ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည်


  ဧပြိ ၁ရက်မှစတင်၍ မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြံပေး မစ္စတာပရစ်ချာက ပြောကြားသည်။
´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။
´တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင် မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့် ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတစ်ခုလုံးတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာလုပ်သမားပေါင်းတစ်သန်းခွဲခန့်ရှိနေပြီး တရားမ၀င်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများလည်း များစွာရှိနေကြောင်းသိရသည်။
ယင်းအပြင် အသားငါးနှင့် ပုဇွန်လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံ၊ အသေးအကြီးပေါင်း ၁၀၀၀၀ ကျော်ရှိနေသည့် ထိုင်းနိုင်ငံ စမွတ်ဆန်းခွမ်းခရိုင်တွင် တရားဝင်နှင့် တရားမ၀င်လုပ်ကိုင်းလျက်ရှိသော မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။
´အလုပ်သမားတွေဟာ နောက်ဆုံးတော့လဲ မြန်မာနိုင်ငံကို ပြန်လာမှာပဲ။ ဘာဖြစ်လို့ တရားမ၀င်အလုပ်သမားတွေများလာရလဲဆိုရင် အခွန်အခတွေကို ကြောက်လို့ဖြစ်ပါတယ်။ ဗမာ၊ကရင်၊ မွန်လူမျိုးတွေပိုများပါတယ်။ စမွတ်ဆန်းခွမ်းခရိုင်မှာဆိုရင် မြန်မာအလုပ်သမားတွေ အများဆုံးပဲ´ဟု အဆိုပါခရိုင်၏ကုန်သွယ်ရေးကိစ္စ ဒုဥက္ကဌလည်းဖြစ်သော မစ္စတာပရစ်ချာက ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာတရားဝင်အလုပ်သမားအနေဖြင့် ထိုင်းအလုပ်သမားများနည်းတူ လုပ်ခလစာတိုးမြှင့်ခံစားပိုင်ခွင်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ တန်းတူပေးခြင်းနှင့် ထိုင်းနိုင်ငံ၏တရားဝင်အလုပ်ပိတ်ရက်များကိုလည်း ခံစားခွင့်ပေးခြင်းတို့ကို ယခုနှစ် ဧပြီလ ၁ရက်နေ့မှစတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
´မြန်မာအလုပ်သမားတွေဟာ တရားဝင်ဖြစ်ဖို့နဲ့ သူတို့ရဲ့နေထိုင်ခွင့်၊ စားသောက်ခွင့်တွေ ပိုမိုကောင်းမွန်အောင်လုပ်မယ်။ နောက်ငွေပို့ချင်တဲ့အခါ အခက်အခဲဖြစ်နေတာကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ စတာတွေကို လုပ်နေတယ်။ ဒါလဲ အစိုးရနှစ်ခုကြား ပူးပေါင်းပြီးစီစဉ်နေတာပဲလေ။ အလုပ်သမားတွေလုပ်ပိုင်ခွင့် ရဖို့တို့၊ ပတ်စ်ပို့ရဖို့တို့လဲ သူတို့က လုပ်ပေးနတာပဲ။ မြန်မာအလုပ်သမားတွေအပေါ်မှာ စေတနာထားလုပ်ပေးတာကို ကြိုဆိုရမှာဖြစ်ပါတယ်´ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများအနေဖြင့် လုပ်ခလစာတူညီမှုမရှိသော်လည်း ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးရရှိရန် အာမခံကြောင်း၊ ယင်းအပြင်နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူများအပေါ်တွင်လည်း ကြားခံအဖွဲ့အစည်းများအနေဖြင့် ကောက်ခံနေတဲ့အခွန်အခများကို လျှော့ပေးသင့်ကြောင်း မစ္စတာပရစ်ချာက ပြောသည်။
နှင်းကို(သာစည်)The Flower News Journal, 27Feb2012
ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည် ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည် Reviewed by သစ်ထူးလွင် on 20:18 Rating: 5

3 comments:

forall said...

ထိုင်းအစိုးရက မြန်မာအလုပ်သမား ၂ သန်းကျော်...အမိမြေကို ပြန်ပြီး
အလုပ် လုပ်ကိုင်မှာကို ထိုင်းအစိုးရက စိုးရိမ်နေလို့ အခုလိုအခွင့်အရေးတွေ
ပေးနေတာ....
ဘာဖြစ်လဲဆိုတော့ မကြာခင် မြန်မာနိုင်ငံမှာ အလုပ်ကိုင် အခွင့်အလမ်းတွေ အများကြီးပေါ်လာမဲ့ အခြေအနေတွေကြောင့်ပါ...

သက်မောင် said...

မှန်ပါတယ်...
ထိုင်းဆိုတဲ့ကောင်ကလည်း... ကိုယ်ကျိုးကြည့်သူပါ
မြန်မာတွေအပေါ်ကောင်းတာမဟုတ်ပါ...
မြန်မာအလုပ်သမားတွေ မျက်နှာအငယ်ခံဘ၀ကနေ ကိုယ့်မြေကိုယ့်ရေ ကိုယ့်မိသားစုတွေဆီ ပြန်လာနိုင်တော့မှာပါ... ကိုယ့်အစွမ်းနဲ့ ကိုယ့်ကောင်းကျိုး နိုင်ငံကောင်းကျိုးကို စွမ်းဆောင်နိုင်တော့မှာပါ...

san san said...

မြန်မာ နိုင်ငံ နာဂစ် ဖြစ်တုံးက အဲ့ဒီတုံးက တက်တဲ့ထိုင်းဝန်ကြီးချုပ်(နာမည်မေ့နေလို့)က မြန်မာကို သူတို့ဘယ်တော့မှ အခဲမကြေဘူး ။မြန်မာကို သူတို့နိုင်ငံက မသုံးတဲ့ အပုပ်အသိုးဘဲ ပေးမယ်လို့ပြောတယ်ဆိုတာ မလေးရှားနိုင်ငံထုတ် စတား သတင်းစာမှာကိုယ်တိုင်ဖတ်လိုက်ရပါတယ်။အဲ့မုန်တိုင်းတုံးက သူတို့ပေးတဲ့ပေါင်မုန့်တွေက အသိုးတွေလေ။ဒါကြောင့် ထိုင်းကို ဘယ်တော့မှ မယုံဘူး။

Powered by Blogger.