ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ၂၀၁၀ ရွေးကောက်ပွဲတွင်
တိုင်းရင်းသားစည်းလံး ညီညွတ်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
ရှုံးနိမ့်ခဲ့သောကိုယ်စားလှယ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌
ပြည်ခိုင်ဖြိုးပါတီမှ ပြန်လည်ဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
" အရင်တုန်းက တ.စ.ည နဲ့လက်ရှိအစိုးရနဲ့ အတူတူပဲထင်တာ။ ဗိုလ်ချုပ်ဟောင်းတွေဆိုတော့ မတူဘူးဆိုတာ နောက်မှသိရတာ။ နောက်ပြီးတော့ တ.စ.ညက လာပြောတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက ပါတီမဖွဲ့ သေးတာနဲ့ လက်ခံခဲ့တာ" ဟု လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်အရွေးခံမည့် ဦးတင်စိုးက ပြောသည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး တစ်လခန့်အကြာ၌ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီး နောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးခြင်းခံရသည်ဟု ကာယကံရှင်က ဆို သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာလှမြတ်သွေးမှာ ငါးသိုင်း ချောင်းဒေသခံဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးတင်စိုးမှာ သီတာကုန်းမြင့်တွင် နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။
7 DAY NEWS Journal

တစည ကိုယ်စားလှယ်လောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြုယှဉ်ပြိုင်
Reviewed by သစ်ထူးလွင်
on
06:30
Rating:
4 comments:
ဒါလောက် ဗဟုသုတ နဲရသလား ဦးတင်စိုးရယ်။ ခင်ဗျားကြည့်ရတာ ခံယူချက် ယုံကြည်ချက် မရှိတဲ့ သာကူးဘဲဖြစ်ရမယ်...ဒါနဲ့ များပြည်သူ့  ကိုယ်စားလှယ် လုပ်အုံးမလို့ လား၊ ကောင်းတော့မှာဘဲ ခင်ဗျားတို့ ပါတီတော့...
သူများတွေလုပ်ပြနေမှတော့ တစည လည်းအားကျပြီပေါ့ကွယ်...
ဒီကိုယ်စားလှယ်လောင်းကြည့်ရတာ တော်တော်ရိုးပုံရတယ်။ စိတ်ထားမှန်ကိုပြောနေတယ်။
want to be member of parliament but know nothing about politic and parties...How to serve your constituencies??? Please answer me!
Lynn
Post a Comment