အရောင်းသွက်လာသည့် ရိုးရာပင်နီင်္ကျီများ


ဇလွန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရံပုံငွေ ပင်နီအင်္ကျီရောင်းချနေပုံ
ရိုးရာဝတ်စု့ဖြစ်သော ပင်နီင်္ကျီဈေးကွက်ထဲတွင် ပစ္စည်းပြတ်သည်အထိ ရောင်းချခဲ့ရကြောင်း ရိုးရာဝတ်စုံ အရောင်းဆိုင်များထံမှ သိရသည်။
´´ပင်နီအင်္ကျီတွေက ဇန်န၀ါရီလဆန်းပိုင်းလောက်ထဲက စပြီးရောင်းရတာ။ လက်လီရော လက်ကားရော၊ ရောင်းရပါတယ်။ အထူးသဖြင့်တော့ လက်လီဝယ်သူတွေက များပါတယ်´´ဟု ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ရိုးရာဝတ်စုံ အရောင်းဆိုင်တစ်ဆိုင်က ပြောသည်။
ယခုကဲ့သို့ ပင်နီအင်္ကျီနှင့် ယောလုံချည်များ ပစ္စည်းပြတ်သည်အထိ ရောင်းချရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ပြီးနောက်ပိုင်းတွင် ယင်းပါတီဝင်လူငယ်အချို့နှင့် အသက်အရွယ်မရွေး လူကြီးလူငယ်များက ၀တ်ဆင်လို၍ ၀ယ်ယူကြခြင်းကြောင့် ဖြစ်သည်ဟု ယင်းဆိုင်များက သုံးသပ်ပြောဆိုကြသည်။
´´ပင်နီအင်္ကျီဆိုတာ ရှမ်းရိုးရာဝတ်စုံပါ။ ဒါပေမယ့် NLD ပါတီကလူတွေ အ၀တ်များတော့ ပင်နီအင်္ကျီဝတ်ထားရင် NLD ပါတီကလို့ လူတွေကထင်ကြတယ်´´ဟု ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။
NLD ပါတီဝင်များသည် အင်္ကျီအဖြူလက်ရှည်နှင့် ယောပုဆိုး၊ ပင်နီအင်္ကျီနှင့်ယောပုဆိုး၊ ယောလုံချည်များကို ၀တ်ဆင်လေ့ရှိသည်ကို NLD ပါတီမှ ပြုလုပ်သောရန်ပုံငွေပွဲနှင့် ပါတီရုံးခန်းဖွင့်ပွဲများတွင် တွေ့ရှိရသည်။
အဆိုပါ ပင်နီအင်္ကျီများ၏ ဈေးနှုန်းမှာ လက်လီဈေးအနေဖြင့် မိန်းမ၀တ်တစ်ထည်လျှင် ၂၅၀၀ ကျပ်မှ ၄၅၀၀ ကျပ် ၀န်းကျင်တွင်ရှိပြီး ယောင်္ကျားဝတ်တစ်ထည်လျှင် ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်ဝန်းကျင်တွင်ရှိသည်။ ပင်နီတိုက်ပုံ တစ်ထည်လျှင် ၅၀၀၀ ကျပ် ၀န်းကျင်ရှိသည်။
စိုးစန္ဒာအေး (TRUE New)
အရောင်းသွက်လာသည့် ရိုးရာပင်နီင်္ကျီများ အရောင်းသွက်လာသည့် ရိုးရာပင်နီင်္ကျီများ Reviewed by သစ်ထူးလွင် on 09:14 Rating: 5

2 comments:

Myanmar said...

NLD ၇ဲ့ကောင်းကျိုးကို လက်ငင်းခံစား၇တဲ့အစိတ်ပိုင်းတစ်ခုပါဘဲ။ ။

Myanmar said...

ခုခေတ် NLD မှာတော့ အုတ်ေ၇ာေ၇ာ ကျောက်ေ၇ာေ၇ာတွေ မပါဘို့ ဂ၇ုပြုသင့်ပါတယ်။ မဟုတ်၇င် ကြံ့ဖွတ်လို အငြိုငြင်ခံ၇နိုင်ပါတယ်။

Powered by Blogger.