ကချင် စစ်ဘေး ဒုက္ခသည် ၁ သိန်းဝန်းကျင်အတွက် အကူညီများစွာ လိုအပ်နေ

ကချင် စစ်ဘေး ဒုက္ခသည် သိန်းဝန်းကျင်အတွက် အကူညီများစွာ လိုအပ်နေကြောင်း ၄င်း စစ်ဘေး ဒုက္ခသည်များကို သွားရောက်ကူညီပေးသည့် အဖွဲ့မှ ဖေဖော်ဝါရီလ (၁၁)ရက် ညနေ (၃း၀၀)နာရီ တော်ဝင်နှင်းဆီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသိပေးပြောဆိုသည်။


 
ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ကြောင့် စစ်ဖြစ်ပွားရာ ဒေသတွင် နေထိုင်ကြသော ကချင်၊ ရှမ်း၊ တရုတ်လူမျိုးများ (သိန်းဂဏန်းဝန်းကျင်)သည် အိုမဲ့အိမ်မဲ့ဖြင့် စစ်ဘေးကို တိမ်းရှောင်နေရပြီး ၄င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အသက်အန္တရာယ်မှာ စိုးရိမ်နေရကြောင်း သိရသည်။
 
အဆိုပါ စစ်ဘေး ဒုက္ခသည်များနေထိုင်သော နေရာများတွင် အမိုးအကာများ ဟောင်းနွမ်းပျက်စီးခြင်းများ၊ ရာသီဥတုဒဏ်ကြောင့် တဲများပျက်စီးခြင်းများ၊ တဲ အသစ်ဆောက်ရန်အတွက် နေရာအခက်ခဲရှိခြင်း၊ မိသားစု များသည်လည်း ခိုင်ခန့်လုံခြုံမှု့ မရှိသောတဲများတွင်နေရခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
 
သူတို့ဆီမှာက အစားအသောက်အတွက်လည်း လိုအပ်တယ်၊ အ၀တ်အထည်နဲ့ စောင်တို့လည်း အသုံးအဆောင်ပစ္စည်းတွေလည်း မရှိဘူး၊ ခု အအေးလိုင်းဖြတ်မယ်လို့ ကြားတယ်၊ အဲလိုဆိုရင် သူတို့တွေအတွက် အရမ်းစိုးရိမ်စရာ အနေအထားကိုရောက်နေပါပြီဟု အဖြူရောင် တွဲလက်များ အဖွဲ့မှ မမေရီဇော် ကပြောသည်။ 
တန်းလျားများတွင် နေနေရသောကြောင့် ရောဂါကူးစက်ခြင်းများလည်းရှိကြောင်နှင့် အစားအသောက် အခက်အခဲ၊ သေက်သုံးရေနှင့် အိမ်သာအခက်အခဲ ကျန်းမာရေးအခက်အခဲများ အမျိုးသမီးများသည်လည်း ကိုယ်ဝန်ပျက်ကျခြင်းများနှင့် အခြားကူးစက်ရောဂါများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ 
သတင်းစာရှင်းလင်းပွဲကို ကချင် စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အကူညီပေးရေး ပူပေါင်းဆောင်ရွက်မှု့ ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပြီး အဆိုပါ ကူညီပေးသည့်အဖွဲ့ကို အဖြူရောင် တွဲလက်များဟု အမည်ပေးထားပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှု့ကူညီရေးအသင်းများ၊ လူငယ်အဖွဲ့များ စုစုပေါင်း အဖွဲ့ (၁၀)ဖွဲ့ ခန့်နှင့် ဖွဲ့ထားကြောင်း သိရှိရသည်။
အဆိုပါ ကချင်ပြည်နယ် ပြည်တွင်းစစ်သည် () ကျော်ကြာမြင့်နေပြီး စစ်ဘေးဒုက္ခသည် ()သိန်းဝန်း ကျင်ခန့် ရှိကြောင်နှင့် အဖက်ဖက်မှ အကူညီများ လိုအပ်လျက်
ရှိကြောင်း သိရှိရသည်။

 ထွန်းနေအောင်(ရွှေမြစ်မခ)

ကချင် စစ်ဘေး ဒုက္ခသည် ၁ သိန်းဝန်းကျင်အတွက် အကူညီများစွာ လိုအပ်နေ ကချင် စစ်ဘေး ဒုက္ခသည် ၁ သိန်းဝန်းကျင်အတွက် အကူညီများစွာ လိုအပ်နေ Reviewed by သစ်ထူးလွင် on 12:47 Rating: 5

No comments:

Powered by Blogger.