ဆံပင်ဆွဲပြီးပါးရိုက်တဲ့ဆရာမဒေါ်ငြိမ်းမြင့် |
Myanmar News Now
ဆံပင်ဆွဲပြီး ပါးရိုက်တဲ့ဆရာမကို အရေးယူပေးပါရန်
မျက်မြင်သက်သေများ၏အသံဖိုင်များ
ကျောင်းသူမနီလာထွန်း (အသံဖိုင်)
ကျောင်းသူ မကျော့ကျော့ (အသံဖိုင်)
အတန်းပိုင်ဆရာဒေါ်မြင့်မြင့်ဌေး (အသံဖိုင်)
ဆံပင်ဆွဲပြီး ပါးရိုက်တဲ့ဆရာမကို အရေးယူပေးပါရန်
Reviewed by သစ်ထူးလွင်
on
13:38
Rating:
33 comments:
ဘယ်လိုဆရာမလည်ကွာ....တော်တော်ကျန်းပါလား...ကျနော်စာသင်ခဲ့တဲ့ဘ၀တလျှောက်မှာဒါမျိုးဆရာ၊ဆရာမ မတွေ့ ဘူးပါဘူး.....အဓိဆရာမကိုထိရောက်စွာအရေးယူပေးပါ...ဆရာ၊ဆရာမများသိပ်ခါကျပါတယ်...ဆရာဂုဏ်မညိုးနွမ်းစေချင်ပါ....
ကျုပ်ငယ်ငယ်ကလည်း ဆရာမတစ်ယောက်ရဲ့
အငြိုးအတေးနဲ့ ရိုက်နှက်တာ ခံခဲ့ရဖူးတယ်ဗျာ။ ၃ တန်းအရွယ်က။
သည်လိုဆရာမမျိုးဟာ ဆရာမဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ရဲ့လား?
နှမ်းခိုးစားတဲ့မင်းသားကို ဒိသာပါမောက္ခ ရိုက်နှက်ဆုံးမတာကို
လက်ခံပါတယ်ဗျာ။ အခုဟာက ဆုံးမတာမဟုတ်တော့ဘူး။
အနိုင်ကျင့် နှိပ်စက်တာဗျ။
နောက်ပြီး ပါးရိုက်တာတဲ့ လွန်တယ်ဗျာ။
ကျနော်တို့ရွာက ကျနော့်ညီမလေးရဲ့ အတန်းထဲမှာပေါ့ ကျောင်းသူတစ်ယောက်ရဲ့ ပိုက်ဆံ တစ်ထောင်တန်ပျောက်သွားတာ၊ အဲဒီမှာ ပိုက်ဆံခိုးတယ်လို့ အစွပ်စွဲခံရတဲ့ ကျောင်းသူတစ်ဦးကို ရေနွေးပူပူကို အဓိဌာန်ပြုပီး၊ "ခိုးထားမယ်ဆိုရင် ပူမယ်၊ မခိုးဘူးဆိုရင် ရေနွေးက အေးမယ်ဆိုတာပေါ့။" အဲဒီမှာ ကျောင်းသူက ခပ်ကြောက်ကြောက်နဲ့ ဆရာမကခြိမ်းခြောက် အဓိဌာန်ဆိုခိုင်း သောက်ခိုင်းတာ၊ ကျောင်းသူလေးကလည်း ရေနွေးနွေးပူပူကို သောက်ချလိုက်တာ၊ လည်ချောင်တွေ၊ ပါစပ်းတွေ ရေနွေးလောင်လို့ပူလိုက်ရတာ ဆေးရုံတင်လိုက်ရတယ်။ သောက်ခိုင်းတဲ့ဆရာမကလည်း ခပ်ကြောက်ကြောက်နဲ့ တရားစခန်းဝင်လိုက်တော့ တရားစွဲမရ၊ ခေါ်မရဖြစ်သွားတယ်။ ၂၀ရာစု ကျောင်းဆရာမလုပ်ပီး၊ အဓိဌာန်တွေ သစ္စာဆိုတာတွေ ယုံကြည်သလိုလိုနဲ့ ခပ်ကြောင်ကြောင်တွေးတတ်တဲ့ဆရာမနဲ့တွေတော့ ကျောင်းသူခများမှာတော့ ငရဲကြီးကျသလို ခံစားခဲ့ရတယ်။
သေချာ စီစစ်ပြီး ထိထိရောက်ရောက်
အရေးယူပေးပါ။
ဒါမျိုးတွေ နေရာတကာမှာ ဖြစ်နေတော့
တိုင်တဲ့အခါမှာ စံပြ အနေနဲ့
ပြင်းပြင်းထန်ထန် လုပ်ပေးသင့်တယ်။
ဒါမှ အတိုင်ခံရမှာ စိုးပြီး မလုပ်ရဲမှာ။
အခုလို အတိုင်ခံရပြီးမှ အရေးမယူဘူး ဆိုရင်
နောက်လူတွေ ပိုဆိုးလာမှာစိုးရတယ်။
ှဆရာက တပည်ကို ဆုံမတာနဲမတူဘူး ရဲက အချုပ်သားကိုရိုက်ထာနဲတူနေတယ်
ဒီဆရာမ ဂျပန်ဝင်စားတာလား ၊ ရုပ်ကိုက ဆရာမ ယုတ်ုကီးနော်
ဆရာ ဆိုတဲ့နေရာရောက်တာနဲ့ ကျွန်တော်တို့ဗုဒ္ဒဘာသာမှာ အန္နတော အန္နတဂိုဏ်းဝင်တစ်ယောက် အလိုလျောက်ဖြစ်သွားပါတယ်။..ဒါပေမယ့် စဉ်းစား စရာက ဒီလိုဆရာမျိုးကိုရော ကိုသားကြီးပြောတဲ့ဆရာမျိုးတွေရော အဲ့ဒီနေရာနဲ့ထိုက်တန်ပါရဲ့လားဆိုတာပါပဲ။..
အဲလိုလက်ပါတဲ့ဆရာတွေဆရာမတွေ တွေဘူးတယ် ဦးသန်းချစ်ဆိုတဲ့ ဆရာဆိုလည်းတပည့်ကိုဆုံးမတာနဲ့မတူဘူး လူသတ်နေသလိုပဲ ကိုတွေ့ပါ............
ဆ၇ာမ မဖြစ်ထိုက်သူပါ
ကျွန်တော့်ညီမလေး ၆နှစ်လောက်မှာ သူတို့ အတန်းပိုင်ဆရာမက စာမေးတာ မရလို့ ဆိုပြီး ကြိမ်လုံးနဲ့ နေ့တိုင်းရိုက်တာ အရှိုးတွေ ထပ်နေတာပဲ။ ဗမာပြည်မှာ အရမ်းရက်စက်တဲ့ ဆရာမတွေ ရှိတယ်။
မိဘတစ်ယောက်အနေနဲ့တော့ ဒီကိစ္စဟာ ပြစ်မှူကြီးကျူးလွန်တယ်လို့ မြင်ပါတယ်။သမားဂုဏ်မရှိတဲ့ ဒီလိုဆရာမမျိုးကို ပညာရေးလောက ကနေမောင်းထုပ်ရုံတင် မဟုတ်ပဲထိရောက်ပြင်းထန်စွာ အရေးယူသင့်တယ်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ရေးအတွက် ကျောင်သားလူငယ်တွေဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ မသိတဲ့ ဒီလိုလူမျိုးကို ပတ်ဝန်းကျင်တစ်ခုလုံးကပါ ဝိုင်းပြီးဆုံးမပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
ကိုယ့်သား၊သမီးလေးတွေသာ ဒီလိုအဖြစ်မျိုးကြုံပြီး ပညာသင်ကြားရေးကိုကြောက်သွားရင် မိဘတွေရင်ကြိုးရချေရဲ့။
ကျုပ်သာဆိုရင် ကိုယ့်သား၊သမီးအပေါ်ရိုင်းတဲ့သူကို ရိုင်းရိုင်းပဲတုန့်ပြန်မိမှာ။
ဘာ ဆရာမလည်း ..... ကျက်သရေ ကို မရှိဘူး....
မိုက်ရိုင်းလှချည်းလား....
ထိရောက်စွာ အရေးယူပေးပါ....
အရေးယူမှုကို ထုတ်ပြန် ကြေငြာပေးပါ....
အုပ်ချုပ်သူတွေ လည်းသုံးသပ်ကြည့်ကြပါ.....
ဆရာတို့ လက်လွှတ်စပယ် လုပ်လိုက်တာလေးတွေ....
အုပ်ချုပ်မှု ညံ့ဖျင်းတာတွေက.....
အောက်ခြေမှာ အတော် ဆိုးဝါးတဲ့ ဖြစ်ရပ်တွေဖြစ်ကုန်ပါတယ်....
I wanna slap that teacher's face! How terrible it is?
ဒီလိုဆိုတော့ ကျနော့်သားသမီတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရ တဲ့ ဆရာမထက်တော့ သာသွာပြီ(မကောင်းတဲ့ဘက်) ကျနော့် သမီးတွေ သူတို့ရဲ့ အဖိုးသေသွားလို့ ခွင့်ယူတာကို( နင်တို့ သွားလို့ နင်တို့ရဲ့ အဖိုးက ပြန်ရှင်လာမှာတဲ့ ) နောက်တစ်ခုက နေမကောင်းဖြစ်ပြီး ကျောင်းပြန်တက်တဲ့ ကျနော့်ရဲ့သားကို နလန်ထစ ခလေးအိပ်နေတာကို အသုဘ ချပေးရမလား? သေနာပေါ်နေလား? လိုဆိုပြီးပြောတဲ့ အထက(၁၆) မန္တလေးက ဆရာမထက်သာသွားပြီ၊ မြန်မာဆိုရိုးအရ .အမိယုတ်တော့ နုတ် သယမ်းတယ်၊ အဖယုတ်တော့ ကိုယ် အမူအရာ ကြမ်းတမ်းတယ်တဲ့၊ ဒီလိုလူစိတ်မရှိတဲ့ သမားဂုဏ် မညီတဲ့ ဆရာ၊ ဆရာမတွေ ဖြုတ်သင့်တယ်၊ နိုင်ငံတော်ဘဏ္ဍာ တွေအလကာ ဖြစ်တယ်။
.....ဘာဖြစ်လို့ အဲဒီလောက်ုကမ်ုးကုတ်တဲ့ဆရာမ ဖြစ်နေရဒါလဲ..
ရက်စက်ကျပါလား......
အလုပ်ကိုရာသက်ပန် အနားပေးရုံ တင်မကဘူး ဒီဆရာမကို ပြင်းပြင်းထန်ထန် အရေး ယူသင့်ပါတယ် သားသမီးချင်းကိုယ်ချင်းမစာ
်ဟုတ်ပဗျာ..အရင်တစ်ခါကျောင်းအုပ်အမှုတောင်ဘာမှမကြာသေးဘူး
နောက်ထပ်လာပြန်ပြီ။ စစ်ဆေးအရေးယူသင်.တယ်ဗျာ
နို့မို့ဆို နောက်ကျရင် ဆရာ၊မ နဲ့ ကျောင်းသူ၊သား ကြားချစ်ခင်ယုံကြည်မှုတွေပါ ပျောက်ဆုံးလာလိမ့်မယ်
ဒီခေတ်နဲ့တွက်ဆကြည့်ရင်တော့ လူမသိ သူမသိ၊ ဒဏ်ရာပြင်း၊ မပြင်းနဲ့ ဗျင်းနေတဲ့ ဆရာ၊ဆရာမ တွေမြန်မာပြည်မှာအများကြီးပါ။ နံမည်ကြီးကျောင်းတွေမှာဆို ပိုဆိုးပေါ့။ အသေးဆုံးကတော့ သူ့ပေးတဲ့ကျူရှင်မှာ မတတ်တဲ့ကလေးတွေဆို၇င် အညို၊အမဲ စွဲအောင် စိတ်တာကနေစပြီး ငြိုးကြတာပါ။ ကျွန်မတို့ ငယ်ငယ်က ဆ၇ာ၊ဆ၇ာမ တွေနဲ့တော့ကွာပါ့။
အဓိက ဖြစ်သင့်တာကတော့ ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုမှာ စွဲကပ်နေတဲ့ မကောင်းတဲ့ ဓလေ့ကို ပြင်ဖို့ပါပဲ။ ကျွန်တော့်မိဘအပါအ၀င် မိဘတော်တော်များများက ကလေး စာကျက်အောင်၊လိမ္မာအောင်စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ဆရာမတွေကို ရိုက်ဖို့ အားပေးအားမြှောက်ပြုတတ်ကြတယ်။ ကျွန်တော်ဆို အရိုက်ခံရမှာကြောက်တာနဲ့ပဲ ကျောင်းမှာမပျော်တော့ဘူး။တချို့ဆိုရင် ကျောင်းကဆရာမကြောက်လို့ ကျောင်းမတတ်...ဒီလိုနဲ့ ဆယ်တန်းအမှတ်ကမကောင်း..အမှတ်မကောင်းတော့ ကိုယ်ဝါသနာပါတဲ့ တက္ကသိုလ် တတ်လို့မရ...ဒီလိုပုံစံတွေနဲ့ပဲ ပညာရေးဆုံးခန်းတိုင်သွားတဲ့ လူတွေအများကြီး...ပြောချင်တာကတော့...လူတစ်ယောက်ကို ဓားနဲ့ထိုးလိုက်ရင် ..အဲဒီလူတစ်ယောက်ပဲသေမှာ...ဆရာမတစ်ယောက်က မှားနေတဲ့ Message or အပြုအမူမျိုးတွေပေးလိုက်ရင် ဒါဟာ လူတွေအများကြီးကို သတ်တာပဲ...
ဆရာမက အပျိုကြီးထင်တယ်၊သားသမီးမရှိတော့ မိခင်စိတ်မရှိဘူးပေါ့၊
အဖြစ်မှန်စုံစမ်းပြီး မှန်လျှင် အလုပ်ဖြုတ်ရမှာပေါ့၊ကျောင်းဆရာတွေ၊ဆရာမတွေ ကျူရှင်မဖွင့်ရဘူးဆိုတာကိုလည်း ပြောင်ကျကျ ဆန့်ကျင်နေတယ်၊
မိဘတွေ၊ကျောင်းသားတွေက များသောအားဖြင့်ဆရာ/ဆရာမတွေကိုလေးစား
ကြပါတယ်၊ နောင်အတွက် စံပြ အနေနဲ့အရေးယူပြရမှာဖြစ်ပါတယ်၊ပင်စင်တေါ့
မပေးပါနဲ့၊(ပင်စင်လစာတွေတိုးတော့မှာ)
တခုလောက်ပြောပါရစေ အဓိထကတော့ ကျောင်းဆရာမတွေကို ကျုရှင်မဖွင်ရဆိုပြီး တင်းတင်းကြပ်ကြပ်လေး အမိန့် ထုပ်ပေးစေခြင်ပါတယ် အမိန်ထုတ်ပြီး ကျုရှင်ဖွင်လဲသိရဲ့သားနဲ့  အရေမယူပဲဒီအတိုင်းထားတော့ ဒီပြတ်သနာတက်တာပေါ့ ကျောင်းတိုင်းမှာရှိပါတယ် ကျူရှင်တောင်မှရှယ် ကျူရှင်ရိုးရိုးဆိုပြီးနှစ်ခုခွဲပြီးသင် နေကြတာ ရှယ်ကျူရှင်ကစာမေးပွဲဖြေခါ နီကြမမေးခွန်းနဲ့ အဖြေနဲ တခါထဲ့တွဲထွက်လာပြီး တဘာသာကို၅ပုဒ်ဆို၅ပုဒ်အတိအကျပဲ ရှောက်လွှာစာရွက်နဲထွက်လာတာပါ ကျမလက်တွေ့ ပါ သူငယ်တန်းကနေစပြီး ဆယ်တန်းထိမရောက်မခြင်း ခံစားခဲ့ရတာပါ ဗဟန်းကျောင်းတကျောင်းမှာပါ ပြီးပြီစားမှို့ ကျောင်းနာမည်မတပ်တော့ပါ အတန်းတိုင်ဒတော့ မဟုတ်ပါဘူး ကောင်းတဲ့ဆရာမတော့ရှိပါတယ် ရှားပါတယ်
ကျွန်တော် ၆ တန်းကျောင်းသားဘဝတုန်းကလည်းဒီလိုလူမဆန်စွာအနိုင်ကျင့်ခြင်းခံရဘူးပါ
သည်။စိန်ပေါလ်မှဒေါ်ချိုချိုမြင့်(ဂျပု)ဖြစ်ပါသည်။ဗျောက်မဖောက်ပဲဖောက်တယ်လို့အစွပ်စွဲခံရပြီးလက်ဝါး၂ဖက်စလုံးသွေးရဲရဲနီအောင်အရိုက်ခံရဘူးပါသည်။
မကျေနပ်လို့ကျောင်းအုပ်ကြီးတိုင်သော်လည်းဆရာနှင့်တပည့်ပဲ တပည့်ပဲခွင့်လွှတ်သည်းခံပေးပါတဲ့...အဖြစ်အပျက်ကနှစ်တော်တော်ကြာခဲ့
ပြီဆိုသော်ငြားလည်းယခုထိတိုင်စိတ်ထဲအသည်းထဲတွင်စွဲနေပါသည်...
မတရားလုပ်တာလည်းခံရမတရားလုပ်တာခံလို့တိုင်ရင်လည်း ခံရသူတာ၂ခါမောမယ်...ဗုဒ္ဓဘာသာတွေပဲဝဋ္ဋ်ကတော့မသေခင်လည်အုံးမှာပါ...ထင်းခွေမကြုံ ရေခပ်တော့ကြုံအုံးမှာပါ...
ကျွန်တော် ၆ တန်းကျောင်းသားဘဝတုန်းကလည်းဒီလိုလူမဆန်စွာအနိုင်ကျင့်ခြင်းခံရဘူးပါ
သည်။စိန်ပေါလ်မှဒေါ်ချိုချိုမြင့်(ဂျပု)ဖြစ်ပါသည်။ဗျောက်မဖောက်ပဲဖောက်တယ်လို့အစွပ်စွဲခံရပြီးလက်ဝါး၂ဖက်စလုံးသွေးရဲရဲနီအောင်အရိုက်ခံရဘူးပါသည်။
မကျေနပ်လို့ကျောင်းအုပ်ကြီးတိုင်သော်လည်းဆရာနှင့်တပည့်ပဲ တပည့်ပဲခွင့်လွှတ်သည်းခံပေးပါတဲ့...အဖြစ်အပျက်ကနှစ်တော်တော်ကြာခဲ့
ပြီဆိုသော်ငြားလည်းယခုထိတိုင်စိတ်ထဲအသည်းထဲတွင်စွဲနေပါသည်...
မတရားလုပ်တာလည်းခံရမတရားလုပ်တာခံလို့တိုင်ရင်လည်း ခံရသူတာ၂ခါမောမယ်...ဗုဒ္ဓဘာသာတွေပဲဝဋ္ဋ်ကတော့မသေခင်လည်အုံးမှာပါ...ထင်းခွေမကြုံ ရေခပ်တော့ကြုံအုံးမှာပါ...
ဘာမှလာရှင်းပြမနေနဲ့ ခုမှ ဘာဆရာမလည်း တခါမှဒီလိုမကြုံဘူးပါဘူး
အရေးယူပေးဗျာ..လုံးဝမကျေနပ်ဘူး အဲဒီဘေးကလူတွေပြောနေကြတာမှန်တယ်
ဒီလိုဆရာမျိုးကိုထိရောက်စွာအရေးယူပေးပါ။
ကျောင်းသား/သူတွေအပေါ်မှာ ရင်ဝယ်သားကဲ့သို.သဘောမထားနိုင်သော ဆရာမျိုးတွေကို ထိရောက်စွာအရေးယူပေးပါ။
ကျွန်မသမီးလေး သူငယ်တန်း(၂၀၀၈-၂၀၀၉)တုန်းကလဲ ကိုယ်တွေ.ပါ။
အတန်းပိုင်ဆရာမနာမည်က ဒေါ်စန်ဒါ(ထ.၂ စမ်းချောင်း)ကပါ။
နေတာကတော့ အာရှတော်ဝင်ဆေးရုံနားမှာနေပါတယ်။
ကျောင်းသားတွေအပေါ်မှာ အမျိုးအနိုင်ကျင့်ဘက်လိုက်တဲ့ဆရာမပါ။
သူ.ဆီမှာကျူရှင် မယူတဲ့သူကိုတမျိုး ခဏခဏလက်ဆောင်မပေးတဲ့သူကို တမျိုးဆက်ဆံပါတယ်(လက်ဆောင်ကိုလဲခဏခဏပေးစေချင်ပါတယ်။)ကျူရှင်မယူ လက်ဆောင်မပေးတဲ့ကလေးဆို စာရွက်၁မျက်နှာကျော်ပြီးရေးမိလို. လက်ဖ၀ါးမှာ သွေးခြေဥအောင်ရိုက်ခဲ့တာ ကျွန်မဘယ်တော့မမေ့ပါဘူး။
ကလေးက သူငယ်တန်းဆိုတော့အသက်၅နှစ်ကျော်ပဲရှိသေးတာပါ။
စာရွက်လှန်တာကတ်ပြီးပါသွားလို. ၁ရွက်ကျော်မှာရေးမိတာကို လက်သွေးခြေဥအောင်ရိုက်လိုက်ပါတယ်။ (စာမရလို. စာမှားလို. ရိုက်မျိုးမဟုတ်ပါ။)ကျွန်မကလေးကလဲစာတော်နေတော့ ရိုက်စရာမရှိ ရှာကြံရိုက်တာပါ။ အရိုက်ခံရပြီးကလေးက နာလွန်းလို. အတန်းထဲတင်ငိုပြီးအိပ်ပျော်သွားတယ်။ ကျွန်မရင်ထဲမှာတော်တော်ကိုမကောင်းဘူး ဘယ်တော့မှလဲမမေ့ပါဘူး။ ဒီအဖြစ်အပျက်ကို ကျွန်မအခုချိန်အထိကိုအသည်းထဲစွဲနေသေးတာ အခုလိုအဖြစ်အပျက်မျိုးကြုံလိုက်ရတဲ့ ကာယကံရှင်တွေကို ကိုယ်ချင်းစာမိပါတယ်။ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်ပါတယ်။
ကျွန်မပြောတဲ့ စမ်းချောင်း(အ.ထ.က. ၂)က ဆရာမဒေါ်စန်ဒါဟာ နာမည်ဆိုးနဲ.ရပ်တည်နေတဲ့ဆရာမပါ။ ကျွန်မသမီးသူငယ်တန်းမတက်ခင်တုန်းကလဲ သူ.ရဲ.မတရားပြုအပစ်ရှာကာ မတရားရိုက်မှု. ၁ခုကိုကျောင်းသားမိဘကတိုင်လို. အတန်းပိုင်ဖြုတ်ပြီး အတန်းပိုင်၂နှစ်မရပဲနေခဲ့ရပါသေးတယ်။ ဒီဆရာမရဲ. အနိုင်ကျင့်ဘက်လိုက်မှု.တွေကတော့အများကြီးပါပဲ။ ကလေးကိုထည်.ပေးလိုက်တဲ့မုန်.ကိုလဲ ယူယူစားတတ်လို. သူ.အတွက်နေ.တိုင်းမုန်.ထည်.ပေးရပါတယ်(ကလေးကမုန်.မစားရလို.ပါ။) တခြားအကြောင်းအရာတွေလဲရှိပါသေးတယ်။ ဒီအကြောင်းအရာကို ဖော်ပြစေလိုပါတယ်ရှင့်။ ဒီလိုအကျင့်ဆိုးနဲ. ရပ်နေတဲ့ ဆရာမတွေအကြောင်းကို ဖော်ပြပေးစေလိုပါတယ်။
ှုှုှုှ်ု့ကိုယ်ထိ လက်ရောက် လုပ် တာတော်တော် ဆိုးတာ ပဲ
ဆရာမ တပည့်တွေတော့ ရင်လေးစရာပဲ
မတတ်တဲ့ဆရာမတွေအများကြီးပါ...နယ်ဆိုပိုးဆိုးတယ်...သူတို.ကိုသူတို့ဘာထင်နေလဲမသိဘူး...
ဟိတ် နာသုံးနာတွေဘယ်ပျောက်ကုန်လဲ နာသုံးနာ ကိုမသိတာလား ဆရာမရဲ့ နာသုံးနာ မသိရင်တော့ ဆရာ\ဆရာမ မလုပ်ကြနှင့်
Last 3 years ago my son had been faced this kind of incident in BEHS 5, Mayangone Township...
One of his teacher pulled his hair and hit my son' head with writing desk...My son got injuries on his face and his lip got cut injuries...
Head master requested me us to excuse for teacher' action...(( We excused for that because my children are still attending in that high school...BUT, NOT SATISFIED FOR THAT TEACHER' ACTION...))
So,
ကျွန်တော်တို့မောင်နှမနှစ်ယောက်ငယ်ငယ်တုန်းကကျူရှင်တက်ခဲ့တဲ့အ.မ.က.(၁၈)တာမွေမှာစာသင်တဲ့ဆရာမဒေါ်မြင့်မြင့်စိန်(ခေါ်)ခိန်ခိန်းလိုပါပဲ။
ကျူရှင်အိမ်ရှင်ကောင်မလေးကိုတော့သမီးလေးဆိုပြီးခေါင်းပေါ်တင်ထားတယ်။
ကျွန်တော်ဆို့မောင်နှမနှစ်ယောက်အပါအဝင်ကျောင်းသားတွေအားလုံးကိုတော့စာနဲနဲမှာတာနဲရိုက်လိုက်တာဆိုရင်သစ်သားပေတံနဲ့ရိုက်တာခေါင်းတွေရောနားရွက်တွေရောနီရဲနေတာပဲ။ပြီးရင်သင်္ချာတွက်ရင်လည်းစာအုပ်မှာချတွက်ပြီးရင်အလွတ်ဆိုခိုင်းသေးပါတယ်။သင်္ချာကိုအလွတ်ဆိုခိုင်းတာမရရ/င်လည်းရိုက်ပါတယ်။တက်ာတော့ကျောင်းသားတွေအတွက်ပညာသင်ပေးနေတဲ့ဆရာအနေနဲ့ကျေးဇူးရှိသလိုကျူရှင်တက်နေလို့သာဒေါ်မြင့်ငြ့်စိန်(ခေါ်)ခိန်ခိန်းထမင်းစားနေရတာပါ။
သူရတဲ့ဆရာမလခနဲ့တော့လမ်းစားရိတ်နဲ့တင်ကုန်မှာပါ။ကျောင်းသားတွေကလည်းပညာသင်ပေးတဲ့ကျေးဇူးရှင်မို့ရိုရိုသေသေဆက်ဆံသလိုထမင်းကျွေးနေတဲ့ကျောင်းသားကိုလည်းထမင်းရှင်အဖြစ်လေးစားသင့်ပါတယ်
မတတ်ရင်နားဝင်အောင်ဆုံးမပါ၊ကျွဲရိုက်နွားရိုက်ရိုက်စရာမလိုပါဘူး။
ကိုယ်ထိလက်ရောက်ဆော်ကားခွင်ရှိပါလား...ဆရာမတယောက်အနေနဲ့မလုပ်
သင့်ဘူးလို့ထင်ပါတယ်...သား/သမီးချင်းကိုချင်းစာပါ...ဖြစ်နိုင်မယ်ဆိုရင်
ပါရိုက်တဲ့ဆရာမကိုပြောချင်တယ်လူစိတ်ကလေးမွေးပေးပါ(လူဆိုရင်ပေါ့)...
ကျွန်မလည်းဆရာမတစ်ယောက်ပါ..။ဒီလိုလူမဆန်တာမျိုးကိုလုံးဝဆန့်ကျင်ပါတယ်..။ဆရာမ ဂုဏ်နဲ့မထိုက်တန်တဲ့အတွက် အလုပ်ကနေ အနားပေးသင့်ပါတယ်....
အခြေခံပညာအဆင့်မှာမပြောပါနဲ့ဦး မန်းလေး TU မှာတောင်မှကျောင်းအုပ်ကြီး ဒေါက်တာဇာနည်အောင်က Mechanical ကကျောင်းသားကို ညညသူ့အိမ်ရှေ့လာလာအော်နေတဲ့သူရဲ့ အသံနဲ့တူတယ်ဆိုပြီး အတန်းထဲမှာဘဲ တံတောင်နဲ့ထောင်းသေးတာ။ ကျောင်းသားကမကျေနပ်လို့ တိုင်မယ်လုပ်တော့ ခြိမ်းခြောက်တယ်ဆိုဘဲ။ ကျောင်းသားတွေထဲက မကျေနပ်တဲ့သူတွေကလည်း photo ၀ိုင်းရိုက်ထားကြလေရဲ့ဗျာ။ online ပေါ်မှာရှိပါတယ်ကြည့်ချင်ရင်။ ကြားထဲကမဆီမဆိုင် Mechanical ဌာနမှုးကတော့ Transfer ကျသွားလေရဲ့ ။ သူ့ကိုကျတော့အုပ်ချုပ်မှုကောင်းပါသဖြင့် ပညာတော်သင်အနေဖြင့် နိုင်ငံခြားကိုပို့ထားလိုက်ပါတယ်ခင်ဗျာ။
Post a Comment