တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည မှာ အကျည်းတန်စေတဲ့ ဖြစ်ရပ် (ပေးစာ)

ဓါတ်ပုံ(ဘားမားဗီဂျေ)
ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုစောစောသွားခဲ့ပါတယ်. ကျွန်တော်တို့အသင်းသားစုစုပေါင်း(၅)ယောက် နာရေးကူညီမှုအသင်းပိုင် ဆန်နီပစ်ကပ်ကားလေးနဲ့ ရုံရဲ့ အနောက်ဖက်ကဆိုင်လေးမှာ အသင်းယူနီဖောင်းကိုယ်စီနဲ့ ထမင်းသုပ်စားရင်း ကိုဆောင်းဦးလှိုင်ကိုထိုင်စောင့်နေခဲ့ကြပါတယ်. အဲဒီအချိန်မှာ ကိုဆောင်းဦးလှိုင်ဆီက ဖုန်းဝင်လာခဲ့ပါတယ်. (ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်းပဲပြန်ဖြေခဲ့ကြပါတယ်.အဲဒီမှာ ပြဿနာကစတက်တော့တာပါပဲ. အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်။

 အဲဒီယူနီဖောင်းတွေချွတ်ပေးပါ.အဲဒီကားကိုအပြင်ထုတ်ပေးပါလို့ ပြောတယ်ဆိုပြီး ကိုဆောင်းဦးဆီက ဖုန်းဝင်လာပါတယ်. ဒီထက်ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကတော့ သီချင်းအပုဒ်ပေါင်းများစွာကိုသီဆိုဖျော်ဖြေမဲ့ အနုပညာရှင်တစ်ယောက်ကို ပွဲစဖို့နာရီပိုင်းအလိုမှာ ဒီပွဲကိုတာဝန်ယူမလား. အခုချက်ခြင်း ဒီပွဲကိုဖျက်ပစ်မလား ဆိုပြီးခြိမ်းခြောက်ခံရပါတယ်.) ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါတယ်။

 ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ.

 ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်။

 ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်ပါဘူး. ကျွန်တော်တို့အသင်းကယူနီဖောင်းကိုဝတ်ထားတာပါ. ဒီယူနီဖောင်းကိုချွတ်ခိုင်းတယ် လဲခိုင်းတယ်ဆိုတော့ ကျွန်တော်တို့သိချင်တာ ဒီယူနီဖောင်းကဘာများမှားနေလို့လဲ ဒီယူနီဖောင်းက ဘာများခြိမ်းခြောက်နေလို့လဲ သိချင်ပါတယ်. ပြီးတော့ ပြည်ထောင်စုအစိုးရက ပြောပြောနေတယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ အချိန်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ခြိမ်းခြောက်မှုတွေ ရှိသင့်သေးပါသလား ပြည်သူတွေက အားကိုးချင်တဲ့ ယုံကြည်ချင်တဲ့ အရပ်သားအစိုးရကို အထူးသတင်းတပ်ဖွဲ့လိုမျိုး အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်က ယုံကြည်မှုပျက်ပြားအောင်လုပ်မှာလား ယုံကြည်မှုတည်ဆောက်ပေးမှာလား ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိချင်ပါတယ်။

ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)
တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည မှာ အကျည်းတန်စေတဲ့ ဖြစ်ရပ် (ပေးစာ) တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည မှာ အကျည်းတန်စေတဲ့ ဖြစ်ရပ် (ပေးစာ) Reviewed by သစ်ထူးလွင် on 11:59 Rating: 5

27 comments:

min yar zar said...

သြော်. သူတို့က နာရေးကူညီမှုအသင်းဝတ်စုံနဲု့ ၀တ်ပြီး ဒီလို ရန်ပုံငွေပွဲမှာ တွေ့ရတော့ သူတို့စောက်ရှက်တွေ ကွဲကုန်လို့နေမှာပေါ့၊ သူတို့က စောက်ရှက်က ကွဲပြီးရင်း ကွဲရင်းလေ၊ ပြောတော့ဖြင့် ဒီမိုကရေစီတဲ့။ အဲဒီအကောင်တွေသေရင်လည်း နာရေးကူညီမှုအသင်းကပဲ အသုဘ ချရျမှာပဲ မဟုတ်လား၊ အဲဒါကို မေ့နေပြီထင်တယ်။

diplomat said...

အကိုရေ အကိုတို့ယူနီဖောင်းကို ကြည့်ပီး စားထားတာတွေမလုံဘူးလေ
နမိတ်ပြသလိုခံစားနေရလို့နေမှာပေါ့အကိုရာ....
သီးခံပေးလိုက်ပါ အကိုမကူညီလဲ အနည်းဆုံးရက်ကွက်ကတော့ရေးချိုးပေးမှာ
ပါ...

Anonymous said...

ဖိုးသူတော်ကတော်တော် မယ်တော်ကကဲကဲဆိုတဲ့ သခင်အားရကျွန်ပါးဝ လူ့ငနွားတွေပဲ ဖြစ်မှာပေါ့။

စပ်မိစပ်၇ာ said...

သူငယ်ချင်းေ၇....ကြောက်လို့ ..ညစ်နေတဲ့ ကြောက်ညစ်နေ..မကြာခင်နေ၇ာပျောက်တော့မှာမို့ ..ခဏတော့ သည်းခံပေးလိုက်ပါ

Ko Ko Naing said...

ဒီလိုလုပ်ရပ်မျိုးကတော့အင်မတန်မှရုပ်ဆိုးအကျည်းတန်လွန်းပါတယ်။အထက်ကအသံကောင်းဟစ်နေတဲ့လူကြီးတွေသိအောင်လုပ်သင့်ပါတယ်။

Anonymous said...

ညီမောင် ဖြိုးကိုကို..
အဓိက ကတော့ အောက်လူတွေက အထက်လူကြီးတွေကို ကြောက်စိတ်မကုန် သေးတဲ့ သဘောပါ... အထက်လူကြီးက ငြိုငြင်မှာကို လဲ စိုးပုံရပါတယ်.. ဥပဒေအရ..အတည်အလင်း နိုင်ငံသားတစ်ယောက်ကို ကာကွယ်ထားတာ အားနည်းသေးတဲ့ သဘောပါ.. မှန်တာကို ကိုယ်ပိုင်ဆုံးဖြတ်ရဲတဲ့ ၀န်ထမ်းကို အကာအကွယ် ပေးမယ့် ဥပဒေလမ်းကြောင်းမှန် ပေါ်ပေါက်ဖို့ လိုပါသေးတယ်... အလုပ်ပြုတ်မှာ ကြောက်လို့တော့ မဟုတ်တန်ရာ... သူ့ဘ၀အတွက် သူ့ရဲ့ဆုံးဖြတ်ချက်..၀န်ထမ်းလွတ်လပ်ခွင့် အကာအကွယ် မရှိသေးတာ ဖြစ်မယ်ထင်ပါတယ်..(ဥပမာ..အားကစား ၀န်ကြီး.. ဘောလုံးကွင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေအတွက် ခွင့်မပေးတာ.. အဲဒီဝန်ကြီးရဲ့ အထက်လူကြီးကြောက်စိတ် မကုန်သေးတာ ဖြစ်နိုင်တယ်..အထက်လူကြီးက ငြိုငြင်တာနဲ့ အလုပ်ပြုတ်..လမ်းဘေးရောက် ဖြစ်မှာစိုးကြတယ်.. သူတို့ရဲ့ ကိုယ်ပိုင်လုပ်ရပ်အတွက် အကာအကွယ်ပေးမယ့် ဥပဒေဆိုတာ မရှိသေးတာ..လမ်းကြောင်းမှန်ပေါ် မရောက်သေးတဲ့ သဘောပါ...

Unknown said...

oh--o!!!ဆိုးလိုက်တာ...
အရှေ့  ကပြော..နောက်က လူတွေက လုပ်ချင်ရာလုပ်..
what a bad system!!..

tapaungthi said...

တော်တော်ဆိုးပါလား အခုထိ မလွတ်လပ်မှုတွေဟာ တဖြည်းဖြည်းပျောက်ကွယ်ရမယ့်ဥစ္စာ ပိုဆိုးလာပါလား
ဒီမိုကရေစီလမ်းကြောင်းပေါ်ဆိုတာ ညာနေတာလား လိမ်နေတာလား
မုသားတွေသုံးနေတာလား
အစိုးရကို ဘယ်လိုယုံကြည်ရပါ့မလဲ ...။

tharzaw said...

အဲဒီလိုအာဏာရှင်ဆန်တဲ့ အရူးတွေကြောင့်
တိုင်းပြည်ပျက်လုနီးပါးဖြစ်နေရတာ။

ကျော်ထိုက် said...

လာပြန်ပြီလား SB...S B ဆိုတာ စားဖား တွေလား...စားဖား ဆိုရင် တော့ တုတ် နဲ့ ထိုးပြီး ကင်စား ပစ်လိုက်မယ်..သတိသာထား...တော်တော် မိုက်ရိုင်း တဲ့ ဓားမ နောက်ပိတ်ကောင်တွေ....အမေစု မြန်မြန် အုပ်ချုပ် နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...အမေစု ရယ်....

မင်းမြတ် said...

ရသလောက်တော့ညစ်လိုက်အုံးမှဆိုတဲ့မနာလိုဝန်တိုစိတ်တွေနဲ့အုပ်ချုပ်နေတဲ့ အစိုးရရဲ့လက်ထက်မှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ယခင်က တပ်မတော်သားတွေဟာစကားပြောရင်တည်ကြည်တယ်၊အလေးအနက်ထား တယ်၊ပေးပြီးတဲ့ကတိတည်အောင်လုပ်ပေးတယ်ဆိုတာ နောက်လူတွေကိုပြော ပြရင်ယုံကြတော့မယ်မထင်ဘူး၊ ယခုအစိုးရအဖြစ်အုပ်ချုပ်နေသူတွေက ဆူးလေဘုရားလမ်းနဲ့ယခင်ပန်းဆိုးတန်းလမ်းတွေမှာ ကျက်စားပြီး မကောင်းမှုတွေနဲ့အသက်မွေးဝမ်း ကျောင်းပြုနေတဲ့သူတွေ၊လောက်တောင်တန်ဖိုးမရှိတော့ဘူး

gawleee said...

အာဏာရှင်တွေက နဲနဲလေးတော့ အာဏာပြရမှအိပ်ပျော်ကြတာလေ.ဘာမှနားလည်တဲ့သူတွေမဟုတ်ဘူး.ခွေးဆိုးတွေလိုကိုက်ဖို့လောက်သိတာ.သေရင်တောင် အသက်ထွက်ရင်..အာဏာ.အာဏာ ဆိုပြီးသေမဲ့ကောင်တွေ..

minkhantaung said...

တိုက်ဆိုင်မှု့လေးတစ်ခုပြော့ပြချင်ပါတယ်
လွန့်ခဲ့တဲ့ ၁လလောက်က သင်္ကန်းကျွန်းမြို့နယ်မှာ စာပေဟောပြောပွဲတခုလုပ်တယ်ဗျ။ဆရာကြီးဦးအောင်သင်းပါတော့လူငယ်လူကြီးတော်တော်များများလာကြတယ်။ ကျွန်တော်လည်းထိုင်စရာနေရာမရှိလို့လူတစုထိုင်နေတဲ့တဲလေးတခုထဲဝင်ထိုင်မိတယ်။ကံစဆိုးချင်တော့ အဲဒီတဲက ရဲနဲ့စရဖတွေစုတဲ့တဲဖြစ်နေတယ် အဲဒီတော့သူတို့ပြောတာတွေအကုန်ကြားနေရတာပေါ့ဗျာ ရီတော့ရီရတယ် ဘယ်ဆရာတက်ဟောပြီး ဘယ်ဆရာကပြန်ဆင်းတော့မယ်။ဘယ်လွှတ်တော်ကိုယ်စားလှယ်လာတယ် ရေသောက်သေးပေါက်တာကအစအထက်ကိုသတင်းပို့နေတယ်။ကျွန်နော်ပြောချင်တာကအဲဒီလိုလုပ်တာပြည်သူတွေလုံခြုံရေးတော့မဖြစ်နိုင်တာသေချာတယ်။ဟောပြောတဲ့ဆရာကြီးတွေကတော့ပြည်သူ့အချစ်တော်တွေဆိုတော့သူတို့အတွက်လည်း မပူရဘူး။လွှတ်တော်ကိုယ်စားလှယ်တွေက လည်းပြည်သူတွေတင်မြှောက်ထားတာဆိုတော့ မဖြစ်နိုင်ပြန်ဘူး။သူတို့ဘာအတွက်လုပ်တာလဲ။ကျွန်တော်အထင်သမတကြီးကတော့ဒီလိုတွေလုပ်တာသူကိုယ်တိုင်လည်းကြိုက်မှာမဟုတ်ဘူး။ကျွန်တော့အထင်အိမ့်စောင့်ခွေးတွေဗျ။ အရင်ကအရှင်သခင်ရဲ့အမိန့်ကိုအခုထိနားထဲစွဲနေကြတယ်။ပွင့်ပွင့်လင်းလင်း
ပြောရရင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကအိမ်ရှင်ဆို ခရိုင်အုပ်ချုပ်ရေးမှူးက အယ်(လ်)ဇေးရှင်း။မြို့နယ်အုပ်ချုပ်ရေးရေမှူးက တယ်ရီယာ။ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရဲကခွေးဝဲစား ခွေးဝဲစားဆိုတာအားလုံးအဆင့်ဆင့်စားပြီးမှ အရိုးအရင်းကိုက်ရတာလေ အဲဒီအရိုးအရင်းလေးကိုက်ပြီးဂုဏ်ယူနေရာတာဆိုတော့လက်လွှတ်ရမှာ
ကြောက်ကြတယ်ဗျသမတကြီးသိဖို့ကောင်နေပါပြီ။ရပ်ကွက်တွေမှာခွေးလေခွေးလွင့်တွေကိုဖမ်းရင်စည်ပင်ကအဆိပ်ခတ်တဲ့အသားတုံးနဲ့ပစ်ပြီးဖမ်းသလို သူတို့ကိုလည်း.....ဟိဟိ ကံကောင်းရင်အယ်(လ်)ဇေးရှင်းနဲ့တယ်ရီယာတောင်မိသဗျား..နောက်ပြီး
ကိုက်တဲ့ခွေးဆို အကိုက်ခံရရင်အိမ်ရှင်ပါပြသနာတတ်နိုင်တယ်နော်...ပြောပြီးပြီနော်အိမ်ရှင်ဘယ်သူလဲဆိုတာ.....

Anonymous said...

EU ရေစီးပွားရေးဖွင့်ပေးတာတော့မှာပီထင်တယ်.

Anonymous said...

ပြောတတ်တယ်ဟ ၇ီ၇တယ်

winmintway said...

ဘာမှ မပာုတ်ဘူး ကိုယ့်အရိပ်ကိုယ် ပြန်ကြောက်နေတာ ပါ။

nuzarli said...

ဒီမိုကရေစီလည်းပြောင်းနေတယ် ပြောသေးတယ် အကျီင်္ ၀တ်တာတောင် မလွပ်လပ်ချင်သေးပါလား ကျန်တာကတော. ပြောမနေပါနဲ.တော....အမှန်တရားက အနိုင်ရဖို.တော. ဘုရားတရမယ်.ကိန်းပါလား......အကောင်းဆုံးကို မျှော်
လင်.ရင်း အဆိုးဆုံးကိုလည်းရင်ဆိုင်ဖို. အသင်.ပြင်ထားကြပါ။

မြတ်နိုး said...

သူတို့ကိုလာခေါ်တယ်ထင်လို့နေမှာပေါ့ဟိဟိ

minlulin said...

တစ်ချိန်ကfacebook မှာကျနော်ပြောဖူးပါတယ်..
မူပြောင်းချင်ဟန်ဆောင်တယ်...လူမပြောင်းဘူး
စိတ်ဓါတ်တွေမပြောင်းဘူး...အာဏာရှင်တွေကကျနော်တို့ကိုပေးတာ
ဒီမိုကရေစီအတုအရောင်ပါ...

ရာရာ said...

ဥာဏ်မမှီလို့ပါဗျာ...ဒီ ယူနီဖေါင်းက ဘာတွေများထိခိုက်လို့ တားရတာတုန်း..ရိုးရိုးပဲတွေးမိလို့ပါ...ကျုပ်ကတော့ ဒီယူနီဖေါင်းဝတ်ထားတာမြင်တာနဲ့ အင်မတန်စိတ်ထားမြင့်မြတ်တဲ့သူတွေလို့ စိတ်ထဲမှာသတ်မှတ်ပြီးသားပါ...ဘာကြီးတုန်းဗျာ..

aung san lin said...

ဟားဟားဟားးးးးးးးးး သူတို့ က ဘစ်ကနီ နဲ့ လာမှ သဘောတွေ့တာနေမှာပေါ့ဗျာ.....ဟားဟားဟားးးးးးးးးး

twaytit said...

အော် နင်တို့ က တို့ မဲဆွယ်တုန်းက ဝေထားတဲ့ ကြံ့ဖွတ် အင်္ကျီ နဲ့ ဦးထုပ် မှ မ၀တ်ခဲ့တာ ၊ သူများက မနာလိုတာပေါ့လို့ .... :)

AyeeSett said...

ရူးပါ့ ...သူ့မယားသူမနိုင်လို့ နိုင်ရာလာဖြဲတယ်ပေါ့ ...နင်တို့ကလေ နာရေးကူညီမှုအသင်းက အသုဘ မချပေးခင် ... မသေခင် မီးလောင်သေဖို့ကောင်းတယ် ကွ

TarteeFour said...

Mostly Authority person and group don't like on Democracy People, they dishonest ever. Current Leadear and Miltary group secretly pretend. I think, NLD Leader also know about it. Anywhere they show of their desire. We should ever notice on them and should unity. Should be removed bullet from Box in Gun.

ko pwa said...

အဲဒီလိုလာလုပ်ပါတယ်ဆိုတဲ့ လူတွေက တကယ်ဖြစ်ခဲ့တာ ဟုတ်ပါရဲ့လား။ ဖွချင်တာတစ်ခုထဲနဲ့တော့ မရေးစေချင်ဘူး။ လူအထင်ကြီးအောင် လုပ်ဇာတ်တွေခင်းတာ ရပ်ကြပါတော့ဗျာ။ အားလုံးတစ်ယောက်နဲ့တစ်ယောက် အမြင်မမှားအောင် နေထိုင်ကြမှ တိုင်းပြည်က တကယ့်ကို တိုးတက်ပြီး ငြိမ်းချမ်းလာမှာပါ။ ဖွဇယားတွေ တော်ကြပါတော့။

seazinyaw said...

မင်း နားလည်မှူ.လွဲနေပြီထင်တယ်၊ ဒီမိုကရေစီ ဆိုတာ လုပ်ခြင် တိုင်းလုပ် ဖို.မဟုတ် ဘူးလေ၊ လုပ်ချင် တိုင်းလုပ်လို.ရ ရင်ပြည်တွင်းစစ်ကြီးဖြစ်သွားမှာပေါ.၊ ကမာပေါ မှာ ပေါက် တ က ရ အလုပ်ဆုံး၊ စည်းကမ်းအမဲ့ဆုံး၊ လာဘ်အယူဆုံး အရှုပ်ဆုံး၊ စည်းလုံးမှူ.မရှိဆုံး၊ လောက်ကောင် အများဆုံး၊သစ်စာမရှိဆုံး၊က တို.ဗမာဘဲ

ကလေးလေး said...

အကယ် ဒီမိုကရေစီ မဖြစ်သေးတဲ့သဘောလား ဟင်းဟင်း အကျင့်မပျောက်သေးတာလား “ကိုကြီးစိတ်ကြီး”ပြောသလို အထက်လူကြီးကိုကြောက်တဲ့စိတ်မပျောက်သေးတာလား ဟင်းဟင်းမြင်ရောင်သေးတယ် အရာရှိထက်သူ့အောက်ကလူက ပိုဆိုးတဲ့ခေတ်ကတော်တော်နဲ့ပျောက်မှာမဟုတ်သေးဘူး (မျက်နှာလိုမျက်နှာရလုပ်ချင်တာကိုး ကပ်ဖားကြီးတွေလေ

Powered by Blogger.