ဆန္ဒပြအလုပ်သမားတွေကို မစုစုနွေး သွားရောက်အားပေးနေပုံ |
ရန်ကုန်၊
လှိုင်သာယာစက်မှုဇုန်ထဲက တရုတ်လူမျိုးတဦးပိုင်တဲ့ တိုင်ရီ ဖိနပ်စက်ရုံက
အလုပ်သမား ၂ ထောင်ကျော်ဟာ လစာတိုးပေးဖို့အပါအဝင်၊ သူတို့ရဲ့
နစ်နာချက်တွေရရှိရေးအတွက် ဖေဖော်ဝါရီ ၆ ရက်နေ့ကစလို့
သုံးရက်ဆက်တိုက် ဆန္ဒပြုနေကြတာပါ။
ဒီနေ့မှာ
အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်ရောက်လာပြီး အလုပ်သမားတွေရဲ့
တောင်းဆိုချက်ကို မလိုက်လျောနိုင်တဲ့အကြောင်း၊ နောက်ထပ် ၃ ရက်
အလုပ်မရှင်းဘဲ ဆက်ဆန္ဒပြမယ်ဆိုရင် အလုပ်ဖြုတ်မယ်လို့
သတိပေးသွားတဲ့အတွက် မကျေမနပ်ဖြစ်နေကြတာပါ။
ဆန္ဒပြပွဲကို
သွားကြည့်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက
“အလုပ်ရှင်က နောက်ထပ် ၃ ရက်ထက်ပိုပြီး အလုပ်မဆင်းရင် အလုပ်ကထုတ်ခံရမယ်။
ကျွေးတဲ့လက်ကို ပြန်ကိုက်တယ်ဆိုပြီး ခွေးနဲ့နှိုင်းပြီး
ပြောတယ်။ အလုပ်ရှင်က ခြိမ်းခြောက်တယ်ဆိုပြီးတော့ မခံမရပ်နိုင်ဖြစ်ပြီး
အလုပ်ရှင်နဲ့ အလုပ်သမားဦးစီးတွေ ရှင်းပေးတာကို လက်မခံဘူးဆိုပြီး
ဝေးဆိုပြီး အော်ပြီး အလုပ်ရုံအပြင်ကို ထွက်သွားကြတယ်။ အပြင်မှာ
ဝိုင်းအော်ကြပြီး အလုပ်ရှင်ကို ရေသန့်ဘူးတွေနဲ့ ပေါက်တယ်။
အလုပ်ရုံကို ပိတ်ပေးဖို့၊ မပိတ်ပေးခဲ့ရင် သူတို့တောင်းဆိုတာ
ပေးဖို့ဆိုပြီး အလုပ်ရုံထဲမှာ စီတန်းပြီးအော်နေကြတယ်” လို့
ပြောပါတယ်။
အလုပ်သမား
တွေက လခတိုးပေးရေးနဲ့ အလုပ်ချိန်လျှော့ပေးဖို့၊
အလုပ်သမားတွေအချင်းချင်းကြားမှာ အခွင့်အရေး တန်းတူမပေးဘဲ
ခွဲခြားဆက်ဆံတာ၊ အလုပ်စည်းကမ်းတွေ တင်းကျပ် လွန်းတာတွေကို
လျှော့ပေးဖို့အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
မနေ့ကစလို့
စက်ရုံအဝင်အထွက် လမ်းမတွေကို ရဲတွေက ပိတ်ထားလိုက်ပါတယ်။
အလုပ်သမားတွေကတော့ တောင်းဆိုချက်တွေရတဲ့အထိ ဆန္ဒပြသွားမယ်လို့
ပြောပါတယ်။
ဆန္ဒပြအလုပ်သမတဦး
က “ပုံမှန်လစာ ဆုကြေးပါတယ်။ အချိန်ပိုကြေးပါတယ်။ တာဝန်ကျေကြေး၊
ရက်မှန်ကြေး၊ အားလုံးပေါင်းမှ ခြောက်သောင်းခွဲလောက် ရတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ပိတ်ရက်က အမျိုးမျိုး ၈- ၉ – ၁၀ ရက်ရှိတယ်။
အဲဒီပိတ်ရက်တွေကို ဖြတ်ချလိုက်တယ်။ အဲဒါကြောင့် အများကြီးကွာသွားတာ။
၈ ထောင်၊ ၉ ထောင်၊ ၁ သောင်း အဲဒါမျိုး ဖြတ်ချသွားတယ်” လို့
ပြောပါတယ်။
ဒီစက်ရုံမှာ
တနေ့ အလုပ်ချိန် ၈ နာရီထက်ပိုခိုင်းရုံသာမက၊ တနင်္ဂနွေနဲ့ အစိုးရ
ရုံးပိတ်ရက်တွေအတွက်ပါ လခထဲက ဖြတ်တဲ့အပေါ်မှာ အလုပ်သမားတွေက
မကျေမနပ်ဖြစ်နေကြတာပါ။
ဆန္ဒပြခေါင်းဆောင်တဦးကလည်း စက်ရုံထဲက အလုပ်သမားတွေဟာ နှစ်ပေါင်းများစွာ ဥပဒေချိုးဖောက်တာကို ခံနေရတယ်လို့ ပြောပါတယ်။
“အဓိကကျတဲ့
သူတို့ရဲ့ချိုးဖောက်မှုက ဒီစက်ရုံက ၁၅ နှစ်နီးပါးရှိပြီ။ ၁၅
နှစ်လုံးမှာ ပိတ်ရက်တွေကို အလုပ်သမားကို လုပ်ခလုံးဝမပေးbဲနဲ့
ပစ်ထားတယ်။ ၆ ရက်လုပ်မယ်၊ တပတ်တရက် ပိတ်တယ်။. အဲဒီတရက်က
အလုပ်လုပ်တယ်လို့ သတ်မှတ်တယ်။ ဥပဒေအရ၊ ဒါပေမယ့် အဲဒါကို မပေးဘူး၊
နာရီကြေးနဲ့ပေးတယ်။ တနာရီကြေးနဲ့ပဲ ပေးသွားတယ်။ တပတ်မှာ ၄၈
နာရီဆိုရင် ၄၈ နာရီခပဲပေးတယ်။ တနင်္ဂနွေခ လုံးဝမပေးဘူး။”
စက်ရုံမှာ မနှစ်တုန်းကလည်း အလားတူ ဆန္ဒပြမှုဖြစ်ခဲ့ပြီး သက်ဆိုင်ရာက ဝင်ရောက် ဖြေရှင်းပေးခဲ့ဖူးပါတယ်။
လူ့အခွင့်အ
ရေးလှုပ်ရှားသူ မစုစုနွေးကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို
အကာအကာပေးနိုင်တဲ့ အဖွဲ့အစည်းလိုအပ်နေတဲ့အကြောင်း
ပြောသွားပါတယ်။
“အစိုးရက
မြို့နယ်တိုင်းကို အလုပ်သမားအဖွဲ့တွေ ဖွဲ့ထားပေးတာ
အလကားဖွဲ့ပေးထားတာ မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို
ချိုးဖောက်ခံရတာကို ကာကွယ်ပေးဖို့ ဖွဲ့စည်းပေးထားတာ။ အခုလိုမျိုး
စက်ရုံအလုပ်ရုံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို သူတို့က စုံစမ်းရမယ်။
လဘ်ပေးလဘ်ယူ လုပ်ပြီး အလုပ်ရှင်တွေဘက်က ကာကွယ်တာမျိုး မလုပ်ရဘူး။
အလုပ်သမားတွေအတွက်ကို တကယ့် သားသမီးအရင်းလို၊ မိသားစု အရင်းအချာလို
သဘောထားပြီးတော့ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ အလုပ်သမားတွေက
သူတို့မှာ မချိမဆံ့ခံစားရလို့ ရင်ထဲကနေ ပေါက်ကွဲပြီးထွက်လာတာပါ။
အလုပ်ပြုတ်မှာတို့၊ ဒုက္ခရောက်မှာတို့ကို တအားစိုးရိမ်ပါတယ်။ အခုလို
ဆန္ဒပြတောင်းဆိုတာကလည်း သူတို့ရင်ထဲမှာ နှစ်နဲ့ချီပြီး ခံစားရတာတွေ
ရင်ထဲမှာ မဆန့်တော့လို့ ပေါက်ကွဲတာမျိုး ပေါ်လွင်နေတယ်။”
ဒီဗွီဘီ
လှိုင်သာယာ ဆန္ဒပြအလုပ်သမားများကို အလုပ်ဖြုတ်မည်ဟု သတိပေး
Reviewed by သစ်ထူးလွင်
on
06:20
Rating:
8 comments:
သောက်တရုတ် သူများတိုင်းပြည်လာပြီးလူပါးဝတယ်။ မစုစုနွေး ကျေးဇူးတင်ပါတယ်။. အားပေးဖေါ်ရတာ။ ညီအကို မောင်နှမတို့ အောင်မြင်ပါစေ။
ဆက်ချကွာ....တရုတ်ကျွန်တော့ အဖြစ်မခံကြနဲ့ ...
ကိုလူဆိုးရေ ဒေါသတအားကြီးပြီးအမြင်ကောင်းဝါဒကိုကိုင်ဆောင်သင့်တယ်လို့ နိုးဆော်လိုက်ပါတယ်ရှင့်၊သောက်တရုတ်လို့သုံးလိုက်တဲ့စကားအရ ကိုလူဆိုးကြီးအဆင့်တန်းဘယ်ရောက်...တိုင်းရင်းသားအများစုမရှိယင် တစ်နိုင်ငံမပြည်စုံဘူးလေ အခြားနိုင်ငံကိုရောက်ရှိနေတဲ့ကျမတို့မြန်မာလူမျိုးကို သောက်မြန်မာတွေလို့ပြောယင် ခံနိုင်ပါ့မလား မ့၇ှိမဖြစ်တာကို သိနေတယ်လို့ထင်တာပဲ ။ဘယ်တိုင်းရင်းမဆို ကောင်းတာဆိုးတာ ရှီကြတယ် အကုန်ဖြူနေမည်းနေတာ မပာုတ်ဘူးလေ လိုချင်တာပဲသိယင်ဘယ်ဖြစ်မလဲ ပေးရတဲံလူရဲဘက်က လဲ မျှညီအောင်တွေးခေါ်ပေးနိုင်မှ စာပုဒ်ရေးတဲ့ အ၇ည်ချင်းရှိတာ ။နော် ကိုလူဆိုး ကျမ မလူဆိုးပါ ပဲာပဲာ
လူဆိုတာအကောင်းအဆိုးဒွန်းတွဲနေမှ၊တစ်ခု ဆိုတာဖြစ်တာပါ ဒါကိုသောက်တရုတ်လို့ ခေါ်ဝေါ်လိုက်တတ်တဲ့ကိုလူဆိုး ဘယ်လို့အများစုစကားထဲကို စကားဝင်ဆံနိုင်တော့မလဲ ကျမပြောတာကို ကိုလူဆိုးနားလည်းစေချင်တယ် ကိုလူဆိုးကို နေရာတကာမှာ တွေ့မိတယ် ကိုလူဆိုးခုလို့တင်ပြတဲ့ဆန္ဒလေးကကောင်းတယ် အတွေးခေါ်လေးကို မျှတအောင် ထားလိုက်ယင်နိုင်ငံရေးသမားပီသတယ်လို့ ပြောလိုက်ပါရစေ ။စိတ်ကိုပြင်ဖို့ကခက်တယ်နော်
ထိန်းနိုင်မှရတယ် ကြိုးစားကြည့်ပါ နော် ။
ကိုလူဆိုးပြောတဲ့သောက်တရုတ်က မြန်မာလူမျိုး(၂၀၀၀)ကျော်ကို အလုပ်ပေးထားနိုင်တဲ့ အရည်ချင်းရှိတဲ့တရုတ်လေ ။အလုပ်ပေးပြီး ၀မ်းစာရှင်သန်စေတာကကျေးဇူရှင်လေ မပာုတ်ဘူးလား ခုချိန်မှာ တောင်းဆိုချက်ကို မလိုက်လျှော့်နိုင်တာနဲ့ ကျေးဇူးရှင်ကနေ သောက်တရုတ်ဖြစ်သွားတာပဲလား ။အဲဒိသောက်တရုတ်မရှိယင် အယောက်ပေါင်း၂၀၀၀ကျော်ရဲဝမ်းစားကို မစုစုနွေးက ကူညီရာမရောက်ပဲ နစ်ရရောက်မယ် လူပေါင်း၂၀၀၀ကျော်ကိုမစုစုနွေးကအလုပ်ရှာပေးနိုင်သလားလို့မေးလိုက်ပါရစေ။ ဗိုက်မဆာသေးယင်တစ်မျိုး ဗိုက်ဆာလာယင်တစ်မျိုးလေ စကားပြောတာ လုပ်တာ မျှတမှနိုင်ငံရေးကို လုပ်နိုင်တဲ့၇ည်ချင်းရှိတာလို့ ခံယူတယ်။ အားပေးတာနဲ့ သောက်တရုတ်လို့ဆဲလိုက်တာက တစ်ခြားစီပဲလေ ။အဲဒါကိုပြောချင်တာ သဘောပေါက်နိုင်ပါစေ ။
ကိစွတစ်ခုအောင်မြင်ဖို့ကို ညှီနိုင်းရမှာပါ ။ညှိနိုင်းမှပြေလည်မှာပါ ။အဲဒါအစိုးရမပာုတ်ဘူး လေ အိုကေမှာပါ ။မရခဲ့မှအဆင့်ဆင့်လုပ်ဆောင်ချက်ပေါ့ ခုက သောက်တရုတ် သူများတိုင်းပြည်လာပြိးလုပ်တယ်လို့ပြောတော့ ကျမကမြန်မာ တရုတ်နိုင်ငံကိုရောက်နေတယ် ဘယ်လို့လုပ်မလဲ မြန်မာပြည်ကလူတွေကြီးပဲ ကိုလူဆိုးရယ် မပြောပါနော်နော် ။တယောက်မကောင်းယင်တယောက်ကိုပဲပြောပါ။ ကျေးဇူးတင်ပါတယ်
ကိုလူဆိုးပြောတဲ့သောက်တရုတ်က မြန်မာလူမျိုး(၂၀၀၀)ကျော်ကို အလုပ်ပေးထားနိုင်တဲ့ အရည်ချင်းရှိတဲ့တရုတ်လေ ။အလုပ်ပေးပြီး ၀မ်းစာရှင်သန်စေတာကကျေးဇူရှင်လေ မပာုတ်ဘူးလား ခုချိန်မှာ တောင်းဆိုချက်ကို မလိုက်လျှော့်နိုင်တာနဲ့ ကျေးဇူးရှင်ကနေ သောက်တရုတ်ဖြစ်သွားတာပဲလား ။အဲဒိသောက်တရုတ်မရှိယင် အယောက်ပေါင်း၂၀၀၀ကျော်ရဲဝမ်းစားကို မစုစုနွေးက ကူညီရာမရောက်ပဲ နစ်ရရောက်မယ် လူပေါင်း၂၀၀၀ကျော်ကိုမစုစုနွေးကအလုပ်ရှာပေးနိုင်သလားလို့မေးလိုက်ပါရစေ။ ဗိုက်မဆာသေးယင်တစ်မျိုး ဗိုက်ဆာလာယင်တစ်မျိုးလေ စကားပြောတာ လုပ်တာ မျှတမှနိုင်ငံရေးကို လုပ်နိုင်တဲ့၇ည်ချင်းရှိတာလို့ ခံယူတယ်။ အားပေးတာနဲ့ သောက်တရုတ်လို့ဆဲလိုက်တာက တစ်ခြားစီပဲလေ ။အဲဒါကိုပြောချင်တာ သဘောပေါက်နိုင်ပါစေ ။
မြန်မာနိုင်ငံကလွဲပြီး တစ်ခြားနိုင်ငံတွေမှာဆိုရင် ကိုယ့်နိုင်ငံသားအတွက် အခွင့်ရေး အပြည့်ဝ ပေးထားတယ် ...
မြန်မာနိုင်ငံကျမှ သူများနိုင်ငံက လာတဲ့ လူတွေကို ဦးစားပေးနေရသလား ..
တရုတ်ပဲ ဖြစ်ဖြစ် ကုလားပဲ ဖြစ်ဖြစ် ဘယ်ကောင့်ကိုမှ ပိုပြီး ဦးစားပေးနေစရာမလိုပါဘူး
ကိုယ့်နိုင်ငံ ကိုယ့်လူးမျိုးနဲ့ ကိုယ့်ဘာသာ ကိုယ့်သာသနာကိုပဲ ပိုပြီး ဦးစားပေးသင့်တာပေါ့
အခု ဆန္ဒပြနေတဲ့ အလုပ်သမားတွေဟာ ကိုယ့်မြန်မာလူမျိုး စစ်စစ်တွေပါ
သက်ဆိုရာ အဖွဲ့စည်းတွေကနေပြီး တာဝန်ယူ ဖြေရှင်းပေးသင့်တာပေါ့...
ကိုယ့်လူးမျိုးတွေကို ကျွန်လို သတ်မှတ်နေတာကို ကြည့်ကောင်းတယ်ဆိုပြီးများ ကြည့်နေကြသလား မသိပါဘူးကွာ ..
အဲဒီအထဲမှာသာ သူတို့ သားသမီးများ ပါခဲ့မယ်ဆိုရင်တော့ အဲလိုကြည့်နေနိုင်မလား (သို့) မသိချင်ယောင်ဆောင်ပြီး နေနိုင်မလား ဆိုတာ စောင့်ကြည့်လိုက်ချင်တယ် ...နိုင်ငံကို ချစ်တဲ့စိတ် အမျိုးကိုချစ်တဲ့စိတ် ဘာသာကိုလေးစားတဲ့ စိတ်လေးများ ထားကြစမ်းပါဗျာ
အခု ကြည့်လိုက်စမ်းပါ ... အမျိုးကို ချစ်တတ်တဲ့ မစုစုနွေးက လာပြီးတော့ အားပေးဖေါ်ရသေးတယ်
သူဆိုရင် အမျိုးသမီး တစ်ယောက်ပါ ...
သက်ဆိုင်ရာ လူကြီးတွေက အဲဒီ မိန်းကလေး မစုစုနွေးလောက်တောင် အသိဥာဏ် မရှိ/ မျိုးချစ်စိတ် မရှိတော့ဘူးလား
အခြားနိုင်ငံများနဲ့ ယှဉ်လိုက်ရင် ရှက်ဖို့တော်တော်ကောင်းတယ်
ခင်ဗျားတို့ တစ်တွေ ရှက်တတ်ရင် လဲ သေလို့ရတယ် ဆိုတာ သိထားစေချင်တယ် ...
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ချစ်တတ်ကြပါစေဗျာ ...
အခုလို ကိုယ့်နိုင်ငံမှာတောင် လာပြီးတော့ စော်ကားအနိုင်ကျင့်တာကို ခံနေရတယ်ဆိုရင် သူများနိုင်ငံမှာ လုပ်နေကျရတဲ့ သူတွေဆိုရင် ဘယ်လောက်များ မျက်နှာငယ်နေရမလဲဆိုတာကို ပြေးကြည့်စရာ မလိုပဲနဲ့ တွေးကြည့်ရုံနဲ့ပင် သိနိုင်ပါတယ် ...မြန်မာနိုင်ငံသူ / သား အပေါင်းတို့ ကိုယ့်လူမျိုးအချင်းချင်း ချစ်တတ် ကူညီတတ်ပြီး အားလုံး စည်းလုံး ညီညွတ်နိုင်ကြပါစေလို့ပဲ ဆုတောင်းနေမိတယ်ဗျာ ....
အောင်အောင်
Post a Comment