ဒေါ်အောင်ဆန်းစုကြည် နမ္မတီး မိန့် ခွန်းကောက်နှုတ်ချက်
ဖေဖေါ်ဝါရီ ၂၃၊ မွန်းလွဲ ၂နာရီ ၄၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် နမ္မတီးကျေးရွာ ဘောလုံးကွင်းတွင် လူထုအား မိန့်ခွန်းပြောဆိုနေပြီဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒီမိုကရေစီလမ်းပေါ် အတားအဆီးများကို
ဖယ်ရှားဖို့ ကြိုးစားခဲ့ရသည့်အကြောင်း ထိုကဲ့သို့ကြိုးစားရာတွင်
အန်အယ်လ်ဒီသာမက အခုဆိုရင် နိုင်ငံတော် သမ္မတကလည်း
ဝိုင်းဝန်းပြီးကြိုးစားနေသည့်အေ ကြာင်းကို ပြောဆိုလျှက်ရှိသည်။
မိန့်ခွန်းပြောဆိုနေဆဲဖြစ်၍ ထပ်မံဖေါ်ပြပေးသွားပါမည်။
YPI
ဖေဖေါ်ဝါရီ ၂၃၊ မွန်းလွဲ ၂နာရီ ၂၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသည့် 
ယာဉ်တန်း နမ္မတီး ကျေးရွာသို့ရောက်ရှိပြီ၊ လူထုဟောပြောပွဲပြုလုပ်မည့်
ဘောလုံးကွင်းသို့ သွားရောက်လျှက်ရှိသည်။ ကားများပြားလွန်း၍
လမ်းများကြပ်နေသည်ဟု သိရသည်။
YPI
"
လွှတ်တော် ပြင်ပနိုင်ငံရေးကို NLD က နှစ်နှစ်ဆယ် လုပ်လာတာ မထိရောက်ခဲ့ဘူး
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတကြီးကိုယ်တိုင်
ပူးပေါင်းလာတဲ့အတွက် အရမ်းကောင်းပါတယ် "
- ဒေါ်အောင်ဆန်းစုကြည် နမ္မတီးတွင် ဟောပြောမှုမှ ကောက်နုတ်ချက်
ဒေါ်အောင်ဆန်းစုကြည်သည် နမ္မတီးမြို့နယ်မှ မိုးကောင်းမြို့နယ်သို့
ဆက်လက်ထွက်ခွာနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က ယနေ့မွန်းလွဲ
၃ နာရီဝန်းကျင်ခန့်တွင် သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်
၁၂ နာရီ ၁၅မိနစ်ဝန်းကျင်တွင် မြစ်ကြီးနား လေဆိပ်မှ မိုးကောင်း နမ္မတီးမြို
့သို့ ထွက်ခွာနေပြီ ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနား
လေဆိပ်မှ နမ္မတီးမြို့ သို့ သွားရာခရီးစဉ်တွင် ကားအစီးရေ ၁၀၀ ကျော်ခန့်
လိုက်လံ ပို့ဆောင်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က
သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂ နာရီ ၁၅
မိနစ်တွင် နမ္မတီးမြို့ သို့ ရောက်ရှိခဲ့ပြီး နမ္မတီးမြို့ နယ် အားကစားကွင်း၌
ဟောပြောပွဲ ပြုလုပ်နေပြီ ဖြစ်သည်။ ကြိုဆိုကြသူများနှင့် မိန့်ခွန်း
လာရောက် နားထောင်သူများတွင် မြို့ ခံလူကြီးများ သာမက မူလတန်း ကျောင်းသား ၊
အလယ်တန်း ကျောင်းသူကျောင်းသားများပါ ပါဝင်ကြောင်း The Voice Weekly
သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် နမ္မတီး မိန့် ခွန်းကောက်နှုတ်ချက်
Reviewed by သစ်ထူးလွင်
on
15:10
Rating: 5
No comments:
Post a Comment