ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊
မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်(၆၂)အရှေ့မှာရှိတဲ့ ဂရိတ်ဝေါလ်
သကြားစက်ရုံကြီးအတွင်းမှာ ပေါင်းသကြားစက်၊ အီသနောစက်၊ ဓာတ်မြေသြဇာစက်၊
အထပ်သားစက် အပါအ၀င် စက်ရုံ(၄)ရှိပါတယ်။ အဲ့ဒီ စက်ရုံတွေက စွန့်ထုတ်လိုက်တဲ့
ရေဆိုးတွေကို စက်ရုံရဲ့ အနောက်ဘက်မှာရှိတဲ့ မလိုင်ချုံအင်း (အလျားပေ
၁၀၀၀၊ အနံပေ ၇၀၀) ထဲမှာ စုဆောင်းထားပီး ကြံရာသီချိန်ဖြစ်တဲ့ (၁၀)လပိုင်းကနေ
(၆)လပိုင်းအတွင်းမှာ ဧရာဝတီမြစ်ထဲကို စွန့်ပစ်ပါတယ်။ စက်ရုံကထွက်တဲ့
ကြံမြုတ်များကိုလဲ ဓာတ်မြေသြဇာပြုလုပ်ဖို့ရာအတွက် စက်ရုံဝင်းအတွင်းမှာပဲ
စုပုံထားပါတယ်...။ အဲ့ဒီကထွက်တဲ့ အနံ့အသက်ဆိုးတွေကလဲ လေသက်ရာ
ပတ်ဝန်းကျင်ရွာတွေကို ဒုက္ခပေးနေပါတယ်။ ဒီလို စက်ရုံတွေ ဧရာဝတီမြစ်ဘေးမှာ
ဘယ်လောက်ရှိနေပီလဲဆိုတာ မသိနိုင်ပါဘူး...။ ဒါကြောင့် ဧရာဝတီမြစ်ကြီးကို
အဆိပ်ခတ်မှု ပပျောက်စေရန်အတွက် ဓာတ်ပုံနဲ့တကွ တင်ပြလိုက်ပါတယ်...။
ဧရာဝတီကို အဆိပ်ခတ်နေကြသူများ
Reviewed by သစ်ထူးလွင်
on
18:53
Rating:
3 comments:
save the Ayarwaddy,,,!plz,,,
ဒီမိုကေ၇စီ၇မှလာပြော...။ လိုချင်၇င် အမြန်၇အောင်လုပ်။ ဥပဒေလဲမ၇ှိဘူး။ ၇ှိလဲ မလိုက်နာဘူး။ ဒီလို နဲ့တော့............။
ဧရာဝတီကို ဝိုင်းဝန်းကာကွယ်ကြပါ အခုအချိန်မှမကာကွယ်ဘူးဆိုရင် ကျွန်တော်တို့တွေရဲ့မျိုးဆက် ဖြစ်တဲ့နောင်လာနောက်သားတွေဟာ ဧရာဝတီကို ကြားရုံပဲကြားဖူးပီး တွေ့ဖူးတော့မှာမဟုတ်ပါ။ အဲဒါကြောင့်ယခုထဲကကာကွယ်မှသာလျှင် မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီဟာ မြန်မာပြည်ကြီးနဲ့အတူ နောင်နှစ်ပေါင်းများစွာအတူတကွတည်ရှိနိုင်မှာဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံအား ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ရပ်ဆိုင်းပြစ်ခဲ့သော သမ္မတကြီးဦးသိန်းစိန်အားလေးစားပါသည်။
Post a Comment