တပတ်ကျော်
ပြေလည်မှု မရသေးတဲ့ ရန်ကုန်လှိုင်သာယာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ
ဥပဒေကြောင်းအရ ကြိုးစားမယ့် ပုံစံပြောင်းလဲသွားပြီး နောက်ထပ်
မရေမရာ အခြေအနေမှာ ရှိနေပါတယ်။
လုပ်အား
ခ တိုးမြှင့်ပေးရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား
ဆွေးနွေးညှိနှိုင်းလို့ မရတော့တာကြောင့် ဥပဒေကြောင်းအရ
ဖြေရှင်းဖို့ ကြိုးစားတာလို့ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ
အလုပ်လုပ်ခဲ့တဲ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့
ဒေါ်မိုးဝေက ပြောပါတယ်။
“ဒီလိုမျိုး
အရမ်းတာရှည်နေတာ ဘယ်သူ့အတွက်မှ မကောင်းဘူးလေ။ ဒါပေမယ့်
တိုင်ပင်ညှိနှိုင်းရေး အဖွဲ့တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း
တကယ်တိကျတဲ့ ဆွေးနွေးပွဲဖြစ်အောင် ဖိအားပေးဖို့ လိုမယ်လို့
ကျမထင်တယ်။ သူတို့ပေးထားတဲ့ နှုန်းထားထက်
တိုးမြှင့်မပေးနိုင်ဘူးဆိုတော့ အလုပ်သမားထု ကလည်း
မကျေနပ်ဘူးပေါ့နော်။ အခု နောက်ဆုံး အခြေအနေကတော့
ဝါဏိဇ္စပဋိပက္ခမှုကော်မတီခုံရုံးကို တက်ဖို့ စီစဉ်နေပါတယ်။
ဘယ်လောက်ကြာမယ် ဆိုတာက ကန့်သတ်လို့ မရဘူးလေ။”
ပြီးခဲ့တဲ့
ရက်ပိုင်းကတော့ အလုပ်သမားသပိတ်ကို အလုပ်သမားရေးရာ ဝန်ကြီးဌာနက
ညွန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်၊ ရန်ကုန်တိုင်း အလုပ်သမား
ညွန်ကြားမှူးဦးစီးဌာနက ဒု- ညွှန်ကြားရေးမှူး ဦးမျိုးအောင်တို့က
ဝင်ရောက် ညှိနှိုင်းဖို့ ကြိုးစားပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။
အလုပ်သမား
တွေဘက်က တနာရီလုပ်အားခကို ၁၅၀ အထိ တောင်းဆိုတာကို အလုပ်ရှင်ဘက်က နဂို ၇၅
ကျပ် ပေးတာကို ၁၀၀ အထိပဲ တိုးမယ်လို့ ပြောပြီး၊ အလုပ်သမားတွေ
တောင်းဆိုတဲ့ တလလုံး ရက်မှန်ကြေး ၈၀၀၀ ကျပ်ကိုလည်း အလုပ်ရှင်ဘက်က
နဂိုအတိုင်း ၆၀၀၀ ကျပ်ပဲ ပေးမယ်လို့ တင်းခံနေတာကြောင့် ပြေလည်မှု
မရတာပါ။
အလုပ်သမား
တွေဘက်က ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေကို ဖိုးဖြူကတော့
ဥပဒေကြောင်းအရ လုပ်ဆောင်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ချတဲ့အထိ
ရက်သတ္တပတ် ၁ ပတ် ၂ပတ်ထက် ပိုမကြာသင့်ပေမယ့် အာဏာပိုင်တွေရဲ့
သဘောထားအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။
လက်ရှိ
အလုပ်သမား ဥပဒေတွေက အလုပ်သမားတွေအပေါ် အကာအကွယ် မပေးနိုင်မှာကိုလည်း
စိုးရိမ်တယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“၁၉၇၉
ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပဒေ အတိုင်း ပြဋ္ဌာန်းချက်ပါ
အခွင့်အရေးတွေကိုတောင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား
ညွှန်ကြားမှုဌာနက အကောင်အထည် ဖော်ခြင်း မရှိတာကို တွေ့ရတယ်။
ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို
အလုပ်သမားတွေက ခံစားနေကြရတယ်။ အခု နောက်တခါ အလုပ်ရှင် အလုပ်သမားတွေ
အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဟာ ဝန်ကြီးဌာနတွေ အလိုကျ
ဝန်ကြီးဌာနစိတ်ကြိုက် ဖြေရှင်းခွင့်အရ ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်လာမှာကို
ကျနော်တို့ အလွန်ပဲ စိုးရိမ်ပါတယ်။”
ရှေ့
တပတ်ထဲမှာ လှိုင်သာယာမြို့နယ် အလုပ်သမားအမှုတွေကို ကြားနာစစ်ဆေးတဲ့
ဝါဏိဇ္စပဋိပက္ခမှုကော်မတီခုံရုံးကို တင်သွင်းမယ်လို့ ရှေ့နေ
ကိုဖိုးဖြူက ပြောပါတယ်။
အလုပ်သမား
အင်အား ၂၀၀၀ နီးပါးရှိတဲ့ တိုင်ရီ ဖိနပ်စက်ရုံကို တရုတ်
လူမျိုးတယောက်နဲ့ မြန်မာလူမျိုးတယောက်တို့ ဖက်စပ်ပိုင်တာဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က
ဆန္ဒပြသမားတွေကို ပြီးခဲ့တဲ့ (စနေနေ့) နောက်ဆုံးထားပြီး
အလုပ်ပြန်မဆင်းရင် မိမိဆန္ဒအလျှောက် အလုပ်ထွက်ပြီးသား ဖြစ်မယ်၊
ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ လုပ်ခလစာတွေကို ကိုယ်တိုင်
သွားယူဖို့ သတိပေးခဲ့ပေမယ့် အလုပ်သမားတွေက လခလည်းမထုတ်ဘဲ
ဒီနေ့အထိ ဆက်လက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဒီဗွီဘီ
လှိုင်သာယာ အလုပ်သမားသပိတ် တရားရုံး ရောက်မည်
Reviewed by သစ်ထူးလွင်
on
05:43
Rating:
9 comments:
ဒီလောက်ပြသနာဖြစ်နေတာကို အလုပ်သမားဝန်ကြီး
ဌာနက လူကြီးတွေကဖြေမ၇ှင်းပေးနိုင်ဘူးနော် စားထား
တာများနေပြီနဲ့တူတယ်
လူပါးဝတဲ့ တရုတ်တွေ မဆင်းနဲ့  ၁ နာရီ ၁၅၀ ကျပ်တောင် မပေးနိုင်ရင် လာမလုပ်ကြနဲ့  ကန်စွန်းရွက်ဖိုးတောင် မရှိဘူး. . . ဒါ မြန်မာတွေ ကို အချဉ်ဖမ်းချင်လို့  သက်သက်လုပ်တာ . . . အထုတ်ပိုက်ပြီး တရုတ်ပြည် ပြန်ခိုင်းလိုက် . . .မြန်မာလူမျိုးကို စီးပွားရေးဆန်ဆန် ရုပ်ဝတ္တုဆန်ဆန် ဆက်ဆံတာ စက်ရုံကို ပိုင်ရှင်ပြောင်းသွားတဲ့ အထိ လုပ်ပြစ်ရမယ် . . . စည်းလုံးကြပါ . .
မြန်မာပြည်မှာ အလုပ်သမားဆိုင်ရာ ဥပဒေ တွေအားနည်းနေသေးတယ် ဆိုတာ တွေ့နေရတယ်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံတွေ အလုံးအရင်း ၀င်လာရင် ဘယ်လိုဖြေရှင်းမလဲ...အလုပ်သမားအခွင့်ရေး၊ခံစားခွင့်တွေကိုတိတိကျကျလုပ် ဆောင်သင့်ပါပြီ။အခုအနေထားမှာ အလုပ်သမားတွေ ဘက်ကလည်း ၁၀၀ကျပ် ဆိုတာနည်းပါတယ်..မျှမျှတတဖြစ်စေချင်ပါတယ်။
ဟုတ်ပါတယ်.. မြန်မာပြည်မှာ အလုပ်သမားဘက်ကနေတကယ်ထိထိရောက်ကာကွယ်ပေးတဲ့ အလုပ်သမားဥပဒေ ဆိုတာမရှိသလောက်ပါပဲ။
တကယ်သာ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်ဆိုရင်တော့ တက်လာလိုက်မယ့် တိုင်စာတွေ ရေလို့ တောင်ရမှာမဟုတ်ဘူး...
လုပ်ကြပါဦး သက်ဆိုင်ရာတို့ .. အလုပ်သမား အခွင့်အရေးဆိုင်ရာဥပဒေလေးကိုလည်း အသက်လေးဘာလေးသွင်းကြပါဦး... သေနေတာ တော်တော်ကြာနေပြီ... အလုပ်သမားတွေမှာတော့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာကို သိရက်နဲ့ ဘယ်သူ့ အဖေခေါ်ရမှန်းမသိဖြစ်နေကြရတယ်... အို အမိနိုင်ငံမြန်မာနိုင်ငံတော် ...အားကိုးချင်လိုက်စမ်းပါဘိ...
ဒါလဲ သမ္မတကြီး၇ဲ့တာဝန်ဘဲဗျာ။ ပြည်သူ့ဒုက္ခ သူ့ဒုက္ခဘဲလေ။ ပြည်သူကို အလုပ်ကြွေးပြုဘို့ ပြည်သူကခန့်ထားတာဗျာ။ သမ္မတကြီးလဲ ကံမကောင်းပါဘူး အ၀ီစိက မြန်မာပြည်ကို နတ်ပြည်တင်ဘို့ ကြိုးစား၇မှာ ဘယ်လွယ်မလဲဗျာ။ မင်းသားကြီးလေသံနဲ့ ပြော၇င်တော့ ဆယ်နှစ် ..ဆယ်နှစ်.......။ (မှတ်ချက် ။ ။ဆယ်နှစ် နှစ်ခုကို မြှောက်တော့ မမြှောက်ကြနဲ့ဗျာ)
ဒီလိုပုံစံမျိုးနဲ့သာ နိုင်ငံခြားကုမ္မဏီတွေလာဖွင့်ရင်တော့ တော်တော်လေးကို ရင်လေးမိပါတယ်ဗျာ
သူများနိုင်ငံမှာလည်း ကျွန်လို အလုပ်ခိုင်းခံရတယ် အစစ အရာရာ မျက်နှာငယ်ရတယ်
အခု ကိုယ့်နိုင်ငံမှာလည်း ကျွန်လိုလုပ်ရမဲ့ပုံစံ ဖြစ်နေပြီဗျာ
ူသူများနိုင်ငံတွေမှာဆိုရင် နိုင်ငံသားကိုပေးထားလိုက်တဲ့ အခွင့်ရေးတွေ ဘယ်လောက် အားကျစရာ ကောင်းလဲဆိုတာ ဒင်းတို့ ဘာမှ မသိကြတော့ဘူးလား
နိုင်ငံသားကို ဖိနှိပ်ပြီး နိုင်ငံခြားသားကိုပဲ အဖေခေါ်ဖို့ စဉ်းစားနေတဲ့ကောင်တွေ ရွံဖို့ကောင်းလိုက်တာ ..
ပြည်သူလူထုကိုလည်း နဲနဲလေး ငဲ့ပြီးကြည့်ကြပါဦးကွ ..
လူမဆန်နဲ့ကောင်တွေ ..ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အမျိုးယုတ်ကောင်တွေ ....မင်းတို့နဲ့ပတ်သက်တာတွေကို ဖတ်လိုက်ရရင် ဒေါသ ထွက်ဖို့နဲ့ အကုသိုလ်ပဲ များများနေရတယ် သိလား ....
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မင်းတို့လို တာဝန်ရှိတဲ့ အကောင်တွေကမှ ဂရုမစိုက်ရင် ဘယ်သူကို အားကိုးပြီး အဖေခေါ်ရမလဲ ...သားသမီးချင်း ညီကိုမောင်နှမချင်း စာနာစိတ်လေး ထားကြပါဦးကွာ ....
တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ် ..
မှတ်ချက်တွေလည်း ရေးရတာပဲ ရှိတယ် ..
ကျွဲပါးစောင်းတီး တဲ့ မြန်မာစကားပုံရှိတယ်...
မင်းတို့လည်း အဲလိုကောင်တွေပဲ
ပြောနေလည်း နားလည်မဲ့ အကောင်မျိုးမှ မဟုတ်တာပဲ ..
အရှက်မရှိတဲ့ အကောင်မျိုးတွေပဲ..
တာဝန်သိမှ တာဝန်ရှိတယ်တဲ့ ..
ပြောလိုက်ရင်တော့ နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေပါတယ်တဲ့
ဘာနားလေးမှာ ထမ်းနေကြတာလဲတော့ မသိပါဘူးကွာ ..
စားဖို့သောက်ဖို့လောက်ပဲ ထမ်းနေကြတယ် ထင်ပါတယ် ..
ဒီလို ကိစ္စမျိုးကြတော့ မသိချင်ယောင်ဆောင်နေကြတယ် ...
မင်းတို့လို အကောင်တွေနဲ့ ဘ၀ ဆက်တိုင်းလွဲရပါစေလို့ပဲ ဆုတောင်းနေမယ် သိလား ...
တောင့်ခံထားကြပါ။ အခုလဲမသေထမင်းမသေဟင်းဘဲစားနေကြရတာပါ။ သန်ခေါင်ထက်တော့ညည့်မနက်တော့ပါဘူး။ အလျှော့ပေးလိုက်ရင် တခါချိုးလို့ရတာနဲ့ဆက်ဆက်ပြီးချိုးနေဦးမှာ။ ရေရှည်ကောင်းဘို့ခဏတော့အနာခံရမှာပါ။ ဒီမိုကရေစီကျတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ တရားဝင်ဖွဲ့ခွင့်ရသွားရင် ဒီပြသနာတွေကိုဖေရှင်းလာနိုင်မှာပါ။ တိုင်ရီအလုပ်သမားတွေဘက်က ကျွန်တော်တို့ UNIVERSITY OF EAST YANGON ကဆရာဆရာမများအဖွဲ့ ( ယာယီ ) အပြည့်အ၀ထောက်ခံကြောင်းတင်ပြလိုပါတယ်။ တိုင်ရီအလုပ်သမားများနဲ့ကျွှန်တော်တို့တသားတည်းရှိကြောင်းကို ကြေငြာအပ်ပါတယ်။
UEY ဆရာဆရာမများအဖွဲ့
အစိုးရ၀န်ထမ်းတွေတောင် တစ်နာရီ(၂၀၀)ကျပ် လာက်ပဲ ပေးထားတော့ ဘာပြောမလဲလေ။..
မြန်မာနိုင်ငံမှာ အနိမ့်ဆုံး ကာယလုပ်သားလစာ မည်မျှဆိုတာနှစ်အလိုက်ဖြစ်ဖြစ် (၅နှစ်သက်တမ်းဖြစ်ဖြစ်)
ပြဌာန်း သတ်မှတ်သင့်ပါတယ်။
လက်သုံးစကား Clean Government အတွက်ပါ။
သပိတ်မမှောက်နေနဲဗျို့  ..အဲဒီ့တရုတ်အဆုတ်တွေ ကို မှတ်လောက်သားလောက်အောင် ၀ိုင်းသာ ၇ိုက်လွှတ်လိုက်တာ အကောင်းဆုံးပဲ .ဒါမှ နောက်ဝင်လာမဲ့ နိင်ငံခြားသားတွေလည်း လူပါး၀၇ဲမှာ မပာုတ်တော့ ဘူး ...၇ိုင်းတယ်ထင်၇င်ခွင့်လွတ်ပါ...ကိုယ့်နိင်ငံလာပြီးလူပါးဝနေလွန်းလို့ မခံချင်လို့ ပါ....
Post a Comment