လွတ်မြောက်သံဃာတော်တွေ သိက္ခာထပ်ပွဲ နဲ့ လွတ်မြောက်လာသူတွေ ကြိုဆိုတဲ့ပွဲကို ကျင်းပခွင့် ပိတ်ပင်ခံရ (ရုပ်/သံ)

ဖေဖော်ဝါရီလ (၄) ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပေါက်စေတီမှာ ကျင်းပပြုလုပ်မယ့် လွတ်မြောက်သံဃာတော်တွေ သိက္ခာထပ်ပွဲ နဲ့
လွတ်မြောက်လာသူတွေ ကြိုဆိုတဲ့ပွဲကို ကျင်းပခွင့် ပိတ်ပင်လိုက်တာကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ ရွှေတောင်ကျောင်းတိုက်ကို ပြောင်းရွှေ့ပြုလုပ်ခဲ့ရပါတယ်။
အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ သံဃာတော် (၃၄) ပါးကို သိက္ခာထပ်ပေးဖို့အတွက် ရည်စူးကျင်းပတဲ့ဒီပွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့
ခွင့်ပြုမိန့် မရတာကြောင့် ရွှေတောင်ကျောင်းကို ပြောင်းရွှေ့ကျင်းပခဲ့ရတာပါ။
ရွှေတောင်ကျောင်းတိုက်မှာတော့ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သံဃာတော်တွေကို သိက္ခာထပ်ပွဲ မပြုလုပ်နိုင်ခဲ့ဘဲ အလှူပွဲသာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
 
ဘားမားဗီဂျေ
 
လွတ်မြောက်သံဃာတော်တွေ သိက္ခာထပ်ပွဲ နဲ့ လွတ်မြောက်လာသူတွေ ကြိုဆိုတဲ့ပွဲကို ကျင်းပခွင့် ပိတ်ပင်ခံရ (ရုပ်/သံ) လွတ်မြောက်သံဃာတော်တွေ သိက္ခာထပ်ပွဲ နဲ့ လွတ်မြောက်လာသူတွေ ကြိုဆိုတဲ့ပွဲကို ကျင်းပခွင့် ပိတ်ပင်ခံရ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 20:11 Rating: 5

No comments:

Powered by Blogger.