တောင်ဒဂုံမြို့
နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လူထုအကြား
ငါးထောင်တန်ဖုန်းကတ် ရရှိရေး စာရွက်ဖြန့်ဝေသူ အယောက် ၂၀ ကို
ထိန်းသိမ်းထားတယ်လို့ အဲဒီရုံးထဲရောက်နေတဲ့ ကိုထင်ကျော်က
ပြောပါတယ်။
“ကျနော်တို့
တောင်ဒဂုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရောက်နေတယ်။
ကျနော်တို့အားလုံး တားခံထားရတယ်။ အခု ကျနော်တို့
ရုံးထဲမှာပိတ်ခံထားရတယ်။ ကျနော်တို့ ခွင့်ပြုချက်မရှိဘဲ
လုပ်တယ်ပေါ့ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး ခိုင်းထားတယ် ပထမပိုင်းမှာ။”
ကိုထင်
ကျော်အပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစုဝင်တွေဟာ
ဒီမနက်ပိုင်းက လှိုင်သာယာမီးခွက်ဈေး၊ တောင်ဥက္ကလာပမြို့နယ်
နန္ဒဝန်ဈေးနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ ၅၀၀၀ ကျပ်ဖုန်းကတ်ဟာ
ပြည်သူတွေ ကုန်ဈေးနှုန်း ကျဆင်းရေးကို အထောက်အကူပြုတဲ့အတွက်
သုံးခွင့်ပြုရေး စတာတွေကို ဟောပြောတာ၊ လက်ကမ်းစာစောင်
ဖြန့်ဝေတာတွေ လုပ်ခဲ့ပါတယ်။
တောင်ဒဂုံမှာ
အဖမ်းခံရတဲ့ ဒေါ်ခင်အေးက “လက်မှတ်ထိုးခိုင်းတာကတော့ ရဲက
ထိုးခိုင်းတာပါ၊ တောင်ဒဂုံစခန်းမှူး ဦးဌေးဝင်းက ထိုးခိုင်းတာပါ။
ကျမလည်း စာဖတ်ကြည့်တော့ ဝန်ခံကတိပြုပါသည်။
ဒီစာတွေဝေတဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ခွင့်ပြုချက်မရှိဘူးပေါ့။
ကုမဏီအသင်းအဖွဲ့ စတာတွေ ခွင့်ပြုချက်ရှိမှသာလျင် ဝေနိုင်တယ်လို့
ရေးထားပါတယ်။ ဒါ့ကြောင့် အမ်ဒီစီအက်ဖ်ဆိုတဲ့
ကုန်ဈေးနှုန်းကျဆင်းရေးအင်အားစုဆိုတဲ့ အဖွဲ့လက်မှတ်ပါတယ်။
ဒါကြောင့် အမ်ဒီစီအက်ဖ် ခေါင်းဆောင် ကိုထင်ကျော်ကိုခေါ်မယ်ဆိုပြီး
ခေါ်ရာက ကိုထင်ကျော်ကိုပါ တားမြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီးကို
စောင့်နေလို့ ဆိုပြီး စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်” လို့
ပြောပါတယ်။
ဒီလိုတား
မြစ်မှုအပေါ် ကိုထင်ကျော်က “ဒီအခြေခံဥပဒေကို
သူတို့ကိုယ်တိုင်ချိုးဖောက်နေတယ်ဆိုတာ ကမ္ဘာသိအောင် လုပ်ရမယ်။
သူတို့ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေကို သူတို့မလေးစားဘူး၊
မလိုက်နာဘူး။ အခု ကျနော်တို့ လုပ်ရမယ့်ကိစ္စတွေကို တားဆီးခံနေရတယ်။
သူတို့ရေးဆွဲထားတဲ့ အခန်း (၂) ပုဒ်မ (၃၅၄) နိုင်ငံသားပိုင်ခွင့်ကို
ကျနော်တို့ ချိုးဖောက်ခံနေရတယ်။ ကျနော်တို့
ငြိမ်းချမ်းတဲ့နည်းနဲ့လုပ်နေတာ” လို့ ပြောပါတယ်။
“မြို့နယ်မှူးနဲ့
ရဲစခန်းမှူးနဲ့ ရောက်လာပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် ပါမစ်မပါတဲ့အတွက်
ဝေငှခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ အခြေခံဥပဒေကို ကျနော်တို့က
ရှင်းပြတဲ့အခါကျတော့ သူက မြို့နယ်အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ပေးဖို့
ပြောတယ်။ ကျနော်တို့က ဒါကို အသိပေးလို့ရတယ်။ ခွင့်ပြုချက်တောင်းစရာ
မလိုဘူး။ ဒါဟာ နိုင်ငံသား ရပိုင်ခွင့် ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါနဲ့
မြို့နယ် မရက ရုံးသွားတဲ့အခါကျတော့ လက်ထောက်တွေနဲ့ပဲ တွေ့တဲ့အခါကျတော့
စာတွေပေးတော့ သူတို့က လက်မခံဘူး။ ဟိုလိုလို ဒီလိုလိုနဲ့
ပြီးသွားတာပေါ့ဗျာ။”
သူတို့ရဲ့လှုပ်ရှားမှုကို လာမယ့်ရက်ပိုင်းတွေမှာလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီနှစ်ဆန်းပိုင်းမှာ
ကုမ္ပဏီတခုက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅,၀၀၀ နဲ့ ရောင်းပေးမယ်ဆိုတဲ့
သတင်းထုတ်ပြန်ချက်ကြောင့် အစိုးရထုတ်ရောင်းနေတဲ့ ဈေးထက် အဆ ၁၀၀
လောက်သက်သာစေမယ်၊ လူတိုင်း ကိုင်နိုင်မယ်ဆိုပြီး လူထုအကြား ဒီသတင်း
ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးကတော့
ဒီလိုဖြန့်ချိဖို့ဆိုတာ တည်ဆဲဥပဒေတွေအရဆိုရင် မဖြစ်နိုင်ဘူးလို့
ပြောထားပါတယ်။
ဒီဗွီဘီ
၅၀၀၀ တန်ဖုန်းကတ် ရရှိရေး ဆောင်ရွက်သူ အယောက် ၂၀ ထိန်းသိမ်းခံရ
Reviewed by သစ်ထူးလွင်
on
18:41
Rating:
15 comments:
ကိုထင်ကျော်ေ၇ တော်တယ်ဗျာ လေးစားပါတယ် ပြော၇ဲဆို၇ဲ ပြောတတ်ဆိုတတ်
ကိုထင်ကျော်နဲ့အဖွဲ့အတွက် ဂုဏ်ယူပါတယ်။
အကျင့်ဟောင်းတွေက မပျောက်နိုင်သေးတော့...တော်တော်ကျန်နေသးပါလား။
နိုင်ငံသားတိုင်း နိုင်ငံသားရပိုင်ခွင့်ကို အပြည့်အ၀ ခံစားနိုင်ပါစေ...။
ိအခြားနိုင်ငံတွေမှာဆိုရင် နိုင်ငံသားတွေရဲ့ လုပ်ပိုင်ခွင့် အပြည့်ဝ ရှိတယ်
နိုင်ငံသားတွေအတွက် ၀န်ဆောင်မှုအပြည့်ဝရတယ်
မြန်မာနိုင်ငံမှာတော့....ဟင်း.....
စိတ်ဖိစီးတယ် ..စိတ်ဖိစီးတယ် .......
WE SUPPORT M.D.C.F 100%. CARRY ON .
Aunty suu , please help internet connection to be faster.
၅၀၀၀တန်ဖုံး ဘာလို့မဖြစ်နိုင်ရမှာလဲ။သူများနိုင်ငံတွေမှာ sim card ကြိုက်သလောက်ဝယ်။မြန်မာငွေနဲ့တွက်ရင်၃၀၀၀လောက်ဘဲရှိတယ်။ဘာတွေကွာနေလို့လဲ။ဘာဖြစ်လို့သူတို့လိုမလုပ်နိုင်တာလဲ။လူတယောက် ဖုံး ၂လုံးအနည်းဆုံးရှိတယ်။
bravo ko htin kyaw..
https://www.facebook.com/5000SimCard
စင်္ကာပူမှာ.sim card ကအလားပေးတယ်
Zero ဖုံးဆိုပီး Hand set လဲအလကာပေးသေးတယ်.
Latest Model hand set လိုချင်ရင်တော့.အမျိုးအစားပေါ်
မူတည်ပီးထပ် ပေးရတယ်.iphone ယူမလားကြိုက်တာယူ..ရတယ်.
အလွတ်ဝယ်တာနဲ့ သုံးဆလောက်သက်သာတယ်.၂နှစ်သုံးပေးရတယ်.
internet အိမ်သုံး ဆိုရင်လဲ.speed ပေါ်မူတည်ပီး.အနဲအများရှိတယ်
S$ 50 to 70 လောက်ပဲရှိပါတယ်.အဲ့ဒီတော့.
စစ်အစိုးရကဘယ်လောက်လူပါးဝထားတယ်ဆိုတာ.
စဉ်းစားကြည့်ကြပါတော့..
အော် မရှိဆင်းရဲသားတွေလည်း လက်ကိုင်ဖုန်းကိုင်ချင်ကြမှာပါပဲ..
ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမှ မဟုတ်တာ... သူတို့နေ့စဉ်လူမှုဘ၀မှာ လိုအပ်ချက်တွေဖြည့်ဆည်းဖို့အတွက် ဖုန်းက အရေးပါဆုံးအရာဆိုတာ သူတို့သိနေကြတာပဲလေ...
ဒီလိုလုပ်တဲ့သူမှာ အပြစ်ရှိလေရော့သလား...
ပြည်သူ့အသံကို နားထောင်ပေးမယ်ဆိုတဲ့ သူတို့ရေ......
ကြည့်လုပ်ကြပါဦးဗျာ.........................
ကိုထင်ကျော်ရေအားပေးတယ်.....ဆက်လုပ်ပါနော်..အားပေးပါတယ်။
Carry on Ko Htin Kyaw. We all are together with you.
Human Resources တွေလှိုင်လှိုင်ပြောနေပြီး Human Right တွေကို ရိုက်ချိုးထားတော့ တိုင်းပြည်ကဘယ်လိုတိုးတက်မလဲ ... နအဖ လက်ကျန်လူကြီးများက အခု ဆက်သွယ်ရေးစနစ်ကို အတတ်နိုင်ဆုံး မကျယ်ပြန့်စေချင်ကြဘူး ... ဆက်သွယ်ရေးကောင်းလေလေ သူတို့ မဟုတ်တာလုပ်တာ တနိုင်ငံလုံး အမြန်ဆုံးသိလေလေဖြစ်နေတော့ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ထိန်း ချုပ်နိုင်ဖို့ကြိုးစားနေကြတယ်... လူထုက မျက်စိပွင့် နားပွင့်ဖြစ်သွားမှာကို သေလောက်အောင်ကြောက်နေကြတယ်... ဒါပေမယ့် မမှီတော့ပါဘူး။.....မြန်မာတွေ လွတ်လပ်ရေးတကယ်ရဖို့ လိုနေပြီလေ.....
၅၀၀၀ဖုန်းချပေးဖို့ကိုသဘောတူပါတယ်။ဒါကိုနအဖလူကြီးတွေကသူတို့မဟုတ်တာလုပ်တာကိုလူတွေသိမှာကြောက်လို့တားနေတာလားမသိပါဘူး။၅၀၀၀တန်ဖုန်းချပေးဖို့ကိုပြည်သူတွေစောင့်နေမှာပါလို့ထင်ပါတယ်
အိန္ဒိယမှာဆိုဆိုက်ကားနင်းတဲ့လူတွေတောင်ဖုန်းကိုင်နိုင်တယ်။မြန်မာပြည်သူတွေအားလုံးဖုန်းကိုင်နိုင်ရင်ကောင်းတာပေါ့ဟ။ဆက်သွယ်ရေးကကောင်တွေ စားရလေလေငတ်လေလေ ဖြစ်နေတာလား။
Post a Comment