ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်တရား​မျှတမည်ဟု ဦး​ရွှေမန်း​ ကတိ​ပေး


လာမယ့် ​ဧပြီ ၁ ရက်မှာ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ လွတ်လပ်မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်လိမ့်​မယ်လို့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က နိုင်ငံတကာကို ကတိပြု ​ပြောကြား​လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အီး​ယူ ဥ​ရောပသမဂ္ဂ ဖွံ့​ဖြိုး​ရေး​ကော်မရှင် အကြီး​အကဲ Andris Piebalgs (အန်ဒရစ်ပီ ယာဘဂ်)နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံ ​ပြောကြား​လိုက်တာလို့​ အီး​ယူ အင်တာနက် ဝက်ဆိုက်မှာ သတင်း​ ထုတ်ပြန်ထား​ပါတယ်။
သူရဦး​ရွှေမန်း ​က “ကျ​နော်တို့​ လိုအပ်တဲ့​ အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ လုပ်​ဆောင်ထား​ပါတယ်။ ဒါ့​ကြောင့်​ လာမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ လွတ်လပ်မျှတပြီး​ အများ​ယုံကြည် လက်ခံနိုင်ပါလိမ့်​မယ်”လို့​ ​ပြောကြား​ခဲ့​ကြောင်း​ သတင်း​မှာ ​ဖော်ပြပါတယ်။
အီး​ယူ ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် မစ္စတာ အန်ဒရစ်ပီယာဘဂ်ဟာ “သမ္မတဦး​သိန်း​စိန်နဲ့​လည်း​ တံခါး​ပိတ် ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပြီး​ မြန်မာနိုင်ငံမှာ ဖြစ်ပျက်​နေတာ​တွေဟာ အား​တက်စရာ ဖြစ်တယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ မျက်စိဖွင့်​ပြီး​ ဆက်ကြည့်​နေရပါတယ်။ ခုဖြစ်ပျက်​နေတာ​တွေနဲ့​ ပတ်သက်ပြီး​ သ​ဘောမတူညီမှု​တွေ ရှိ​နေနိုင်ရင်​တောင် ပြုပြင်​ပြောင်း​လဲမှု​တွေဟာ အမှန်တကယ် ဖြစ်​နေတယ်ဆိုတာ ဘယ်သူမှာ သံသယ မရှိပါဘူး​”လို့​ ​ပြောကြား​ခဲ့​ပါတယ်။
အီး​ယူ ဥ​ရောပသမဂ္ဂအဖွဲ့​မှာ ဂျာမနီ ဖွံ့​ဖြိုး​ရေး​ဝန်ကြီး​ Dirk Niebel လည်း​ လိုက်ပါသွား​ပြီး​ ၃ ရက်ကြာ ခရီး​စဉ်အတွင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​စီစဉ်ထား​တယ်လို့​ သိရပါတယ်။
မြန်မာ​ခေါင်း ​ဆောင်​တွေကို ဗီဇာပိတ်ပင်ထား​မှု အီး​ယူက ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလမှာ စတင် ပယ်ဖျက်​ပေး​လိုက်ပြီး​ အ​မေရိကန် ​ဒေါ်လာသန်း​ ၂ဝဝ​လောက်နဲ့​ ညီမျှတဲ့​ ယူရို​ငွေ သန်း​ ၁၅ဝ​လောက် လာမယ့်​ ၂ နှစ်အတွင်း​ ကူညီမယ်လို့​ ကတိပြုထား​ပါတယ်။
ဂျာမနီဖွံ့​ ဖြိုး​ရေး​ဝန်ကြီး​က​တော့​ ​ရွေး​ကောက်ပွဲ လွတ်လပ်မျှတပြီး​ ဒီမိုက​ရေစီနည်း​ကျမယ်ဆိုရင် ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူမှု​တွေ ရုပ်သိမ်း​ဖို့​ ​မျှော်လင့်​ပါတယ်လို့​ ​ပြောပါတယ်။ 
ဒီဗွီဘီ
ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်တရား​မျှတမည်ဟု ဦး​ရွှေမန်း​ ကတိ​ပေး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်တရား​မျှတမည်ဟု ဦး​ရွှေမန်း​ ကတိ​ပေး​ Reviewed by သစ်ထူးလွင် on 05:51 Rating: 5

2 comments:

သူရိယ said...

ရွေးကောက်ပွဲနေ့တစ်ရက်ထဲကိုကြည့်ပြီးတော့လဲ တရားမျှတတယ်လို့ပြောလို့မရပါဘူး။ ယခုမဲဆွယ်စဉ်အခါမှာ NLD အနေနဲ့ အနှေက်အယှက်တွေကြုံတွေ့နေရပါတယ်။ ဥပမာ ဗထူးကွင်းငှားမရတဲ့ကိစ္စမျိုးပေါ့။ ပြီးတော့ပုသိမ်မှာဒေါ်အောင်ဆန်းစုကြည်လာမည့်နေ့မှာ ကျောင်းတွေမှာ ပုံမှန်မဟုတ်တဲ့စာမေးပွဲတွေဖြေခိုင်းတာမျိုး ၊ ပြီးတော့မကွေးတိုင်းမှာ စာပေဟောပြောပွဲတွေကို ခွင့်မပြုတာမျိုး ၊ ရွှေညဝါဆရာတော်တို့ ဥူးသုမဂ်လတို့လို ဆရာတော်တွေကိုတရားဟောခွင့်ပိတ်တာမျိုး အစရှိသဖြင့် ပြည်သူတွေအပေါ်မှာ သြဇာရှိတဲ့ဆရာတော်တွေရဲ့တရားပွဲနဲ့ စာပေသြဇာရှိတဲ့ ဆရာအော်ပီကျယ်တို့ ဆရာမောင်သာချိုတို့ တွေလိုပုဂ္ဂိုလ်တွေရဲ့ ဟောပြောပွဲတွေမှာနိုင်ငံရေးနဲ့ပတ်သက်တာတွေ ပါလာမှာကိုကြိုကာကွယ်တဲ့သဘောပါ။ ဒါဟာလွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ သဘောကိုဆောင်ပါတယ်။ ပြီးတော့အောင်သိန်းလင်းတို့လိုလူတွေရဲ့ ခြိမ်းခြောက်မှုမျိုးတွေ နဲ့ မဲဝယ်တဲ့အနေအထားမျိုးတွေလဲရှိပါသေးတယ်။

ရာရာ said...

မောင်ရွှေမန်းရေ...မောင်ရင်တို့ တိတ်တိတ်လေးနေပေးပါလား..အဲ့လိုအသံကောင်းဟစ်လေ ဒီကစိုးရိမ်လေ ဖြစ်နေမိလို့ပါ...အပြောကတော့ ရွှေမန်းပဲ ဆိုတဲ့စကားနဲ့ တော်တော်ကိုက်နေပြီ..ကျုပ်တို့က အလုပ်နဲ့သက်သေပြတာပဲလိုချင်နေကြတာလေ...

Powered by Blogger.