လွတ်လပ်၍ တရားမျှတသည့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စေ ရန်ပြည်ခိုင်ဖြိုးပါတီဝင်များကို သူရဦးရွှေမန်း တိုက်တွန်း
ဓါတ်ပုံ(ပေါ်ပြူလာဂျာနယ်) |
ဧပြီ၁ရက်နေ့တွင်ကျင်းပ
မည့်ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ် ရပ်ဖြစ်ပေါ်စေရန် အတွက်မြန်မာနိုင်ငံ
အနှံ့အပြားရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီဝင် များကဝိုင်းဝန်း
ကူညီရန်လိုကြောင်း ယင်းပါတီ ၏ထိပ်တန်း တာဝန်ရှိသူ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးသူရ
ဦးရွှေမန်းက တိုင်းဒေသကြီး အသီးသီးသို့ခြောက်ရက် ကြာနယ်လှည် ခရီး ထွက်ခွာရာ တွင်
ပြောကြား ခဲ့သည်။
သူရဦးရွှေမန်းသည် စစ်ကိုင်းတိုင်း
ဒေသကြီးမုံရွာမြို့၊ မကွေးတိုင်းဒေသကြီးမကွေးမြို့မန္တလေးတိုင်းဒေသကြီး
မန္တလေးမြို့နှင့်မိတ္ထိလာမြို့၊ ဧရာဝတီ တိုင်းဒေသကြီးပုသိမ်မြို့နှင့်ရန်ကုန်
တိုင်းဒေသကြီးရန်ကုန်မြို့တို့သို့ခြောက် ရက်ကြာခရီး ထွက်ခွာခဲ့ကာ အောက် ခြေအဆင့်ပါတီ
ဝင်များ နှင့်တွေ့ဆုံ ခဲ့သည်။
”ရပ်၊ကျေး အဆင့်စည်းရုံးရေးမှုး
တွေနဲ့ဆုံတဲ့အခါမှာ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲကို တရားမျှတပြီး၊လွတ်လပ် တဲ့ ရွေး
ကောက် ပွဲ ဖြစ်ဖို့အားလုံး ဆောင်ရွက်ပေးကြပါဆိုတဲ့သတင်း
စကားကိုပြောခဲ့တယ်”ဟုယင်း၏ခရီး စဉ်တွင်လိုက် ပါခဲ့ရသည့် အဆင့်မြင့် ပြည်ခိုင်ဖြိုး
ပါတီဝင် တစ်ဦးကပြော သည်။
ပါတီ ဗဟိုမှညွှန်ကြားထား
သည့်စည်းကမ်းချက်များ ကိုဖောက်ဖျက် ပါက ကျုးလွန်သည့် ပါတီဝင်ကိုပါတီ
စည်းကမ်းအရ ပြင်းထန်စွာ အရေးယူ မည်ဖြစ်ကြောင်း ကို သူရဦးရွှေမန်းက
ထပ်လောင်းပြောကြားခဲ့သည်ဟုသိ ရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းသည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ဥက္ကဌဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း
ရောက်လာသည် ကိုဝမ်းပန်းတသာ ကြိုဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး၊ မကြာမီကျင်းပမည့်ကြား
ဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတ သည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်စေရန်
မျှော်မှန်းထားသူဖြစ်သည်။
”ဥက္ကဌကြီးကိုယ်တိုင်က အောက်ခြေ
ပါတီဝင်တွေ ကိုဒီလိုညွှန် ကြားထားတာကြောင့် ကြားဖြတ်ရွေး
ကောက်ပွဲအပေါ် ပါတီကထားရှိတဲ့ သဘောထား ကို သိကြမှာပါသို့သော်
တစ်ချို့ဒေသတွေမှာနိုင်ငံရေးပါတီ တစ်ချိုကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေက
ပါတီနဲ့ဘာမှ မသက်ဆိုင် ပါဘူး။တစ်ဦးချင်းစီရဲ့ ဆန္ဒနဲ့သဘော ထားတွေပါ’ ‘ ဟု
ပြည်ခိုင်ဖြိုးပါတီ၏ အဆင့်မြင့် ပါတီဝင်တစ်ဦးကပြော သည်။
မကြာမီကျင်းပမည့်ကြားဖြတ်ရွေး
ကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင် ဖွံဖြိုးရေးပါတီနှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်တို့သည် လစ်လပ်မဲဆန္ဒနယ်အပြည့်
ဝင်ရောက်ယှဉ်ပြိုင်မည့် အင်အားကြီးပါတီဝင်များဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ
ကိုအတည်မပြုရသေးမှီ ကာလအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌဒေါ်အောင်ဆန်းစုကြည် သည်ပါတီ ကိုယ်စားပြုနိုင်ငံရေး ခရီးစဉ်ထွက်ခွာလျှက်ရှိရာ
မန္တလေးသို့ သွားရောက်မည့် နှစ်ရက်ကြာ ခရီးစဉ် သည် ပြည်သူအား ဟောပြောမည့်နေ
ရာအခက်အခဲ ကြောင့် ရွှေဆိုင်းလိုက် ရသည်။
မိုးသူအောင် (ရန်ကုန်တိုင်းမ်)
လွတ်လပ်၍ တရားမျှတသည့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စေ ရန်ပြည်ခိုင်ဖြိုးပါတီဝင်များကို သူရဦးရွှေမန်း တိုက်တွန်း
Reviewed by သစ်ထူးလွင်
on
17:28
Rating:
9 comments:
လူကြားကောင်းအောင် ပြောနေပြန်ပီ။
ဥက္ကဌကြီးပြောပုံအတိုင်းဆိုရင် အရင်ဆုံး မန္တလေးက တာဝန်ရှိသူများနဲ့  ပုသိမ်က ၀န်ကြီး ဦးသိန်းအောင်တို့ ကို အရင် အရေးယူပေးပါခင်ဗျာ.............
အထက်က ဘယ်လောက် အမိန့်ပေးပေး အောက်ခြေက ဗိုလ်ပြုတ်တွေက လုပ်ချင်တာ လုပ်တာေ-ာက်ကျင့်ပါနေပြီသိလား ဒီမှာ ရွှေမန်း ကိုယ့်ဥစ္စာတွေ ကိုယ်နိုင်အောင်ထိန်းပါ။။။
မောင်မင်းတို့ လက်အောက်ငယ်သားတွေက အထက်လူကြီးအမိန့်ကို လွန်ဆန်တာ ၀ါသနာဖြစ်နေပြီ။။။ ကိုယ့်လက်အောက်ငယ်သားတွေဟာ ပြည်သူတွေအပေါ်မှာ မလိမ့်တပတ်နဲ့ လက်ဝါးကြီးအုပ်နေတယ်ဆိုတာ မောင်မင်း ရွှေမန်း မသိပဲတော့ မနေပါဘူး။။။ သိသိကြီးနဲ့လည်း မှိန်းမနေနဲ့ပေါ့ ခုချိန်က အားလုံးပွင့်လင်းနေပြီဆိုတော့ မောင်မင်း မှိန်းနေရင်တော့ မောင်မင်းထိုက်နဲ့ မောင်မင်းကံပေါ့ကွယ်။။။။
ဒီအတိုင်းလုပ်ဖြစ်၇င် အားလုံးကောင်းစားမယ့်အေ၇းပါဘဲ။ ကြံ့ဖွတ်၇ဲ့ခုံက လှုပ်စ၇ာအကြောင်းမှမ၇ှိတာ။ နာမည်ကောင်းဝင်ယူသင့်တဲ့အချိန်ပါဘဲ။ ။
ပြောပေါင်းများလို့ ရိုးနေပါပြီ . . . ရှင်နဲ့ လိုက်တဲ့ အမည်လေးတစ်ခုပေးပါရစေသား . . .လောကကြီးကို ခါးစောင်း. . .တင်မဲ့ လူစား . . .ဟား ဟား ဟား
အပြောကတာ့ရွှေမန်း ကတော့ ချိုမိုင်မိုင် ဒေါ်စုမန္တလေးခရီးစဉ်ပျက်တာ တရားမျှတခဲ့သလား ကော်မရှင်ဥက္ကဌတစ်ယောက်လုပ်ပြီး ရူးချင်ယောင်ဆောင်နှာစေးနေတယ် ပါးစပ်ကဘုရားဘုရား လက်နဲ့ စိတ်က ကားယား ကားယား
အေး...အခုရွေးကောက်ပွဲတော့....မသိဘူး...၂၀၁၅..ရောက်လို့....ဒီစကားအတိုင်းမဟုတ်လို့ကတော့.....မဲရုံဝကထိုင်စောင့်ပြီး...ဓားမတိုနဲ့လိုက်ခုတ်မှာ......
နဂိုကတည်းက သန္ဓေမမှန်တဲ့ အဖွဲ့အစည်းဘဲ၊ လူမှုရေးအသင်းတဲ့၊ ဘာတဲ့၊ နောက်တော့မှ ရူးကြောင်မူးကြောင် ခါတော်မီ ပါတီဖြစ်လာတာလေ၊ အင်အားကလည်း မ၀င်မနေရ ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေနဲ့ အနှေးယာဉ်လုပ်သားတွေ၊ ယာဉ်မောင်၊ ယာဉ်နောက်လိုက်တွေကို အတင်းဝင်ခိုင်းထားတဲ့ အဖွဲ့လေ၊ ခုချိန်မှာ တကယ်တန်းပါတီဝင်အင်အားက အရေမရ အဖတ်မရကောင်တွေဘဲ ကျန်တော့တာနော်၊ ပြီးတော့ နိုင်ငံပိုင်အဆောက်အဦတွေမှာ နေရာယူထားတာ သူပထွေးတွေ အပိုင်ရထားသလိုလို၊ သူ့ဂျီးတော်တွေကဘဲ ပေးသလိုလို မသိချင်ယောင်ဆောင်နေကြတာ။ တာဝန်ရှိသူတွေအနေနဲ့ ဘယ်သူသတ္တိရှိရှိ ဖယ်ရှားနိုင်ကြသလဲ၊ အဖွဲ့ပိုင်ပစ္စည်းတွေကရော ပြန်အပ်ဖို့ အစီအစဉ်မရှိ၊ ကွက်ပျောက်ရိုက်ကြတယ်။ ပါတီက ပါတီဘဲ။ နိုင်ငံက နိုင်ငံဘဲ ဆိုတာ ပါတီခေါင်းဆောင်ပိုင်းက ပိုသိ၊ ပိုရှက်တတ်ရမယ်။
ဟိ...ဘာကိုခုတ်မှာတုန်း...??
Shwe Mahn is the best person from the Myanmar government...
Post a Comment