နိုင်ငံခြားငွေများအား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ရောင်းဝယ်နိုင်

ပြည်တွင်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့ စာရင်းတွင်ရှိသော နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
ရောင်းဝယ်ရာတွင် နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုဖြင့် ဆက်သွယ်ကာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာဘဏ်များတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုမှာ သမ၀ါယမဘဏ်၊ မြ၀တီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ဧရာဝတီဘဏ်တို့ဖြစ်ကြောင်း သိရသည်။

''ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ရောင်းဝယ်လို့ရပြီ။ အဓိကအချက်ကတော့ စာရင်းပြောင်းနည်းနဲ့ ရောင်းဝယ်တာပါ။ ကိုယ့်ဘဏ်စာရင်းမှာရှိတဲ့ နိုင်ငံခြားငွေကို Account Transfer နည်းနဲ့ ပြောင်းလဲရောင်းချတာပေါ့။Account အချင်းချင်းလွှဲရောင်းတာ။ လုပ်ငန်းရှင်တွေအတွက် ပိုပြီးလွယ်ကူသွားတဲ့သဘောပါ။ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရထားတဲ့ ဘယ်ဘဏ်မှာမဆို ရောင်းဝယ်လို့ရတယ်''ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်အား နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှစကာ လိုင်စင်ချထားပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ ယခုအခါ အဆိုပါဘဏ်များသည် ပြည် ပဘဏ်များနှင့် အဆက်အသွယ် ဘဏ်ထူထောင်ခြင်း၊ နိုင်ငံတကာသုံး ဘဏ်လုပ်ငန်းကွန်ရက် SWIFT စနစ်အတွင်းသို့ ၀င်ရောက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် မတည်ငွေရင်းများကို ထည့်ဝင်ခြင်းနှင့် ၀န်ထမ်းများအား လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG
နိုင်ငံခြားငွေများအား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ရောင်းဝယ်နိုင် နိုင်ငံခြားငွေများအား  ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ရောင်းဝယ်နိုင် Reviewed by သစ်ထူးလွင် on 20:35 Rating: 5

1 comment:

ကိုမိုက် said...

ထုတ်ပြန်ချက်ထဲတွင် နိုင်ငံခြားငွေဖြင့် လစာရရှိသော ၀န်ထမ်းများ ပါ(သို့) မပါ စသည်ကိုလည်းဖော်ပြပေးပါ.....

Powered by Blogger.