ယခုနှစ် မန္တလေးဈေးချို ဈေးပွဲတော်ကို မပြုလုပ်လို

မန္တလေးဈေးချို
ယခုနှစ်မန္တလေးဈေးချို ဈေးပွဲတော်ကို ဈေးသူဈေးသားအများစုက ငွေစာရင်းဆိုင်ရာ ရိုသားပွင့်လင်းသောစာရင်းထုတ်ပြန်မှုမရှိခြင်းနှင့် ဈေးလုံခြုံရေးအပြည့်အ၀ မပေးနိုင်ခြင်းတို့ကြောင့် ဈေးပွဲတော်လုပ်ရန်ဆန္ဒမရှိကြောင်း ဈေးသူ ဈေးသားများက ထုတ်ပြန်ပြောဆိုသည်။
မန္တလေးဈေးချိုဈေးပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းသင်္ကြန်နီးလျှင်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်ကျင်းပရန်အတွက်အစည်းအဝေး ခေါ်ယူရာ  ဈေးသူဈေးသားအများစုမှာ မလုပ်လိုကြောင်း ငြင်းဆန်ပြောဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးပွဲတော်ပြုလုပ်ချိန်တွင်သက်ဆိုင်ရာအဖွဲ့အစည်းအများအနေဖြင့်လုံခြုံရေးအပြည့်အ၀ မပေးနိုင်မှုကြောင့်ခိုးဆိုးလုယက်မှုများ၊ဖေါက်ထွင်းမှုများဖြစ်လေ့ဖြစ်ထရှိပြီး၊ ဈေးချိုပွဲတော်အတွက် ရရှိသောငွေကြေးများကိုလည်းစာရင်းထုတ်ပြန်ကြေငြာပေးခြင်းမရှိကြောင်း ဈေးသမားများကပြောသည်။

“ သက်ဆိုင်ရာတွေက သန့်ရှင်းရေးနဲ့ပတ်သတ်ပြီး တာဝန်မယူနိုင်ဘူး ၊ လုံးခြုံရးလဲမပေးနိုင်ဘူး ၊ ခဏခဏ ပြသနာ တက်တယ် ခါးပိုင်နှိုက်တာခိုးတာဝှက်တာ၊ညဆိုလဲလုံခြုံရေးမရှိဘူးရှိတဲ့လူကလဲလုံခြုံရေးမပေးနိုင်ဘူး။ဆိုင်ဖေါက်ထွင်းမှုတွေ ခဏခဏဖြစ်တယ်၊ ဖြစ်ရင်တာဝန်ယူမဖြေရှင်းပေးနိုင်ဘူး၊ နောက်ငွေစာရင်းရှင်းတမ်းလည်း ထုတ်မပေးကြဘူး”ဟုမန္တလေးဈေးချိုတွင်ဖိနပ်ရောင်းသူတစ်ဦးက ပြောသည်။

ထို့ပြင် ဈေးပွဲတော်တွင် ဖွင့်လှစ်ရောင်းချသောဆိုင်ခန်းများမှ ရာဂဏန်းခန့်ရှိကြောင်း၊၈၄လမ်းပေါ်ရှိဆိုင်ခန်းများမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်သည်ဟုသိရပြီး
ဈေးပွဲတော်လုပ်ခဲ့သည့်အကြိမ်တိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက ငွေ စာရင်းရှင်းတမ်းထုတ်ပြန်ခြင်းမရှိသည့်အတွက် ကျေနပ်မှုမရှိကြောင်း  ဈေးသူဈေးသားတစ်ဦးကပြောသည်။

“ ၈၄လမ်းပေါ်ဆိုရင် နှစ်သိန်း နှစ်သိန်းခွဲ ၊ ၂၆လမ်းပေါ်ဆိုရင် တစ်သိန်းခွဲ
နှစ်သိန်းအစားစားပေါ့၊အဲဒီကရတဲ့ပိုက်ဆံကိုဘယ်လိုပြန်သုံးလဲဆိုတာတော့
မသိဘူး ၊ ရတဲ့ပိုက်ဆံကများတော့ နှစ်တိုင်းလုပ်ချင်တာ နေမှာပေါ့ ၊
စာရင်းရှင်းတန်းထုတ်ပြန်တာတို့ဘာတို့တော့မကြားဘူးပါဘူး အဲဒါကြောင့်လည်း မလုပ်ချင်ကြဘူး`ဟု အဆိုပါ ဈေးချိုသားတဦးက ပြောသည်။
ဈးပွဲတော်ကျင်းပခြင်းကြောင့် လာရောက်ဖွင့်လှစ်သောဆိုင်များမှာ နယ်လှည့်ဈေးရောင်းသမား အများစုဖြစ်ပြီးဈေးပတ်ဝန်းကျင်တွင် အခင်း သွားခြင်းများ ၊ ဖောက်ထွင်းမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါကိစ္စအတွက် မည်သူကမျှတာဝန်ယူမှုမရှိဘူးဟုဈေးချိုတွင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

“ ဈေးပွဲတော်လုပ်မလားလို့ ဈေးထဲကလူဆယ်ဦးမေးရင်ရှစ်ဦးလောက်ကမလုပ်ချင်ဘူး ၊ဘာလု့လဲဆိုရင် ဈေးချိုဆိုတာလူတန်းစားမျိုးစုံမှီခိုနေကြတာဖြစ်တဲ့အတွက် အစစအရာရာမီးရေးထင်းရေးကအစစိုးရိမ်ရတယ်။ နောက်ပြီး ဈေးလာရောင်းတဲ့သူတွေမှာ
ဈေးရောင်းတဲ့လူအစစ်ပါသလို ၊ မသမာသူတွေလဲ ပါတယ်။ မနက်မနက်ကြရင်
သူတို့စွန့်သွားတဲ့ မစင်တွေအညစ်အကျေးတွေက နံဟောင်နေတာပဲ  အဲလိုဖြစ်တာနှစ်တိုင်းပဲ၊ညအိပ်တော့အဲဒီမှာအိပ်ကျတာဆိုတော့ ဈေးပတ်ပတ်လည်က
မြောင်းထဲမှာ ကိစ္စ ရှင်းလိုက်ကျတယ်” ဟု၎င်းကပြောသည်။
မင်းမင်းလတ်- မန္တလေး (မြစ်မခ)
ယခုနှစ် မန္တလေးဈေးချို ဈေးပွဲတော်ကို မပြုလုပ်လို ယခုနှစ် မန္တလေးဈေးချို ဈေးပွဲတော်ကို  မပြုလုပ်လို Reviewed by သစ်ထူးလွင် on 10:18 Rating: 5

2 comments:

Myanmar said...

အင်းလေဗျာ ခေတ်ပျက်ပါဆို ဖြစ်မှာပေါ့။ ခေတ်ကောင်းအောင်
ဆိုတာ ဒီမိုကေ၇စီစနစ်၇မှ ဖြစ်မယ်ဗျာ။ ဒီမိုကေ၇စီစနစ်ဆိုတာမှာ အာဏာက ပြည်သူမှာတည်ခင်ဗျ။ ကိုယ်တင်ထားတဲ့ အစိုး၇မကောင်းဘူးထင်၇င် ပေါ်ပေါ်ထင်ထင်ဝေဘန်ခွင့်၇ှိတယ်။ အာဏာ၇ အစိုး၇က မကောင်းဘူးထင်၇င် အယုံကြည်မ၇ှိအဆိုတင်သွင်းမဲခွဲပီး ဖြုတ်ချခွင့်၇ှိတယ်။ အစိုး၇တစ်ခုသက်တမ်းပြည့် အုပ်ချုပ်ခွင့်အာမခံချက် မပေးထားဘူး။ ဒီလိုဆိုတော့ ညာတော့ညာတယ်။ လုပ်ချင်တာတော့ လုပ်တယ်။ သို့သော် အာဏာ၇ှင်ဆန်ဆန်တော့လုပ်လို့မ၇တော့ဘူး။ အပြည်စုံဆံုးစနစ်တခုမဟုတ်သော်လည်း ဒီနေ့အထိ အကောင်းဆုံးစနစ်တစ်ခုဖြစ်နေသေးတယ်ဗျာ။ ။

Power shot said...

တကယ်လို့ဈေးပွဲတော်တာဈေးချိုဈေးသည်သာရောင်းရမယ်ဆိုရင်တမျိုးပေါ့ ဒီအချိန်မှာဈေးတွင်းမရောင်းရတဲ့အကြွင်းအကျန်တွေ ဒီနှစ်ကုန်ပွဲတော်မှာငွေပေါ်ဈေးလျှော့ရောင်းချလိုက်လို့ရတယ်လေ

Powered by Blogger.