ဦးဇေယျာသော် ကို ဒေါ်အောင်ဆန်းစုကြည် နှင့်အတူတွေ့ ရစဉ် ဖေဖေါ်ဝါရီလ ၄ရက် ၅ရက်တို့ တွင် မန္တလေးခရီးစဉ် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောပွဲ စီစဉ် ထားမှုမှာ ပျက်ပြယ်သွားကြောင်းသတင်းများကြားသိနေရချိန်တွင် မန္တလေးတိုင်း ( နေပြည်တော်ကောင်စီနယ်မြေ)ဇမ္ဗူသီရိ မြို့ နယ် မှ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း (ခ) ရွှီး ( ၈၈ မျိုးဆက် ကျောင်းသား ) သည် မူလ စီစဉ်ထားသည့် အတိုင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးသို့ မပျက် မကွက် သွားရောက်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း လူထုနှင့် ထိတွေ့  ဆက်ဆံနှုတ်ဆက်ဖို့ ရှိကြောင်း အဆိုပါ ခရီးစဉ် အတွက် ဖေဖေါ်ဝါရီ ၃ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ပေါ်ပြူလာဂျာနယ်
6 comments:
အမေစု(ဒေါ်အောင်ဆန်းစုကြည်)ကိုတော့ မြန်မာပြည်သူလူထုတင်မကပါဘူး၊ ကမ္ဘာမှာရှိသမျှပြည်သူလူထုတွေကတော့ ထောက်ခံကြိုဆိုနေလျက်ပါ။
ကိုဇေယျာသော်က အရင်ကတည်းကနိုင်ငံရေးမှာ ဇ ရှိတဲ့သူပါ..သူအရင် အက်စစ်အဖွဲ့မှာ သီချင်းဆိုကတည်းက သူပါရင်မဆိုရဘူး ပွဲမိန့်မပေးဘူးတို့လို ပိတ်ပင်မှုတွေရှိတဲ့အတွက် မန်းလေးကိုပြန်လာပီး ကိုယ်ပိုင်စတူဒီယို ဖွင့်ပီးနေခဲ့တာပါ..ကိုဟိန်းဇော်ဆုံးပီး ရန်ကုန်ပြန်သွားရင်း ရွှေဝါရောင်တော်လှန်ရေးမှာ ထိန်းသိမ်းခံခဲ့ရတာပါ..အခုအမေစုရဲ့ ခေါင်းဆောင်မှုအောက်မှာ ပါဝင်ဆောင်ရွက်မှာဆိုတော့ ကောင်းပါတယ်..အမေစုကလည်း နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးမှာ လူငယ်တွေအများကြီးလိုတယ်လို့ ပြောတယ်ဆိုတော့ အဆင်ပြေတာပေါ့..ရသလည်း ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ သိရတယ် ..မရမ်းကုန်းမှာထင်တယ်..လူငယ်တွေအတွက်တော့ စံပြဖြစ်အောင် သူတို့နေထိုင်ပြောဆိုမှ ဖြစ်မယ် ..လွှတ်တော်အမတ်လောင်းအဖြစ်ဝင်ပြိုင်ပြီးမှ ကိုးရိုးကားယား ဖြစ်ကုန်ရင် အရင်ကတည်းကမှ လူကြီးတွေက နေရာမပေးချင်တဲ့ကြားထဲက နောက်တက်မယ့်လူငယ်တွေအတွက်ပါ ဒုက္ခရောက်ကုန်မယ်.
အောင်မြင်ပါစေ ။ နိုင်ငံအတွက် ကောင်းကျိုးပေးမယ့်သူဖြစ်ပါစေ
ကြိုက်တယ်၊ ဘာပဲပြော ပြော အားပေးနေမယ်။
အဆိုတော်ကအဆိုတော်လုပ်ပါ နိုင်ငံရေးသမာကနိုင်ငံရေလုပ်ပါ
loverprayko ခင်ဗျာ..
လူဆိုတာနိုင်ငံရေးသတ္တ၀ါပါ။..နိုင်ငံသားတိုင်းဟာ သူ့ကိုယ်ပိုင်နိုင်ငံရေးယုံကြည်ချက် အရ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်နေတာပါပဲ...ဒါကြောင့်..အဆိုတော်...မင်းသား...ဘောလုံးသမား..ပဲပြုတ်သည်..ဆိုက်ကားဆရာ...အကုန်လုံးဟာ နိုင်ငံရေးနဲ့ပတ်သက်နေမှာပါပဲ...ဒါ့ကြောင့် အဆိုတော်က အဆိုတော်လုပ်..နိုင်ငံရေးသမားက နိုင်ငံရေးလုပ်ဆိုတာ..ဘယ်လိုမှမမှန်နိုင်ပါဘူးခင်ဗျား..(ကျွန်တော် ခင်ဗျားကောမန့်ကို အတိုက်အခံလုပ်ခြင်း..ချဲလင့်လုပ်ခြင်းလုံးဝမဟုတ်ပါကြောင်းကြိမ်ဆိုဝံ့ပါတယ်ခင်ဗျား)
Post a Comment