန်ကျဆင်းရတာက ငွေဈေးမတည်ငြိမ်လို့ပဲ”ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
နှစ်အလိုက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် | ပို့ကုန်ပမာဏ | သွင်းကုန်ပမာဏ | စုစုပေါင်း |
၂၀၀၅-၂၀၀၆ | ၃၅၅၇ .၂၁ | ၁၉၈၄ .၄၁ | ၅၅၄၁ .၆၂ |
၂၀၀၆-၂၀၀၇ | ၅၂၃၂ .၆၈ | ၂၉၃၆ .၇၃ | ၈၁၆၉ .၄၁ |
၂၀၀၇-၂၀၀၈ | ၆၄၀၁ .၇၁ | ၃၃၅၃ .၄၂ | ၉၇၅၅ .၁၃ |
၂၀၀၈-၂၀၀၉ | ၆၇၇၈ .၈၅ | ၄၅၄၃ .၄၅ | ၁၁၃၂၂ .၃၀ |
၂၀၀၉-၂၀၁၀ | ၇၅၈၆ .၉၄ | ၄၁၈၁ .၄၀ | ၁၁၇၆၈ .၃၄ |
၂၀၁၀-၂၀၁၁ | ၈၈၆၁ .၀၁ | ၆၄၁၂ .၇၃ | ၁၅၂၇၃ .၇၄ |
၂၀၁၁-၂၀၁၂(ဖေဖော်ဝါရီလထိ) | ၇၇၁၇ .၅၀ | ၇၇၇၁ .၃၀ | ၁၅၄၈၈ .၈၀ |
ယခုနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမြင့်တက်
Reviewed by သစ်ထူးလွင်
on
20:31
Rating:
No comments:
Post a Comment