ရန်ကုန်တိုင်း
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေက
ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို နိုင်ငံတော် အခွင့်အာဏာ
အလွဲသုံးစားမှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
ဇေကမ္ဘာ ကုမ္ပဏီက ရွှေနံ့သာကျေးရွာလယ်သမားတွေရဲ့ မြေတွေပေါ်မှာ
စက်မှုဇုန် အကောင်အထည်ဖော်နေတာ ဖြစ်ပြီး လတ်တလောမှာ ရပ်နားထားပါတယ်။
လယ်တွေသိမ်း
တုန်းက အစိုးရသိမ်းမှာမို့လို့ ဇေကမ္ဘာကုမ္ပဏီက ကြားဝင် ကရုဏာကြေး
ပေးတယ်လို့ ပြောပြီး တဧကကို သုံးသိန်းပေးလို့ ဒီအပြောကို
လယ်သမားတွေက ယုံကြည်ပြီး လယ်တွေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့်
နောက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီရဲ့ လှည့်ဖြားတာခံရတယ်လို့ လယ်သမားတွေက
ယူဆပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုင်လို့
စိမံကိန်းကို ရပ်ခိုင်းထားပါတယ်။
အခုတော့
လယ်သမားတွေက မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ
ဦးနေမျိုးဝေကို ကိုယ်စားလှယ်လွှဲပြီး ဦးခင်ရွှေနဲ့
ဦးဘိုကြီးဆိုသူကို တရားစွဲခိုင်းတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။
“အရောင်း
အဝယ်လည်း မရှိသလို လယ်သမားတွေကို ငွေပေးတယ်ဆိုတာလည်း ဟုတ်တယ်။
ဒါပေမယ့် အဲဒီမှာ အမှုအကြောင်းကို ပေါ်ပေါက်အောင် လုပ်ထားတာက
တောင်သူလယ်သမားတွေက မိမိတို့လယ်ကို မလုပ်စားချင်တော့လို့
တခြားစီးပွားရေး လုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ချင်တဲ့အတွက်
ကျေးရွာမြေယာကော်မတီကို သွားပြီးတော့ မြေအပ်နှံမယ် ဆိုတဲ့ဟာကို
လုပ်ထားတယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့ဝင် ဦးဘိုကြီးက ဓမ္မဝိဟာရ
ဓမ္မာရုံကို အကြိမ်ကြိမ် ခေါ်တွေ့ပြီးတော့ တောင်သူလယ်သမားတွေကို
နိုင်ငံတော်က သိမ်းပြီဆိုတဲ့အကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်
ပြောဆိုနေတာ။ အဲဒါနဲ့ ဦးခင်ရွှေ ကိုယ်တိုင်ကလည်း သူက နိုင်ငံတော်က
သိမ်းပြီလို့ လိမ်လည် လှည့်ဖြားပြီး ပြောတာ။ အဲတော့
ဦးဘိုကြီးနဲ့ ဦးခင်ရွှေတို့ကို ကျနော်တို့က တရားစွဲမှာပါ။
နိုင်ငံတော် အခွင့်အာဏာကို အလွဲသုံးစား လုပ်တဲ့အမှုနဲ့ တရားစွဲမယ်။
ရှေ့တပတ်ထဲမှာ ဖြစ်မယ်။ ”
တရားစွဲပြီး
တဲ့အခါ ဒေသခံတောင်သူတွေကို သီးစား ပြန်လည်ချထားပေးဖို့ ကျေးရွာ
မြေယာကော်မတီမှာ လျှောက်မယ်လို့လည်း ဆိုပါတယ်။
“ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့ ကိုယ်တိုင် စာထုတ်တာ ဇေကမ္ဘာကို
လယ်ပဲစိုက်ခိုင်းထားတာ။ ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်းတာကိုက
ရန်ကုန်တိုင်းဒေသကြီး အစိုးရက မှားနေပြီ။ နောက်ပြီး ဒီမှာရှိတဲ့
ဒေသခံတောင်သူတွေကို သီးစားပြန်ချထားပေးရမယ်။ ၁၉၅၃ ခုနှစ်
လယ်ယာစိုက်ပျိုးရေး ဥပဒေအရ၊ ၁၉၆၂ ခုနှစ် သီးစားချထားရေး ဥပဒေအရ
တောင်သူလယ်သမားတွေက လယ်လုပ်ဖို့ ဥပဒေနဲ့ ညီတယ်။ ဒါကတော့
ကျနော်တို့က ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာပဲ။”
လယ် ၁၃ ဧက ပါသွားတဲ့ ဒေါ်တင်စိန်က သူတို့ လှည့်ဖြားခံခဲ့ရတယ်လို့ ပြောပါတယ်။
“လက်မှတ်ထိုး
ခိုင်းတာကတော့ သူအတင်းထိုးခိုင်းတာ။ နိုင်ငံတော် သိမ်းတယ်ဆိုပြီး
ပြောတယ်။ အမှန်ကတော့ နိုင်ငံတော် မဟုတ်ရင် ရောင်းကို မရောင်းဘူး။
အဲ့မှာ ဦးခင်ရွှေက မရောင်းရင်လည်း တပြားမှ မရဘူး။ နိုင်ငံတော်က
သိမ်းတယ်ဆိုပြီးတော့ ပြောတယ်။ မင်းတို့ တင်တဲ့စာလည်း
အမှိုက်ခြင်းထဲ ရောက်သွားမယ်ဆိုတော့ လယ်သမားတွေက ကြောက်လန့်ပြီး
လက်ခံရတယ်။ ”
လယ်ဧက ၅၀
ပါသွားတဲ့ ဦးကျော်စိန်ကလည်း “အဲဒါဆိုရင် သူဌေး ကျနော်တို့
သားသမီးတွေက လယ်သမားဘဝနဲ့ပဲ ပညာရေး၊ စားဝတ်နေရေး လည်ပတ်နေရတာ။
အခုလို အသိမ်းခံရမယ်ဆိုရင် ကျနော်တို့ စာတင်မယ်လို့ ပြောတော့
ဦးခင်ရွှေက ခင်ဗျားတို့ စာတင်လည်း အမှိုက်ပုံးထဲပဲ ရောက်မယ်လို့
ငြိမ်းခြောက်တဲ့စကား ပြောတယ်”လို့ ဆိုပါတယ်။
အစိုးရနဲ့
နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို တရားစွဲဆိုတဲ့ကိစ္စမှာ
တရားရုံး၊ မီဒီယာ စသဖြင့် အချိန်ယူပြင်ဆင် ချိန်ဆနေတယ်လို့
ပြောဆိုပါတယ်။
ဒီဗွီဘီ
လယ်သမားက ဇေကမ္ဘာဦးခင်ရွှေကို တရားစွဲတော့မည်
Reviewed by သစ်ထူးလွင်
on
07:04
Rating:
9 comments:
တောင်သူလယ်သမားတွေဘက်က လုပ်သင့်လုပ်ထိုက်တာကိုတော့ ဆက်ပြီးလုပ်ဆောင်သင့်တဲ့ အချိန်လည်းဖြစ်သလို မလိမ့်တပါတ်နဲ့လှည့်စားပြီး အာဏာရှင်နဲ့ပေါင်း ဆင်းရဲတဲ့ပြည်သူတွေဆီက မလုပ်သင့်မလုပ်ထိုက် မစားသင့်မစားထိုက်တာတွေကို ခေါင်းပုံဖြတ်ပြီးဝါးမြိုခဲ့တဲ့ ၀ိသမလောဘသား ပြိတ်တာကြီး ခင်ရွေ ကိုအမြင်မှန်ရအောင် ထိုက်တန်တဲ့ အပြစ်တော့ပေးသင့်ပါတယ်..ခမက်အားကိုးနဲ့နှိင်ငံရေးလောကထဲရောက်လာတယ် နကန်းတလုံးမှ နှိင်ငံရေးနားမလည်ဘဲ အရာရာကို ငွေနဲ့ဖြေရှင်းရင် ရမယ်ထင်နေတဲ့ ခင်ရွေကိုဆုံးမပေးကြပါလို့...မေတ္တာရှေ့ထားပြီး မေတ္တာ ရပ်ခံလိုပါတယ်..။
မလိမ့်ဘဲနဲ တပါတ်လုပ်ချင်တဲ့သူ ၀ိုင်းတွယ်လိုက်။ လောဘအိုးတို့ရဲ့သွားရာ လမ်းလေးပြပေးလိုက်ကြပါ၊
ခင်ရွှေဟာလူတွေကိုအမြဲဘဲလိမ်လေ့ရှိပါတယ်။ လယ်သမားတွေကိုလိမ်ပြီးလယ်မြေသိမ်းတယ်။ မီဒီယာကိုလိမ်တယ်။ အစိုးရကိုလိမ်တယ်။ ပြည်သူတွေကိုလိမ်တယ်။ ဒေါက်တာဘွဲ့ရတယ်ဆိုပြီးလိမ်တယ်။ စာရိတ္တသတ္တိတပြားဖိုးမှမရှိတဲ့ ဒီလိုလူစားက ဘယ်လိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်ဖြစ်ထိုက်မလဲ။ ဒီလူရဲ့လုပ်ရပ်တွေဟာအရမ်းကိုတရားလွန်နေပါဘီ။ ပိုက်ဆံရဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမကြည့်တဲ့ ပိုက်ဆံရဲ့ကျေးကျွန်ပါ။ သာမန်တပ်ကြပ် စစ်သားဘဝကနေ ၁၉၈၈ လောက်ကစပြီး နှစ်၂၀ လောက်အတွင်းမှာ ဘာပညာမှလည်းမတတ်ဘဲနဲ ဗိုလ်ခင်ညွန့်ကောင်းမှုနဲ့ သူကြွယ်ကြီးဖြစ်လာတဲ့သူပါ။ မတရားတဲ့နည်းနဲ့ ခြိမ်းခြောက်အာဏာပြ လိမ်လည်ပြီးတော့ဘဲပိုက်ဆံရှာတတ်ပါတယ်။ တကယ်တမ်း စီးပွားရေး ၊ နိုင်ငံရေးတို့နဲ့ပက်သတ်ပြီးအရည်အချင်းမရှိပါဘူး။ ဒီလိုလူမျိုးလွှတ်တော်ထဲရှိနေတာဟာ တိုင်းပြည်အတွက်မွေပွေးခါးပိုက်ပိုက်ထားရသလိုပါဘဲ။ အပြီးတိုင်လွှတ်တော်ထဲမှမောင်းထုတ်ဖို့ ကြိုးစားသင့်ပါတယ်။
ခင်ရွှေလိုလူမျိုးတွေကို လမ်းဆက်လျှောက်ခွင့်မပေးကြပါနဲ့။
ဒီလူသွားရာ လမ်းဘေးဝဲယာကလူတွေကို ဆူးခက်တွေကိုင်ပြီး
ဝှေ့ယမ်းသွားတယ်။
အဲဒါ အမှန်ပဲ ခမည်းခမက် အားကိုးနဲ့  လူပါးဝ နေတာကြာပြီ . . ဒေါက်တာ အတု ခင်ရွှေ လို့ အများသိထားတဲ့  ခင်ရွှေက ငွေကလွဲပြီး ဘာမှ မသိတဲ့ လူပွကြီးပါ . . . ကိုယ်စားမဲ့ ဆန်ကို စိုက်ပေးနေတဲ့ လယ်သမားတွေကို လယ်လုပ်စားစရာမရှိအောင်လုပ်တော့ သူ့ သားနဲ့ သမီးကလယ်ထဲ ဆင်းပြီး စိုက်ပေးမှာမို့ လား ပြောရရင်မကောင်းဘူး. . .
ကိုခင်ရွှေ ပြောရရင်လည်း အောင်မင်းလွန်ရာကျမယ်ဗျာ။
သမတကြီးရေ...
တကယ်နိုင်ငံကိုတိုးတက်စေချင်တယ်၊ Clean gov. ဖြစ်ချင်တယ်ဆိုရင်တော့ အဲဒီလိုကိစ္စရပ်တွေကို ထဲထဲဝင်ဝင် စုံစမ်းအရေးယူသင့်နေပြီ။ အာဏာအလွှဲသုံးစားလုပ်တဲ့ ဖြစ်ရပ်တွေ နေရာတော်တော်များများမှာ ကျန်နေသေးတယ်။
အသက်(၁၀)နှစ်ပြည့်ရင် မှတ်ပုံတင်လျှောက်ခွင့်ရှိသလို (၁၈)နှစ်ပြည့်ရင် မှတ်ပုံတင်လဲလှယ်ရပါတယ်။ မှတ်ပုံတင်ကိုင်ဆောင်ခွင့်ရှိပြီး အသက်(၅၀)-(၆၀) ရှိတဲ့သူတစ်ယောက်က လှည့်ဖြားခံရပြီး လက်မှတ်ထိုးခိုင်းတိုင်း ထိုးရပါတယ်ဆိုတာ စဉ်းစာစရာပါ။
နိုင်ငံတော်မှာ ငြိမ်းချမ်း ပြီးသာယာဝပြောနေမယ်ဆိုရင် လူတိုင်းရဲ့စိတ်ချမ်းသာမှုတစ်ခုပါ။
အကောင်းအဆိုးသတင်းနှစ်ခုမှာ မှန်ကန်တဲ့သတင်းဖြစ်ဖို့လိုပါတယ်။ တိုင်းပြည်ကိုတည်ငြိမ်မှုမရှိစေတဲ့ သတင်းဆိုးတွေရေးတဲ့သူကတော့ ခေတ်ပြောင်းသွားခဲ့ရင် သာကူးဆက်လုပ်ဦးမှာပဲ။
အသက်(၁၀)နှစ်ပြည့်ရင် မှတ်ပုံတင်လျှောက်ခွင့်ရှိသလို (၁၈)နှစ်ပြည့်ရင် မှတ်ပုံတင်လဲလှယ်ရပါတယ်။ မှတ်ပုံတင်ကိုင်ဆောင်ခွင့်ရှိပြီး အသက်(၅၀)-(၆၀) ရှိတဲ့သူတစ်ယောက်က လှည့်ဖြားခံရပြီး လက်မှတ်ထိုးခိုင်းတိုင်း ထိုးရပါတယ်ဆိုတာ စဉ်းစာစရာပါ။
နိုင်ငံတော်မှာ ငြိမ်းချမ်း ပြီးသာယာဝပြောနေမယ်ဆိုရင် လူတိုင်းရဲ့စိတ်ချမ်းသာမှုတစ်ခုပါ။
အကောင်းအဆိုးသတင်းနှစ်ခုမှာ မှန်ကန်တဲ့သတင်းဖြစ်ဖို့လိုပါတယ်။ တိုင်းပြည်ကိုတည်ငြိမ်မှုမရှိစေတဲ့ သတင်းဆိုးတွေရေးတဲ့သူကတော့ ခေတ်ပြောင်းသွားခဲ့ရင် သာကူးဆက်လုပ်ဦးမှာပဲ။
Post a Comment