အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့
ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့
သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို
မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ပါတယ်။
တရားခံ ကိုဖြိုးဝေအောင်က သက်သေအဖြစ် ထွက်ဆိုတဲ့ရုံးချိန်းမှာ အခုလို အရေးယူခံရတာပါ။
အစိုးရရှေ့နေတွေက တရားလိုပြသက်သေတွေရဲ့ ထွက်ချက်တွေကို ကြိုတင်ယူထားပြီး
တရားရုံးကို တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ကိုဖြိုးဝေအောင်က အဲဒီလို
မဖြစ်သင့်ကြောင်း ခုခံချေပ ထွက်ဆိုခဲ့တာကို အစိုးရရှေ့နေက ရုံးတော်ကို
မထေမဲ့မြင်ပြုမှုနဲ့အရေးယူပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့ရုံးချိန်းမှာ
လျှောက်ထားတာကို တရားသူကြီးက
ဒီကနေ့ လက်ခံလိုက်တာဖြစ်ကြောင်း ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးက
ပြောပါတယ်။
မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ဟာ ပြောင်းလဲတိုးတက်မှု မရှိသေးဘူးဆိုတာ
ကိုဖြိုးဝေအောင်အမှုက သက်သေပြနေတယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။
၂၀၁၀ ပြည့် X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကိုဖြိုးဝေအောင်ကို
ကြိုတင်သတ်ဖြတ်ရန်ကြံစည်မှု၊ ဗုံးဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊
မတရားအသင်း ဆက်သွယ်မှုစတဲ့ ပုဒ်မ ၄ နဲ့အတူ စွဲချက် ၆ ချက်နဲ့
ရုံးထုတ်စစ်ဆေးခဲ့တာ ၂ နှစ်နီးပါးရှိပြီဖြစ်ပါတယ်။
RFA
RFA
ကိုဖြိုးဝေအောင်နဲ့ ရှေ့နေနှစ်ဦးကို ရုံးတော် မထေမဲ့မြင်ပြုမှုနဲ့ အရေးယူ
Reviewed by သစ်ထူးလွင်
on
05:03
Rating:
4 comments:
မကျေနပ်ရင် မကျေနပ်တဲ့သူကိုဘဲ လုပ်ကြပါ.... ဘာမှအပြစ်မရှိတဲ့ ပြည်သူတွေကိုတော့ ဘာဒုက္ခမှ မပေးကြပါနဲ့.... ကိုယ့်ထမင်းကိုယ်စားပြီး အားလုံးက အေးအေးနေနေကြတာပါ ကိုယ့်ကြောင့်သူများ မျက်ရည်ပေါက် ကြီးငယ် မကျပါစေနဲ့.... တရားခံ အစစ်ဖြစ်ခဲ့ပါက သေဒဏ်သာ ပေးလိုက်ကြပါ.... သူများကို ဒုက္ခပေးချင်ရင် ကိုယ်လည်း အဲဒုက္ခကို မြည်းစမ်းရမှာဘဲ
အပေါ်က Killer နဲ့ A Mhan Tha Yar ခင်ဗျား
X2O ဗုံးခွဲတာထောက်လှမ်းရေးကဆိုတာ အခုထိမသိသေးဘူးလား
အပေါ်ကကွန့်မန့်ရေးသူ. killer and a mhan tha yar ..ရေ.
လေ့လာအုန်းဗျ..ခင်ဗျားတို့ရေးတဲ့ကွန့်မန့်က ကိုဝေဖြိုးအောင်ကပဲ ဗုံးခွဲတဲ့သူ
ဖြစ်နေတယ်ဗျ..ဗုံးခွဲတဲ့သူဟာသူတို့အုပ်စုထဲကဖြစ်နေတယ်ဗျ..ဆိုတော့အရေး
ယူရအောင်ကလည်း နံပါတ် ၀မ်းကနေသရီးဆိုတဲ့အဆင့်ထဲကလူတွေဖြစ်နေ
တာကြောင့်အမှုမှန်မဖေါ်ရဲဘူးလေ.ဒါကြောင့် ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ဆို
သလို ကိုဝေဖြိုးအောင်ကိုတရားခံလုပ်ပြီးဆွဲစီပြီးသူတို့ထောက်လှမ်းရေးကပဲ
တော်သယောင်ယောင်..အစစအရာအရာကြိုသိနေသယောင်ယောင်နဲ့ပြည်
သူတွေအထင်ကြီးအောင်.ပြည်သူတွေကြောက်လာအောင် .ဖိန့်လုံးတွေနဲ့
မပြစ်မရှိတဲ့သူကိုအပြစ်ရှာပြီးတရားခံလုပ်ပြစ်တာပါ..
သေချာလို့လား aprilaung
သိထားတာတွေရှိရင် online မှာဖွင့်ချသင့်တယ်၊
အမှန်တရားနဲ့ နစ်နာခဲ့တဲ့လူတွေအတွက် ဒီလောက်ကတော့
အချိန်ပေးသင့်တယ်။
comment ရေးရုံနဲ့မလုံလောက်ဘူး။
ဒီလောက်အပြစ်ကြီးတဲ့လူတစ်ယောက်ကို ရုံးထုတ်နေတာ ၂နှစ်ရှိပြီ အခုထိအမိန့် မချနိုင်သေးတာ ဘာကြောင့်လဲ၊ တရားခံက ဘာတွေချေပနိုင်လို့လဲ။
အပြစ်ရှိတဲ့လူ ၁၀ ယောက် လွတ်သွားတာထက် အပြစ်မရှိတဲ့လူ ၁ ယောက်ကို မှားယွင်းအပြစ်ဒါဏ် မချမိဖို့လိုတယ် လို့ဆိုထားတယ်မလား။ ။
Post a Comment