ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ရန်ပုံငွေရရှိရန် အတွက် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲကို မန္တလေးမြို့တော် ဓမ္မပါလဗိမာန်တော်၌ ယနေ့ နံနက် ၉ နာရီတွင် ဖွင့်ပွဲကျင်းပသည်။

အဆိုပါပြပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသော်လည်း အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးအုန်းကြိုင်တို့တက်ရောက်ကြသည်။

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲကို MYANMAR ARTIST EYE အဖွဲ့နှင့်ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး၊ ပြင်ဦးလွင်၊ ချောင်းဦး၊ မိုးကုတ်၊ စစ်ကိုင်း၊ မင်းကွန်းမြို့ တိုမှ ပန်းချီပညာရှင်၂၄၈ ဦး၏ ပန်းချီကားပေါင်းသုံးရာကျော်ပြသထားသည်။

ဖွင့်ပွဲတွင် မန္တလေးမြို့ခံ တစ်ထောင်ကျော်ခန့်တက်ရောက်ခဲ့ပြီး ပြပွဲတွင်ရောင်းချရသော တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ပုံငွေအဖြစ် လှူဒါန်းရရှိမည်ဖြစ်ကြောင်း MYANMAR ARTIST EYE အတွင်းရေးမှူးကပြောကြားသည်။



 The Voice Weekly
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ Reviewed by သစ်ထူးလွင် on 17:14 Rating: 5

1 comment:

ပေါက်ပေါက်ဆုပ် said...

မိန့်ခွန်းပြောနေတုန်း မီးပျက်သွားတာက ပျက်သွားတာလား ..တမင်ဖျက်ပစ်တာလားဆိုတာ ပြောပါဦး ..ဖွင့်ပွဲမှာ အမေစု မလာတာတောင်မှ လူထု ဒီလောက်ဖြစ်နေတာ ။ အမေစုများလာလို့ကတော့ ဒီကောင်တွေကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ်..

Powered by Blogger.