ငွေကုန်သက်သာပြီး ဓာတုအဆိပ်မပါသော ငါးအမီနိုအက်ဆစ်( ပိုတက်ဆေးရည်)ကို ညောင်တုန်းတောင်သူများ တွင်ကျယ်စွာ အသုံးပြုနေ
ငွေကုန်ကြေးကျသက်သာပြီး
ဓာတုအဆိပ်မပါဝင်သော၊ ငါးတို့၏စွန့်ပစ်ပစ္စည်းဖြင့် ဖော်စပ်ထားသည့် ငါးအမီနိုအက်ဆစ်(
ပိုတက်ဆေးရည်)ကို စိုက်ပျိုးရေးတောင်သူများတွင် တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း
ညောင်တုန်းမြို့နယ်မှ ဒေသခံတို့က ပြောပြသည်။
´အမဲသွေး၊ ၀က်သွေးနဲ့
ငါးရဲ့အရည်ခွံတွေကို ထန်းညက်နဲ့ရောစပ်ဖော်ထုတ်ထားတဲ့ ပိုတက်ဆေးရည်ကို ညောင်တုန်းက
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သုံးစွဲလာတယ်။ အပင်ကိုဖျန်းရင် အမြန်ကြီးထွားတယ်။
ပိုးမကျဘူ၊ မြေကြီးကိုဖျန်းရင် အသီးအရွက်တွေ အထွက်ကောင်းတာတွေ့ရတယ်။
ကုန်ကျစရိတ်ကလည်း ငွေတစ်ထောင်လောက်ပဲရှိတဲ့အတွက် စိုက်ပျိုးရတာ အဆင်ပြေတယ်´ဟု ညောင်တုန်းမြို့နယ်မှ
စိုက်ပျိုးရေးသမား ဦးပြည်စိုးက ပြောသည်။
အဆိုပါ ပိုတက်ဆေးရည်ပြုလုပ်နည်းကို
မြန်မာနိင်ငံ အော်ဂဲနစ်အစုအဖွဲ့မှ ဖြန့်ဝေပေးခဲ့ပြီး ပြုလုပ်ပုံမှာ
ငါးမှထွက်ရှိသောအရည်ခွံ၊ ၀မ်းတွင်းကလီစာ၊ အရိုးနှင့် မပုပ်သေးသော
ငါးအသေးတစ်ပိဿာကို မုန့်လုပ်ထန်းလျက်အမည်း အကြေ၊ အပျော့တစ်ပိဿာဖြင့် ရောနှောကာ
စဥ့်အိုးသို့မဟုတ် ပလတ်စတစ်ပုံးများဖြင့် ထည့်ပြီး သမအောင် ကြေသည်အထိမွှေရသည်။
ထို့နောက် ပိတ်စအပါးဖြင့်ပိတ်၍ တစ်လခန့်ထားပြီးနောက် ပျစ်ခဲသော
ပိုတက်ကိုရရှိသောအခါ ရေနှစ်လီတာရောပေးရကြောင်း၊ ယင်းနောက်ဆေးရည်တစ်လီတာတွင် ရေ ၁၀၀
လီတာဖြင့်ရော၍ စိုက်ခင်းများကို ပက်ဖျန်းနိုင်ကြောင်း သိရသည်။
´အရင်က ပိုတက်ဆေးရည်တွေဝယ်ပြီး
သုံးရလို့ ကုန်ကျစရိတ်များခဲ့တယ်။ ဒီနည်းလမ်းကို ရလိုက်တဲ့အတွက်
တော်တော်အဆင်ပြေသွားတယ်။ တစ်ခါဖော်ထားရင် နှစ်ဧကစိုက်ခင်းတစ်ခုအတွက်
ကောင်းကောင်းသုံးနိုင်တယ်´ဟု ညောင်တုန်းမြို့နယ် သံဖြူစုကျေးရွာမှ
မုန့်ညင်းစိုက်ပျိုးသူတစ်ဦးက ဆိုသည်။
ယခုအခါ အဆိုပါနည်းပညာများသုံးစွဲ၍
ကွမ်းစိုက်ခင်း၊ သံပရာ၊ မာလကာ၊ သီးပင်စားပင်စိုက်ပျိုးရေးများတွင် အသုံးပြုနေပြီး
ရောဂါပိုးမွှားများကို ကာကွယ်နိုင်ကာ အထွက်နှုန်းများ နှစ်ဆခန့်တိုးတက်လာကြောင်း
သတင်းရရှိသည်။
မက်စင်ဂျာဂျာနယ်
ငွေကုန်သက်သာပြီး ဓာတုအဆိပ်မပါသော ငါးအမီနိုအက်ဆစ်( ပိုတက်ဆေးရည်)ကို ညောင်တုန်းတောင်သူများ တွင်ကျယ်စွာ အသုံးပြုနေ
Reviewed by သစ်ထူးလွင်
on
22:28
Rating:
2 comments:
တောင်သူတွေအဆင်ပြေသွားတာပေါ့
နည်းပညာ ဝေမျှပေးခဲ့ သူတွေကို ကျေးဇူးတင်ပါတယ်ဗျာ ....
Post a Comment