မတ်လ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်နေရာနှင့်
ပတ်သက်၍ ဆက်လက် အသုံးပြုခွင့် ပေးမပေးကို ယနေ့စတင် တာဝန်ထမ်းဆောင်သော
မြို့တော်ဝန်အသစ် ဦးအောင်မောင်းက မသိသေးကြောင်းပြောသည်။ “မသိသေးဘူးခင်ဗျ၊
ဒါတွေကြိုပြီးတော့ မသိဘူးခင်ဗျ၊ ဘာမှမလေ့လာ ရသေးဘူး၊ အဓိကကလည်း အဲဒါက
ရွေးကောက်ပွဲ ကော်မရှင်က လုပ်ထားတဲ့စည်းမျဉ်းဥပဒေတွေနဲ့
ခွင့်ပြုထားတာပါ။ ဆက်လက် အသုံးပြုခွင့်ပေးမပေးဆိုတာ မသိသေးပါဘူးဟု
မြို့တော်ဝန်အသစ် ဦးအောင်မောင်းက ပြောကြားသည်။” “အရင်လူလုပ်သွားတာကို
နောက်လူကဖျက်လို့မှ မရတာ၊ ဆက်ခွင့်ပြုမယ်ထင်ပါတယ်”ဟု
မန်းမြို့ခံတစ်ဦးကပြောသည်။ မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင်
မဲဆွယ်စည်းရုံးရေး ခရီးစဉ်လာရောက်မည့် ဒေါ်အောင်ဆန်း စုကြည်က
ဟောပြောရန်နေရာကို ၅၀ လမ်းနှင့် ၅၁ လမ်းကြား၊ ၅၁ လမ်းနှင့် အောင်ဇေ ယျလမ်း၊
အောင်ပင်လည်၊ ချမ်းမြသာစည်ရှိ စည်ပင်ပိုင်မြေကွက်လပ်တွင် စည်ပင်မှ
ခွင့်ပြု ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ် သည့် တိုင်းဒီချုပ်
စာနယ်ဇင်းတွေ့ဆုံပွဲတွင် မန်းတိုင်း အောင်နိုင်ရေး ဥက္ကဌ ကပြောသည်။
မန္တလေးမြို့သူမြို့သား များသည် ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲအတွက်
ရွှေခွပ်ဒေါင်း၊ ခွပ်ဒေါင်း အလှပြ ကားများ ပြင်ဆင်နေပြီ အဆိုပါကွင်းသို့
သွားရောက်လေ့လာ သူများ ရှိနေကြောင်း သိရသည်။
ပေါ်ပြူလာဂျာနယ်
မန္တလေးမြို့တော်ဝန်အသစ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်နေရာ ဆက်လက် အသုံးပြုခွင့်မသိသေးဟုဆို
Reviewed by သစ်ထူးလွင်
on
19:27
Rating:
9 comments:
ရှုးချင်ယောင် ဆောင်နေပြီ...။
အော်...သူ့အဖေတွေကို ကြောက်ရတဲ့ခေတ်က
မကုန်သေးပါလား....
မြို့တော်ဝန် အသစ်ပြောင်းတာသမ္မတ အမိန့်နဲ့ပါ။ ဘာလို.ချက်ချင်း ပြောင်းတာလဲ. ကိုစိန်ဖြေပါ။ မြို့တော်ဝန် အောင်မောင်း နင်မသိသေး၇င် ငါပြောပြမယ်။ ၁။ဆက်လက် ခွင့်ပြုလိုက် ၂။ဘာမှမလေ့လာ ရသေးဘူး၊ ဆို၇င်လေ့လာပြီးမှ ၇ာထူးနဲ.ထိုက်တန်မှပြန်လာ
How come communication breakdown between these two? No proper handing/taking practice or lack of interest?
မောင်အောင်မောင်း ပညာတတ်ဆိုပီး နေ၇ာပေးထားတာ ပညာတတ်ပီသအောင်နေပြပါ။ သူခိုးဂျပိုးတွေကို တုမနေနဲ့။ ။
မန္တလေးသားတွေနော် ခွင့်ပြုချက်စောင့်တဲ့ခေတ် မဟုတ်တော့ဘူးဆိုတာ မသိဘူးနော် ကိုယ့်ဖာသာကြည့်လုပ်သင့်တာလုပ်ကြပေါ့
ိဟင်..ကိုသစ်ထူးလွင်ရေ..
အိပ်မှုံစုံဝါး နဲ့လာပြန်ပြီ တစ်ယောက်..။ မသိသေးဘူးခင်ဗျ..။
မလေ့လာရသေးဘူးခင်ဗျ..။ ကြိုမသိရဘူး ရဘူးခင်ဗျ....။တဲ့..။
ဘယ့်နှာ တွေတုံးဟ..။ သည်းခြေ တွေများ ပျက်ကုန်ကြပြီလား..။
လွှတ်တော်တွေလည်း ဆိုင်းငံ့လို့ဆိုင်းငံ့..။ တယုတ်..အပြေးအလွှားသွားပြီး
အကျန်ညံ့ တောင်းတဲ့လူကတောင်း..။ ၀န်ကြီးတွေ ကိုဟိုပြောင်း ဒီပြောင်း
လုပ်..။ဒီပုံဆို..ရွာသာကြီးမှာ တိုးချဲ့ ဆောင်တွေ အမြန်ဆောက်ထား
ရမယ့်ကိန်းတော့ဆိုက်နေပြီ ဟေ့..ဟေ..ဟေး....။။။။
ဘာမှမသိလဲ ဘာမှမလုပ်ပါနဲ့လားကွာ အိမ်မှာပဲ အေးဆေး ကလေးမွေးနေလိုက်.။ နော်..အောင်မောင်း..။
ဟုတ်ပ ...
မြို့တော်ဝန်အသစ်က တမျိုးဖြေပြန်ပါပကော ..။
ကြည့်လည်းလုပ်ကြစမ်းပါအုံးနော်..။
အစိုးရအသစ်ရေ စိတ်ပျက်အောင်တော့မလုပ်နဲ့နော် .။
နဲနဲလေးချီးကျူးထားတာကို
အော်... တစ်ခု စဉ်းစားမိလို့ ဆိုင်မဆိုင်တော့ မသိဘူး ... ကျနော်တို့ ငယ်ငယ်က အညာမှာ နေခဲ့တုန်းက ခုလို နွေမရောက်တရောက်အချိန်လေ... ထန်းတောမှာ ထန်းရည်သောက်ပြီး အိမ်ပြန်ရင်ထပ်သောက်ဖို့ ပလပ်စတစ်ရေသန့်ဘူးနဲ့ ထည့်ခဲ့သဗျ... အပြန်လမ်း နေကပူ လူကလည်းမူးတော့ ထန်းရည်ဗူးက လှုပ်သဗျ... အဲဒီမှာ သိပ်မကြာပါဘူး... ထန်းရည်ဗူးပေါက်ထွက်လိုက်တာ ဖုန်း ကနဲတောင်မြည်တယ်ဗျာ... ထန်းရည်က လူတွေကို ရေနဲ့ပက်ထားသလို စိုပေါ့...နံလည်းနံလိုက်သမှ ကိုယ်တိုင်တောင် နှာခေါင်းပိတ်ထားရတယ်... အိမ်လည်းပြန်ရောက်ရော အဖေက ရိုက်လိုက်တာဗျာ တင်ပါးမှာ ခုထိ တွေးမိရင် ကြက်သီးထမိသေးတယ်ဗျာ...
အဲဒီက စဉ်းစားမိတာက မတန်တဆ ပိတ်ထားရင် တွန်းကန်အားကြောင့် အဆမတန် ပွင့်ထွက်တတ်တယ်ဆိုတာပါပဲ...
ဆိုင်မဆိုင်တော့မသိဘူး...
တွေးမိလို့ ပြောမိတာပါ.....
Post a Comment