ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး |
လာမည့်
ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင်
ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှ ပါတီဝင်
အင်အားစုဆောင်းခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာမှ
လိုအပ်သော ကာကွယ်စောင့်ရှောက် မှုများ ပြုလုပ်ပေးရမည်ပာု ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားသည်။
ဧပြီလ
၁ ရက်နေ့၌ ပြုလုပ်မည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့်
ကြားဖြတ်ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်မည့်
ကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီဝင်အင်အား စုဆောင်းခြင်းနှင့်
မဲဆွယ်စည်းရုံးခြင်းများကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်
ဖြစ်သော် လည်း နိုင်ငံရေးပါတီများ နယ်အသီးသီး၊ မြို့နယ်အသီးသီးသို့
မဲဆွယ်စည်းရုံးရေးဆင်းရာ၌ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၏
ခွင့်ပြုမိန့်ဖြင့်သာ သတ်မှတ် နေရာ၊ အချိန်၊ အင်အားတို့ကို
စည်းကမ်းသတ်မှတ်ချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးမှုများ
ပြုလုပ်ရာတွင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများသို့ အကြောင်းကြားရန်
ညွှန်ကြားထားသော်လည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်
ကိုယ်စားလှယ်လောင်းများ၏ စုဝေးခြင်း၊ ပောာပြောခြင်း တို့ကို ပျက်ပြားစေမည့်
လုပ်ရပ်များမပြုလုပ်ရန်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်
လုံခြုံရေးတပ်ဖွဲ့များမှ လိုအပ်သည့် ကာကွယ်စောင့် ရှောက်မှုများ
ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားသည်။
ထို့ပြင်
ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်မှ ပါတီများအနေဖြင့်
ပါတီစည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ပါတီရုံးဌာန
ချုပ်နှင့် ပါတီရုံးခွဲများတွင် စည်ရုံးနိုင်သကဲ့သို့
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း
ရွေးကောက်ပွဲ ကော်မရှင်မှ အမည်စာရင်း စိစစ်ပြီးပါက
သက်ဆိုင်ရာပါတီရုံးခွဲများတွင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်နိုင်ပြီ
ဖြစ်ကြောင်း ပြည်ထောင်စုရွေးကော်မရှင်၏ ညွှန်ကြားချက်များ၌ ဖော်ပြပါရှိသည်။
ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာ ရှိကြောင်း သိရသည်။
YC
ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ကာကွယ်စောင့်ရှောက်ပေးရမည်
Reviewed by သစ်ထူးလွင်
on
09:45
Rating:
7 comments:
အောက်က မိုးကောင်းသတင်းလေးကို ခင်ဗျားကို သိစေချင်တယ် အူးတင်အေးရေ....ကြားကောင်းအောင် ခင်ဗျားတို့ကပြော အောက်ကလူတွေက ပြောင်းပြန်လုပ်....ပြည်သူအများသိသွားတော့ မျက်နှာသေနဲ့ငြင်း.....အကွက်တွေက ရိုးနေပြီ...အသစ်အဆန်းလေးတွေ လုပ်နိုင်ဖို့ ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်နေတာလဲ မရသေးဘူးလားဗျ......
ခင်ဗျားတို့ တွေ ကျွန်းထိုင်ခုံကြီးတွေပေါ်မှာ ခန့် ခန့် ညားညားကြီး ထိုင်ပြီး ပါးစပ်ကအလွယ်ပြောထွက်မနေကြနဲ့ အောက်ခြေကိုသေချာကိုယ်တိုင်ဆင်းကြည့် ခင်ဗျားတို့ မွေးထားတဲ့ တပည့်တွေဘယ်လိုပေါက်ကရတွေ ပြည်သူအပေါ်နိုင့်ထက်စီးနင်းမှုတွေ ခြိမ်းခြောက်မှုတွေ အကြပ်ကိုင်အနိုင်ကျင့်မှုတွေ နှောင့်ယှက်ဟန့် တားမှုတွေ လုပ်နေကြသလဲဆိုတာ.....ထိုင်ခုံမှာထိုင်ပြီး ပြောနေတတ်ကြတာများဗျာ ....အောက်ကိုပြန်ကြည့် ပုဆိုးကျွတ်နေတယ်....လုပ်နေတာတွေနဲ့ ပါးစပ်ကပြောနေတာတွေ ပေါက်ကရတွေကြီးပဲ ... အမေစု ခရီးစဉ်တွေကို နည်းအမျိုးမျိုးနဲ့  နှောင့်ယှက်တယ် .....အောက်ခြေက အုပ်ချုပ်သူတွေ ဆင်းရဲသားပြည်သူတွေကို နိုင်ထက်စီးနင်း အာဏာပြတယ် ...ဟောကြည့် သံဃာတော် ဥူးဂမ္ဘီရကို ခင်ဗျားတို့ ရဲ့ တပည့်စစ်စစ် အောက်ခြေအာဏာပိုင် ရဲတွေက ဖမ်းသွားပြန်ပြီ......အပြောတမျိုးအလုပ်တမျိုး ပါးစပ်ကဘုရားဘုရား လက်နဲ့ အတွင်းစိတ်ကကားယားကားယား.....
စောင့်ရှောက်မှာလား၊ နှောင့်ယှက်မှာလား?????
ဗျိုး............ ဦးတင်အေး.....
နည်းနည်းလောက် နားဆင်ပေးပါခင်ဗျ။။။။
အဲ့ဒိလိုစကားလုံးတွေက ခုံပေါ်မှာတင် ထိုင်ပြောပြီး လွှတ်တော်ထဲက လူတွေတင် ကြားပြီးတော့ လွှတ်တော်အပြင်ရောက်ကြတာနဲ့ အဲ့စကားလုံးတွေ ပျောက်ကုန်ဆိုတဲ့ အဖြစ်မျိုးဆိုမကောင်းဘူးဗျို့။။ ကိုယ်ပြောစကားလုံးက လေနဲ့ ပြောတာဆိုတော့ လေထဲမှာတင် ပျောက်သွားတာဆိုရင်တော့ ဘာထူးမှာလဲ ဗျာ။။။။
အော်ကျန်သေးတယ် အနယ်အနယ်အရပ်ရပ်မှာ စည်းရုံးရေးဆင်းနေတဲ့ ပြည်သူလူထု အချစ်တော်လွှတ်တော် ကိုယ်စားလှယ်လောင်းကို ဟန့်တားနေတဲ့ သူတွေကို လူသိရှင်ကြား တရားဝင် အရေးယူပေးပါ။
လူကြားကောင်းအောင်တော့ မပြောကြပါနဲ့တော့ဗျာ...တော်ကြပါတော့...လက်တွေ့လေးလဲ လုပ်ပြကြပါအုံး...အခုကြားနေရတဲ့သတင်းတွေကတော့ မီတာခတွေ တက်...ရေခ တွေ တက်ပဲ ကြားနေရလို့ပါ....နောက်ထပ်ဘာတွေများ ထပ်တက်အုံးမလဲ မသိဘူး....အပြောနဲ့ အလုပ်နဲ့ ညီကြပါစေ...ရှက်တက်ရင်ပေါ့ ဗျာ..
ကြည့်ကြပါအုံးဟာ။ တက်တက်ကြွကြွ မ၇ှိ လဒမှိုင် မှိုင်နေတယ်
ဟိုတစ်နေ့က ပုသိမ်ကအဖြစ်အပျက်ကို မသိဘူးထင်တယ်၊ ကြံ့ဖွတ်က လိုက်ပြီး ရှုပ်နေတာတို့။ ကျောင်းသားတွေကို ရုတ်တရက်စာမေးပွဲအတင်းဖြေခိုင်းတာတို့၊ ဒါပေမဲ့ နောက်ဆုံးတော့ စေတနာမမှန်တော့ သူတို့ကျွေးတဲ့မုန့်ဟင်းခါးက အမေစု ဟောပြောပွဲကို အထောက်အကူတောင်ဖြစ်သွားသေး။ ဦးတင်အေးရေ စေတနာတကယ်မှန်ရင် ကြံ့ဖွတ်က ဖွတ်တွေ ဘာတွေလုပ်နေလဲ ဆိုတာကိုလည်း စုံစမ်းပါအုံး။
Post a Comment