၂၀၁၁ခုနှစ်အတွက် ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း ၇၅၀၀ မပေးနိုင်သဖြင့် နောက်ကျကြေးများထပ်မံတိုးပွားလျက်ရှိ

7217
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားနေစဉ်
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိစေ့ရောက်ပြီး အချိန်မီပြန်လည် ပေးချေနိုင်ခြင်း မရှိသေးသည့် ပြည်ပ ကြွေးမြီပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကျော်ရှိသဖြင့် နောက်ကျကြေးများ ထပ်မံတိုးပွား လျက်ရှိသဖြင့် ကြွေးမြီပြဿနာ ဖြေရှင်းနိုင်ရန်အတွက် ဂျပန်နိုင်ငံ၊ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းချေးငွေများ အတွက် ပေးဆပ်ရန် အများဆုံး ကျန်ရှိသော နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ကြောင်း သိရှိရ

ဝန်ကြီးဦးလှထွန်းက “နိုင်ငံ တော်အနေနဲ့ ပြည်ပချေးငွေများအပေါ် ပေးဆပ်ရန်ကြွေးမြီ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၁၀၂၃ ဒသမ ၂၉၈ ရှိကြောင်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယင်းအနက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စေ့ ရောက်ပြီး မပေးချေရသေးသည့် ငွေမှာ အရင်းနှင့်အတိုး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၃၉ ဒသမ ၉၀၈ ဖြစ်ပါတယ်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၃၉ ဒသမ ၉၀၈ တွင် အများစုမှာ ၁၉၈၈ ခုနှစ်မတိုင်မီ ချေးယူခဲ့သော ချေးငွေများဖြစ်ပြီး အချိန်မီပေးချေနိုင်ခြင်း မရှိသောကြောင့် နောက်ကျကြေးများ ထပ်မံတိုးပွားလျက် ရှိပါတယ်။ ယခုအခါ အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး နိုင်ငံတကာ ဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီးရှင်နိုင်ငံ အဖွဲ့အစည်းများနှင့် ကြွေးမြီးပြဿနာ ဖြေရှင်းရေးအတွက် ဂျပန်နိုင်ငံ၊ အီတလီ နိုင်ငံတို့နှင့် စတင်ညှိနှိုင်းနေပြီ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက “နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။ ၁၉၈၈ ခုနှစ် မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေး ငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများ အကြား ချေးငွေများ ဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈ ဒသမ ၃၄၈ သန်းဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါ နိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံသို့ ချေးငွေနှင့် အကူအညီပေးမှု များ ရပ်ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်း များအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန် ငွေကတော့ အမေရိကန်ဒေါ်လာ ၂၆၁၄ ဒသမ ၉၅၀ သန်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၁၉၈၈ ခုနှစ် မတိုင်မီချေးငွေများနှင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းချေးငွေ နှစ်ရပ်ပေါင်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ ဒသမ ၂၉၈ ပေးဆပ်ရန် ရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
၁၉၈၈ ခုနှစ် မတိုင်မီ ပြည်ပ နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ် ရန် အများဆုံး ကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈ ဒသမ ၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံး ကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
EMG
၂၀၁၁ခုနှစ်အတွက် ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း ၇၅၀၀ မပေးနိုင်သဖြင့် နောက်ကျကြေးများထပ်မံတိုးပွားလျက်ရှိ ၂၀၁၁ခုနှစ်အတွက် ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း ၇၅၀၀ မပေးနိုင်သဖြင့် နောက်ကျကြေးများထပ်မံတိုးပွားလျက်ရှိ Reviewed by သစ်ထူးလွင် on 19:27 Rating: 5

14 comments:

Ar Ga said...

Gas / ကျောက်စိမ်း / သယံဇာတေ၇ာင်း၇ငွေများ ဘယ်ေ၇ာက် သွားတာတာလဲဟင်....

Saw Kyaw said...

ဒါဆိုရင် ၈၈ မတိုင်မှီကာလနဲ့ ၈၈ မှ ၂၀၁၁ ကာလ အကြား အုပ်ချုပ်သူတွေရဲ့ ပိုင်ဆိုင်မှု့ တွေကို သိမ်းယူပြီး ဖြေရှင်းလိုက်ပေါ့။ လက်ရှိနိုင်ငံပိုင်ပစ္စည်း နဲ့ ပြည်သူလူထု အတွက် ထိခိုက်နစ်နာမှု့မရှိစေရန် လုပ်ဘို့က ဒီနည်းဘဲရှိတယ်။

aunggyi said...

နိုင်ငံတော်ကချေထားတဲ..ခိုးသားတွေကခွဲဝေးယူကျတဲ.ပြန်စပ်ချင်ရင်တော့ သူခိုးတွေဆီကပြန်တောင်ပေါ့ ကွာ.ပြည်သူကိုတော့ မစပ်ခိုင်းနဲ့ .ပြည်သူစားထားတာမဟုတ်ဘူး..

Anonymous said...

သန်းရွှေနဲ့ အပေါင်းအပါများ အဆမတန် ချမ်းသာလာတာ ဘယ်ကရတဲ့ငွေတွေလဲ။ အခုမှ အစိုးရအသစ်ပြောင်းတယ်ဆိုပြီး
နောက်ကျန်တဲ့လူအကြွေးဆပ်ကြေးလာပြောတယ်။ နိုင်ငံတော်ကို အုပ်ချုပ်နေပြီး ဘယ်ပုံဘယ်နည်း စီးပွားရေးလုပ်ရမယ်။ ဘယ်လိုဖြေရှင်းရမယ်။ ဘယ်ဆက်လုပ်သင့်တယ်ဆိုတာတော့ မဆွေးနွေးဘူး။ သူ့သားမယားကျတော့ ပျံနေအောင်ထားပြီး နိုင်ငံတော်အကြွေးကျတော့ ဘာမှမလုပ်တတ် တော့ဘူးလား။ သယံဇာတတွေ အဆမတန် ကုန်သွားခါမှ အကြွေးတွေချပြတယ်။ နဂိုကတည်းက ဒီစီမံကိန်း တွေကို ဘယ်သူမှ အတင်းလုပ်ခိုင်းတာမဟုတ်ဘူး။ တကယ့်ကို နိုင်ငံတော်ကို အုပ်ချုပ်ဖို့မထိုက်တန်တဲ့ အခွင့်အရေးသမားတွေဘဲ။ အခုထိ လာဘ်စားတာကလွဲလို့ ဘာမှ မလုပ်တတ်သေးဘူး။(ဖွတ်ချီး အစိုးရ)

အတာ said...

တစ်ကယ်အကြွေးဆပ်ရမယ့်သူက
စာဖတ်တောင်မပျက်ဘူး
ဒီတော့တို့ပြည်သူတွေဘဲဆပ်ကြတာပေါ့ကွာ...

grace said...

why do they criticize shamelessly that DASSK rely on foreign countries too much?

Anonymous said...

ဖြစ်နေတဲ့ အခြေအနေ တွေကို တင်ပြသလို ......
ရှေ့ ဖြေရှင်း ရမယ် နည်းလမ်းကို လည်း စဉ်းစားပြီး ရင်ဆိုင်တာပေါ့...
အရင်က ပိုက်ဆံတွေချေးပြီး စစ်စရိတ်တွေသုံး၊ အကျိုးမရှိ စီမံကိန်း တွေဟန်ပြလုပ်၊ အကျိုးအမြတ်တွေကိုတော့ ကိုယ့်အိတ်ထဲထည့် အစရှိသည်တို့မှာ တာဝန်ရှိသူတွေကို လည်း ဖေါ်ထုတ် သင်္ခန်းစာယူဖို့ လိုပါတယ်....
ညံ့ပါတယ်ဆိုတာ ၀န်ခံပါ.... စစ်ရေးအမြင်တစ်ခုတည်း နဲ့ တိုင်ပြည်ကို အုပ်ချုပ်လို့ မရဘူး ဆိုတာလည်း ၀န်ခံပါ....
ချေးတဲ့သူတွေအနေနဲ့လည်း မစဉ်းစား မဆင်ခြင်ပဲ အကျိုးအမြတ် တစ်ခုခု ကို မျှော်ကိုးပြီး ချေးတာမျိုးလည်း ရှိခဲ့တယ်လို့ ထင်ပါတယ်..... ချေးတဲ့သူတွေမှာလည်း အထိုက်အလျောက် တာဝန်ရှိတာမို့ ညှိနှိုင်း ပေးဖို့ တော့လိုပါတယ်....

ဘကြီးမောင် said...

တေဇ + ဦးသန်းရွှေ+ဇော်ဇော်+ဦးထွန်းမြင့်အောင်+ ဆရာကျောင်း တို့ ငါးယောက်ပိုင်ဆိုင်မှုတွေက အဲ့ဒီထက် အဆတစ်ရာလောက်များနေတာပဲ..သူတို့ကို သိမ်းလိုက်ပြီးရင် သောက်တရုတ်တွေကိုပေးလိုက်..တရုတ်က သူတို့ သြဇာ မခံတော့ဘူးထင်ပါနဲ့ အကြွေးပြန်တောင်းတာကိုး. . ကောင်းလိုက်တဲ့စေတနာ..

အမြင်သစ် said...

ဒို့ ဘကြီးရွှေ နဲ့ ဦးဦးတေ ၊ ဒေါက်တာဟောင်းကြီး ဦးခွင်ရွှေ၊
ကူညီကြအုံးဟေ။ နိုင်ငံ့ ဘဏ္ဏာ တိုရှည်များ ဘယ်ကိုရောက်လို့သွား၊။ ဦး အေးရှားနဲ့ ဦးဇော်ရာ ၀ိုင်းဝန်းကြလေဗျာ၊ဦးစိုင်း ရာကူပါအုံး၊ ဒေါ်လာကြွေးထူတုန်း၊။ စားပီးအိပ်နေ ဘိက္ခဝေ ၊ မလုပ်ကြနဲ့လေ။
ဒေါ်လာကြွေးတွေဆပ်ပြီးမှ ၊ ပြန်ပြီးအိပ်ကြဟ။
ဒို့တိုင်းပြည်ကြီးသွားနေသည် ၊ ဒီ မို က ရေ စီ၊
အခွံ ချည်းကျန် ဘဏ္ဏာတိုက် ၊ ဘယ်သူ ကားနဲ့တိုက်။
တရုတ်ကြီးလည်း ဒေါပွတယ် ၊ အကြွေးမရလို့ကွယ်။
ရပ်ပေးရတာ ရတက်မငြိမ်း ၊ မြစ်ဆုံစီမံကိန်း။
ပေးထာရတဲ့ ၅ ဘီလျံ ၊ ဘယ်သူလှော်သွားပြန်။
ဒီလိုနဲ့သာ ဒို့ဘ၀ နိဂုံးချုပ်ပြီဗျ။

ကိုတင် said...

တိုင်းပြည်အကြွေးရှင်ဘုရင်ဆပ်ဆိုတဲ့စကားမှားနေသလိုဖြစ်နေပြီ တိုင်းပြည်အကြွေး ပြည်သူဆပ်ဖြစ်နေတယ် 5000 တန်းဖုန်းဆင်းကဒ်မရောင်းနိုင်တာ အကြွေးဆပ်ရအောင်လို့မချပေးတာဖြစ်မယ်

komyo said...

ယ္ခင် ဦးသန်းရွေ အစိုးရကus တဒေါ်လာကိုမြန်မာငွေခြောက်ကျပ်
နဲ့ စာရင်းပြပါတယ်ပြီးတော့ ချေးလို့ ရတဲ့ ငွေအမျောက်အများကို
အိပ်ထဲထည့် ပြီးတော့ ကိုယ်ပိုင်စီးပွားရေးတွေလုပ်ပါတယ်။နိုင်ငံ
ခြားကတင်သွင်းတဲ့ လက်နက်ခဲရမ်းတွေကိုကြတော့ ပြည်တွင်းက
ထွက်တဲ့ သယံဇာတတွေနဲ့ ပြန်လည်ပြီးဆပ်ရပါတယ် တကယ်
တကယ်တမ်းပေါက်ဈးကမြန်မာငွေတစ်ထောင်ဝန်းကျင်မှာ us
တဒေါ်လာဖြစ်နေတော့ လုပ်သမျှစီမံကိန်းတွေကအရှုံးနဲ့ ပဲရင်
ဆိုင်နေရတာပါ ဒါပေမဲ့ တိုင်းပြည်ကသာအရှုံးပေါ်နေတာလေ
နီးစပ်ရာလုပ်ပိုင်ခွင့် တွေရထားတဲ့ လုပ်ငန်းရှင်တွေကတော့ 
တနေ့ တချားတိုးတက်ချမ်းသာကြတာပေါ့ လေ ဦးတေဇ လို
နိုင်ငံတော်ရဲ့ ပွဲစားကြီးကတော့ စစ်အစိုးရက လိုသမျှလက်နက်
ခဲရမ်းမိးချောက်တွေကို နိုင်ငံတကာကပိတ်ဆို့ ထားတာကိုအခွင့်
ကောင်းယူပြီးတော့ နိုင်ငံတော်ရဲ့  ဘဏ်ဏာတွေကို ထင်တိုင်း
လုပ်ပိုင်ခွင့် ရခဲ့ တယ်လေ ဦးသန်းရွေ ရဲ့ ငွေမဲဒေါ်လာတွေကိုကြ
တော့ စစ်အစိုးရလက်ထက်ကအားလုံးသိကြတဲ့ သူဌေးကြီးတွေ
က အကျိုးတူစီးပွါးပြန်လုပ်ပေးကြရတယ်လေ အဲလိုနဲ့ ပဲဦးသန်းရွေရဲ့ သ္မီးမင်္ဂလာဆောင်မှာ စိန်အပြည့် နဲ့ ဆင်နွဲ
ခဲ့ ကြတယ်လေမြေးကလေး မျောက်ဖိုးစိန်ကလဲ ထင်တိုင်းကျဲလို့ ပေါ့ အဲဒီလိုလက်တဆုတ်စာလူတန်းစားတွေ
ကောင်းစားဖို့ ထုပ်ထားတဲ့ ဥပဒေတွေနဲ့ လုပ်ပိုင်ခွင့် တွေနဲ့ ..
ဒီကြွေးမြီးတွေဘယ်လိုလုပ်ပြီးတိုင်းပြည်ကပြန်ဆပ်နိုင်မှာလဲ
ဒါကြောင့် လွတ်တော်ထဲက အမတ်လောင်းတွေ တိုင်းပြည်ကို
ကောင်းစားစေဖို့ မှန်ကန်တဲ့ ဥပဒေပြုမူကြမ်းတွေကို ၀ိုင်းဝန်းပြီး
အဆိုတင်သွင်းနိုင်ကြပါစေလို့ လေးစားစွါမေတ္တာရပ်ခံအပ်ပါ
တယ်။တိုင်းပြည်ကောင်အောင်ပြုလုပ်နေသူများကျမ်းမာကြပါစေ

Phyo Aung said...

သြော်
မြန်မာနိုင်ငံသားတွေက သူတောင်းစားတွေကို ဘုရင်လုပ်ပြီး ကိုးကွယ်ခဲ့ရတာပါလား
အဲ့လောက်နိုင်ငံက အကြွေးနွံထဲ နစ်နေတာ ခုမှဘဲ သိရတယ်ကွာ
ကိုယ့်နိုင်ငံအတွက် တအားယူကြုံးမရဖြစ်ရတယ်ကွာ
မသာလိုးတွေ
မြန်မာနိုင်ငံမှာမွေး မြန်မာ့ဆန်စားပြီးကြီးပြင်းလာတဲ့ကောင်တွေ
ကိုယ့်နိုင်ငံကို ချစ်စိတ် နည်းနည်းလေးတောင် မဖြစ်မိဘူးလားမသိဘူးကွာ

Bravo said...

အဲဒီချေးငွေတွေဘယ်ရောက်ကုန်လဲဆိုတာ စာရင်းစစ်အဖွဲ့တခုဖွဲ့ပြီး စစ်ဆေးပါ။
ခိုးထားတာမိရင် ကျောသား၊ရင်သား မခွဲခြားပဲ ပြန်သိမ်းပါ။ အနည်းဆုံးတဝက်လောက်တော့ ကာမိပါတယ်။
အဲဒီအချိန်က ဖြစ်လာတဲ့ အာဏာရှင်နဲ့ သူတို့ရဲ့ခရိုနီတွေ အာဏာမရခင်ပိုင်ဆိုင်မှုနဲ့ အာဏာရပြီးပိုင်ဆိုင်မှုတွေကိုသေချာစစ်ဆေးပြီး စားထားတာတွေ ပြည်သူ့ဘဏ္ဍာအဖြစ်ပြန်သိမ်းပါ။

san san said...

တရုတ်ကိုပေးထားတဲ့ ပိုက်လိုင်းတွေ က ကိုယ့်ဘာသာ ကိုယ်လုပ်ရင် တနှစ်နဲ့ တရုတ် အကြွေး ကျေတယ်။သူနဲ့မလုပ်ဘဲ ဂျာမဏီ ၊ဂျပန်၊အမေရိကန်၊အင်္ဂီလိပ်တို့နဲ့ဆိုတောင် ဒီလောက်ဈေးနှိမ်မှာ မဟုတ်ဘူး။မတရားလုပ်တာ။၁ကျပ်တန် ကို ၁၀၀၀လောက်နဲ့ဈေးဖြတ်ပြီး ပေးတာ။တရုတ်ရေ ကျောက်စိမ်း၊ကျွန်းသစ်၊သတ္ထု တွေ မြန်မာပြည်က ယူလို့ဝသွားပြီးလား။

Powered by Blogger.