ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)
တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင် ညှိနှိုင်းသဘောတူညီမှုအပေါ်တွင် အချို့အလုပ်သမားများ က လက်ခံကာ မနက်ဖြန်မှ စပြီးအလုပ်ပြန်ဆင်းမည်ဖြစ်ကာ အများစုမှာ ညှိနိုင်းချက်ကိုလက်မခံသဖြင့် ၀ါဏိဇ္ဖပဋိပက္ခ ခုံရုံးသို့ တင်သွင်းတောင်းဆိုသွားမည်ဖြစ်သည်။
“အခုဆန္ဒပြနေတာ ၀န်ထမ်းအားလုံးပေါင်း ၁၈၆၀ ရှိတယ် အဲဒီအထဲမှာအမျိုးသမီးက ၁၈၀၀ လောက်ရှိတယ် ၀ါဏိဇ္ဖလိုင်းကိုတက်နေမယ် ဒီလိုကြာနေမယ်ဆိုရင်သူတို့ ရဲ့စားဝတ်နေရေး သူတို့ရဲ့ဘ၀လုံခြုံရေးအတွက် ဘယ်သူက အာမခံမှာလဲ” ဟု ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းသိန်းက ပြောသည်။
ယနေ့ နံနက်ပိုင်း ညှိနှိုင်းမှုအရ တိုင်ရီဖိနပ်စက်ရုံဘက်မှ ရက်မှန်ကြေး တစ်ထောင်တိုးပေးလိုက်ပြီး လုပ်ခလစာမှာမူ ယခင် တိုးပေးခဲ့သည် တစ်နာရီလျှင် တစ်ရာကျပ်နှုန်း ဖြင့်သာ သဘောတူခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြအလုပ်သမားများဘက်မှ တစ်နာရီလျှင် ၁၅၀ ကျပ် နှင့် ရက်မှန်ကြေး ရှစ်ထောင်တောင်းဆိုခဲ့ရာတွင် ယခုသဘောတူညီချက်အရ ရက်မှန်ကြေး ၇၀၀၀ ရမည်ဖြစ်သည်။ ထို့အပြင် ဆန္ဒပြသည့်ရက် များအတွက် နေ့ကြေး ပေးရန် အလုပ်ရှင်က သဘောတူသည်ဟု လည်းသိရသည်။
“တော်တော်တက်လာပါတယ် အရင်တုန်းက လူသစ်တစ်ယောက်ရဲ့လစာက လေးသောင်းကျော် ငါးသောင်းလောက်ဘဲရှိတယ်။ အခု ခုနှစ်သောင်း နှစ်ထောင့်ရှစ်ကျပ် ဆိုတော နှစ်သောင်းလောက်တက်တယ်” ဟု စုစုပေါင်းရရှိမည့် လစာအခြေအနေအပေါ် ကိုမျိုးမင်းသိမ်းက ဆက်လက်ရှင်းပြသည်။
အဆိုပါညှိနိုင်းချက်အား လက်ခံသဘောတူသည့် ဆန္ဒပြအလုပ်သမား ငါးရာခန့် မနက်ဖြန် အလုပ်ပြန်ဆင်းမည်ဖြစ်သည်။ သဘောမတူသည့် အလုပ်သမ တစ်ထောင်ကျော်က ၀ါဏိဇ္ဖခုံရုံးသို့ တင်သွင်း တောင်းဆိုသွားမည်ဖြစ်သည်။
ယခင် လုပ်ခနှုန်းထားဖြင့်ဆိုပါက ၂၅ ရက်ဆင်းသည့် လတွင် အလုပ်သမားတဦး၏ လစာမှာ ကျပ် ၅ သောင်းခွဲကျော်ရှိပြီး ယနေ့ သဘောတူညီလိုက်သည့် နှုန်းအရဆိုလျှင် ကျပ် ၆ သောင်း ၉ထောင်ကျော် ရှိမည်ဖြစ်သည်။
ဆန္ဒပြအလုပ်သမားအရေးဆောင်ရွက်နေသည့် ရှေ့နေ ကိုဖိုးဖြူက “ဆင်းရက် ၂၆ ရက်ထဲမှာစက်ရုံကပိတ်ခဲ့ရင် အိုဗာတိုင်ကြေးကျွန်တော်တို့ရမှာလည်းမဟုတ်သလို တာဝန်ကြေကြေး ၄၅၀ လည်းရမှာမဟုတ်ဘူး အဲဒီအတွက် တစ်ရက်ကို ၁၃၂၂ ကျပ် လျော့တာတော့လျော့မြဲဘဲ အဲဒီအတွက်အလုပ်သမားအများစုက သဘောမတူဘူး အခုဘာလုပ်ကြမလဲဆိုရင် ၀ါဏိဇ္ဖမဋိပက္ခ ကိုတင်သွင်းလို့လုပ်နေတယ်”ဟု YPI သို့ ပြောသည်။
အချို့အလုပ်သမားများကမူ ၀ါဏိဇ္ဖခုံရုံးမှကြာနာချိန်ကြာမြင့်မှု အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိရသည်။
“၀ါဏိဇ္ဖဆိုတာဘာလဲမသိဘူး ကြာနေရင် ဘယ်လိုလုပ်မလဲ”ဟုအမည်မဖော်လိုသူ ဆန္ဒပြ အလုပ်သမတစ်ဦးက ပြောသည်။
ကြာနာချိန် ကြာမြင့်နိုင်မှုအပေါ် အလုပ်သမားအရေးဆောင်ရွက်နေသူ ရှေ့နေဖိုးဖြူက “တစ်ချို့အမှုတွေဆိုရင် နှစ်ပါတ်နဲ့ ဆုံးဖြတ်တာရှိတယ် တစ်ချို့အမှုတွေဆိုရင် သုံးပါတ်နဲ့ဆုံးဖြတ်တာရှိတယ် အဲဒီဆုံးဖြတ်ချက်ကို မကြေနပ်ဘူးဆိုရင် ၁၅ ရက်အတွင်းအယူခံတင်သွင်းခွင့်ရှိပါတယ်”ဟုခန့်မှန်းပြောကြားသည်။
တရုတ်နှစ်သစ်ကူး ပိတ်ရက်အပေါ် လုပ်ခမပေးခြင်းမှ စတင်ခဲ့သည့် တိုင်ရီအလုပ်သမများ ဆန္ဒပြနေသည်မှာ ယနေ့ ဆိုလျှင် ၁၇ ရက်မြောက်ရှိပြီဖြစ်သည်။ ။

ဆန္ဒပြအလုပ်သမား တစ်ချို့အလုပ်ပြန်ဆင်းမည်၊ အများစုက ၀ါဏိဇ္ဖခုံရုံးတင်ရန် သဘောတူ
Reviewed by သစ်ထူးလွင်
on
18:01
Rating:
3 comments:
အဆင်ပြေမယ်ဆိုရင်တော့ အလုပ်ရှင်နဲ့ ညှိနှိုင်းလို့ ရထားသ
လောက်နဲ့ ဆက်ပြီးတော့ အလုပ်ဆင်းနေစေချင်ပါတယ် အားလုံးက တနေ့ လုပ်တနေ့ စားနေ့ စားတွေဆိုတော့  သူတို့ 
ရဲ့ နောက်မှာမိသားစုတွေအများရှိနေနိုင်ပါတယ် လုပ်ငန်းရှင်လိုကြာကြာတော့ တောင့် ခံနိုင်စွမ်းနဲမှာတော့ သေ
ချာသလောက်ရှိပါတယ်
များသောအားဖြင့် ဝန်ထမ်းတွေက မိန်းခလေးတွေဖြစ်နေတဲ့ 
အတွက်ဒီက္စိကိုအမြန်ဆုံးပြေလည်စေချင်ပါတယ် တတ်နိုင်တဲ့
သူအားလုံးဝိုင်းဝန်းပြီးဖြေရှင်းပေးကြပါလို့  မေတ္တာရပ်ခံပါတယ်
နောက်ပိုင်းတွေမှာ အလုပ်သမားများကလဲ ဒီစက်ရုံကိုမကြိုက်ရင်
နောက်စက်ရုံပြောင်းလုပ်နိုင်အောင်ပြင်ဆင်ထားပါ နိုင်ငံတော်ကလည်းဒီမိုကရေစီစနစ်ကိုကူးပြောင်းနေပြီဆိုတော့ 
တဖြေးဖြေးနဲ့ တော့ အဆင်ပြေသွားမှာပါလို့ အကြံပြုပါရစေ။
အကို ကိုဖိုးဖြူ ခင်ဗျာ...အမှု က သိပ်မကြာစေချင်ပါဘူး..သူတို့ ရပ်တည် ရမှာကို လည်း နားလည်ပါတယ်.....အများစု က မိန်းကလေးတွေ ဆိုတော့ လမ်းမှားပြီး မကောင်းတဲ့ ဘက်တွေ ကို ရောက်သွားမှာ စိုး၇ိမ်ပါတယ်...အားလုံးကို အဆင်ပြေစေချင် ပါတယ်..ရ သင့်သလောက် ရ ရင် တော့ ပြန် အလုပ် ၀င်စေချင်ပါ တယ်....လစာ က ၇ သောင်း လောက် ဆိုတော့ မဆိုး ဘူးလို့ မြင်ပါတယ်...အလုပ် ပျက်ရက်လည်း ပိုက်ဆံ ရမယ်ဆိုတော့...ကောင်း ပါတယ်...
အန်ဂျီအို အဖွဲ့စည်းများ ကူကြပါဦး။ စက်၇ုံအလုပ်သမလေးတွေ တကယ်သနားဘို့ကောင်းပါတယ်။ မိန်းကလေးလိုချင်၇င် စက်၇ုံတွေနား သွား၇ှာကြတာတွေ့ဘူးလို့ပါ။ ။ လူသားချင်းစာနာမှုအတွက် ၇န်ပုံငွေတစ်၇ပ် ၇ှာကြပါခင်ဗျာ။ ။
Post a Comment