ပြည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး

 မြောင်းမြမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအားလုံးတွင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မဲအနိုင်မရပါက အဆိုပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရာထူးမှ အနားယူဖို့ ပြင်ထားရန် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး က ပြောဆိုကြောင်းသိရသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အမှတ် ၄ ရပ်ကွက်ရှိ မြရွှေဝါ ခန်းမကြီးတွင် ကြာသာပတေးနေ့က ပြုလုပ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလတ် က တက်ရောက်လာသော ရပ်/ကျေး အုပ်ချုပ်ရေးမှူး တရာကျော်ကို ယင်းသို့ပြောဆိုကြောင်း တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ရင် မနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာက လူတွေ ဖျာလိပ်ဖို့ ပြင်ထားလို့ ဦးကိုကိုလတ် က အစည်းအဝေးမှာ ဗြောင်ပြောသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ကျေးရွာစု အုပ်ချုပ်ရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရပ်/ကျေး အစည်းအဝေးကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပထမအကြိမ် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးအဖြစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က မြောင်းမြမြို့ကို ရောက်ရှိခဲ့အပြီး တပါတ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ မြောင်းမြမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်လုံးမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ
ကျေးရွာ အုပ်စု ၁၁၆ စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးကိုကိုလတ် ၏ အဆိုပါ စကားကို မကျေနပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦးက ရာထူးမှ နှုတ်ထွက်ရန် ပြင်ဆင်
နေကြပြီး မြောင်းမြမြို့ပေါ်ရှိ NLD ရုံးတွင် အဖွဲ့ဝင်လျှောက်လွှာများ သွားရောက်တင်ထားခဲ့ကြောင်း ကာယကံရှင်များ က ပြောသည်။

“လာမယ့် ဖေဖေါ်ဝါရီ ၂ဝ ရက်နေ့ကျရင်တော့ ကျနော်တို့ ဒီကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်ကြမှာပါ NLD ရုံးမှာတော့ သွားတင်ထားတာပဲ။ သူတို့ကလည်း မေးမြန်းစုံစမ်းပြီးတော့ ကျနော်တို့ ဖေါင်(ပုံစံ)တွေ ဖြည့်ခဲ့ပြီးပါပြီ” ဟု အခြား ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

မြောင်းမြမြို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းဆွေ ကလည်း “ဟုတ်တယ် အစည်းအဝေးပြီးတာနဲ့ သူတို့ ဒီမှာလာပြီး အဖွဲ့ဝင်ဖို့
ဖောင်လာ ဖြည့်တယ် ကျနော်တို့ လုပ်ပေးလိုက်ပါတယ်။ ဒီရုံးက ထောက်ခံချက်လည်း ယူသွားတယ်။ နောက်တပတ် ရုံးဖွင့်ရက်မှာ အဲဒါကိုပြပြီးတော့ နှုတ်ထွက်စာ တင်မလို့တဲ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းက မြောင်းမြမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ်ဖြင့် ရောက်ရှိလာသည့်
ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ၏ မူဝါဒများဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ပြည်သူများအကျိုးအတွက် ပြင်ဆင်ရန်လိုအပ်နေသည့် ၂ဝဝ၈ အခြေခံဥပဒေတချို့ကို ပြင်ဆင်ရေး စသည့် ရည်ရွယ်ချက်များကို မြောင်းမြမြို့ခံများကို ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အတူ ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်ရေးအတွက် ပြည်သူလူထု အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးမှုများ လုပ်ဆောင်ပေးရန် ပါတီအနေဖြင့် ရည်ရွယ်ထားကြောင်း ဒေသခံတွေမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း
ပြောဆိုခဲ့သည်။

NLD က မြောင်းမြမြို့နယ်တွင် ၁၉၉ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမတ်ဟောင်း ဦးဂျော်နီ က
ပြန်လည်၍ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြို့နယ်နှင့် ကျေးရွာမဲအောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းကာ နယ်လှည့် မဲဆွယ် စည်းရုံးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း မြောင်းမြ မြို့နယ် NLD ရုံးမှ သိရှိရသည်။
ချင်းမိုင် (မဇ္ဈိမ) ။       ။
ပြည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး ပြည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး Reviewed by သစ်ထူးလွင် on 06:20 Rating: 5

16 comments:

SN said...

ကြံဖွတ်က မဲတွေများများရပြီး အနိုင်ရချင်တာ ဘာကြောင့်လဲ..။ လုပ်ပိုင်ခွင့် အာဏာကို လိုချင်နေတာလား..အခုထိတော့ မင်းတို့အဖွဲ့ကြီးက ပြည်သူအတွက် လုပ်ပေးတာ လွတ်တော် အတွင်း/ပြင် မှာ ထင်ထင်ရှားရှားဘာမှ မမြင်ရဘူး...ပြည်သူကို မတရား အနိုင်ကျင့် ဟိန်းဟောက် ခြိမ်းခြောက်နေတဲ့ မဲခိုးပြီး အမတ်ဖြစ်နေတဲ့ ကြံဖွတ်တွေဘဲ တွေ့နေရတာ အမှန်ဘဲ....မဲမရခင်တုန်းကလဲလိမ် ရပြီးလဲလိမ်..အမြဲ လိမ်နေတဲ့ ကြံဖွတ်ဘဲ

KYAW ZIN said...

Authority figure should not be involved in asskissing a political party: USDP in this case.
The SLORC and SPDC always said: Government staff should be freed from political influence!

( NO RULE OF LAW)

ladyjune said...

မိမိကိုယ်ကို လိပ်ပြာလုံတယ်သန့်တယ်ထင်ရင် သတ္တရှိရှိ ရဲ့ရဲ့ဝံ့ဝံ့ ယှဉ်ပြိုင်ကြည့်ကြပါ..ယူတို့လဲစည်းရုံးရေးဆင်းကြပေါ့..ဘာလဲ..ယူတို့ထဲ မှာ စကားပြောတတ်တဲ့သူမပါဘူးလား.ဒါမှမဟုတ်.မိန့်ခွန်းအတွက်စာမူအပ်ထားတာ မရသေးဘူးလား.အော်.ကြံလိုက်ဖွတ်ဖြစ်သွားလိုက်နဲ့..ဒုက္ခနော်..

min yar zar said...

သာကူးတွေ သတိထား၊ ဘာအခုမှ ကြောက်ပါပြီလဲ? န၈ိုတုန်းကတော့ အရိုးလေးပဲ ကိုက်ရ ကိုက်ရ နဲ့ ...အခုကျတော့.....

tharzaw said...

“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ရင် မနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာက လူတွေ ဖျာလိပ်ဖို့ ပြင်ထားလို့ ဦးကိုကိုလတ် က အစည်းအဝေးမှာ ဗြောင်ပြောသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ကျေးရွာစု အုပ်ချုပ်ရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။

ဟား ... ဟား.... ဟား။

“လာမယ့် ဖေဖေါ်ဝါရီ ၂ဝ ရက်နေ့ကျရင်တော့ ကျနော်တို့ ဒီကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်ကြမှာပါ NLD ရုံးမှာတော့ သွားတင်ထားတာပဲ။ သူတို့ကလည်း မေးမြန်းစုံစမ်းပြီးတော့ ကျနော်တို့ ဖေါင်(ပုံစံ)တွေ ဖြည့်ခဲ့ပြီးပါပြီ” ဟု အခြား ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

မှန်လိုက်လေဗျာ။

မြောင်းမြမြို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းဆွေ ကလည်း “ဟုတ်တယ် အစည်းအဝေးပြီးတာနဲ့ သူတို့ ဒီမှာလာပြီး အဖွဲ့ဝင်ဖို့
ဖောင်လာ ဖြည့်တယ် ကျနော်တို့ လုပ်ပေးလိုက်ပါတယ်။ ဒီရုံးက ထောက်ခံချက်လည်း ယူသွားတယ်။ နောက်တပတ် ရုံးဖွင့်ရက်မှာ အဲဒါကိုပြပြီးတော့ နှုတ်ထွက်စာ တင်မလို့တဲ့” ဟု သူက မဇ္ဈိမကို ပြောသည်။

လုပ်သင့်လုပ်ထိုက်တာ ရဲရဲဝံ့ဝံ့ လုပ်ကြဗျာ။

hla min said...

ဒီမှာ ကိုကိုလတ် မင်းဟာ ဝန်ထမ်းဖြစ်တယ် ကြံ့ဖွတ် မဟုတ်ဘူး၊
မင်းယူထားတဲ့လစာဟာ ဘယ်ကလဲ? ငတုံး ခေါင်ကုက်ပီး စဉ်းစား

Unknown said...

ahe:: ladyjune,,, u r right!

zinzin said...

ရပ်/ကျေး အုပ်ချုပ်ရးမှုများသို့
ပြည်သူတွေ အတွက် အမှန်တရားကို ပဲ လုပ်ဆောင်နိုင်ကြပါစေ။
ရာထူးကနေ ပြုတ်သွားခဲ့ရင်တောင်မှ ကိုယ့်ကို ကို ဂုဏ်ယူလိုက်ကြပါ...

Kingdavid said...

လုပ်ပြန်ပြီလားမြို.နယ်အုပ်ခုပ်ရေးမှုးတွေ သူတို.ကို ဘယ်လိုလူတွေကတာဝန်ပေးပြီးခန်.အပ်ထားလဲမသိဘူး အားလုံးတော.မဆိုလိုပါဘူး တချို.အုပ်ချုပ်ရေးမှုးတွေက နိုင်ငံရေးအကြောင်း စီမံခန်.ခွဲမှု အပိုင်း အုပ်ချုပ်ရေးပိုင်းတွေမှာအားနည်းချက်တွေအများကြိးရှိနေပါတယ် မတတ်လို.ပေါ့ဗျာ ကျနော်ထောက်ခံစာရေးခိုင်းတော....၀၁၂၃၄၅၆၇၈၉ တောင်မှန်အောင်မရေးတတ်ဘူး အထက် မှ အောက် စနစ် အတိုင်းဘဲလုပ်နေတတ်တဲ. အကျင်. အတွေးအခေါ် က မပျောက်ဘူးလေ သေထိပါတော.မှာ နောက်ပြီးဒီလိုရာထူးပေးထားတဲ.သူအလိုတွေကိုလိုက်လုပ်နေရတာ ဒီမိုကရေစီရဲ.အနှစ်သာရ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတာတွေ သူ တို. သွားမေးကြည်. ဘာမှမသိဘူး ဖွဲ.စည်းပုံအခြေခံဥပဒေ(၂၀၀၈) တောင် အစအဆုံးဖတ်ပြိးပြီလားလို. အမိန်.စောင်.နေတဲ.အဆင်.ကနေမတတ်နိုင်သေးဘူး အခုတော.လုပ်နေပါပြီ One Stop Service သူများတွေ ကဒါတောင်ကျော်လို. One Step One Stop ဖြစ်နေပြီ တရားကိုမရှိဘူး သေရင် ဘာမှ ယူလို.မရဘူး ဘာမှလဲပါမသွားဘူး ဒါတောင် လူလူချင်းမစာနာ အာဏာပါဝါ ပြနေတဲ.အုပ်ချုပ်ရေးမှုးများ အသိတရားရစေချင်ပါကြောင်း...........သတိရလာလို. တခါတုန်းက ကြံ./ဖွံ. ပါတီ (ချမ်းမြသာစည်မြို.နယ်)ကိုအကြောင်းအရာတခုကြောင်.ရောက်တော.ဘာပြောလဲသိလား အဲဒီအချိန်တုန်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီလက်ထက် ပေါ့ ငါတို.ပါတီက အာဏာတော.မရှီသေးဘူတဲ. ပါဝါတော.ရှိတယ် ဆိုပြိး ဘာမှရာထူးအကြိးကြိးမဟုတ်တဲ.လူတယောက်ကနေအဲလိုပြောတယ် တွေးသာကြည်.တော.ဗျာ....

soecyclone said...

ဟာကွာ!ဒီ ဖွတ်ကြီးကတော့နာချင်ပြီထင်တယ်...

ကိုငလင်း said...

ငယ်ငယ်တုန်းက ကဗျာရွတ်ခဲ့တာလေးကိုသွားသတိရမိတယ် ....တို့လည်းလုပ်မယ် ချန်မထားနဲ့ လူတွေများတော့ အားကျတယ်...
(ကရော်...ကရော်...ရှက်ပါတယ်..ငှယ်..ငှယ်..ငှယ်)

Min Min said...

နှုတ်ထွက်ရန် ပြင်ဆင်နေသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စိတ်ဓါတ်ကို လေးစားပါသည်။ ရွေးကောက်ပွဲကို ကိုယ်စွမ်းရှိသလောက် လုပ်ပိုင်ခွင့်သုံးပြီးသမာသမတ် ပြီးမြောက်အောင် ဆောင်ရွတ် စေလိုပါသည်
ပြီးမှနှုတ်ထွက်ဖို့ကို စဉ်းစားစေလိုပါသည်။ အစားထိုးခန့်သူ က ဘတ်လိုက် ရင် ဒီမိုကရေစီ အတွက် နှစ်နာပါသည်။

Unknown said...

ရှက်တတ်ရင်သေသင့်တယ် ကြံ့ဖွတ်ရေ..တကယ့်ကိုဖွတ်ပါပဲ.

မေတ္တာရှင် said...

ဒီမိုကရေစီ ဒီမိုးမရောက်ခင် တကယ်ရမယ် ကိုကိုကြံ့ရေ။ ကိုကို ကြံ့ရွံ့လူးပြီးလျှောက် ရမ်းလို့မရတော့ဘူးနော်။ ကိုကိုကြံ့တို့ အဘိုးကြီးလည်း စာတွေဖတ်နေတော့ မကူညီနိုင်တော့ဘူးလေ။

Unknown said...

မနှစ်က ရလဒ်က ကြံ့ခိုင်ရေးတွေ အတွက် ပထမဦးဆုံးနဲ့ နောက်ဆုံးရွေးကောက်ပွဲ အနိုင်ရလဒ်ဆိုတာ ဒီချာတိတ်မသိလို့ဖြစ်မယ်။ နောက်လုပ်မယ့် ရွေးကောက်ပွဲတွေက လိမ်မဲ၊ ခိုးမဲ၊ ကြိုတင်မဲတွေ မရတော့ဘူးဆိုတော့ သူလည်း ကြောက်ချီးပန်းတာ ဖြစ်မှာပေါ့။

အာကာထက် said...

ပြည်သူများသတိ ကြံ့ဖွံ့များထင်ရာလုပ်ဖို့ပြင်နေသည့် မြောင်းမြြ့မို့နယ်အုပ်ချုပ်ရေးမှူးလုပ်ရပ်၊သူ့ခရီးစဉ်အပြီးမှာ ဒီမိုကရေစီနှင့်အမှန်တရားကိုမြတ်နိုးသည့် ကျေးရွာအုပ်ချုပ်ရေးမှုး ၅ ဦးပေါ်ထွက်လာ ကြိုဆိုပါသည်၊နောင်လဲထိုကဲ့သို့ အမှန်တရားဘက်တော်သားများ များများပေါ်ထွက်လာပါစေ၊ဦးသိန်းစိန်၊ဦးရွေမန်း၊ဦးတင်အေးတို့ ကြည့်လုပ်ပါအုံး ကိုယ့်လူကို မနိင်ရင် တိုင်းပြည်နာမယ်နော် ဘာဖြစ်လို့များ မသမာသူတွေကို အုပ်ချုပ်ရေးမှာထားနေပါသလဲ?

Powered by Blogger.