ဝေးလံခေါင်သီအရပ်များမှ ၀န်ထမ်းများကို ရှားပါးစရိတ်တိုးပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၆
ယခုနှစ် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဝေးလံခေါင်သီသော အရပ်ဒေသများမှ နိုင်ငံ့ဝန်ထမ်းများ၏ ရှားပါးစရိတ်များအား တိုးပေးသွားမည်ဖြစ်ပြီး ၀န်ထမ်းများ၏ လစာတိုးမြှင့်ရေးအတွက်ကိုမူ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်မှ တိုးပေးမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသွားသည်။

ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြည်ထောင်စုအစိုးရကိုယ်စား၊
နိုင်ငံတော် သမ္မတကြီးကိုယ်စား ပြောကြားသွားခြင်းဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၀န်ထမ်းလစာများတိုးပေးရန်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် အခွန်များ၊ ငွေလုံး ငွေရင်းအသုံးစရိတ်များ၊
ငွေကိုင်စာချုပ်ရောင်းချခြင်းများအစရှိသည့် ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေများအား ပြင်ဆင်ပြီးမှသာ တိုးမြှင့်ပေးရန် စီစဉ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
 7Day News Journal
 
ဝေးလံခေါင်သီအရပ်များမှ ၀န်ထမ်းများကို ရှားပါးစရိတ်တိုးပေးမည် ဝေးလံခေါင်သီအရပ်များမှ ၀န်ထမ်းများကို ရှားပါးစရိတ်တိုးပေးမည် Reviewed by သစ်ထူးလွင် on 18:46 Rating: 5

No comments:

Powered by Blogger.