နမ္မတီး​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​အပြည့်အစုံ (အသံဖိုင်ပါနားဆင်နိုင်)

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကချင်ပြည်နယ် မိုး​ကောင်း​မြို့​နယ် နမ္မတီး​ရွာက ​ဘောလုံး​ကွင်း​မှာ မဲဆွယ်​ဟော​ပြောပွဲလုပ်ပြီး​ အဖွဲ့​ချုပ်ကိုယ်စား​လှယ်​လောင်း​ကို မဲ​ပေး​ကြဖို့​ တိုက်တွန်း​ပြောဆိုခဲ့​ပါတယ်။
ဒေါ်​အောင်​ဆန်း​စု​ကြည်​ ​မြစ်​ကြီး​နား​​ ​ခ​ရီး​စဉ် (ဓာတ်ပုံ-ကျော်​စွာ​ရှိန်း​)
ဒီပွဲကို ဧည့်​ပရိသတ် ငါး​သောင်း​လောက် တက်​ရောက် နား​ထောင်ကြတယ်လို့​ မျက်မြင်​တွေက ​ပြောပါတယ်။ ​နေပူကျဲကျဲ​အောက်မှာ ပရိသတ်​တွေကို မိနစ်နှစ်ဆယ်​ကျော် မိန့်​ခွန်း​ပြောဆိုအပြီး​မှာ မိုး​ကောင်း​ဘက်ကို ဆက်လက်ထွက်ခွာပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​အပြည့်​အစုံကို အသံဖိုင်မှာ နာဆင်နိုင်ပါတယ်။
မြန်မာစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မွန်းတည့်ပိုင်းမှာ ကချင်ပြည်နယ်မြစ်ကြီးနားလေဆိပ်ကို ရောက်ရှိတယ်လို့ သွားကြိုတဲ့ အဖွဲ့ချုပ်လူငယ်တဦးက ပြောပါတယ်။
“ရောက်ပြီခင်ဗျာ။ အခုကျနော်တို့ယာဉ်တန်း လေဆိပ်ကနေ ထွက်ပြီခင်ဗျ။ လူတွေအားလုံးကတော့ အမေစုကျန်းမာပါစေ၊ ချမ်းသာပါစေလို့ အုတ်အော်သောင်းတင်းအားပေးကြတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီမဲဆွယ်စည်းရုံးရေးအတွက် ရန်ကုန်ကနေ လေယာဉ်နဲ့ မြစ်ကြီးနားကို ဆိုက်ရောက်လာတာဖြစ်ပါတယ်။
သူက “ကျောင်းးသားတွေလည်းပါမယ်၊ တိုင်းရင်းသားတွေလည်းပါမယ်၊ မြို့ခံတွေလည်းပါတယ်၊ ထောင်ကျော်မယ်။ အခု ကားတန်းက နမ္မတီးခရီးစဉ်ကို အရင်သွားမယ်။ နမ္မတီးပြီးမှ မိုးကောင်း၊ မိုးကောင်းကမှ ပြန်လာပြီး မြစ်ကြီးနားမှာ ညအိပ်တည်းမယ်။ မနက်ကျမှ မြစ်ကြီးနား မနောကွင်းမှာ ဟောပြောပွဲလုပ်မယ်” လို့ ပြောပါတယ်။
နမ္မတီးကို သွားမယ့်ခရီးဟာ ပုံမှန်အားဖြင့်ဆို တနာရီခွဲခန့် မောင်းရပေမယ့် အခုလို ကြိုဆိုသူများပြားတာကြောင့် သုံးနာရီကျော်ခန့် ကြာနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။
ဒီမွန်းလွဲပိုင်းမှာပဲ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား (၁၆) ဦးဟာလည်း ရန်ကုန်ကနေလေယာဉ်ခရီးနဲ့ မြစ်ကြီးနားကို ဆိုက်ရောက်ဖို့ရှိပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကချင်ပြည်သူများ ကြိုဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ​ ​ရွေးကောက်ပွဲအောင်နိုင်ရေး​ မဲ​ဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို​ ​လေကြောင်းခရီးနဲ့​​ ဒီမနက် ထွက်ခွာပါတယ်။
မြန်မာစံတော်ချိန် မနက် ဆယ်နာရီခွဲ​ အထိတော့ မြစ်ကြီးနားလေဆိပ်ကို မရောက်သေးဘူးလို့ လေဆိပ်မှာ စောင့်ကြိုနေသူတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ လေဆိပ်မှာ လူရာချီ ကြိုဆိုနေကြပြီး အဲဒီထဲက အဖွဲ့ချုပ်လူငယ်တဦးက “မရောက်သေးဘူးအစ်ကို၊ ၁၁ နာရီလောက် ရောက်မယ် ပြောတယ်” လို့ ဆိုပါတယ်။
မြစ်ကြီးနားလေဆိပ်မှာ ကချင်တိုင်းရင်းသားဝတ်စုံတွေ၊ ကျောင်းဝတ်စုံတွေ၊ ပင်နီဝတ်စုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေကြပါတယ်။
ကချင်တိုင်းရင်းသူတဦးက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ လာကြိုတာလို့ ပြောပါတယ်။ “ကမ္ဘာကျော်တဲ့ မိန်းမတယောက်ကို တွေ့ဖူးချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ထံက ကချင်ပြည်နယ်တိုးတက်ဖို့ ​ဆောင်ကြဉ်းပေးနိုင်မယ်လို့ သူအနေနဲ့ ယုံကြည်ကြောင်းနဲ့ “စစ်ဖြစ်နေတဲ့အကြား​ ​ကြားဝင်စေ့စပ်ပေးဖို့လည်း​ ​ပြောချင်တယ်။ ခုလို စစ်ဖြစ်နေတဲ့အတွက် ကျမတို့ ဒီနယ်မြေမှာ စီးပွားရေးအရရော အကုန်လုံးက ကျဆင်းနေပါတယ်။ အဲဒါကို ပြုပြင်ပေးစေချင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့ မနောကွင်းမှာ ဟောပြောမှာပါ။
ဒီဗွီဘီ
နမ္မတီး​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​အပြည့်အစုံ (အသံဖိုင်ပါနားဆင်နိုင်) နမ္မတီး​တွင် ​ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန်း​အပြည့်အစုံ (အသံဖိုင်ပါနားဆင်နိုင်) Reviewed by သစ်ထူးလွင် on 15:55 Rating: 5

4 comments:

LAMIN KO KO said...

ဘယ်နေရာ ရောက်ရောက် ပြည်သူများက အမေစုကို welcome ပါ

thuyawin02 said...

Out of question. People power nld power.no doubt.?

right man said...

thanks you so much all nationality from KACHIN STATE also STATE POLICES AND KIA.

please kindly safe to ours national leader mother SU.

dingyi said...

အမေစု သိပ်တော့ အယုံအကြည်မလွန်ကဲလိုက်ပါနဲ့နော်
တရားမရှိ ဘာမရှိကောင်တွေက ဒီနယ် ဒီသေမှာ
အမေစု ကို တစ်ခုခုများ ကြံလိုက်မှဖြင့်
ပြည်သူတွေ မျက်ရည်မိုးတွေ ဝေနေရပါဦးမယ်
အမေစု သွားလေရာရာ ဘေးမသီ ရန်မခဘဲ အေးအေးချမ်းချမ်းအောင်မြင်ပါစေ

Powered by Blogger.