မင်္ဂလာဒုံမြို့နယ်
ပျဉ်းမပင်အုပ်စု မြသီတာရပ်ကွက် မြသီတာ မိသာဟာရ ခရစ်ယာန်
ဘုရားရှိခိုးကျောင်းမှာ ဇန်န၀ါရီလ ၂၉ ရက် တနင်္ဂနွေနေ့က ဘုရားဝတ်ပြုနေစဉ်
ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလေးနွယ်က ကျူးကျော်နယ်မြေဆိုပြီး
လာရောက်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ဒီဘုရားကျောင်းကို သင်းအုပ်ဆရာ ဖိလမွန်က
၂၀၀၀ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ တနင်္ဂနွေနေ့တိုင်း
လာရောက်ဝတ်ပြုသူ အယောက်သုံးဆယ်လောက်က ရှိနေပြီဖြစ်ပါတယ်။အခုလိုလုပ်တာဟာ
အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာ စာတမ်း အပိုဒ်(၁၈)ဖြစ်တဲ့ လူတိုင်း
လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်ဆိုတဲ့ အချက်ကို
ချိုးဖောက်နေတာလဲဖြစ်ပါတယ်။၂၀၁၀
ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားထုတ်ပြန်ချက် နံပါတ် (ဃ) မှာ
လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေရမယ်လို့
ထုတ်ပြန်ထားပါတယ်ခင်ဗျား။
ဘားမားဗီဂျေ
ဝတ်ပြုနေချိန် ပိတ်ခံလိုက်ရတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း (ရုပ်/သံ)
Reviewed by
သစ်ထူးလွင်
on
18:13
Rating:
5
9 comments:
ဘက်ပေါင်းစုံကနေ လူ့အခွင့်အရေးကို ခိုးဖောက်နေတဲ့ ဒီအစိုးရဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ ပိတ်ပင်ရုံသာမက
ခရစ်ယာန်ဘာသာဝင်များအား ဌာနဆိုင်ရာ အသီးသီးတွင် ရာထူးလုံးဝ
တိုးမပေးခြင်း များပြုလုပ်ခဲ့သည်မှာ ကျွန်တော့်ကိုယ်တွေ.ဖြစ်သည်။
ဟေ့ကောင်လင်းလင်း-ကိုယ်တွေ့ဆိုရင်နေရာ၊အချိန်နဲ့ဌာနနာမည်၊
လူတွေနာမည်ကိုတိတိကျကျဖေါ်ပြလေ။
ဘာမဟုတ်တဲ့သေးငယ်တဲ့အရာကိုအကြောင်းပြုပြီး ဘာသာရေးပြသ၁နာတွေဖြစ်အောင်မဆွပါနဲ့။
It is shown that the government is cheating to people of Burma and the World. No Human Right at all...!
everlife ဒီစာကိုဖတ်ြဖစ်အောင်ဖတ်ပါ။
www.thanakharmay.com/2012/01/blog-post_28.html
တိတိကျကျ သိချင်တယ်ဆိုလို့။
သူများ COMMENTကိုဆရာကြီး ၀င်လုပ်ချင်ရင်
မြန်မာပြည်မှာ ဘာတွေဖြစ်ပျက် နေလဲဆိုတာအရင်လေ့လာလိုက်ပါအုံးနော်။
တောင်းပန်ပါတယ်။
ကိုလင်းလင်း
ပြောခဲ့တာက ကိုယ်တွေ့ လို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် သက်သေပြတာက Blog တစ်ခုက ဆောင်းပါးပါ။ ပြီးတော့ အဲဒီမိန်းကလေးပြောတာက သူ့ အဖေရာထူးမတက်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ " အဖေရဲ့ အမေက ခရစ်ယာန်မို့လို့တဲ့ "
ဒါပေမယ့် အပေါ်ဆုံးမှာရေးခဲ့တာက သူ့ အဖေရဲ့  အဖေက န၀တ၀န်ကြီးဖြစ်ကြောင်းကို " ဖေဖေက တောကြိုအုံကြားရောက်နေချိန် အဖေရဲ့ အဖေက နဝတမှာ ဝန်ကြီးဖြစ်နေပြီ။ ဝန်ကြီးဖြစ်သည့်တိုင်.... " လို့ ဖော်ပြထားပါတယ်။
ကျွန်တော် ဘယ်သူ့ ဘက်မှ လိုက်ပြောတာ မဟုတ်ပါဘူး။ ယခုအချိန်လို မြန်မာပြည်အတွက် အရေးကြီးတဲ့အချိန်မှာ သွေးထိုးသူတွေက ဆူပူမှုဖြစ်အောင် ဆန္ဒရှိချိန်မှာ စည်းလုံးကြဖို့  အရေးကြီးပါတယ်။ သို့ မဟုတ်က သူတို့  အကြိုက်ဖြစ်သွားပါလိမ့်မယ်.......
စစ်တပ်တင်မကပါဘူး။ နေရာတိုင်းမှာ ရာထူးတက်ဖို့  သတ်မှတ်ချက်တွေ ရှိပါတယ်။အကပ်ဇယားကို ဆိုလိုတာ မဟုတ်ပါဘူး။ စစ်တပ်ဆိုတော့ ပိုတင်းကျပ်တာဖြစ်နိုင်ပါတယ်။ ဥပမာ B ပိုးရှိသူဆိုရင်လဲ ရာထူးမတက်တော့ပါဘူး။
သိမှီသလောက် ၀င်ဆွေးနွေးတာပါ။ ကိုလင်းလင်းဆိုလိုတာကိုလဲ မငြင်းလိုပါဘူး။ ဒါပေမယ့် ရာနှုန်းပြည့်လဲ မမှန်ကန်ပါဘူးးးးးး
hi lin lin,ur answer is totaly wrong.If the hard work they can promotion.If lazy and just see for keeping can't get chance.U must understand."NO PAIN NO GAIN" do u know that.
ဗိုလ်ချုပ်ချစ်ဆွေ ညီမအငယ်ဆုံးရဲ့ ယောက်ျားကတော့ ညွှန်မှူးဖြစ်ဖို့ရာ မွတ်ဆလင်ကနေ ဗုဒ္ဓဘာသာကို ပြောင်းခဲ့ရပါတယ် ။ ဘယ်သူပြောသလဲ အတိကျပြောရရင်တော့ ၊ သူ့တို့သားအငယ်ဆုံး မလေးရှားမှာ သွားအလုပ်လုပ်ခဲ့ရတဲ့ ကျော်ကျော်နိုင် ပြောတာပါ ။
တကယ်တန်းပြောရင် ဘာသာရေး တစ်ခုတင် မဟုတ်ပါဘူး ။
လူမျိုးရေး ၊ ဒေသ ၊ အဖွဲ့အစည်းအစွဲတွေနဲ့ ခွဲခြားလုပ်ကိုင်တာတွေ မြန်မာပြည်မှာ အများကြီးဖြစ်ခဲ့ ၊ ဖြစ်နေဆဲပါ ။
အလွယ်တကူ အစိုးရ အစိုးရ ဆိုပြီးလည်း လက်ညှိုးမထိုးသင့်ပါဘူး ။
ဒါတွေဟာ သူသူငါငါတွေကြားထဲက ပေါက်ပွားလာတဲ့ ဖြစ်ရပ်တွေပါ ။ လူတိုင်းက မြင်လာမှ ၊ လက်ခံလာမှ ၊ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဖက်နဲ့တစ်ဖက် နားလည် သည်းခံတဲ့စိတ်တွေ မွေးလာနိုင်ကြမှ လျော့နည်းလာမယ့် အရေးပါ ။
အဖွားက ကရင် ခရစ်ယာန်ပါ။ အရင်က လူမျိုးမရွေးဘာသာမရွေး ရာထူးတက်ကြတယ်။ နောက်ပိုင်းမှာ ဘာသာခြားဆိုရင် ဗိုလ်မှူးထက်ဆက်မတက်ပါဘူး။ ကျွန်မတို့တိုက် ဘေးအခန်းက ချင်းလူမျိုးတစ်ယောက်လည်း အဲလိုပါပဲ။ အပြင်မှာနေတဲ့သူတွေ အတွက်တော့ ရယ်စရာ၊ မဖြစ်နိုင်ဘူးပေါ့။ ပြီးတော့ နိုင်ငံရေးငြိတဲ့ သူနဲ့ အိမ်ထောင်ပြုတာတို့၊ အိမ်ထောင်ဘက်က ဘွဲ့မရတာတို့ဆိုရင် ပရိုမိုးရှင်း တက်တာနှေးပါတယ်။ တပ်မှာက ဒီလိုပါပဲ။
လူတိုင်းမိမိစိုက်တဲ့အတိုင်း
ပြန်ရိတ်ရမှာပါ။
Post a Comment