ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများ သတ်မှတ်ချိန်တွင်း မဲရုံသို့ မရောက်ရှိပါက ပယ်မဲများအဖြစ် သတ်မှတ်မည်

၂၀၁၀ရွေးကောက်ပွဲမှာ လိုသလောက်ထုတ်ယူနိုင်တဲ့ ကြိုတင်မဲ
ဧပြီလ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများ သတ်မှတ်ချိန်တွင်း မဲရုံသို့ မရောက်ရှိပါက ပယ်မဲများအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်၌ နေပြည်တော်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မြို့နယ်အသီးသီး၏ ကော်မရှင်အဖွဲ့များဝင်များနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၇ တို့မှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ်များထံမှ သိရှိရသည်။

သူတို့ သတ်မှတ်ထားတဲ့အတိုင်း မြို့နယ်၊ ကျေးရွာများက မဲရုံများဆို မနက်မဲရုံဖွင့်ပြီဆိုတာနဲ့ ကြိုတင်မဲတွေကို သက်ဆိုင်ရာ မဲရုံမှုးတွေဆီမှာ လာရောက်အပ်နှံရမယ်။ ပြည်ပနိုင်ငံတွေ၊ အဝေးရောက် နေတဲ့သူတွေရဲ့ ကြိုတင်မဲတွေဆိုရင် ညနေမဲရုံပိတ်ချိန် ဥပမာ နာရီဆိုရင် နောက်ဆုံးထားပြီးပေးရမယ်။ အဲဒီလို သတ်မှတ်ချိန်အတွင်းမရောက်တဲ့ မဲတွေဆို Cancel အဖြစ်သတ်မှတ်မယ်လို့ ပြောတယ်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူ တစညပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းရီက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေသည် အောက်ခြေအဆင့်ဆင့်ရှိ ရွေးကောက်ပွဲကော်မရှင် များနှင့် သက်ဆိုင်ရာ မဲရုံစောင့်သူများကိုလည်း သင်တန်းများပေးထားကြောင်း အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူမှ ပြောကြားခဲ့ကြောင်းလည်း သိရသည်။

"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ တရားအမျှတဆုံးနဲ့ အလွတ်လပ်ဆုံးဖြစ်အောင် လုပ်သွားမယ်လို့ ကျွန်တော်တို့ကို ပြောကြားခဲ့ပါတယ်" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဌဦးသုဝေက ပြောသည်။

ကော်မရှင်မှ ခေါ်ယူပြောဆိုခဲ့သည့်အတိုင်း ကျင့်သုံးပါက ဧပြီလ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်သည်ဟု တက်ရောက်ခဲ့သူများက သုံးသပ်ပြောကြားသည်။
ရန်နိုင်(ရွှေမြစ်မခ)
ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများ သတ်မှတ်ချိန်တွင်း မဲရုံသို့ မရောက်ရှိပါက ပယ်မဲများအဖြစ် သတ်မှတ်မည် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများ သတ်မှတ်ချိန်တွင်း မဲရုံသို့ မရောက်ရှိပါက ပယ်မဲများအဖြစ် သတ်မှတ်မည် Reviewed by သစ်ထူးလွင် on 17:20 Rating: 5

3 comments:

Unknown said...

make sure guys!

skymoon said...

မင်းကွန်းခေါင်းလောင်းကြီးက အခုတလောထိုးလိုက်တိုင်း မထင်...မထင် လို့ပဲ မြည်နေပါတယ်..သန့်ရှင်းပါတယ်ဆိုတဲ့ ရွေးကောက်ပွဲကလည်း NLD လှုပ်ရှားမှုတိုင်းကို နှောက်နေသလိုပဲ...ပြီးတော့ နေပြည်တော်မှာ NLD ဆိုင်းဘုတ်တောင် တိတ်တဆိတ် ဖျက်ဆီးခံနေရပြီ... မင်းသားကြီး ရွှေမန်းရေ အပြောကတော့ ရွှေမန်း အက ကတော့ ချိုမိုင်မိုင် မလုပ်ပါနဲ့...လက်တွေ့ လွတ်လပ်ခွင့်တွေကို မြင်ပါရစေ....

NLD Generation said...

ယုံလား .. ယုံရင် ပြောပြဖို့ စိတ်ကူးပြီးသား.....
ယုံလား ....... ယုံရင် ပြောပြဖို့ စိတ်ကူးပြီးသား.....
ဘာတဲ့တိုးတက်ကောင်းမွန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့တဲ့ .. အဟတ် .. ဟတ် ... ဟုတ်လား... စာတွေ စီလို့ ကောင်းလို့ စီထားတာလား အော် ကျန်သေးတယ် good & clean Government ဆိုတာလဲ နားထောင်လို့ ကောင်းအောင် ရေးထားတာလား .. ဘယ်မလဲ ဒီမိုကရေစီ၊ ဘယ်မလဲ သန့်ရှင်းသော ကောင်းသော ဆိုတာတွေ အခု ရွေးကောက်ပွဲကို တရားမျှတ ရမယ်ဆိုရင် ဘာလုပ်ရမလဲ ဆိုတော့ လွန်ခဲ့သော ရွေးကောက်ပွဲမှ မသမာနည်းများကို အတိအကျ အသေအချာ အရေးယူမှုပြုတယ်ဆိုရင်တော့ နောက်လာမယ့် ရွေးကောက်ပွဲက တရားမျှတမယ် ထင်တာပဲ (မဟုတ်ရင် ခိုးတဲ့ လိမ်တဲ့သူတွေက ခိုးမြဲ၊ လိမ်မြဲ လုပ်အုံးမှာပဲလေ)

သမ္မတကြီးရယ် ဒီစာမြင်လို့လဲ စိတ်မကောင်းဖြစ်မသွားပါနဲ့အုံး သမ္မတကြီးက ကောင်းသောအလုပ်တွေ လုပ်နေတယ်ဆိုတာ မြင်သာပါတယ် နောက်က ဟာတွေကသာ ကောင်းသော နောက်ကို ပါမလာကြလို့...

Powered by Blogger.