ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲမှ ရရှိသောအလှူငွေအချို့ မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြန်လည် လှူဒါန်းသွားမည်
တရုတ်နိုင်ငံမှ စတုတ္ထအကြိမ် ကြချီလာသည့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲမှ
ရရှိသောအလှူငွေအချို့ အား မြန်မာနိုင်ငံ၏ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်
ပြန် လည်လှူဒါန်း သွားမည်ဟု တရုတ် နိုင်ငံ သာသနာရေးဗျူရို ဒုတိယ၀န် ကြီး က
ပြောကြားသည်။
စတုတ္ထအကြိမ်မြတ်စွယ်တော် ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ၄၈ ရက် အကြာ နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရသည်။
““အလှူခံရရှိတဲ့အလှူငွေ တော်တော်များများကို မြန်မာနိုင်ငံ ရဲ့ဗုဒ္ဓသာသနာနဲ့ ကုသိုလ်ဖြစ်လုပ် ငန်းတွေမှာ ပြန်လည်အသုံးပြုမယ်”” ဟု ထက်ပါပုဂ္ဂိုလ်ကဆိုသည်။
အခြေခံမူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများတည် ဆောက်ရာတွင်လည်းကောင်း၊ အ တွင်းတိမ်မျက်စိဝေဒနာရှင်များခွဲ စိတ်ပေးရာတွင်လည်းကောင်း ပြန် လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြောဆိုသည်။
၎င်းင်းအပြင် ဗုဒ္ဓမြတ်စွယ်တော် (စွယ်တော်ပွား) ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကိုလည်း မြန်မာ နိုင်ငံသို့ လှူဒါန်းပေးခဲ့သည်။
နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့် ရေးအတွက် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ချုပ်လက်အောက်ရှိ လင်ကွမ်းစီး ဘုရားကျောင်းနှင့် မြန်မာနိုင်ငံရွှေ တိဂုံစေတီတော်တို့ ချစ်ကြည်ရေး ဘုရားကျောင်းထူထောင်နိုင်ရေး အ တွက် သဘောတူလက်မှတ်ရေးထိုး ခဲ့သည်။
စတုတ္ထအကြိမ်မြတ်စွယ်တော် အပူဇော်ခံခဲ့ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စွယ်တော်တိုက်ဆရာ တော်သို့ လွှဲပြောင်းပေးအပ်သည့် လှူဒါန်းမှုအစုစုမှာ အမေရိကန်ဒေါ် လာ ၃ ဒသမ ၉ သန်းကျော်နှင့် နိုင်ငံတကာသုံး ငွေကြေးများ၊ လက် ၀တ်ရတနာမျိုးစုံနှင့် ကျောက်မျက် ရတနာမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ် ၂၂၂၉ သန်း၊ ဗုဒ္ဓဆင်းတုတော်ထု လုပ်ရန် ကျောက်စိမ်းထည်နှင့် ကျောက်စိမ်းပလ’င်တော် စသည်တို့ အတွက် ခန့်မှန်းတန်ဖိုး ယူရို ၃ ဒသမ ၂ သန်းတန်ဖိုးရှိ ကျောက်စိမ်း တုံးနှစ်တုံးနှင့် ဆင်းတုတော်ကိန်းဝပ် မည့်ကျောင်းဆောင်၊ ဆင်းတုတော် ထုလုပ်မှုကုန်ကျစရိတ်တို့ကိုပါ လွှဲ ပြောင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ကို ပထမအကြိမ် အဖြစ် ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင် ခဲ့ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ပြီး ၄၅ ရက်ကြာအပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် ၁၉၉၆ ခုနှစ် တွင် ပင့်ဆောင်ခဲ့ပြီး ရက်ပေါင်း ၉၀ ကြာအပူဇော်ခံခဲ့ကြောင်းသိရသည်။
ဆက်နိုင် (မြန်မာပို့ စ်ဂလိုဘယ်)

Reviewed by သစ်ထူးလွင်
on
06:21
Rating:
5 comments:
ကျုက်တီု့ ဗမာတွေ ကို့ဒုတ်နဲ့ ကိုပြန်အရိုက်ခံ၇တာ။ဘယ်လောက်နာဖို့ကောင်းလိုက်လေသလဲ။
သူတို့ ပိုက်ဆံ တပြားမှမကုန်ဘဲ ကျုပ်တို့ တိုင်းပြည်ကို လှုအုံးမှာ.....
ဗမာတွေ ဘာသာရေးနဲ့ ပတ်သက်ရင် ကောင်းကောင်းလိမ်လို့ရတာ ခွေးတရုပ်တွေသိသွားပြီ....
IT IS RIGHT SHWEMINTHAR SAID
မြန်မာနိုင်ငံသည် တောတောင်ရေမြေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ယနေ့ခေတ်တွင်
အနောက် ဥရောပ၊ အမေရိက နိုင်ငံများ နှင့် အရှေ အာရှ နိုင်ငံများက စီးပွားရေး၊ ကုန်သွယ်ရေး အတွက်
ရင်းနှီးမြှုပ်နှံရန် အလွန်စိတ်ဝင်စားနေကြပါပြီ။
တစ်ချို့နိုင်ငံတွေက မြန်မာပြည်သူလူထု့ လူ့အခွင့်အရေးအပြည့်အဝ ရရှိစေဖို့၊ ကြီးပွားတိုးတက်စေဖို့ အတွက်
ပြုပြင်ပြောင်းလဲစေပြီး ပွင့်လင်းစွာ အကျိုးတူ ရင်းနှီးမြှုပ်နှံလိုတဲ့နိုင်ငံတွေရှိသလို ပြည်သူလူထု့ကို မငဲ့ကွက်ဘဲ
အောက်တန်းကျတဲ့ နည်းမျိုးစုံကိုသုံးပြီး ရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ လည်းရှိပါသည်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဥပမာပြရရင်တော့ မြင်၊ ကြား၊ တွေ့နေရတဲ့ သတိထားသင့်တဲ့ တရုပ်လူမျိုးတွေပါ။
တရုပ်လူမျိုးတွေဟာ သူတို့ရဲ့ လူမျိုး၊ အကျိုးစီးပွား၊ ယဉ်ကျေးမူ့တွေ ပြန့်နှံ့တိုးတက်စေဖို့ အတွက်သာလျှင်
အားထုတ်နေကြတာပါ။ တစ်ဖက် နိုင်ငံ၊ တစ်ဖက်လူမျိုး နစ်နာဆုံးရူံး စေမှာကို မကြည့်၊ မစာနာကြပါဘူး။
ဥပမာပြရရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှိးမြှပ်နှံမူ့ စုစုပေါင်းရဲ့ ၃၅% ကို တရုပ်အစိုးရက ရယူထားပါတယ်။
ဒါတောင် မြန်မာပြည်တွင်းက တရုပ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှိးမြှပ်နှံမူ့တွေ၊ ပိုင်ဆိုင်မူ့တွေ မပါသေးပါဘူး။
ရင်းနှီးမြူပ်နှံမူ့တွေကို ကြည့်တဲ့အခါမှာလည်း ကျွန်းသစ်၊ ကျောက်မျက်ရတနာ၊ ကြေးနီ၊ ရေအားလျှက်စစ်၊
ရေနံနှင့်သဘာဝဓက်ငွေ့ စသည့် သဘာဝတွင်းထွက်ပြစ်စည်းတွေအပေါ်မှာသာ အများအပြားရင်းနှီးမြူပ်နှံခြင်းတွေဖြစ်ပါတယ်။
အဲဒီရင်းနှီးမြူပ်နှံမူတွေရဲ့ အချို့လုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားကအစ ပညာရှင်အဆင့်အထိ တရုပ်လူမျိုး
တွေကိုသာ ခေါ်သွင်းလုပ်ဆောင်စေပါတယ်။ ဒီရင်းနှိးမြှုပ်နှံမှူု့တွေဟာ မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင်
အခွင့်အလမ်း၊ နည်းပညာ၊ အတွေ့အကြုံဗဟုသုတတွေ မရရှိစေသည့်အပြင် ဆုံးရူံးနစ်နာမူ့တွေ၊ ပျက်ဆီးမူ့တွေသာ ကျန်ရှိစေပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှူ့ကြောင့် ပြည်တွင်းက ပညာတက် လူတန်းစားတွေ၊ လူငယ်လူရွယ် အမျိုးသားအမျိုးသမီးတွေဟာ
ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေကို စွန့်ခွာရပြီး နီးစပ်ရာ လက်လှမ်းမှီရာ နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်နေထိုင်နေရပါတယ်။
ပင်ကိုယ် မျိုးရိုးဗီဇ တွေမှာ ဘာသာရေး၊ ယဉ်ကျေးမှူ့၊ လူမှူ့ရေး အခြေခံကောင်းတွေ ရှိတဲ့ မြန်မာတွေဟာ
ကိုယ့်ယဉ်ကျေးမှူ့နှင့် မကိုက်ညီတဲ့ နိုင်ငံတွေ၊ သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့ နေရာတွေမှာ စိတ်ရှည် သည်းခံစွာဖြင့်လုတ်ကိုင်နေထိုင်နေရတာတွေလည်း ရှိပါတယ်။
နောက်တစ်ခုက သတိမမူတဲ့၊ အားနည်းချက်ရှိတဲ့ အစိုးရတွေ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ တရုပ်လူမျိုးတွေဟာ နည်းမျိုးစုံနှင့်
တဖြည်းဖြည်း ဝင်ရောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် နေရာကောင်းတွေမှာ ရယူနေထိုင်နေကြပါပြီ။
ဒါဟာလည်း တရုပ်အစိုးရရဲ့ ဗျုဟာတွေထဲမှက တစ်ခုဖြစ်ပါလိမ်မယ်။ ပြည်မကြီးထဲက အစိုးရနဲ့ အပြန်အလှန် အကူအညီတွေ
ရယူကြဖို့ပါ။ ပြည်မကြီးထဲမှာရှိတဲ့ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လူမျိုးတွေကို ငွေထုပ်ချေးပြီး
လုပ်ငန်းထူထောင်ခိုင်းတာတွေ၊ တစ်ဖက်လှည့်နှင့်စီးပွားရေလုပ်ခိုင်းတာတွေလည်းရှိနေပါတယ်။
ယခု မြန်မာနိုင်ငံကိုလည်း တစ်ချိန်မှာ တရုပ်လူမျိုးတွေ၊ တရုပ်စီးပွားရေးလုပ်ငန်းရှင်တွေကြီးစိုးဖို့ အလားအလာ
ရှိနေမှာကို စိုးရိမ်မိပါတယ်။ ပြည်သူလူထု့ကို အုပ်ချုပ်ပြီး တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းတွေက
အနာဂတ်ကိုကြိုတင်ရူ့မြင်ပြီး ကန့်သတ်ပြုပြင်ပေးရပါမယ်။ နိုင်ငံခြားရင်းနှိးမြှုပ်နှံမူကဏ္ဍတွေမှာ
ပြည်သူလူထူ့အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ အတွေ အကြုံဗဟုသုတ၊ နည်းပညာ၊ အရင်းအနှီးတွေ ရရှိစေမည့်
ရင်းနှိးမြှုပ်နှံမူ့တွေကို အဓိကထားပြီး ဦးစားပေးခွင့်ပြုသင့်ပါတယ်။
မြန်မာနိုင်ငံသားများ ပညာတက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်လာဖို့၊
မြန်မာနိုင်ငံသည် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးအားလုံးအတွက်ဖြစ်စေဖို့ စီမံ၊ ပြုစု၊ပျိုးထောင်ပေးရပါမည်။
တ၇ုတ်ဆိုတဲ့လူမျိုးကဘု၇ားတောင်အငှားချတာမပြောနဲ့...တ၇ုတ်ပြည်မှာ၇ှိတဲ့ပန်ဒါဝက်ဝံကိုပြင်သစ်မှာ၇ှိတဲ့ZOOကိုအငှားချထားတယ်၊၊သူမိန်းမနဲ့ကိုယ့်မိန်းမတောင်လဲပြီးအငှားချပေါင်းသင်းနေတဲ့ကောင်တွေ၊။ဘယ်နေ၇ာေ၇ာက်ေ၇ာက်Asiaစာစားချင်၇င်သူတို့ဆိုင်မှာပဲဝယ်နေ၇တယ်၊၊မချစ်သော်လည်းအောက်နမ်းနေ၇တယ်၊၊ဒါပေမဲ့ပိုဆိုးတာကတော့ေ၇ွှမျက်နှာနဲ့ကိုယ့်လိုလူမျိုးကိုဘယ်သွားသွားနိဟောင်..နိဟောင်နဲ့Chinaလိုနှုတ်ဆက်ခံ၇တာFeelအောက်တယ်၊၊Myanmarလို့ပြောတော့ပိုဆိုးတယ်၊၊ဘယ်နေ၇ာကနိင်ငံလဲမသိဘူး၊၇ှင်းပြ၇တော့လဲAseanနိင်ငံတွေကုန်မှMyanmarကိုေ၇ာက်အောင်ပြော၇တယ်မလွယ်ဘူး၊၊အခုတော့(အမေစု၊အမေစု)ကျေးဇူးကြောင့်Myanmarနိင်ငံတော့သိလာပြီ၊ဒါပေမဲ့လူတွေ့၇င်နိဟောင်...နိဟောင်...နိဟောင်နဲ့Feelအောက်တုံးပဲ၊၊(မင်္ဂလာပါ...မင်္ဂလာပါ...မင်္ဂလာပါ)လို့နှုတ်ဆက်သံတွေအမြန်ဆုံးကြား၇တဲ့ဘ၀တွေ၇၇ှိကြပါစေလို့ဆုတောင်းနေမယ်နော်၊၊
You are right, shweminthar.
What should we do the next time they come?
Post a Comment