ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း

 နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ်
နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။

"ဝန်ကြီးကတော့ ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ။ သူက တခုပဲ ပြောတယ်ဗျ ဝေးလံသီခေါင်သော ဒေသများတွင် သွားရောက်လုပ်ကိုင်နေသော ဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာ ရှိတယ်ပေါ့။ ဒီ ဦးရွှေမန်းတင်ပြတဲ့ ဝန်ထမ်းအားလုံး လစာတိုးဖို့ကိစ္စကတော့ ၂ဝ၁၃-၂ဝ၁၄ ကျမှပဲ စဉ်းစားပါရစေဆိုပြီး ပြောတယ်" ဟု လသာမြို့နယ်မှ
အောက်လွှတ်တော် အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင်
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက  အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်ခြင်း
ဖြစ်သည်။

လွှတ်တော်လုပ်ထုံးလုပ်နည်းအရ ဦးရွှေမန်း၏ အဆိုသည် ယခုကဲ့သို့ ဝန်ကြီး၏ ငြင်းဆိုမှုကြောင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် သို့မဟုတ် အဆိုရှင်မှ ပြန်လည်ရုပ်သိမ်းရန်သာ ရှိသည်ဟုလည်း ဦးကြည်မြင့်က
ပြောသည်။

ထို့အပြင် မဲခွဲဆုံးဖြတ်ပါက ဤအဆို အောင်မြင်နိုင်သည်ဟုလည်း "တောင်းတဲ့လူကတော့ မပိုင်ဘဲနဲ့ ဘယ်တောင်းမလဲ ဗျ။ နောက် ဒီဟာက ဖြစ်လည်း ဖြစ်သင့်တဲ့ဟာလေ။ ထောက်ခံမယ့်လူ များနိုင်တယ်။ ဖြစ်လာနိုင်တယ်" ဟု ဦးကြည်မြင့် က မဇ္ဈိမကို ပြောသည်။

သူရဦးရွှေမန်း၏ အဆိုတွင် "ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင် စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျတ် နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်‌ပေးရေး" ဟု ပါရှိသည်။

ဦးရွှေမန်းက သူ၏ အဆိုတွင် နိုင်ငံဝန်ထမ်းများ လစာရရှိမှုနည်းပါးခြင်းကြောင့် အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေ သည်ကို "ဝန်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက် စာတမ်းကြေးများ တောင်းယူခြင်းနှင့် အခြား မလျော်ကန်သော  လာဘ်ပေးလာဘ်ယူ ဆန်သည့် ပြုမူဆောင်ရွက်
ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို  ဝမ်းနည်းစွာ ကြားသိနေရပါတယ်" ဟုလည်း ထည့်သွင်းပြောသွားသည်။

ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ၂ဝ၁ဝ ခုနှစ် မတ်လ ၁၁ ရက်နေ့ အောက်လွှတ်တော် အစည်းအဝေးတွင်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများအတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းကပင် "ဝန်ထမ်းလစာနှင့် အငြိမ်းစားလစာ တိုးမြှင့် ဆောင်ရွက်လိုသည့်အခါတိုင်း ငွေကြေး ဖေါင်းပွမှုနှုန်း၊
နိုင်ငံအတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး စသည်တို့ကို ထည့်သွင်း တွက်ချက်ရပြီး ထိုအချက်များကို သုံးသပ်ကာ သင့်လျော်သော အချိန်တွင် ဆောင်ရွက်ပေးမည်" ဖြစ်ကြောင်းသာ
ပြောကြားသွားသည်။

ထိုနေ့ လွှတ်တော်ဆွေးနွေးပွဲတွင်လည်း လဲချားမြို့နယ် မဲဆန္ဒနယ်မှ စိုင်းမောင်တင်က ဝန်ထမ်းများ လာဘ်ပေးလာဘ် ယူမှုများ ရှိနေမှုအပေါ် ထောက်ပြပြောဆိုသွားပြီး ထိုပြဿနာများကို မည်သို့ ဖြေရှင်းရန်ရှိကြောင်းကိုလည်း ဝန်ကြီး ဦးလှထွန်းကို မေးမြန်းခဲ့သည်။

ဦးလှထွန်းက လာဘ်ပေးလာတ်ယူ ကိစ္စများ ဖြေရှင်းပေးနိုင်ရေးအတွက် လစာတိုးပေးသည့် နည်းလမ်းတခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ ဝန်ထမ်းများကို ပညာပေးခြင်း၊ အရေးယူခြင်းနှင့် ပြည်သူများမှ အသိပေးတိုင်ကြားနိုင်ရန် ဌာနများ သတ်မှတ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားသည်။

ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍လည်း ယခုလ ၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် သူရဦးရွှေမန်းက "အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာဖြစ်ပါတယ်" ဟု ပြောဆိုသွားသည်။

နိုင်ငံ့ဝန်ထမ်းလစာများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၈၉၊ ၁၉၉၃၊ ၂ဝဝဝ၊ ၂ဝဝ၆၊ ၂ဝ၁ဝ ခုနှစ်တို့တွင် အကြိမ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လစာတိုးမြှင့်မှု အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂ဝဝ၉) အရ အစိုးရဝန်ထမ်းအသီးသီးကို ကျပ် ၂ဝ,ဝဝဝ စီ တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ လစာတိုးမြှင့်မှုမတိုင်ခင် ဝန်ထမ်းတဦး၏ လစာမှာ အနည်းဆုံး ၂ဝ,ဝဝဝ ကျပ်ဖြစ်သည်။

ယင်းအပြင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်အရ ဝန်ထမ်းများ အငြိမ်းစား ယူခဲ့သော နောက်ဆုံးရာထူး လစာအတိုင်း ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံရေး ပင်စင်စားများ၏ လစာမှာ ၁၁ဝ,ဝဝဝ ထက်ပိုနေပါက ၂၀,၀၀၀ ထပ်မံမတိုးမြှင့်ဘဲ လက်ရှိအတိုင်း သာ ခံစားသွားရန် သတ်မှတ်ထားသည်။
ချင်းမိုင် (မဇ္ဈိမ) ။       ။
ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း

ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း Reviewed by သစ်ထူးလွင် on 22:44 Rating: 5

18 comments:

သူရိယ said...

ဘဏ္ဍာာရေးဝန်ကြီးကတော့ နဂိုအတိုင်းလေးဘဲကြိုက်ပါတယ်တဲ့။ ပိုတိုးပေးမဲ့လစာက ဂရုဏာကြေးကိုမှီဖို့မလွယ်ပါဘူးတဲ့။ အဲဒီတော့ နေမြဲ ၊ စားမြဲ ၊ လိမ်မြဲ ၊ ခိုးမြဲ ပေါ့ဗျာ။ ကိုယ့်ကိုကိုယ် အစိုးရအရာရှိဆိုတာ ဂုဏ်တခုမဟုတ်တော့ဘဲ သူခိုးကြီးပါခင်ဗျာလို့
ဖွင့်ဟဝန်ခံသလိုဖြစ်နေဘီဆိုတာကိုလည်း ဂရုပြုကြပါအုံးဗျို့။

U Thar said...

ဦးေ၇ွှမန်းက ၀မ်းထမ်းတွေလခတိုးပေးမှာအဓိကတော့
လတ်မစားအောင်အကျင့်ပျက်ဝမ်ထမ်းနဲသွားအောင်၊
လစာတိုးလိုက်၇င်ကုန်ဈေးနှုန်းတက်မယ် စီးပွါးေ၇းသ
မားတွေထောမယ် အခက်မသင့်၇င် ဆူပူမှုတွေထပ်ဖြစ်
မယ် ဒါတွေ၇ိုးနေပြီလေ တကယ်ပြေင်းလဲချင်၇င် အဓိ
က ကတော့ ကုန်ဈေးနှန်းကျဘို့၇ယ် အထက်မှာ၇ှိတဲ့
အကျင့်ပျက်ဝမ်ထမ်း(လူကြီး)တွေကို ထိေ၇ာက်အောင်
အေ၇းယူမယ်ဆို၇င် တမျိုးပြောင်းလဲသွားနိုင်ပါတယ်၊ တိုင်းပြည်ကြီးတိုးတက်အောင် ပြောင်းလဲမယ်လို့ပြောနေ
လဲတိုင်းပြည်မှာအခုလို အကျင့်ပျက်(၀မ်းထမ်း)လူကြီး
ပိုင်းမှာ ၇ှိနေသမျှတော့တိုင်ပြည်တိုးတက်ဖို့ဟာအတော်
ကိုနှောင့်နှေးနေအုံးမှာပါ၊ တိုင်းပြည်ပြောင်းလဲဖို့ လူတိုင်း
မှာတာဝန်၇ှိတာထက် တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူကြီး
တွေ၇ဲ့အပေါ်မှာပိုအဓိကကျသာမို့ လတ်စားတဲ့ ၀မ်ထမ်းလူ
ကြီးပိုင်းတွေကို ထိေ၇ာက်စွါအေ၇းယူမယ်ဆို၇င် အောက်
ခြေကလတ်စားတဲ့ဝမ်ထမ်းငယ်တွေလဲ လျှော့ပေါ့လာနိုင်ပါ
တယ် လစာတိုးတိုင်ကုန်ဈေးနှန်းကလိုက်တက်နေတဲ့အတွက်
လစာတိုးတဲ့နောက်မှာပြသနာတွေအများကြီးဖြစ်လာနိုင်ပါတယ်

Ye Naing said...

ဟုတ်တယ်။နောက်ဆို လက်ဖက်ရည်ဖိုးတို့ စာရွက်စာတန်းကြေးတို့လို မလျော်ကန်တဲ့လာဘ်တောင်းတာတွေမလုပ်ကြနဲ့။လူကြီးတွေလို ၁၀% ပေး၊ တိုက်ဆောက်ပေး ကားဝယ်ပေး စသည်ဖြင့် ဂုဏ်သိက္ခာရှိရှိ တောင်းကြပါ။

Once Myanmar said...

We can formally agreed on the finance minister's concern that salary increment should be considered based on the country's stability and development figures such as Inflation, Budget deficits, Trade Balance, GDP, etc.

On the other hand, it is "Chicken & Egg scenario" and there would be slow or no development if Government's staff cannot truly survive by their decent salary.

Development can instantly be achieved with many smarter ways by setting transparent, reality approaches and brain-stormed strategies in the country with plenty of natural resources,ready workforce with necessary intelligence, etc.

In anyway, the public are not the ones to suffer by such concern and it is government's responsibility to build a strong and efficient government team, who are truly professional in their own area but not looking for their own benefit by indecent ways, to overcome this issue.

To be straight forward, we need to replace many higher level officials with bad charters such as ministers or regional prime ministers to solve this issue.

We hope to appear such government in the shortest possible period of time.

ko pwa said...

ဝန်ထမ်းလစာတိုးပေးသင့်ပါတယ်။ ဒါပေမယ့် သေချာplanning လုပ်ပေးသင့်ပါတယ်။ လစာကို ဘယ်လိုပုံစံပေးချေမှာလဲ။ ဘယ်အသုံးစရိ တ်ခေါင်းစဉ်အောက်ကနေ သုံးမှာလဲဆိုတာသေချာ plan လုပ်ရမှာပါ။ အခုတိုးမယ်ဆိုရင် ပိုက်ဆံကဘယ်ကရမယ်ဆိုတာ ပြန်လုပ်ရမှာပါ။ ၀န်ထမ်းအင်အားက များတော့ သိန်းနဲ့ချီတိုးရင် အစိုးရအသုံးစရိတ်က သိန်းကို သိန်းနဲ့ချီတိုးလာမှာ။

Ko Tee said...

လတ်ပေးလတ်ယူပပျောက်ဖို့ လစာတိုးပေးတယ်ဆိုတာမဖြစ်နိုင်ပါဘူးလို့ထင်ပါ တယ် စားသောက်စားရိတ်မလောက်ငလို့လတ်ယူတယ်ဆိုတာလည်းမဖြစ်နိုင်ပါဘူးလို့
ထင်ပါတယ် ကျွန်တော်တွေ့ဘူးတဲ့ ဌာနဆိုင်ရာဦးစီးမှူးဆိုတာတွေဟာ ကားမစီးနိုင်သူမရှိသလောက်ပါ.. ဒါပေမယ် အဲဒီဌာနမှာ တခုခုထောက်ခံချက်တို့
ဘာတို့လိုအပ်လျှင် အခကြေးငွေသပ်မှတ်ပြီးသား ပေးရစမြဲပါ လတ်ပေးလတ်
ယူပပျောက်အောင်လုပ် ရန်မသင့်တော်ပါ ထိုသို့လတ်ပေးလတ်ယူပပျောက်
သွားလျှင် အစိုးရ လုပ်ငန်းဆိုင်ရာကိစ္စများ နှောက်နှေး သွားမှာဖြစ်သောကြောင့်
လတ်ပေးလတ်ယူပပျောက်အောင်လုပ်ခြင်းကိုအားမပေးပါ

Wah Lay said...

သူတို့အရင်အုပ်ချုပ်နေတုန်းကတော့ ဘာမှမပြောခဲ့ဘဲနဲ့ အခုမှစေတနာကောင်းပြနေတယ်

Willian said...

သူတို.လူကြီးပိုင်းကလုပ်နေကြတာကဗျာ...အောက်ခြေဝန်ထမ်းတွေအတွက်တော. ခွေးဝမ်းသာအောင် လေလည်ပြနေသလားမှတ်ရတယ်။ အခုတိုးမယ်ပြောလိုက် အခုမတိုးဘူးပြောလိုက်နဲ. အငြိုးငြိုးပဲဟွန်. လစာ၎သောင်းစားတွေက မျှော်လင်.ချက်တွေနဲ. ။ ဒါနဲ.ဆို ၂ ခါရှိပီနော်ဟွန်း တိုးမယ်ပြောပီးမတိုးတာ။ ဦးရွှေမန်းရေ နောက်တစ်ခါ လစာတိုးဖို.ကိစ္စကို လွှတ်တော်တင်မယ်ဆိုလဲ ဘဏ္ဏာရေးဝန်ကြီးကို အရင်ကြိုမေးထားဖို.တော.လိုပီနော် ပိုက်ပိုက်ဘယ်လောက်ရှိလဲလို.။ ခွေးဝမ်းသာအောင်တော.လေလည်ပြမနေနဲ.။ အကောင်းဆုံးအကြံဥာဏ်ကတော. ဦးရွှေမန်းရေ.......ဦးသန်းရွှေနဲ. ဦးမောင်အေး ပိုင်ဆိုင်တဲ. ပိုင်ဆိုင်မှုထဲက ၁၀ပုံပုံ ၁ပုံ လောက်လေးသာ မြန်မာနိုင်ငံကိုပြန်လှူမယ်ဆိုရင် ဘဏ္ဏာရေးဝန်ကြီးလဲ ဦးနှောက်မစားရတော.ဘူး အောက်ခြေဝန်ထမ်းတွေလဲ အဆင်ပြေသွားလိမ်.မယ်။ ဦးသန်းရွှေနဲ. ဦးမောင်အေးရေ အများကြီးမဟုတ်ပါဘူးနော် အလှူခံတာ ခင်ဗျားတို.အတွက် ပါးပါးလေးပါ။ လှူထားနော် တော်ကြာစစ်ခုံရုံးတင်ပီးစစ်လို. အကုန်ပါသွားမှ နောင်တရနေမယ် အခုနေပြန်လှူရင်မှီသေးတယ်ဗျာ.......

Willian said...

ဦးရွှေမန်းရေ မျှော်လင်.ချက်ပေးတာ ၂ ခါရှိပီနော် အောက်ခြေဝန်ထမ်းတွေအတွက်တော. ခွေးဝမ်းသာအောင်လေလည်ပြနေသလိုပဲ ကြည်.ကြက်လဲလုပ်အုံး။ နောက်တစ်ခါလွှတ်တော်မှာတင်မယ်ဆိုရင် ဘဏ္ဏာရေးဝန်ကြီးနဲ.အရင်တိုင်ပင်ပီးမှတင်ဗျာ။ ဒါမှမဟုတ် ဦးသန်းရွှေနဲ. ဦးမောင်အေးတို. ပိုင်ဆိုင်မှုထဲက ဆယ်ပုံ တစ်ပုံလောက်ပဲ မြန်မာနိုင်ငံအတွက်အလှူခံခဲ.။ ဒါဆိုအားလုံးအဆင်ပြေပီ။ သူတို.လဲစေတနာသဒ္ဒါတရားထက်သန်မဲ.ရုပ်တွေပါဗျာ။ ဆယ်ပုံတစ်ပုံလောက်နဲ.တော. သူတို.အတွက်ပို မွဲစရာအကြောင်းမရှိပါဘူး။

ပေတ said...

အော် သူတို.ကလစာမျှော်စရာမလိုတဲ့လူတွေဆိုတော့လဲ မလိုဘူးပေါ.
တစ်နှစ်တစ်နှစ် အောက်ကရုံးအဖွဲ.ကရှာပေးလိုက်
ညွှန်မှူးတွေကရှာပေးလိုက်နဲ.ဆိုတော့

ကျွန်တော်တို့လိုအောက်ခြေ၀န်ထမ်းတွေအတွက်ကတော့ အသားကိုလျှော့စားပါ
အသီးအရွက်များများစားပါ ဆိုတဲ့စကားအတိုင်း ခြွေတာစုဆောင်းပြီး ကျွန်တော်ဘယ်ကဘယ်လိုတင်လာမှန်း မသိလိုက်ရတဲ့ အကြွေး ဒေါ်လာ ၂သန်းကျော်ကိုဆပ်ရအုံးမယ်ဗျာ

kta said...

လစာတိုးပေးရင်လည်းကောင်းပါတယ်၊ လစာနည်းလို့ခိုးတာမဟုတ်ပါဘူး ခိုးရလို့ ခိုးတာပါ ၊ရာထူးငယ်ရင်နည်းနည်းခိုးတယ် ရာထူးကြီးရင်များများခိုးပါတယ် အကြီးဆုံးဝန်ထမ်းကို စပီးအရေးယူပါ။ ပပျောက်သွားမှာပါ။

Willian said...

ဦးရွှေမန်းအနေနဲ. ဘဏ္ဏာရေးဝန်ကြီးနဲ. သေချာတိုင်ပင်ပီးမှသာလျှင် လွှတ်တော်မှာတင်ပြသင်.ပါတယ်ခင်ဗျာ........အခုတစ်ခေါက်နဲ.ဆို ၂ ခါရှိသွားပီဗျာ.......အောက်ခြေဝန်ထမ်းတွေက မျှော်တလင်.လင်.နဲ. အခုပဲတိုးမယ် အခုပဲမတိုးတော.ဘူးနဲ. သူတို.ဘဝက ဘာကိုယုံကြည်ရမှန်းကိုမသိဖြစ်နေတယ်။

Unknown said...

ဘဏ္ဍာရေးဝန်ကြီး က ခိုးစားတဲ့အသီးကမှပိုချိုတယ်ထင်ပုံပဲ။
အေးပေါ့လေ စားဘူးသူမှ သိမှာကိုး

Unknown said...

http://edition.cnn.com/2012/02/17/world/europe/germany-president-scandal/index.html?hpt=hp_t1

Myanmar said...

လူငယ်တွေကို အထူးသင်တန်းတွေ ပေးပီး သူခိုးကြီးတွေနေ၇ာမှာ အစားထိုးနိုင်အောင် လုပ်သင့်ပါတယ်။ စစ်တပ်ကပြောင်းလာတဲ့လူတွေကို အထူးခွင့်ေ၇းပေးတာတွေ ၇ပ်တန်းက၇ပ်ပါတော့။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အထူးစုံစမ်းစစ်ဆေးေ၇း လုပ်ပီး ထိထိေ၇ာက်ေ၇ာက် အေ၇းယူပါတော့။ ဘာမှလုပ်မပြဘဲနဲ့ အေ၇းယူမှာနော် ပြောနေလို့ကတော့ ပြောတဲ့လူ သောက်၇ူးဘဲ။ ။

လရောင်ဝါ said...

စစ်တပ်ပြောင်းလာတဲ့ကောင်တွေဘယ်လောက်စားစား အရေးမယူဘူး အပေါ်ကကွန့်မန့်ပေးတဲ့ ဉီးစီးမှူးတော်တော်များများကားရှိတယ်ဆိုတာ ဒီကောင်တွေပဲ ကျွန်မအဖေလဲ ဉီးစီးမှူးပါ ဒါပေမဲ့ကားဝယ်မစီးနိုင်သလို ပိုက်ဆံလဲစားလို့မရပါဘူး အရပ်သားဉီးစီးဆိုတော့ ချက်ချင်းပြုတ်သွားနိုင်လို့ပါ သူတို့က ကျတော့ဘာလုပ်လုပ် ကာဗာရှိပြီးသားပါ ဒါတွေကြောင့်လာဘ်စားတယ်ဖြစ်ရတာပါ လစာလေး ၈သောင်းရတာ တစ်အိမ်လုံးဘယ်လိုစားကြမလဲ လစာတိုးပြီး ကုန်ဈေးနှုံးကျပြီး စစ်တပ်ကစားဖားတွေမရှိမှ ဝန်ထမ်းလောကကြီးကောင်းမှာပါ

လရောင်ဝါ said...

စစ်တပ်ပြောင်းလာတဲ့ကောင်တွေဘယ်လောက်စားစား အရေးမယူဘူး အပေါ်ကကွန့်မန့်ပေးတဲ့ ဉီးစီးမှူးတော်တော်များများကားရှိတယ်ဆိုတာ ဒီကောင်တွေပဲ ကျွန်မအဖေလဲ ဉီးစီးမှူးပါ ဒါပေမဲ့ကားဝယ်မစီးနိုင်သလို ပိုက်ဆံလဲစားလို့မရပါဘူး အရပ်သားဉီးစီးဆိုတော့ ချက်ချင်းပြုတ်သွားနိုင်လို့ပါ သူတို့က ကျတော့ဘာလုပ်လုပ် ကာဗာရှိပြီးသားပါ ဒါတွေကြောင့်လာဘ်စားတယ်ဖြစ်ရတာပါ လစာလေး ၈သောင်းရတာ တစ်အိမ်လုံးဘယ်လိုစားကြမလဲ လစာတိုးပြီး ကုန်ဈေးနှုံးကျပြီး စစ်တပ်ကစားဖားတွေမရှိမှ ဝန်ထမ်းလောကကြီးကောင်းမှာပါ

Toe Gyi said...

အထက်မှာ ရောက်ရှိနေတဲ့ လူကြီးပိုင်းတွေ လဒ်စား၊ မစား သိချင်ရင် သူတို့ရှိတဲ့ လစာနဲ့ လုပ်သက် မြောက် ပြီးရင် လက်ရှိပိုင် ဆိုင်မှုနဲ့ ညီမျှခြင်း ချလိုက် ဒါဆိုသိရ ပြီပေါ့ ၊ အောက်ခြေ ၀န်ထမ်း အကျင့် ပျက်တာ ၊ ကျပ်ထောင်ဂဏန်း၊ အထက်လူကြီးအကျင့်ပျက်တာ၊ သိန်း၊ သောင်းဂဏန်းပေါ့၊ ဆင်းရဲလို့ တောင်းစားနေရတာကို မြို့တော် အင်္ဂါနဲ့မညီလို့ဖမ်း တယ်၊ သူတို့ဝမ်းရေးကြတော့ ဘယ်လိုဖြေရှင်းပေးမယ် မစဉ်စားဘူး၊ ဒီလိုပါပဲ လစာတိုးလည်း အောက်ခြေ ၀န်ထမ်း အတွက်ကတော့ အမည်ခံသက်သက်ပါပဲ အချိုးကျတိုးတိုင်း ဘကြီးအောင် ညာသလိုပါပဲဗျာ။

Powered by Blogger.