ကျောက်ဆည်တက္ကသိုလ်မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေ

 ကျောက်ဆည် တက္ကသိုလ်ပုရ၀ဏ်တွင်းမှ မြေများကို ပုဂ္ဂလိကကုမ္ပဏီ   တစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေလို့ ဒေသခံပြည်သူများက မခံမရပ်နိုင်ဖြစ်နေ

 မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊တောမရွာအနီးရှိ ကျောက်ဆည်တက္ကသိုလ်တွင် တက္ကသိုလ်ဘောလုံးကွင်း ပြင်ဆင်ပေးမည်ဟု မတ်လုံးပေပြီး တက္ကသိုလ်ဘောလုံးကွင်းအတွင်းရှိ
 မြေများကို တရုတ်ပြည်သို့ဓတ်ငွေ့ပိုက်လိုင်းဆက်သွယ်ပေးသည့် တာမိုးညဲကုမ္ပဏီမှ
သိုလှောင်မည့် မြေနေရာသို့ ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး နေ့ချင်းညချင်းသယ်ဆောင်နေသည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီသည် ရန်ကုန်-မန္တလေးအမြန်ကားလမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး တက္ကသိုလ်ပုရ၀ုဏ်တွင်းရှိ နိုင်ငံပိုင်မြေများကို စက်ကြီးများနှင့်တူးယူပြီး ကုမ္ပဏီကားများဖြင့် ပုဂ္ဂလိက အသုံးပြုလိုသည့် နေရာသို့အဓ္ဓမယူဆောင်အသုံးပြုနေသည်မှာ ယခုအချိန်ထိဖြစ်သည်။

တက္ကသိုလ်ဘောလုံးကွင်းပြင်ဖို့ ကုန်ကျစရိတ်ထက် သယ်ယူသွားတဲ့ မြေက တန်ဖိုးပိုကြီးနေသည်ဟု အဆိုပါတက္ကသိုလ်အနီးရှိ တောာမရွာမှဒေသခံများက ပြောဆိုနေကြသည်။ `ဒါက ပြည်သူပိုင်မြေကို ရောင်းစားနေတာပါ။တက္ကသိုလ်အကျိုးတွက်လည်းမဟုတ်ပါဘူး`ဟု
 ဒေသခံတောမရွာသားတစ်ဦးကပြောပါသည်။

ထို့ပြင် တရုတ်ကုမ္ပဏီပိုင် မြေသယ်ကားများက ကျောင်းလမ်းမပေါ်တွင် နေ့ရောညပါ ဥဒဟိုသွားလာနေသဖြင့် ကုမ္ပဏီအလုပ်သမားများနှင့် ကျောင်းသားများကြား ပဋိပက္ခဖြစ်ပေါ်နိုင်သည်နှင့်ပတ်သက်ပြီလည်း ဒေသခံများက စိုးရိပ်နေသည်။`ဒါက မြေသယ်ကားကွ ဖြေးဖြေးမောင်းလို့ မရဘူး။ဖယ်မပေးရင်တော့ တိုက်ပစ်မှာပဲ`ဟု မြေကားမောင်းသမားက ကျောင်းသားများကို ရိုင်းပြစွာပြောဆိုသဖြင့် ကျောင်းသားများကလည်း အခဲမကြေဖြစ်နေသည်ဟုဒေသံတစ်ဦးကဆိုသည်။

`ကားတွေက တရပ်စပ်သွားနေလို့ ကျွန်မတို့ နေတဲ့ အဆောင်တွေလည်း ဖုန်မှုန်တွေနဲ့ မွန်းထူနေတာပဲ။ဒီကိစ္စက မဖြစ်သင့်ပါဘူး`ဟု ကျောက်ဆည်တက္ကသိုလ်မှ ဆရာမတစ်ဦးက တောမရွာသို့ အရောက်တွင် ညည်းညူပြောဆိုသွားသည်ဟုလည်း ဒေသခံတစ်ဦးကဆိုသည်။

`ဘောလုံးကွင်း ပြင်တာ ဘောလုံးကွင်းတော့ ဖြစ်မှာ မဟုတ်ဘူး။မြေတွေတူးလို့ကုန် ချိုင့်ကွက်ဖြစ်ပြီး ရေကူးကန်ဖြစ်တော့မယ်`ဟု အဆိုပါတက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပုဂ္ဂိုလ်တစ်ဦးကလည်း ညည်းငြူပြောဆိုနေသည်ဟု သိရသည်။

 မည်သို့ပင်ဖြစ်စေ နိုင်ငံပိုင်မြေကို ပုဂ္ဂလိက အကျိုးတွက်ယခုကဲ့သို့အသုံးပြုနေသည်မှာ မဖြစ်သင့်ပေ။မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနှင့်လည်း အဆိုပါကိစ္စမျိုးကို လစ်လျုရှု မထားသင့်ပဲ အကြောင်းအရင်းအမှန်ကို စီစစ်ဖော်ထုတ်ပြီး တက္ကသိုလ်ဝန်ထမ်းများ၊ကျောင်းသားများနှင့်ဒေသခံများ အကျိုးတွက် စိစစ်ဆောင်ရွက်သင့်ကြောင်း တောမရွာသားတဦး က Myanmar News Now ကို ပြောပါသည်။






အထက်ပါဓါတ်ပုံတွေမှာ ကျောက်ဆည် တက္ကသိုလ်ပုရ၀ဏ်တွင်းမှ မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အဓ္ဓမသယ်ယူအသုံးပြုနေပုံ တွေကို ဒေသခံပြည်သူတဦးက Myanmar News Now ကို ပေးပို့ ထားတာပါ။
ကျောက်ဆည်တက္ကသိုလ်မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေ ကျောက်ဆည်တက္ကသိုလ်မြေများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကအဓ္ဓမသယ်ယူအသုံးပြုနေ Reviewed by သစ်ထူးလွင် on 04:33 Rating: 5

2 comments:

Nago Mana said...

ဒါမဖြစ်သင့်ဘူး။ လုံးဝမဖြစ်သင့်ဘူး..။ ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်သူဖြေရှင်းပေးမှာလည်း..။

nationalism said...

China is not good neighbour for myanmar ,we suffer alot from their vito power using in U N , as well as syria , they take our resort and pretend like MASTER .

Powered by Blogger.