ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ



ဆရာတော်ကြိးကို ကြည်ညိုတဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားလုပ်ရပ်အတွက် မချိတင်ကဲ မျက်ရည်ကျခဲ့ကြရတယ်ဗျာ..
 ဒီကနေ့ ၁၆ရက်နေ့ မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော်များမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွရောက် ချီးမြှင့်ခဲ့ပါတယ်..။

ဆရာတော်ကို ကြည်ညိုကြတဲ့ တပည့်ဒါယိကာများ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး၊ ဗကသများအဖွဲ့ချုပ်နဲ့ အခြားလူမှုရေး အဖွဲ့ဝင်များ လိုက်ပါ ကုသိုလ်ယူခဲ့ကြပါတယ်..။ ရရှိတဲ့လှူဖွယ် ပစ္စည်းများနဲ့ အလှူငွေများအား လှိုင်သာယာမီးဘေး ဒုက္ခသည်များအား ဆက်လက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ဆရာတော်ကို ကြည်ညိုတဲ့ ဒကာမတဦးရဲ့ ငိုကြွေးနေတဲ့ စိတ်မကောင်းဖွယ် မြင်ကွင်းပါ...
အမှန်တရားဘက်က ထောက်ခံကြတဲ့ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ပြည်သူအများစုပါ။ အနည်းစုရဲ့ အဓမ္မ ဆုံးဖြတ်ချက်ကို လက်ခံရတော့မယ့် အနေအထားကို ရောက်နေရတာပါ။
 အမှန်တရားအတွက် ကျခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်ရည် သစ္စာဖြစ်ပြီး အဓမ္မဝါဒီများအပေါ် သစ္စာဖြင့် အောင်နိုင်ပါစေ..
 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်း၊ မမီးမီး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ
ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ Reviewed by သစ်ထူးလွင် on 01:15 Rating: 5

12 comments:

Anonymous said...

အဆိပ်ထုတ်ပေးမယ်ဆိုပြီးစင်ပေါ်မှာကနေတာအေ၇ာင်ဆောင်နေတာကြတော့၊အားပေးအားမြှောက်လုပ်နေတယ်၊၊ကိုယ့်လူမျိုးတွေ၇ဲ့လှပတဲ့အနာဂတ်အတွက်ဖန်ဆင်းပေးတဲ့ဘု၇ားသားတော်စစ်စစ်တွေကြတော့အကြောင်းအမျိုးမျိုးနဲ့အေ၇းယူနေတယ်၊၊လုပ်နိုင်ကြပါ၊မင်းတို့အင်အား၊၊မင်းတို့ဒေါသ၊မင်းတို့လောဘကို၊၊မိုးကောင်းကင်နဲ့မြေကြီးသက်သေ၊၊သေပါစေသား၊အမိုက်သားများ၊၊

မင်းညီ said...

ဗုဓ္ဓဘာသာဆိုတာ မစ္ဇိမပဋိပဋာ ဆိုတဲ့ အလယ်အလတ် လမ်းစဉ်ပါ...အခုတော့ ဘာသာတရားအထွန်းကားဆုံးဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ ရှေ့ဆောင် မြန်မာပြည်က သံဃာ့ဦးသျှောင် (မဟန) အဖွဲ့ ကိုယ်တိုင် ကိုက အဓမ္မ ဝါဒီ တရားမဲ့စွာဖြင့် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက်တရားဟောပြသွန်သင်ဆုံးမ နေသော ဆရာတော်တပါးကိုမှ အညိုးကြီးမားစွာ လိုက်လံတားဆီး အရေးယူနေတာဟာ...တခြားဘာသာဝင်တွေကဘယ်လိုထင်ကြမလဲ.....အရှင်ဘုရားတို့လုပ်ရပ်ဟာ ဘာလဲ..ဘယ်လဲ...

အမြင်သစ် said...

လူလူချင်းဖျက်၊ သာသနာပျက်ပြီ၊
ဒို့နိုင်ငံမှာ အယောင်ဆောင်ဗုဒ္စဘာသာဝင်တွေ၊ မိရိုးဖလာဗုဒ္စဘာသာဝင်တွေဘဲ ကြီးစိုးနေကြတော့။တခြားဘာသာဝင်တွေ တခြားလူမျိုးတွေ ကဲ့ရဲ့စရာဖြစ်ပြီပေါ့။ သာသနာရေးဝန်ကြီးဌာနကလူတွေ၊ ဘာသာပြောင်းကြပါဗျာ။

lu gyi said...

အပယ်တံခါးပိတ်ချင်ရင် အသိတရားရကြပါတော့လို့ သက်ဆိုင်သူများသို့ ပန်ကြားလိုပါတယ်
ကောင်းကင်တံခါးပွင့်မှ ဘ၀ကူးကောင်းမှာပါ

Numega said...

ပြုသူ၊ ဖြစ်သူ၊ ကြုံရသူ အားလုံး အတွက်အလွန့်အလွန်ကို စိတ်မချမ်းမြေ့စရာပါ။

Nwe Yin Win said...

ပြုသူအသစ် ဖြစ်သူအဟောင်းပါ၊ အခုလိုဖြစ်ရတာဟာ ရွေညဝါဆရာတော် အပါအဝင် ဆရာတော်အားလုံး ရဲ့ ယခင်ဘဝ ယခုဘဝ ကံအကျိုးကြောင့်ပါ၊
ဒီ့အတွက် မိမိရဲ့ အကုသိုလ် မဖြစ်အောင် သတိထားစေချင်ပါတယ်။

123456 said...

ဆရာတော်ကို. . Tiger Beer ကပ်သလိုဖြစ်နေတယ်ဗျ။ အိမ်မှာတခြားခွက်မရှိလိုလား.? ဒါမှမဟုတ်. .. ရရာခွက်နှင့်ကမန်းကတန်း ကပ်လိုက်ရလို့ဖြစ်မယ်ထင်ပါတယ်။

Ko Phyo said...

လုပ်တော့မယ်ဆိုရင် လုပ်သင့်လားဆိုတာကို အရင်ဆုံးပြန် ဆန်းစစ်ဖို့လိုပါတယ်၊ ပြည်သူချစ်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့အတွက် ပြည်သူမြတ်နိုးတဲ့ သာသနာကို အစွန်းခံလို့မဖြစ်ပါဘူး၊ ပြောင်းလဲမှုတစ်ရပ်ဆိုတာ အပေါ်ယံပဲလုပ်လို့မရပါဘူး၊ အပြင်က အနာကိုဆေးလိမ်းပေးပြီး အတွင်းက နှလုံးသည်းပွတ်ကို နင်းချေပစ်မှတော့ သမ္မတကြီးရယ်၊ နည်းနည်းလေးတော့ -------------

Anonymous said...

မြန်မာနိုင်ငံမှာ ဆရာတော်ကြီးတွေ အများကြီးရှိကြပါတယ်... ဒီဆရာတော်ကိုမှ အာဏာပိုင်တွေ တားမြစ်တာတွေ လုပ်တယ်ဆိုတော့
ဆရာတော်အကြောင်းကို နည်းနည်းလေ့လာလိုက်အုံးမယ်...
စိတ်မရှိနဲ့ ကျွန်တော်က ဘုန်းကြီးဆိုရင် ၀ိနည်းနဲ့ညီတဲ့ ဘုန်းကြီးမှ ရှိခိုးတာလေ...ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်နေလို့ဗျ...

the` maung said...

ဆရာတော်ကြီးအား လေးလေးနက်နက် ရှစ်ခိုးပါသည် ဘုရား။။

dingyi said...

ဘာတွေလဲကွာ ဒီဘုန်းကြီးတစ်ပါးအတွက် ဒီလောက်ပြောနေစရာမလိုပါဘူး

အမြင်သစ် said...

ကိုညီထွေးရေ ဆရာတော်တွေကို အာဏာပိုင်တွေတားဆီးပိတ်ပင်၊ ဖမ်းဆီးထောင်ချနေတာကြာပီဗျ။
ဒီဆရာတော်မှ မဟုတ်ဘူး။ သူတို့အလိုကျ ရေငုံနှုတ်ပိတ်နေတဲ့ဆရာတော်တွေကျတာ့ လိုလေသေးမရှိကိုးကွယ်ထားပီး။ ဘွဲ့တံဆိပ်ကြီးတွေ အပ်နှင်းထာတာပေါ့ဗျာ။ ဒါလေးတောင်မသိဘူးလားဗျ။ ရွှေည၀ါဆရာတော်အကြောင်းလဲလူစစ်စစ်တွေအကုန်သိပါတယ်။ အော် ..ဒါနဲ့ ဘုန်းကြီးဝိနည်းကဘာတွေလဲဗျ။ နည်းနည်းရှင်းပြပါအုံး။

Powered by Blogger.