လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပုံ
“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။ “ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်”
RFA
လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by သစ်ထူးလွင် on 22:33 Rating: 5

14 comments:

Myo Aung said...

ဒေါ်စုရဲ့ ဦးရွှေမန်းရဲ့ အဆိုကိုထောက်ခံချက်နဲ့ ထပ်ဆင့်ထောက်ပြချက်တွေကို ထောက်ခံပါတယ်။ NLD ရဲ့ ကော်မတီကို တိုင်ကြားချက်တွေဟာ လည်းလုံးဝလုပ်ရမည့်ကိစ္စဖြစ်ပါတယ်။ ဒါလေးကိုမှမပြောချင်ဘူး၊ မပြောရဲ့ဘူးဖြစ်နေရင် ရှေးဆက်တိုးဖို့ စဉ်းစားသင်ပါတယ်။

United States of Myanmar said...

ဘယ်လောက်တိုးပေးမှာလဲဗျာ အခြေခံလစာ ၁ သိန်းမှ မပေးနိုင်ရင်တော. လာလ်ပေးလာလ်ယူ တို.ရန်သူဖြစ်နေအုံးမှာပဲ

Toe Gyi said...

ဦးရွှေမန်းကြီး ကအခုမှ ပန်းဆိုတန်း ကုန်းတံ တားအောက်က ပြန် လာတယ်ထင်တယ်၊ ပြည်သူ့အသံကိုနှစ်ပေါင်းများစွာ မကြားနိုင်အောင် ပိတ်ဆို့နေတဲ့နားထဲကဂျီတွေ ထုတ်လိုက် ပြီနဲ့ တူပါတယ်၊ ၀န်ထမ်းတွေအတွက် အလုပ်ပေးသင့်ဆုံးကတော့ အိမ်ယာပိုင်ဆိုမှု ရှိအောင်ပါ၊ ၀န်ထမ်းအများစုက ပင်စင်ယူပြီး တာနဲ ဘယ်သောင်လှမ်းလို့ ဘယ်ကမ်းကပ်ရမှန်း မသိတဲ့ အောက်ခြေ၀န်ထမ်းတွေအများကြီးရှိပါတယ် အဲဒါလေးကိုတော့ သမ္မတကြီးနှင့် တကွ ဒေါ်အောင်ဆန်းစုကြည် အပါဝင် အောက်ခြေ၀န်ထမ်းကို စာနာသူအားလုံး သတိထားသင့်ပါတယ် ကျနော် မသိလို့ တစ်ခုလောက်မေးချင် ပါတယ် ဘ၀ပေးအခြေအနေ မကောင်းလို့ တောင်းစားနေရတဲ့ လူတွေမှာကော လူ့အခွင့် အရေးဆိုတာ ရှိပါသလား?

Anonymous said...

အမေစုပြောတာလက်ခံတယ် အကျင့်ပျက်လတ်စားနေတဲ့သူတွေ
ကိုထိေ၇ာက်အောင်အေ၇းယူသင့်တယ် ဦးေ၇ွှမန်း၇ဲ့ဝမ်ထမ်းတွေ
လစာတိုးဘို့အတွက်တော့အတော်ကြောက်စ၇ာဘဲ ကုန်ဈေးနှုန်း
နဲ့မသမာစီးပွါးေ၇းသမားတွေကတော့ကြိတ်ပြုံးနေလောက်ပြီ

kyawtan said...

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို....

စီးပွားရေးကောင်းမှလည်း လစာဆိုတာတိုးပေးနိုင် မှာဖြစ်ကြောင်း နှင့် ကျောင်းသားလည်းကျောင်းသားအလျှောက်၊ ၀န်ထမ်းလည်းဝန်ထမ်းအလျှောက်၊ ဘုန်းကြီးလည်းဘုန်းကြီး အလျှောက်၊ ပြည်သူလည်းပြည်သူအလျှောက် စည်းကမ်းရှိဖို့အတွက်၊ ကိုယ်အာဏာရရှိရေးဘဲကြည့်ပြီးတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး အကြောင်းပြပြီးမဖျက်စီးပါနဲ့လို့တိုက်တွန်းပါရစေ။

ကိုယ့်မျက်ချီးလည်း မှန်ထောင်ပြီးမြင်နိုင်ပါစေ။
သင်ပြုထားသောကံသင့်ထံ ပဲတင်သံပြန်လာမည်။
စစ်မှန်သောပြည်သူကိုချစ်တဲ့စိတ်ရှိပါစေ။

အရင်က သခင်အားရကျွန်ပါးဝ တဲ့၊ အခုတော့ အမေရိကန်ပါးဝ .....

kyawtan said...

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို....

အစိုးရက လည်း ဒေါ်အောင်ဆန်းစုကြည်ကို……………
စီးပွားရေးကောင်းမှလည်း လစာဆိုတာတိုးပေးနိုင် မှာဖြစ်ကြောင်း နှင့် ကျောင်းသားလည်းကျောင်းသားအလျှောက်၊ ၀န်ထမ်းလည်းဝန်ထမ်းအလျှောက်၊ ဘုန်းကြီးလည်းဘုန်းကြီး အလျှောက်၊ ပြည်သူလည်းပြည်သူအလျှောက် စည်းကမ်းရှိဖို့အတွက်၊ လည်း တစ်ဖက်တစ်လမ်းမှကူညီပေးသင့်ပါတယ် လို့ပြန်ပြောပါလိမ့်မယ်။

zinzin said...

ဒေါ်အောင်ဆန်းစုကြည်ပြောတာ ဖြစ်သင့်ပါတယ်....
လာဘ်ပေးလာဘ်ယူမှုများကို ဒီအချိန်မှာ အရေးယူ မှုမပြုရင် နောက်ကို နောင်လာနောက်သားနဲ့ နောက်ထပ် စီးပွားရေးသမားတွေဟာ ဒီလိုပဲ လုပ်နေအုံးမှာပါ... အစိုးရဘက်က တိုးသင့်တာ တိုးပေးပြီးရင် လာဘ်ယူမှုအတွက် နောက်မဖြစ်ရဲအောင် အရေးယူမှု ပြုသင့်ပါတယ် ။။။
ဒီအမှုဟာ တခါက ၀န်ကြီးတယောက်ပြောသလို ပြီးခဲ့တာတွေကို ပြီးပါစေတော့လို့ ထားခဲ့လို့ ရမယ့် သမိုင်းမဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။။။။

zero said...

လာဘ်ပေးလာဘ်ယူတို့ရန်သူမဟုတ်ပါ၊လောလောဆယ်တွင်လာဘ်ပေးလာဘ်ယူတို့ကြည်ဖြူဖြစ်နေဆဲရှိပါသေးသည်။မြန်မြန်ပြင်ကြပါဗျို့

မျိုးမြန်မာ said...

ကျွန်ေ တာ် တော်တော်စိတ်ပြတ်မိပါတယ် အဲ့လိုအကြောင်းတွေမရှိအောင်အားလုံး ၀ိုင်းဖွပေးမှရတော့မယ်ထင်လို့ပါ ကျေးဇူးပြုပြီးလည်း ၀ိုင်းဖွပေးကျပါနော်....
ဘယ်အစိုးရ ဌာနမှ လဘ်စားတာမလွတ်ကျပါဘူး
ဌာန တိုင်းဌာနတိုင်း က လဘ်စားကျတယ်လို့ အားလုံးက သိနေကျပါတယ် ဘယ်သူမှ မပြောချင်ကျလို့တာ

လျှပ်စစ်ဌာနမှာတော့ ၀န်ကြီး-ဒုဝန်ကြီးတွေက ကောင်းကြပါတယ် ဒါပေမယ့် ယခင်ဝန်ကြီးတပည့် သိန်းတန် ဆိုတဲ့အကောင်က အကျင့် မပြောင်းသေးဘူး သူခိုးကြီး သူ့မကောင်းတာလုပ်ထားတာ အရင်က အင်တာနက်မှာ ပါပြီးသွားပြီ မပြင်သေးပါဘူးလေ တစ်ပတ်စဉ်ထဲတွေကပြောတယ် ဘွဲ့မရဘဲနဲ့ လိမ်ထားတာတဲ့ ဒါတောင် ညွှန်ကြားရေးမှူးဖြစ်နေသေးတယ် ဘိုလိုမပြောတက်လို့ ကျန်းမာရေးကို အကြောင်းပြပြီး နိုင်ငံခြားကို မသွားရဲဘူး- ပွဲလယ်မတင့်တဲ့ အကောင်ကြီးပါ၊ ဘွဲ့မရပဲနဲ့လိမ်ပြီးတော့ နေရာယူရုံတင်မကသေးဘူး သူတပည့် ချာတိတ်တစ်ယောက်က်ု့လည်း ဘွဲ့မရဘဲ ဘွဲ့ရလုပ်ထားသေးတယ် လူလိမ် တပတ်စဉ်ထဲက အရာရှိတွေ ရာထူးမတက်ပေမဲ့ ခြစားပြီး အရှာကောင်း ဆရာသမားကို အပေးကောင်းတော့ ရာထူးတက်ပြီးရင်းတက်လာတာ ဘာအရည်အချင်းမှ ရှိလို့တော့မဟုတ်ဘူး အခုထိ သူ့ဆရာအရှိန်နဲ့ သူ့ဌာနက အကြီးဆုံးလူကြီးကိုတောင် အိပ်ထဲထည့်ထားပြီး ချယ်နေတာအားလုံးပါပဲ ငွေကြေးဆိုလည်း အခုထိ အလွဲသုံးလုပ်တုန်းပါဘဲ ၀ိုင်းဖေါ်ပေးကြပါ သူခိုးကြီး-လူလိမ်ကြီး-ပညာမဲ့တဲ့အကောင်းကြီး မကောင်းတာလုပ်တာများနေတော့ အသေဆိုးနဲ့ သေမဲ့အကောင်ကြီးပါ

အဲဒီလူကို ဒီလိုဘဲထားတော့မှာလား

(၁) ၀န်ထမ်းခန့်ထားတာတွေ ရိုက်စားလုပ်ခဲ့တယ်
(၂) ရာထူးအလိုက် ပြောင်းရွှေ့ကြေးကလည်း (နိုင်ငံတကာဘောလုံးသမားတွေ လိုဘဲ)
(၃) တပတ်စဉ်ထဲက လူတိုင်းကပြောတယ် ဘယ်တုန်းကဘွဲရတာလဲတဲ့
(၄) စာမတတ်ပေမတတ်နဲ့ နိုင်ငံခြားတောင်သွားပြီးပြီ (အရင်အစိုးရအဖွဲ့တောင် လိမ်ပြီးဖောင်ဖြည့်သူ)
(၅) ၀န်ကြီးဌာန ခြစားသူ နံပတ်(၁)
တခြားဟာတွေ ရှိသေးတယ် ဆက်ထည့်ပေးမယ်

wt said...

နိုင်တော်ကြီးတိုးတက်ဖို့အတွက် (အမယ်လေး စကားလုံးတွေကကြီးလိုက်တာ) ၀န်ကြီးဋ္ဌာနတွေ၊ ပြည်သူတွေ ရဲ့ကူညီမှုတွေ လည်းလိုပါတယ်။ မန္တလေး ကနေ မိုးကုတ်သွားကားလမ်းမှာ ကြုံခဲ့တာတစ်ခုပါ BOT စနစ်သုံးလမ်းပြင်နေတာလို့ပြောတာပဲ လမ်း/တံတားအသုံးပြုခကောက်တာ အေးဓမြတိုက်တာ နှင့်တူတယ် မြန်မာနိုင်ငံသားတွေနဲ့ မတူဘူး အရိုင်းအဆိုင်းတွေဘဲ။ တန်ပိုချိန်တာတွေက မန္တလေးအထွက်ကစပြီး မိုးကုတ်မြို့ဝင်ခါနီးထိ အတင်အချမရှိတဲ့ကားက အလေးချိန် မမှန်ဘူး တက်လိုက်ကျလိုက်နဲ့ မေးကြည့်တော့လည်း အားလုံးက သူတို့ဟာပံ အမှန်တဲ့။ ပထမတစ်ခုမှာ (၁ ၁/၂)တန်နောက်တစ်ခုမှာ ( ၂ ၃/၄) တန် နောက်တစ်ကျတော့ (၁ ၁/၄)တန် အစုံပဲဗျာ နီးစပ်ရာ ဆောက်လုပ်ရေးရုံးဝင်ပြောပြတော့လည်း သိပ် အကြောင်းမထူးပါဘူး။ လမ်းတွေကျတော့ မကောင်းဘူး။ ကျောက်ပုံမှိုတွေလည်းတွေ့ ရပါတယ်။ ဘယ်သောအခါမှ ဒါတွေပြင်နိုင်မယ်မသိ။ ဆုတောင်းပေးနေပါတယ် ပြည်သူတွေ ဒီဝဋ်တွေက မြန်မြန်ကျွတ်ပါစေ။

maxdiego said...

အယ်ဒီတာကြီးေ၇ ကြုံကြိုက်ရင်ပြောပေးပါ . လစာ လုံလုံလောက်လောက်ထပ်မတိုးနိင်ပဲနဲ့ တော့ လစာတိုးပေးမယ်လို့ မလုပ်ကြပါနဲ့ လို့  ...၂ သောင်း ၃ သောင်းလောက်တိုးပြီး ကုန်ဈေးနှုန်းက ပိုတက်သွား၇င် အခုထက်ပိုဆိုးလိမ့်မယ်ဗျို့ ..၅ သိန်းလောက်တိုးပေး နိင်မယ်ထားဦး .လူတစ်ယောက်၇ဲ့ လစာအခြေခံ ၅ သိန်းလောက်ဆို၇င်တောင် မြန်မာနိင်ငံ၇ဲ့  ငွေးကြေးဖောင်းပွမှုနဲ့ တွက်၇င် အိမ်ပိုင်ကားပိုင်နဲ့  နေနိင်ဖို့ ဆိုတာဝေးပါတယ်...ဒီတော့ ခြစားမှုတွေပာာလည်း ဆက်၇ှိနေဦးမှာဘဲ ...ဒါ ၅ သိန်းနဲ့ တွက်ထားတာ နော် ...လူတိုင်းရိုးရိုးလေး ပဲစဉ်းစားလို့ ၇နိင်တဲ့  အဖြစ်လေးပါ..
ဒီတော့ လစာမတိုးပဲနဲ့  ကုန်ဈေးနုန်း၊ အိမ်ခြံမြေဈေးနှုန်း၊ ကားအခွန်နှုန်း၊ ဒါတွေကို သာလျော့ချပေး၇င် ပိုပျော်မိမှာ အမှန်ပါပဲ...

Aung said...

လာဒ်ပေးလဒ်ယူ နှင့် အဆင်ပြေ နေ ကြတဲ့ ၀န်ထမ်းတွေ ကတော့အစိုးရ ပြောင်းသွားမှာ လို လား ကြမှာ မဟုတ်ဘူးထင်ပါတယ်

တိုင်းပြည် စီးပွါရေး မကောင်း တာ ကတော့ စီးပွါရေး ပိတ်ဆို့ မှု တစ်ခုတည်းကြောင်း မဟုတ်ဘဲ ဦးနေ၀င်းလက်ထက် ကစပြီး ကိုယ်ကျိုး ကြည့်မှု ၊ စီ မံခန့် ခွဲမှု မှားယွင်တာ။ အသိဥာဏ်နည်းတာ ၊ ပညာရှင်တွေ ပြောတာနားမထောင်တာတွေ က အဓီ က ကျပါလိမ့် ထင်ပါတယ်

SKy said...

Ko Kyaw Tan
(လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို....
စီးပွားရေးကောင်းမှလည်း လစာဆိုတာတိုးပေးနိုင် မှာဖြစ်ကြောင်း နှင့် ကျောင်းသားလည်းကျောင်းသားအလျှောက်၊ ၀န်ထမ်းလည်းဝန်ထမ်းအလျှောက်၊ ဘုန်းကြီးလည်းဘုန်းကြီး အလျှောက်၊ ပြည်သူလည်းပြည်သူအလျှောက် စည်းကမ်းရှိဖို့အတွက်၊ ကိုယ်အာဏာရရှိရေးဘဲကြည့်ပြီးတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး အကြောင်းပြပြီးမဖျက်စီးပါနဲ့လို့ တိုက်တွန်းပါရစေ။
ကိုယ့်မျက်ချီးလည်း မှန်ထောင်ပြီးမြင်နိုင်ပါစေ။
သင်ပြုထားသောကံသင့်ထံ ပဲတင်သံပြန်လာမည်။
စစ်မှန်သောပြည်သူကိုချစ်တဲ့စိတ်ရှိပါစေ။
အရင်က သခင်အားရကျွန်ပါးဝ တဲ့၊ အခုတော့ အမေရိကန်ပါးဝ .....)

ဒီလို ခင်ဗျားပြောခဲ့တယ်နော်....
ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်လို့  မြင်ပါတယ်။ ဘယ်သူတွေက ဘယ်သူတွေကို စည်းကမ်းမရှိအောင် လုပ်နေပါသလဲ။

ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူလုပ်နေတာ အမေစုကြောင့်လားးး
အရင် အဆက်ဆက်က စစ်အစိုးရတွေ မကောင်းလို့ လားးး သိပါရစေ.....

ဝန်ထမ်းတွေ အကျင့်ပျက်ခြစားအောင် ဘယ်သူတွေက ကုန်ဈေးနှုန်းကို မထိန်းကွပ်ပဲ မြင့်မားစေတာလဲ.......

စင်ကာပူလို နိုင်ငံကို စတင်တာဝန်ယူတော့ လီကွမ်ယုက ပြောခဲ့တယ်။ သန့် ရှင်းတဲ့ Gov ယူမလား၊ လာဘ်စားတဲ့ Gov ယူမလားဆိုပီး မေးပါတယ်။ ထို့ နောက် မြင့်မားတဲ့လစာကို ယူပီး clean gov ဖြစ်အောင် ကြိုးပမ်းပါတယ်။ ရဲဖမ်းလို့  ရဲကို ပိုက်ဆံပေးရင်တောင် ရဲက ပြန်တရားစွဲပါတယ်။ လာဘ်စားတဲ့ ၀န်ထမ်းတွေကိုလဲ အလုပ်ဖြုတ်၊ ထောင်ချ (၁၀နှစ်ဝန်းကျင်)ပြုလုပ်ပါတယ်။
ဒီလိုနိုင်ငံမျိုးမှာတောင် သန်းချီတဲ့ လာဘ်ပေးမှုတွေ ရှိနေဆဲပါ။

မြန်မာပြည်မှာ ရာထူးချရုံ၊ နေရာပြောင်းရုံ၊ ဌာနပြောင်းရုံလောက်နဲ့ တော့ လာဘ်စားတဲ့ ၀န်ထမ်းတွေက အပြုံးပျက်မှာ မဟုတ်ပါဘူး။

နောက်တစ်ခု ညီနောင့်ကို ကြည့်ရတာ သံဃာတော်တွေကို မျက်စိစူးနေပုံပဲ။ မြတ်စွာဘုရားက ရဟန်းသံဃာတွေကို နိုင်ငံရေးမလုပ်ရဘူးလို့  အတိအလင်း သတ်မှတ်ထားခြင်းရှိမယ်မထင်ပါဘူး.။ဆရာတော်တွေ နိုင်ငံရေးကို စိတ်ဝင်စားတယ်ဆိုတာကလဲ သူတို့ အကျိုးအတွက် မပါပါဘူး။ ဒကာ၊ဒကာမတွေအတွက်ပါ။ ဒကာ၊ဒကာမတွေ ပျော်ရွှင်ချမ်းမြေ့မှ၊ ချမ်းသာကြွယ်ဝမှာ ဆရာတော်တွေလဲ ဆွမ်း၊ကွမ်းကိစ္စပြည့်စုံပီး သာသနာတော်ကို ထွန်းကားပြန့် ပွားအောင် ထမ်းဆောင်နိုင်မှာပါ။ ဒီတော့ သံဃာတော်တွေနဲ့  ပြည်သူကို ခွဲထားလို့ မရပါဘူး။

ကျောင်းသားတွေ ကျောင်းမတက်၊ စာမေးပွဲမဖြေပဲ လာအားပေးတယ်ဆိုတာကလဲ အမေစုကို ချစ်ကြည်ညိုလို့ ပါ။ ဘယ်သူ့ မှတွန်းအားမပေးပါဘူး။ အဓိပ္ပာယ်မရှိတဲ့ စာမေးပွဲကို မဖြေပဲ လာအားပေးကြတာပါ။

နောက်တစ်ချက်က လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့  ပြည်ပအကူအညီမပါပဲ တိုးတက်ဖို့  မလွယ်ပါဘူး။ အရင် အနောက်ဘက်ကို အကူအညီမယူပဲဆောင်ရွက်တော့ တရုတ်တွေ ဘယ်လောက် ကျူးကျော်လာသလဲ။ အခုတရုတ်နဲ့  မြစ်ဆုံကိစ္စအဆင်မပြေတော့ တရုတ်နဲ့  အဆင်မပြေ ဖြစ်တဲ့အပြင် ကြွေးကျန်တွေ ဆပ်ရအုံးမှာပါ။ တရုတ်နိုင်ငံက မြန်မာပြည်ကို သူတို့ ရဲ့  စီးပွားရေးစားကွက်တစ်ခုအနေနဲ့ ပဲ ဆက်ဆံနေတာပါ။ မြန်မာပြည်ကိုရောက်ရှိတဲ့ တရုတ်ပစ္စည်းမှန်သမျှ အပေါစားတွေချည်းပါပဲ။

တိုင်းပြည်တိုးတက်ဖို့ အတွက် လိုအပ်တဲ့ ပြည်ပအကူအညီယူတာနဲ့  ဒီလိုဖြစ်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာမှမရှိတဲ့ စင်ကာပူလိုကျွန်းနိုင်ငံ ကမ္ဘာကတောင် လေးစားအောင် တိုးတက်လာတာဟာ သူတို့  နိုင်ငံခေါင်းဆောင်တွေ အရည်အချင်းရှိသလို၊ ဥရောပနိုင်ငံတွေ ရဲ့  အကူအညီပါလို့ ပါ။ ဒါကြောင့် ညီနောင်ရဲ့  အတွေးအခေါ်တချို့ ကို ပြန်လည်သုံးသပ်စေချင်ပါတယ်......
မြန်မာလူမျိုးတချို့ မှာ ခုထက်ထိ မနာလို၊ ၀န်တိုစိတ်တွေ ရှိနေသေးတာကို ပြုပြင်နိုင်ကြပါစေလို့ ...............
ခင်မင်စွာဖြင့်

မျိုးစင်ဆွေဆက် said...

kyawtan ရဲ့  လူမစဉ်မမှီ တဲ့ comment ကို ပြန်ဖြေရှင်းပေးတဲ့ SKy ကို ကျေးဇူးအထူးတင်ပါတယ်.....နေရာတိုင်းမှာ စုန်းပြူးတွေရှိနေပါတယ် ...

Powered by Blogger.