ကံ​ပေါက်တွင် ထိုင်း​ ပီတီတီ ကုမ္ပဏီ အလုပ်သမား​များ​ ဆန္ဒပြ


အလုပ်ချိန်များ ​ပြား​မှု လုပ်ခလစာနည်း​ပါး​မှု​တွေနဲ့​ လုပ်ငန်း​ခွင်အဆင်မ​ပြေ မှု​တွေ​ကြောင့်​ တနင်္လာရီတိုင်း​၊​ ထား​ဝယ်ခရိုင် ကံ​ပေါက်​ဒေသမှာ ထိုင်း​နိုင်ငံပိုင် ပီတီတီကုမ္ပဏီက အလုပ်သမား​တွေ ဆန္ဒပြခဲ့​ကြပါတယ်။
ကံ​ပေါက်​ ဒေသရှိ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​တွေမှာ အခြား​ကုမ္ပဏီ​တွေက အလုပ်သမား​ တဦး​အတွက် တရက်လုပ်ခ ကျပ် ၇​ ထောင် ​ပေး​ချိန်မှာ ပီတီတီကုမ္ပဏီက ကျပ် ၄​ထောင်ပဲ ​ပေး​တဲ့​အပြင် အလုပ်ချိန် တ​နေ့​ ၁၂ နာရီအထိ တိုး​မြှင့်​လုပ်ဖို့​ လက်မှတ်ထိုး​ခိုင်း​လာတာ​ကြောင့်​ ကုမ္ပဏီအလုပ်သမား​ ၆၀ ​လောက်က ဆန္ဒပြခဲ့​ကြတာပါ။
ဇန်နဝါရီ ၃၁ ရက်​နေ့​က​နေ ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့​အထိ လုပ်ခလစာတိုး​မြှင့်​ရေး​၊​ နဂိုအလုပ်ချိန် ၈ နာရီနဲ့​ ထမင်း​စား​ချိန်​ပေး​ရေး​၊​ လုပ်ငန်း​ခွင်အဆင်​ပြေ​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​တာဝန်ယူ​ပေး​ဖို့​ ဆိုတဲ့​ အချက်​တွေကို ​တောင်း​ဆို​နေကြပါတယ်။
သဘာဝဓာတ်​ငွေ့ ​စီမံကိန်း​ရဲ့​ လူမှုစီး​ပွား​ဌာနကို ဒီပြဿနာ​တွေ တင်ပြခဲ့​ပေမယ့်​ တစုံတရာ ​ဖြေရှင်း​ပေး​တာမျိုး​ မရှိတာ​ကြောင့်​ ​တောင်း​ဆိုဆန္ဒပြခဲ့​ကြတာလို့​ ဦး​ဆောင်ဆန္ဒပြခဲ့​တဲ့​ အလုပ်သမား​တဦး​က ​ပြောပြပါတယ်။
“ကျ​နော်တို့​ ဆန္ဒပြမှု မဖြစ်ခင် ၂ ပါတ်​လောက်အလိုမှာ သူက စာချုပ်တခု ချုပ်ဖို့​ ကျ​နော်တို့​ကို​ပေး​တယ်။ အဲဒီစာချုပ်ထဲမှာ အလုပ်သမား​တွေရဲ့​ တရက်အလုပ်ချိန် ၁၂ နာရီ၊​ ​နောက်ပြီး​တော့​ တပတ်မှာ ၇ ရက်ဆင်း​ရမယ်၊​ အဲဒီစာချုပ်ပါ ကျ​နော်တို့​ သိမ်း​ထား​တယ်။ လက်ခံတ​စောင် သိမ်း​ထား​တယ်။ အဓိကအချက်​တော့​ အဲဒါပဲ။ ခံစား​မှု၊​ ဝန်​ဆောင်မှုပါ တခုမှမရှိဘူး​။ သူရဖို့​ တခုတည်း​ ချုပ်ထား​တဲ့​စာချုပ်ပါ။ ကျ​နော်တို့​ဆီမှာ လူမှုစီး​ပွား​ ဌာနကို တင်လိုက်ပါတယ်။ ၂ ပတ်​လောက် ​စောင့်​တယ်။ အ​ခြေအ​နေမထူး​လာဘူး​။ ၃၁ ရက်​နေ့​က ဆိုင်း​ဘုတ်​တွေကိုင်ပြီး​ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့​အထဲမှာ ၅၈ ​ယောက်ရှိပါတယ်။ ဒီ​နေ့​အချိန်မှာ​တော့​ နည်း​နည်း​လျော့​လာတယ်။”
ဆန္ဒပြ​တောင်း​ဆို​နေ​ပေမယ့်​ ကုမ္ပဏီ​တွေဘက်က ဘာမှ လုပ်မ​ပေး​သေး​ဘူး​လို့​လည်း​ ဆန္ဒပြ အလုပ်သမား​ခေါင်း​ဆောင်က ​ပြောပါတယ်။
“၃၁ ရက်​နေ့​က ဆန္ဒပြပြီး​တာနဲ့​ သူတို့​က ကျ​နော်တို့​ကို တာဝန်ခံတဲ့​ လူကြီး​က ကျ​နော်တို့​ကို လစာတိုး​ပေး​မယ်ဆိုပြီး​ နှစ်သိမ့်​ပြီး​တော့​ ကား​ပေါ်တက်၊​ ပိုက်ဆံရှင်း​ပေး​မယ်ဆိုပြီး​ အဲဒီပုံစံမျိုး​လုပ်တယ်။ လကုန်ရက်ဆို​တော့​။ ဒါ​ပေမယ့်​ ကျ​နော်တို့​ကလည်း​ ဦး​ဆောင်ပြီး​ ကား​ပေါ်မတက်ခိုင်း​ဘဲ တရုတ်​တွေ​နေတဲ့​ ကုမ္ပဏီနဲ့​ ​နောက်ပြီး​တော့​ ပီတီတီ ကုမ္ပဏီက နည်း​နည်း​ ခပ်လှမ်း​လှမ်း​ရှိတယ်။ အဲဒါကို လမ်း​လျှောက်သွား​ပြီး​ အဲဒီ ပီတီတီ ကုမ္ပဏီအ​ရှေ့​မှာ အဲဒီစာရွက်​တွေ ​ထောင်ပြီး​တော့​ ငြိမ်ငြိမ်သက်သက်​နေပါတယ်။ လူကြီး​တွေ၊​ နိုင်ငံခြား​သား​တွေ၊​ တာဝန်ရှိသူ​တွေ ထွက်လာတယ်။ အဲဒီမှာမှ သူတို့​ ထိထိ​ရောက်​ရောက် လုပ်​ပေး​မယ် ​ပြောပြီး​တော့​ အခုချိန်ထိ ဘာမှ မထူး​သေး​ဘူး​။”
ဒီလို ကုမ္ပဏီ​တွေဘက်က လုပ်​ဆောင်​နေတာကို အစိုး​ရတာဝန်ရှိသူ​တွေ၊​ ပြည်သူ့​ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ကြား​ဝင် ​ဖြေရှင်း​ပေး​ဖို့​ကိုလည်း​ အလုပ်သမား​တွေက လိုလား​နေတယ်လို့​လည်း​ ဆိုပါတယ်။
သူတို့​တောင်း ​ဆို​နေတဲ့​ အချက်​တွေနဲ့​ ပတ်သက်ပြီး​ ကံ​ပေါက် သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ အလုပ်သမား​ ​ခေါင်း​ဆောင်တ​ယောက်က “ကျ​နော်တို့​က တင်ပြထား​တာ အလုပ်ချိန် ၁၂ နာရီသတ်မှတ်ထား​တာ အဲဒါကို ပြုပြင်​ပေး​သင့်​တယ်။ အလုပ်သမား​ အကြိုအပို့​ အစီအစဉ်​တွေရှိတယ်။ အဲဒါ​တွေက လုံး​ဝ ကိုယ့်​အစီအစဉ်နဲ့​ ကိုယ်လာရတဲ့​သူ​တွေ များ​တယ်။ ကျ​နော်တို့​ ဒီ နယ်တဝိုက်မှာ။ ​နောက် အလုပ်ချိန်အတွင်း​မှာ အခုဆိုရင် ​ရေသန့်​စက်က ​ရေကိုအလုံအ​လောက် မရဘူး​။ ​ရေကို ဖြစ်သလို လိုက်​သောက်​နေရတယ်။ ​နောက်ပြီး​ အလုပ်ထဲမှာ တရုတ်​တွေက အလုပ်ခိုင်း​စရာရှိရင် လက်နဲ့​ခေါ်ပြီး​မခိုင်း​ဘူး​။ ​ခြေ​ထောက်နဲ့​ ပြခိုင်း​တယ်။”
ပြီး​ခဲ့​ လပိုင်း​တွေကလည်း​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွေမှာ အလား​တူ အလုပ်သမား​တွေ လုပ်ခ လစာ အပြည့်​အဝမရတာ၊​ လုပ်ငန်း​ခွင် မသာယာမှု​တွေ​ကြောင့်​ မ​ကျေမနပ်ဖြစ်ခဲ့​ဖူး​ပါတယ်။
အစိုး​ရရဲ့​ မူဝါဒ​တွေထဲမှာ​တော့​ ဒီလိုပြဿနာ​တွေကို သက်ဆိုင်ရာ တိုင်း​ဒေသကြီအစိုး​ရ၊​ ပြည်သူကိုယ်စား​လှယ်​တွေ၊​ အလုပ်သမား​တွေနဲ့​ အလုပ်ရှင်​တွေ ​စေ့​စပ်ညှိနှိုင်း​ဖြေရှင်း​ဖို့​ဆိုတာမျိုး​တွေ ချမှတ်ထား​ပါတယ်။ 
DVB
ကံ​ပေါက်တွင် ထိုင်း​ ပီတီတီ ကုမ္ပဏီ အလုပ်သမား​များ​ ဆန္ဒပြ ကံ​ပေါက်တွင် ထိုင်း​ ပီတီတီ ကုမ္ပဏီ အလုပ်သမား​များ​ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 08:21 Rating: 5

16 comments:

JuMaung said...

ြုပည်သူကနေရွေးချယ်တင်မြှောက်လို့ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်လာတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်အပါဝင် အလုပ်သမားဝန်ကြီး အစိုးရအဖွဲ့တွေ အခုကိစ္စကို ဘယ်လိုဖြေရှင်းပေးမှာလဲဗျာ၊ တိုင်းတစ်ပါးကလုပ်ငန်းရှင်တွေက ကိုယ့်တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေကို ကျွန်လိုသဘောထားပြီးတော့ဆက်ဆံနေကြပြီ။

myochitthu said...

ဆန္ဒပြသူတွေကို အားပေးပါတယ်။ ငါတို့ပြည်သူကို ကလေးမုန့်ဖိုးသာသာပေးပြီး မတရားခိုင်းတာကို ခေါင်းငုံ့မနေနိုင်ဘူး။ လူအချင်းချင်း လူလိုခိုင်းပြီး တန်ရာပေးမှပေါ့။

luhein said...

ဟုတ်ပ..ဗျာ...သူများတိုင်းပြည်သွားပြီး..အလုပ်လုပ်တော့...သွားကျွန်ခံတာတဲ့....ကဲ..ကိုယ့်တိုင်းပြည်မှာ..အလုပ်လုပ်တော့...ေ၇ာ...ကျွန်တော်တို့မြန်မာ...တွေ..က...ကျွန်တွေပဲလား....?????

zinzin said...

ကဲ...ဘာဆက်လုပ်ကြမလဲ...ရှေ့ကခေါင်းမရှိတဲ့ လူကြီး လုပ်ခဲ့တာတွေလေ...ရင်နာစရာကောင်းလိုက်တာဗျာ...ကိုယ့်မြေပေါ်မှာလဲ လာလုပ်သေးတယ် ကိုယ့်လူမျိုးတွေကိုလဲ ကျွန်လို ခိုင်း ကြတယ်....အခုအချိန်ကတည်းက ကိုယ့်တိုင်းပြည်..ကိုယ့်လူမျိုးတွေကို စော်ကားနေတာကို..တားနိုင်အောင်တားပေးကြပါ...အခုချိန်မှာ မတားနိုင်ရင်တော့ နောက်ဆိုရင် ဒီထက်ပိုဆိုးကုန်ပါ့လိမ့်မယ်....အဲ့ကျရင်တော့ မြန်မာတွေ မျိုးချစ်စိတ်ဘယ်လောက်ရှိလဲ ဆိုတာ ပြကြတာပေါ့ တိုင်းတပါးသားတို့ရာ.... ထမင်းဝအောင်သာ စားထားကြပေတော့....

Anonymous said...

ဒီသောက်အစိုး၇မကောင်းလို့ သူများတိုင်းပြည်ကလူတွေ ကိုယ့်နိုင်ငံသားတွေကို အနိုင်ကျင့်တာခံ၇တာ

လူပိန်း said...

ဟုတ်တယ်ဗျို့

မျိုးသန့် စင် said...

MOGE ကရော ဘာတွေ လုပ်ပေးနိုင်လဲ???? ILO ကရော ဒီအလုပ်သမားတွေ အတွက် ဘာလုပ်ပေးနိုင်လဲ ??? ဒို့ နိုင်ငံ အရင်ကနဲ့  မတူတော့ဘူးဆို ...သက်သေပြကြလေ ...ကိုယ့်နိုင်ငံမှာလာနေပြီး ဒီလောက်တောင်စော်ကားနေတဲ့ ကောင်တွေကို အစိုးရ အနေနဲ့ ပညာပေးသင့်တယ် ....ကိုယ့်နိုင်ငံသားတွေကို ဒီလိုဆက်ဆံနေတာတွေကို အစိုးရ အနေနဲ့ လည်း လက်မခံသင့်ဘူး....တနိုင်ငံလုံးလဲ ဒီကောင်တွေ သိမ်းတာနဲ့ ကုန်နေပြီ....အလုပ်သမားဥပဒေ ဆိုတာကြီးကရော ဘယ်တော့ အသက်ဝင်မှာလဲ???တခုခုတော့ လုပ်ကြဦးဟေ့....

Theodo said...

ရင်နာစရာတောင်ကောင်းဒယ် ကိုယ့်တိုင်းပြည်ထဲမှာနေရင်း
တိုင်းတပါးသားတွေကမိုက်ရိုင်းစော်ကားတာခံရတယ်လို.
တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသောလူကြီးမင်းများခင်ဗျ
ကြားလို.မှကောင်းကြသေးရဲ့လား

win said...

ဒါတင်ဘယ်ကမလဲဗျာ...မသိနားမလည်သေးတဲ့ အလုပ်သမားများကို အလုပ်မလုပ်ခင်မှာ လစာဘယ်လောက်ရမယ်၊ ဘာခံစားခွင့်တွေပေးမယ်ဆိုပြီးမက်လုံးတွေပေးကာ စာချုပ်ချုပ်ဆိုခိုင်းပြီး တကယ်တမ်းဘာမှမရဘဲ တောင်းဆိုတဲ့အခါမှာလည်း စာချုပ်မှာပါတဲ့အတိုင်းဘဲလေ ဆိုပြီးဘာတောင်း ဆိုမှုကိုမှပြုလုပ်ပေးချင်းမရှိပါဘူးလို့လည်းကြားသိရပါတယ်၊ မကျေနပ်လို့အလုပ်မှ ထွက်မည် ဆိုလျင်လည်းစာချုပ်ပါ လျှော်ကြေး အတွက် ပေးရမယ့်ပဏကမနည်းတဲ့အတွက် ၊တရားစွဲခဲရမှာလည်းကြောက်သဖြင့် ဘယ်ကိုမှလည်းမတိုင်ရဲဘဲ ပေးတာယူ၊ကျွေးတာစားပြီး ခိုင်းသမျှမသေယုံလုပ်နေရသည်များလည်းရှိပါသည်။ ဒါအပြင်မြန်မာလူမျိုးဝန်ထမ်းချင်း ကိုနေရာတစ်ခုရချင်တာနဲ့ ဣသာမစ္ဆရိယစိတ်ထားတဲ့သူတွေ ရှိနေတဲ့ အတွက်ကြောင့်လည်း နိုင်ငံခြားသားတစ်ချို့ဟာမြန်မာတွေရဲ့အားနည်း ချက်ကို သိတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် လူမျိုးချင်း ရိုင်းပင်းကြပါလို့လည်းပြောချင်ပါတယ်။...သက်ဆိုင်ရာဝန်ကြီးတွေအနေနဲ့လည်းအလုပ်သမားများရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးစေချင်ပါတယ်....ဒီကုမ္မဏီက သူ့နိုင်ငံမှာရော ဒီလိုလုပ်သလား၊ သူ့နိုင်ငံမှာ ကျွန်တော်တို့ကဒီလိုကိုလုပ်ရင်ရော လက်ခံပါ့မလား ဆိုတာကျွန်တော်တို့ နိုင်ငံလူကြီးများလည်းစဉ်းစား သင့်ပါတယ်.. အခုဒီကုမ္မဏီလာထုတ်တာက ကျွန်တော်တို့နိုင်ငံက လုံးဝ ကိုပြန်လည်ဖြည့်တင်းလို့မရတဲ့ သံယံဇာတကို လာာရောက်ထုတ်ယူနေ ကြတာပါ.. .ဒါကြောင့်ဒီကုမ္မဏီကို ကျွန်တော်တို့နိုင်ငံလူကြီးမင်းများ အနေဖြင့် ၊နစ်နာခဲ့ ရတဲ့ အလုပ်သမားများ အတွက် လျှော်ကြေးများ ပါရအောင် လုပ်ဆောင်ပေးသင့်ပါကြောင်းပါခင်ဗျာ...........

win said...

ခေါင်းပုံဖျက်နေတဲ့ ဒီကုမ္မဏီ နဲ့ နိုင်ငံခြာသားသားရဲ့ဘော လိုက်မပြီးနေရာ လိုချင်နေ တဲ့ နန့်ကျောစွဲနေတဲ့ အမျိုးဖျက်ဝန်ထန်း တွေကိုအားလုံး ကို အမြင်မှန်ရအောင် ၀ိုင်းဝန်း ဆုံးမ ပေးလိုက်ကြပါစို့.......

tu said...

တိုင်းပြည်နွံနစ်၊ ကျွန်မဖြစ်ရအောင်
ချစ်တီးမျိုးယုတ်၊ဂုတ်သွေးမစုပ်အောင်
ကိုလိုနီလက်သစ်နွံအနီး၊မြန်မာပြည်လှည်းဘီးကျွံနေသည်
ကူရ်ျတွန်းပေးကြပါ၊လေးလွန်းရ်ျမတွန်းနိုင်ဘူးလား၊
ပြည်သူအားလုံးပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။

san san said...

မလေးရှားမှာတောင် မလေး အရာထမ်း အမှု့ထမ်းတွေရဲ့အလုပ်ချိန်ဟာ တနေ့ ၈နာရီဘဲ။အဲ့ဒါနိုင်ငံတကာ အလုပ်သမားတွေရဲ့ စံအလုပ်ချိန်ဘဲ။ပိုတဲ့အချိန်ဟား over time ဘဲ။over time တောင်။ရိုးရိုးနေ့နဲ့ အလုပ်ပိတ်တဲ့နေ့မတူဘူး။အလုပ်ပိတ်၇က် over time ဆင်းရင် ၃ဆ ကနေ ၅ဆပေးရတယ်။ မလေးအစိုးရဟာ သူတို့နိုင်ငံသားတွေ ဘက်က အမြဲ၇ပ်တည်ပေးတယ်။အထူးသဖြင့်မလေးနိုင်ငံသားအလုပ်သမားတွေ အပေါ် ကောင်းတယ်။မြန်မာအစိုးရ ကကော ဘာလို့မြန်မာအလုပ်သမားတွေ အပေါ်ဘာလို့ ကာကွယ်မှု့မပေးကြတာလဲ

Anonymous said...
This comment has been removed by the author.
Anonymous said...

ငါတို့နိုင်ငံက gas ယူပြီးမှမီးလင်းမဲ့ကောင်က ငါတို့ရဲ့လူမျိုးတွေကိုဦးစားပေး ဆက်ဆံရမယ့်အစား နှိမ်လိုနှိမ်၊ ပေးချင်တဲ့လုပ်အားခကိုပေးချင်သလိုပေး၍ လူပါးလာဝနေသောဤ အမျိုးယုတ်များအားသက်ဆိုင်ရာအဖွဲ့အစည်းများမှ ကြီးကြပ်ပေးစေလိုပါသည်။ မြန်မာနိုင်ငံရှိ OIL & GAS Company များမှ ၀န်ထမ်းများ လုပ်ခလစာ နှင့် ခံစားခွင့် တန်းတူအခွင့် အရေးရနိုင်ရန် စံနှုန်း တစ်ခုထား၍ အလုပ်သမား ဥပဒေတွင် ထည့်သွင်းစဉ်းစား သင့်ပါသည်။...
(မှတ်ချက်... အထက်က သူငယ်ချင်းတစ်ယေက်ပြောတဲ့ နိုင်ငံခြားသား ဘောလိုက်မနေသော ၀န်ထမ်းများလည်း အမြန်ဆုံး အမြင်မှန်ရကြပါစေ... ၀ါသနာအရဆို ရင်လည်း အမျိုးဂုဏ်ကို ထိမ်းသိမ်း ပါလို့ ပဲပြောပါရစေ....ဗျာ)

win said...

အစ်ကို တို့ပြောတာအားလုံး ဟုတ်ပါတယ်ဗျာ.. အခုကျွန်တော်တို့တွေ အဲလိုမျိုး အကြိမ်ကြိမ် အလိမ်ခံရနေရပါတယ်ခင်ဗျာ.... ရှက်လွန်းလို့လုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်း၊ ဟောင်းတွေနဲ့တွေ့ရင်တောင် ကိုယ့်မာနနဲ့ ကိုမို့ အမှန်ကိုမပြောရဲဘဲ ငြိမ်နေရပါတယ်ခင်ဗျာ.. ဘယ်သူကို ပြောပြီးတိုင်ရမှန်းလည်း မသိပါဘူးခင်ဗျာ ဒါကြောင့် ဒီအောက်ကနေ ပဲ ရင်တွင်းခံစားချက်လေးပဲ ရေးပေးလိုက်ရ ပါတယ်ခင်ဗျာ.............
++ ကို့လူမျိုးချင်း နင်းချခြင်း ကင်းဝေးကြပါစေ...........
++ နေရာရဖို့အရေး ဘောမခြင်း(စပ်စလူးထခြင်း) ကင်းဝေးကြပါစေ.......
++ ထပ်ထပ်ခါ လိမ်ခံရခြင်း ကင်းဝေးကြပါစေ..........

fair play said...

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးပြောရရင်...ကျွန်တော်တို့နိုင်ငံက ရေနံဝန်ထမ်းများသည် ရေနံလုပ်ကွက်များတွင် Coverall (PPE) အပြည့်အစုံမပါ..... အာမခံကြေးမရှိဘဲ အသက်နဲ့ရင်းပြီး မိသားစုအတွက် ပိုက်ဆံရှာနေကြတာပါ... တခြားနိုင်ငံတွေက ရေနံဝန်ထမ်းတိုင်းတွင် ကုမ္ပဏီမှ အာမခံကြေးအပြည့်အ၀ ၀ယ်ပေးသည့်အပြင် သူတို့၏၀င်ငွေမှာလည်း ကျွန်တော်တို့မြန်မာနိုင်ငံသား များနှင့် အဆ၁၀၀မက ကွာခြားတာကိုတွေ့ရပါတယ်......... ခံစားမှုများလည်းအများကြီးကွာခြားပါတယ်.... နိုင်ငံခြားသားကုမ္ပဏီ များကကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော်ရဲ့တယံဇာတတွေကို လာယူနေတဲ့ ကုမ္ပဏီတွေဖြစ်ပါ.... အမှန်ဆိုနိုင်ငံခြားကုမ္ပဏီများက ကျွန်တော်တို့ ပြည်တွင်းက၀န်ထမ်းတွေကို သူတို့နှင့်တန်းတူအခွင့်အရေး မပေးရင်တောင် လူလူချင်းကိုယ်ချင်းစာတဲ့အနေနဲ့ ဒီအခွင်အရေးတွေကို ပေးစေချင်ပါယ်.......ခုလိုရေးသားရတာကလည်း ကျွန်တော်တို့နိုင်ငံ မှာဘာတွေ ဖြစ်နေလဲဆိုတာ နိုင်ငံအကြီးအကဲများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားများ သိရှိစေရန်ရေးသားရခြင်းဖြစ်ပါတယ်...

Powered by Blogger.