အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် သတင်းစာရှင်းလင်းပွဲ

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်
၂၀၁၄တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးရရှိထားသော မြန်မာနိုင်ငံက ၂၀၁၄တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးများသို့

သတင်းလာရောက်ယူရန် အာဆီယံနိုင်ငံများမှ သတင်းထောက် (၂၀၀၀) ၀န်းကျင်ကို ဖိတ်ကြားပေးရန် လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်

ဒေါက်တာဆူရင်က အစိုးရတာဝန်ရှိသူများနှင့်တွေ့ ဆုံစဉ် ဆွေးနွေးပြောကြားခဲ့ကြောင်း ဒေါက်တာဆူရင်က ယနေ့ နိုင်ငံခြားသတင်းထောက်များအသင်းရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ ထို့အတွက် မြန်မာနိုင်ငံအနေဖြင့်

ပြင်ဆင်ချိန် ၂နှစ်ကျန်ရှိနေသေးသည့်အတွက် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊အကူအညီများဖြင့် ပူးပေါင်းဆောင်ရွက်ပါက

ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နိုင်ကြောင်း ၄င်းကပြောကြားခဲ့သည်။
္လမြန်မာနိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ နိုင်ငံရေးအပြောင်းအလဲ တွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုပင်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် က ပြောကြားသည်။ ကြိုတင်ပြင်ဆင်မှုမှာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုဖြစ်ပြီး၊
အစိုးရဌာနများ၏ စီမံခန့်ခွဲကိုင်တွယ်နိုင်မှု၊ လူသားအရင်းအမြစ်အလုံအလောက်ရှိမှု၊ အသင်းအဖွဲ့များ၏ စွမ်းဆောင်နိုင်မှု စသည်တို့မှာ ပေါ်ပေါက်လာသော အခွင့်အလမ်းများ ကို ရယူရန်အတွက် သက်သေပြနိုင်ရန်လိုအပ်ကြောင်း ဒေါက်တာဆူရင် က ဖေဖော်ဝါရီ၂၃ရက်၊ နေ့လည်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားသည်။
အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် သတင်းစာရှင်းလင်းပွဲ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် သတင်းစာရှင်းလင်းပွဲ Reviewed by သစ်ထူးလွင် on 21:43 Rating: 5

No comments:

Powered by Blogger.