ဒေါ်အောင်ဆန်းစုကြည် ရှမ်းနီမြေဖြစ်သော မိုးကောင်းသို့ပါတီစည်းရုံးရေးခရီးသွားမည်

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီရက်ပိုင်းအတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့သို့  စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း NLD နာယက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

" အစီအစဉ်ရေးဆွဲနေပါတယ်၊ ရက်တော့ အတိအကျမသိသေးပါဘူး၊ တစ်ရက်နှစ်ရက်အတွင်းမှာ သိရမှာပါ "

ဟု ၎င်းက ပြောကြားသည်။

အဆိုပါသတင်း နှင့် ပတ်သက်၍ မိုးကောင်းမြို့ရှိ ရှမ်းနီခေါင်းဆောင်တစ်ဦးကို မေးမြန်းကြည့်ရာ
"၂၃ ရက်နေ့လို့တော့ ကြားတယ်၊ ကိုယ်က အိမ်ရှင်ဆိုတော့ ကြိုဆို ဧည့်ခံဖြစ်မှာပါ။ ရိုးရာအကအဖွဲ့ နဲ့ ဖျော်ဖြေမယ် မဖျော်ဖြေဘူးဆိုတာတော့ မဆုံးဖြတ်ရသေးဘူး  ကိုယ်ကရိုးရိုးဆိုပေမယ့်  နိုင်ငံရေးအရ အလွန်အကျွံ ဖြစ်သွားရင် မကောင်းဘူးလေ" 
ဟု ပြောသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် မိုးကောင်း၊ ဖားကန့်၊ နှင့် ဗန်းမော်မြို့နယ် များ၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
မိုးကောင်း မဲဆန္ဒနယ်၌ NLD အပြင် ကျားဖြူပါတီ ဟု လူသိများသော ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP နှင့်
လွန်ခဲ့သောရက်ပိုင်းကမှ တစ်သီးပုဂ္ဂလအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားသော KIO ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာတူးဂျာတို့ ၀င်ရောက်အရွေးခံကြမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းကော့မှူးမြို့နယ်တွင် ၎င်းကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စည်းရုံးရေးခရီးစဉ်လည်း သွားရောက်ခဲ့ပြီးဖြစ်သည်။
ဆေခမ်ဖ (ရှမ်းနီ)
ဒေါ်အောင်ဆန်းစုကြည် ရှမ်းနီမြေဖြစ်သော မိုးကောင်းသို့ပါတီစည်းရုံးရေးခရီးသွားမည် ဒေါ်အောင်ဆန်းစုကြည် ရှမ်းနီမြေဖြစ်သော မိုးကောင်းသို့ပါတီစည်းရုံးရေးခရီးသွားမည် Reviewed by သစ်ထူးလွင် on 23:37 Rating: 5

No comments:

Powered by Blogger.