ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို ဖော်ထုတ်အရေးယူတော့မည်

ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက လုပ်ပိုင်ခွင့်ရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်သြဇာ ကျင့်သုံးမှုများ ဆက်လက်ပြုကျင့်နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ ပျောက်ကွယ်သွားရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ''၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြား ထားကြောင်း၊ ယင်းကဲ့သို့ ကျူးလွန်မှုများ ပေါ်ပေါက်ပါက တိုင်းကြားနိုင်ရန် ၀န်ကြီးဌာနများအလိုက် တယ်လီဖုန်းနံပါတ်များ ထုတ်ပြန်ပေးထားပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ၀န်ထမ်းမသမာမှု၊ အဂတိ လိုက်စားမှုတွေနဲ့ မလျော်သြဇာသုံးစွဲမှုတွေပပျောက်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လာဘ်ပေးသူ၊ လာဘ်ယူသူတွေ ပြုပြင်ဆင်ခြင်ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူများအကြား အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူခြင်းတို့နဲ့ ကုစားဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်။ တိုင်ကြားသူတွေအနေနဲ့လည်း ဖြစ်ရပ်မှန်ကို ပြည့်စုံမှန်ကန်တဲ့ အချက်အလက်၊ ခိုင်လုံတိကျတဲ့အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားဖို့လိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ပတ်သက်ကျူးလွန်နေသူတွေ စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်''ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြန်လည်ဖြေကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ
အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန်
အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီး
စနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန် အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီးစနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ် ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန်အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာ တာဝန်ယူပြီး စနစ်တကျတိုင်ကြားပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။     
EMG
ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို ဖော်ထုတ်အရေးယူတော့မည် ၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို ဖော်ထုတ်အရေးယူတော့မည် Reviewed by သစ်ထူးလွင် on 18:29 Rating: 5

11 comments:

Moe Gyi said...

တကယ်လုပ်မှာလာဟင်?

Myanmar said...

ဝိနည်းလွတ်ပြောသွားတာပါ။ တကယ်လုပ်ချင်စိတ်မ၇ှိသေးပါဘူး။ သူကိုယ်တိုင်ေ၇ာ လွတ်၇ဲ့လား။

phyo lin said...

လုပ်နိုင်ရင်တော့ အင်မတန်ကိုကောင်းပါတယ်....ကျောသားရင်သားခွဲခြားမှုလည်းသတိထားရမယ်...အဲဒါပိုအရေးကြီးတယ်လို့ ထင်ပါတယ်....

သူရိယ said...

(ဝန်ကြီး)ဟေ့ကောင်ဒါငါ့ခယ်မလေးကွ ...
ဟေ့ကောင်ဒါငါ့မယားပါသားကွ...
ဟေ့ကောင်ဒါငါ့ယောက်ဖကွ...
ဟေ့ကောင်ဒါငါ့တပည့်ကွ ငါ့ကိုသိပ်သိတတ်တာ...
ဟေ့ကောင်ဒါငါ့ကို ရာထူးတက်အောင်လုပ်ပေးခဲ့တဲ့ဆရာကွ...
ဟေ့ကောင်ဒါငါရှေ့တန်းမှာငတ်နေတုန်းက ကျွေးထားတဲ့ ထမင်းရှင်ကွ...
ဟေ့ကောင်ဒါ................................. .......
(မြန်မာနိုင်ငံရဲတပ်ဖွဲ့)ဆရာကျွန်တော်ဖိုးပြုံးချိုတစ်အုပ်ပေးခဲ့လိုက်မယ်...
ဆရာနဲ့ပက်သက်တဲ့လူစာရင်းလုပ်ပေးပါနော်။
ကျွန်တော်တခြားဆရာတွေကိုလဲ ဗလာစာအုပ်လေး
တွေလိုက်ပေးလိုက်အုံးမယ် :))

yehtut said...

တရားမဝင်တင်သွင်းလာတဲ့  super custom ကားတွေကိစ္စ ကြတော့ အခုထက်ထိ ဘာသံမှ မကြားရတော့ ပါလား ဝန်ကြီးရယ်

kta said...

ကျွန်တော်တို့ဌာနမှာတော့ တိုင်ရင် အဖွဲ့ဖွဲ့ပီးလာစစ်တယ်။လာစစ်တဲ့လူတွေကလည်းမကင်းဘူးလေ..ဒီတော့ ပီးတော့လည်း ပီးသွားတာဘဲ ဘာမှမဖြစ်ဖူး ဒီတော့ခိုးမြဲခိုးပီး ယူမြဲယူနေကြတာဘဲလေ..လတ်ယူတဲ့လူကို လတ်မယူတဲ့လူကလာစစ်မှ ဖြစ်မှာပါ။မခိုးတဲ့ဝန်ထမ်း လတ်မယူတဲ့ဝန်ထမ်း မတွေ့ဘူးသေးဘူး ရှိတော့ရှိမှာပါ မတွေ့ဘူးတာကိုပြောတာပါ။

kyaw said...

ဘာမှမလုပ်ကြပါနဲ့ဗျာ...
ခင်ဗျားတို့လုပ်မယ်ဆိုရင်..ကို..
ကြောက်နေလို့ပါ.....
အမြဲတမ်းခုတ်ရာတခြား..ရှရာတလွှဲမို့လို့.....

လရောင်ဝါ said...

စစ်တပ်ပြောင်းလာတဲ့ကောင်တွေဘယ်လောက်စားစား အရေးမယူဘူး အပေါ်ကကွန့်မန့်ပေးတဲ့ ဉီးစီးမှူးတော်တော်များများကားရှိတယ်ဆိုတာ ဒီကောင်တွေပဲ ကျွန်မအဖေလဲ ဉီးစီးမှူးပါ ဒါပေမဲ့ကားဝယ်မစီးနိုင်သလို ပိုက်ဆံလဲစားလို့မရပါဘူး အရပ်သားဉီးစီးဆိုတော့ ချက်ချင်းပြုတ်သွားနိုင်လို့ပါ သူတို့က ကျတော့ဘာလုပ်လုပ် ကာဗာရှိပြီးသားပါ ဒါတွေကြောင့်လာဘ်စားတယ်ဖြစ်ရတာပါ လစာလေး ၈သောင်းရတာ တစ်အိမ်လုံးဘယ်လိုစားကြမလဲ လစာတိုးပြီး ကုန်ဈေးနှုံးကျပြီး စစ်တပ်ကစားဖားတွေမရှိမှ ဝန်ထမ်းလောကကြီးကောင်းမှာပါ

TINT LIN OO said...

custom ကကောင်တွေက ပိုတောင်ဆိုးသေးတယ်

Myanmar said...

အဲဒီကောင် သောက်ကြီးသောက်ကျယ်နဲ့ တစ်ခုမှလုပ်မပြသေးဘူး။ ။

Unchange in Manner said...

တပ်ထဲမှာသုံးမရတော့တဲ့ကောင်တွေအရပ်ဖက်မှာ အရပ်ဖက်မှဝင်နေရာယူနေတာ အရပ်ဖက်ဝန်ထမ်းတွေအလွန်နစ်နာတယ်။ လူမှန်နေရာမှန်ဖြစ်စေချင်တယ်။

Powered by Blogger.