လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်


ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ထဲက တိုင်ရီ ဖိနပ်စက်ရုံမှာ ၄ ရက် ဆက်တိုက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းကနေ တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။
“နှစ်ဦးနှစ်ဖက် မနစ်နာအောင် ကျမတို့က ကြားထဲကနေ ဆောင်ရွက်ပေးတာပါ။ ကျမတို့က နှစ်ဦးနှစ်ဖက် နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတာကို လက်မခံဘူး၊ အလုပ်ရှင်က ဒီအတိုင်းပဲ တောင့်ခံထားမယ်ဆိုရင်  အလုပ် ပိတ်လိုက်ရလို့ရှိရင် အလုပ်ရှင်လည်း ထိခိုက်မယ်၊ အလုပ်သမားတွေလည်း ထိခိုက်မယ်။ အလုပ်သမားတွေက မိန်းကလေးတွေ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ မရှိလို့ရှိရင် မိန်းကလေးတွေရဲ့ ဘဝလုံခြုံရေးက နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိသလို ဒီစက်ရုံမှာလည်း တာဝန်ရှိတယ်လို့ ကျမတို့က ဆိုလိုထားတယ်လေ။
“အဲဒါကြောင့်မို့ ကျမတို့က ဒီအမျိုးသမီးတွေရဲ့  ဘဝလုံခြုံရေးပါ တွက်ပြီး ဥပဒေပညာရှင်ကို ခေါ်ပြီးတော့  အလုပ်သမားတွေဘက်က ဆွေးနွေးပေးဖို့ ဆုံးဖြတ်ချက် ချထားတာ။ မနက်ဖြန်ကနေ စပြီးတော့ တောင်းဆိုမှာ။ ကျမတို့ စာတွေလည်း တင်မယ်၊ လှိုင်သာယာ အလုပ်သမားရုံးတွေရော၊ နေပြည်တော် အလုပ်သမားဝန်ကြီးတွေအထိ စာတင်မယ်။ အိုင်အယ်လ်အိုကိုလည်း ကျမတို့ မိတ္တူပို့မယ်။”
အလုပ်သမားတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ တနာရီလုပ်ခကို ၂၅၀ ကျပ် ပေးဖို့၊ ၁ လလုံး ပျက်ရက်မရှိရင် ပေးတဲ့ ရက်မှန်ကြေး ၆,၀၀၀ ကျပ်ကို နှစ်ဆတိုးပေးဖို့၊ အလုပ်စည်းကမ်းတွေ တင်းကျပ်လွန်းတာတွေကို လျှော့ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။
အခုအချိန်ထိ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို နဂိုက ၇၅ ကျပ် ပေးနေတာကို ၁၀ ထပ်တိုးပေးနိုင်မယ်၊ ရက်မှန်ကြေး တလ ၆,၀၀၀ ကျပ်ပေး နေတာကိုလည်း နောက်ထပ် ၁၀၀၀ တိုးပေးမယ်လို့ လိုက်လျောမှုကို မလုံလောက်ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတဦးက စက်ရုံက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ တင်းကျပ်လွန်းတယ်လို့ ပြောပါတယ်။
“စည်းကမ်းချတယ် ဆိုတာကလည်း မန်နေဂျာက ပြောတာပေါ့။ မြို့နယ် အလုပ်သမားရုံးရဲ့ ခွင့်ပြုချက်နဲ့ ချတာပါလို့ ပြောတာ။ အဲဒီလို အပေါ်ယံကြော ပြောရုံနဲ့မပြီးဘူး။ အမှန်တော့ ကော်သုတ်ရင်းနဲ့ ကော်တစက် ကျသွားတာ၊ ကော်တတုံးကျသွားရင် ဒဏ်ငွေ ၁ ထောင်ရိုက်တယ်။ အိမ်သာကို တနေ့ကို ၂ ကြိမ်တက်ရမယ်၊ ၃ ကြိမ်တက်ရမယ်။
တကြိမ်လောက်ပိုသွားရင် အဲဒီ့အတွက် ပိုက်ဆံဖြတ်တယ်။ တချို့ဆိုရင် ကိုယ်လည်း မတက်ဘဲ မသိဘဲ အဖြတ်ခံလိုက်ရတာ ရှိတယ်။ မနက် ၇ နာရီ ၂၀ ကနေ ၁၂ နာရီအထိ အလုပ်လုပ်ရတယ်။ ၁၂ နာရီ ၅၀ မှာ ပြန်ဆင်းတယ်။ ၅ နာရီဆိုရင် ဒါမနက်ပိုင်း အချိန် ပြီးသွားပြီ။ ၉ နာရီမှာ အချိန်ပို ခေါ်ရင် ၅ နာရီ ၂၅ ကနေ ၉ နာရီအထိ ဆင်းရတယ်။ ၉ နာရီ မခေါ်ဘူးဆိုရင် ၁၂ နာရီ ၅၀ ကနေ ည ၇ နာရီအထိ တောက်လျှောက် လုပ်ရတယ်။”
မနေ့က အလုပ်ရှင်ကိုယ်စားလှယ်က အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်မ၀င်ရင် အလုပ်ဖြုတ်မယ်လို့ နှုတ်နဲ့ သတိပေးထားပြီး ဒီနေ့မှာတော့ စာကပ်ထားတာကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် ဆွဲစုတ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဒီနေ့ အလုပ်သမားတွေက ၄ ရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေပေမယ့် အလုပ်ရှင်ဘက်က လာရောက် ဖြေရှင်းတာမရှိဘဲ အစိုးရ အာဏာပိုင်တွေလို့ ယူဆရသူတွေက ဆန္ဒပြအလုပ်သမားတွေကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် ၃ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ အခုလို ၄ ရက်ဆက်တိုက်  ဆန္ဒပြနေတဲ့အချိန်မှာ ဇုန် ၄ ထဲက (နယူးဝေး – new way) ဖိနပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်အားခတိုးပေးဖို့  ဒီနေ့ကစပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။ 
ဒီဗွီဘီ
လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည် လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည် Reviewed by သစ်ထူးလွင် on 20:30 Rating: 5

9 comments:

Myanmar said...

၇၅ကျပ် (၁နာ၇ီလုပ်ခ ) X ၁၁နာ၇ီ (အလုပ်ကြာချိန်) = ၈၂၅ (၁၇က်လုပ်ခ) X ၃၀ ရက် = ၂၄၇၅၀ ကျပ်(လစာ) + ၆၀၀၀ကျပ် (၇က်မှန်ကြေး) = ၃၀၇၅၀ကျပ်
ထမင်းစား၇ိတ်=၄၄၂.၄၉ (၇ှိတာလေးနဲ့ ၀အောင်စား..)
နေထိုင်စား၇ိတ်=၂၄၁.၆၆ (ေ၇ မီး အခန်းခ အပီး ၇ှိတာလေးနဲ့ လှအောင်ဝတ်၊ လောက်အောင်သုံး)
ဆေးမြီးတိုစား၇ိတ်=၇၀.၀၀(ပါ၇ာစီတမော တစ်ပြား ကိုယ့်ဘာသာဝယ်..)
ပညာေ၇းစား၇ိတ်=၁၀၀.၀၀(ဘာလုပ်လို့၇မလဲတော့မသိဘူး)
ဖျော်ဖြေေ၇းစား၇ိတ်= ၁၇၀.၈၃(၇၇ာလုပ်ပေါ့)
ကားခ=၀.၀၀ (လမ်းလျှောက်)
အပိုသုံးစား၇ိတ်=၀.၀၀ (မုန့်မစားနဲ့)

John said...

ဒါတွေ ဖြစ်နေတာ က မြန်မာနိုင်ငံမှာ အလုပ်သမားနဲ့ ပတ်သက်လို့ ပြဒါန်းထားတဲ့ ဥပဒေ တွေ မခိုင်မာသေးလို့ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ခိုင်ခိုင်မာမာ ရှိသင့်နေပါပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကို ဖိတ်ခေါ်မယ်ဆိုရင်.. ကိုယ့်နိုင်ငံက အလုပ်သမားတွေ မတရား ဖိနှိပ်မခံရအောင် အလုပ်သမားဥပဒေတွေ၊ အလုပ်သမားတွေ ကို အကာအကွယ်ပေးတဲ့ဥပဒေတွေ မြန်မြန်လုပ်သင့်နေပါပြီ..။

Unknown said...

oh! wht a pity>>how they stand on it>???
**sigh**

မျိုးစင်ဆွေဆက် said...

လုပ်ဗျာ ဖြစ်အောင်သာလုပ်ကြဗျာ ထိရောက်အောင် ..တရုတ်ကတော့ စောက်ကျင့်သိပြီးသားမို့ ထည့်မပြောတော့ဘူး တချို့  ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်နဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက သူတို့ ကိုအကျိုးပြုနေတဲ့ အလုပ်သမားတွေအပေါ် အခွင့်အရေးအပြည့်အ၀ပေးချင်ပေမဲ့ ဆိုင်ရာအစိုးရကို ပေးကြွေးနေရတာရယ် ..အစိုးရကလဲ အလုပ်သမားတွေရမယ့် အခွင့်အရေးတွေပိတ်စို့ ထားတာတွေရယ်ကြောင့် အလုပ်သမားတွေအပေါ်အခွင့်အရေးအပြည့်အ၀မပေးနိုင်ကြပါဘူး.....ကိုယ်တွေ့ ပြောရရင် မင်္ဂလာဒုံ စက်မှုဇုံမှာရှိတဲ့ ကိုးရီးယား ကုမ္ပဏီတခု မှာ အလုပ်လုပ်တဲ့ အလုပ်သမားတိုင်းကို လစာကတော့ အစိုးရသတ်မှတ်နှုံးအတိုင်းပေးရပေမဲ့ အပိုဆုကြေးတွေကိုတော့ သိုသိုသိပ်သိပ်နဲ့ ပေးပါတယ် ညဆိုင်းနေ့ ဆိုင်းလုပ်ရပြီး ထမင်း လဲ ၃နပ်ကြွေးပါတယ် ဝေးလံသူများနဲ့ နေထိုင်လိုသူများကို စက်ရုံထဲမှာ နေစရာလဲပေးပါတယ် ...ကောင်းသတင်းလေးထွက်လာပြီဆို ကိုယ်ကလဲလုပ်မပေးနိုင် လုပ်ပေးနိုင်သူကိုလဲ မနာလို အူတိုစိတ်ယုတ်မာရှိတဲ့ အစိုးရရဲ့ ထုံးစံအတိုင်း အခွင့်အရေးတွေ ပိတ်ပင်ခံခဲ့ ရပါတော့တယ် (အလုပ်သမားတွေရရှိခံစားနိုင်ခွင့်တွေဘယ်သူတွေဆီကိုရောက်သွားမလဲရယူသွားလဲဆိုတာ.......) အခုဖြစ်ရပ်မှာလဲ အလုပ်သမားအခွင့်အရေးမို့  အစိုးရဆိုတာ လုပ်ငန်းရှင်တွေဆီကအကျိုးအမြတ်ရယူထားတာမို့ ... နိုင်ငံတကာအလုပ်သမားအဖွဲ့ ချုပ်ထံသို့ သာ တိုက်ရိုက်တင်သင့်ပါတယ် ...အောင်မြင်ပါစေ

SN said...

ပါတီတော့ မ၀င်ဖြစ်လောက်ဘူး ပြည်သူတွေရဲ့အကျိုးကို ဘယ်နေရာဖြစ်ဖြစ် လိုက်လုပ်မယ်ဆိုပြီး ပြောခဲ့ဘူးသလားလို့ ကိုမင်းကိုနိုင်....အခု ဘယ်နေရာရောက်နေလဲခင်ဗျာ...... ၅၀၀၀ တန် ဖုန်းရဖို့ လုပ်နေတဲ့နေရာမှာလဲ နှာစေးနေသလိုဘဲနော်..... အချိန်ရလို့ လုပ်နိုင်ရင် အကိုတို့လို ပုံရိပ်တွေ ပါလာတာ ကျွန်တော်တို့အတွက် အားရှိတာပေါ့ဗျာ....

white said...

လှိုင်သာယာကစက်ရုံတိုင်းလိုလိုပါဘဲအလုပ်ရှင်ကအလုပ်သမားတွေကခိုင်းကောင်းတိုင်းခိုင်းနေတာလေ။ကြားဖူးလားဗျို့ တနှစ်ပတ်လုံးအတွက်လစာတိုးတာ
၃၀၀၀ တဲ့ ။အမည်ခံသူဌေးတွေကတော့စက်ရုံဒုက္ခရောက်နေတာတောင်
လာမကြည့်ဘူး။စက်ရုံတွေမှာမတရားဖြစ်နေတာတွေကိုစက်ရုံသူဌေးအမည်ခံတွေကခေါင်းရူပ်မခံဘူးလေ။အမည်ခံသူဌေးတွေကတလကိုလစာသိန်း50 ရနေကြတော့အလုပ်သမားတွေလစာနဲများသာစိတ်မ၀င်မစားဘူး။အုပ်ချူပ်
နေတာကတော့တရုတ်တွေပါ။

myatnochinmyar said...

ရင်နာလိုက်တာဗျာ
တကယ်ပါ
ပြည်တွင်း ပြည်ပ အနှိမ်ခံနေရတဲ့ဘဝ
အဲဒီလစာနဲ့ဘယ်လိုများနေထိုင်စားသောက်ရမလဲဆိုတာ
မစဉ်းစားတတ်တော့ပါခင်ဗျား
ဒီလူတွေမှာကိုယ်ချင်းစာတရားဆိုတာမရှိကြတော့ဘူးလား

Anonymous said...

အေးကွာ။ သနားပါတယ် ။ အသက်၇ှင်နေတာ ကံကောင်းတယ်။ နေမကောင်းလို့ဆေးခန်းသွားစ၇ာတောင်မ၇ှိဘူး။ ကွမ်းတောင်စားကြ၇၇ဲ့လား။

Anonymous said...

ညီအကိုမောင်နှမ တို့ အောင်မြင်ပါစေကွာ

Powered by Blogger.