ပြီးခဲ့သည့် လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ သားက Orchid Hotel မှ
အမျိုးသမီးဝန်ထမ်းတဦးကို ပါးရိုက်ခဲ့ပြီးနောက် ၎င်းကပင်
ပါးရိုက်ခံရသူဝန်ထမ်းကို တရားပြန်စွဲထားကြောင် ယင်းဟိုတယ်မှ မန်နေဂျင်း
ဒါရိုက်တာဦးဌေးအောင်က YPI သို့ပြောသည်။
"သူပြန်ဆွဲတာက သူ့ကိုအင်အားသုံး တားဆီးမှုရယ် သူ့ပိုင်နက်ထဲကို ၀င်ရောက်ခွင့်မပြုတာနဲ့ပတ်သက်ပြီးစွဲ ထားတာပါ။ တရားစွဲခံရတာက ပါးရိုက်ခံရတဲ့ ဟိုတယ်ဝန်ထမ်းနဲ့ သူ့အတွက်သက်သေခံထွက်ပေးတဲ့ အမျိုးသမီးဝန်ထမ်း နောက်တယောက်ကိုစွဲထားတာပါ"ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်၍တရားရင်ဆိုင်ခဲ့ပြီး လာမည့် ၂၉ ရက်နေ့တွင် စစ်ဆေးကြားနာရန် ချိန်းဆိုထားသည်ဟု ဆိုသည်။ တရားရင်ဆိုင်ရန်အတွက် အာမခံအနေဖြင့်၎င်းတို့ဟိုတယ် ၀န်ထမ်းနှစ်ဦးအတွက် ပိုင်ဆိုင်မှု ကျပ်သိန်းလေးရာ အာမခံပေးထားရသည်ဟုဆိုသည်။
ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၈ ရက်နေ့ညက Business ဗီဇာဖြင့်နေထိုင်သူ ဂျပန်နိုင်ငံသား Mr.Okahashi Takashi က ဟိုတယ်သို့ အထောက်အထား မပြည့်စုံသည့် အမျိုးသမီး တဦးကို ခေါ်လာရာ ဟိုတယ်ဝန်ထမ်း ဒေါ်အေးအေးကြည်က တားဆီးသဖြင့် Mr Takashi က ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သည်။
အဆိုပါအမှုကို ပုဇွန်တောင်ရဲစခန်းသို့သွားရောက် တိုင်ကြားရာ ပါးရိုက်ခဲ့သည့် အထောက်အထား ဆေးစာရွက်များ ပြသမှသာလျင် အမှုဖွင့်နိုင်သည်ဟု ဆိုရာမှ နောက်ပိုင်း သတင်းများပြန့်သွားခဲ့သည့်နောကှ် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ဟိုတယ်သို့လာရောက်စစ်ဆေး အမှုဖွင့်ပေးခဲ့သည်ဟုဆိုသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ ဂျပန်နိုင်ငံသားအားနာမည်ပျက်စားရင်းသွင်းကာ မြန်မာနိုင်ငံသို့ မည်သည့် ဗီဇာမှထုတ်မပေးရန်ဆုံးဖြတ် အရေးယူလိုက်သည်ဟု ဖေ့ဘွက် စာမျက်နှာများတွင် သတင်းများပြန့်လာသော်လည်း ယင်းကဲ့သို့ အရေးယူမယူ အတည်မပြုနိုင်ကြောင်း ဦးဌေးအောင်ကဆိုသည်။
"သူ့ကို အဲလို အရေးယူရင်တောင် အခုအချိန်မှာ အမှုက ရှိနေတော့သူထွက်သွားလို့ မရသေးဘူးလေ၊ လောလောဆယ် အိုလံပစ် ဟိုတယ်မှာတည်းနေတယ်လို့တော့ သတင်းကြားတယ်" ဟုဆိုသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ ဂျပန်သံရုံးသို့ပြီးခဲ့သည့် တပတ်ကျော်မှ စတင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေဆိုပေးခြင်းမရှိသေးချေ။
လက်ရှိတွင် ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရသည့် အမျိုးသမီး ဟိုတယ်ဝန်ထမ်းမှာ အလုပ်ပုံမှန်ဆင်းလျက်ရှိပြီး ကိုယ်ထိလက်ရောက် စော်ကား ခံရခြင်းအတွက် သူမဘက်မှလည်း ဂျပန်နိုင်ငံသားအား အမှုဖွင့် တရားစွဲထားသည်။
"အရင်က ကျွှန်တော်တို့ဝန်ထမ်းကသူ့ကို တရားစွဲထားတာကို သူုတောင်းပန်ရင် ကျေအေးပေမယ်လို့ စဉ်းစားထားတာလေ အခုကဒီလိုဖြစ်သွားတော့ ကျွန်တော်တို့ဘက်က ၀န်ထမ်းကလည်း ဂျပန်နိုင်ငံသားကို ထိုက်တန်တဲ့အပြစ်ဒဏ် ရတဲ့အထိ တရားရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်" ဟု ဦးဌေးအောင်ကဆိုသည်။
ဟိုတယ်ဝန်ထမ်းများဘက်မှ ရှေ့နေဦးဝင်းနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးနေပြီး ဂျပန်နိုင်ငံသားဘက်မှလည်း ကူညီပေးနေသည့် ရှေ့နေအဖွဲ့များရှိသည်ဟုဆိုသည်။
Orchid Hotel သည် အဆိုပါပြဿနာ ဖြစ်ပွားသည့်နောက် ဟိုတယ်သို့ ညသန်းခေါင် ဧည့်သည်အသစ်များ လက်မခံခြင်း၊ အမျိုးသမီးဝန်ထမ်းများကို ညဘက် တာဝန်မချထားရန် စသည့် အစီအစဉ်များဆောက်ရွက်ရန် စီစဉ်လျက်ရှိသည်ဟုဆိုသည်။
Orchid Hotelသည် စကာင်္ပူနှင့်မြန်မာ နိုင်ငံသားတို့ ပူးပေါင်းတည်ထောင်ထားသောဟိုတယ်ဖြစ်ပြီး အမှတ် ၉၁၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။ ။

ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည့် ဂျပန်နိုင်ငံသားက တရားပြန်စွဲ
Reviewed by သစ်ထူးလွင်
on
23:23
Rating:
32 comments:
ဟိုတယ်မှာ ..ဟိုတယ်လို မနေတဲ့ကောင်...အဲ့ဒီလိုဖြစ်တဲ့ အချိန်မှာ အနားမှာ မြန်မာလူမျိုးဝန်ထမ်းအမျိုးသားတွေ တစ်ယောက်မှ မှရှိကြတော့ဘူးလား..သူတစ်ချက်ကိုယ်တစ်ချက်ပေါ့..မြန်မာ မှန်ရင်သွေးနီပါတယ်.....
kaee japanese go back to home.no't in our country.
နိုင်ငံက ပြုပြင်ပြောင်းလဲဖို့  အခုမှတာဆူနေတုန်းရှိသေးတယ်၊ နိုင်ငံသားတွေ ပါးရိုက်ခံရပြီ။ ကောင်းကြသေးရဲ့ လားအရပ်ကတို့ ရေ။
ရဲတပ်ဖွဲ့ က လူတွေက ပါးမှအရိုက်မခံဘူးတာ၊ အဲ့ ဒီတော့ ဆေးစာတောင်းမှာပေါ့၊ ဘာဖြစ်လို့ လဲဆိုတော့  သူတို့ က သူတပါးကိုပဲရိုက်ဖူးကြတာကိုး၊ သူတို့ ကိုအပြစ်တင်လို့ မရပါဘူး။
ခက်တာက ပြည်သူ့ ရဲတပ်ဖွဲ့ ဖြစ်သင့်တာ၊ အခုတော့ ပြည်ပရဲတပ်ဖွဲ့ ဖြစ်နေပြီ။ အဲ့ ဒီကနေတဆင့် ပြည်သူ့ ငရဲတပ်ဖွဲ့ ဖြစ်သွားရင်တော့  ဒုက္ခ။
ကြားမိတာတော့ ဂျပန်သံရုံးကတောင်လာရောက်ကျိန်းမောင်းသွားသေးတယ်ဆိုလားပဲ။
အမတ်မင်းတို့ မကယ်နိုင်ကြတော့ ဘူးလား၊ ဒါမှမဟုတ် အမတ်အရေးမပိုင်တဲ့ အမှုမို့ လို့ လား။ ဂျပန်နိုင်ငံသံရုံးက သူ့ လူမျိုးကပါးရိုက်တာတောင် သူ့ လူမျိုးဖက်က ကာကွယ်ပေးသေးတာနော်။ ငါလဲနောင်ဘဝမှာ ဂျပန်လူမျိုးဖြစ်အောင်ဆုတောင်းပြီး၊ ကမ္ဘာလှည့်ပြီ ပါးလိုက်ရိုက်ပြစ်မယ်၊ မြန်မာတော့ ဖြစ်ချင်စိတ်မရှိတော့ ဘူး (ပါးရိုက်ခံရမှာစိုးလို့ )။
ပါးရိုက်တာက တော်သေး တာပေါ့ ၊ japan လုပ်သမျှ ခံခြင်နေတဲ့ မြန်မာ မတွေ အများကြီးပါ၊ japan ကြီးတွေကို ဖါးပြီ အမျိုးကောင်းဗမာ မ လေးတွေကို အောင်သွယ်ပေးနေတဲ့ ဗမာ မ တွေလည်း အများ ကြီးပါ၊ marina resident က GM ကြီး က ဗမာမ SPECIALIST ပေါ့
အေးပေါ့လေ.. လူတိုင်းမှာတော့ လွတ်လပ်တဲ့ဝေဖန်မူ လွတ်လပ်တဲ့အမြင်တွေ ရှိကြတယ်လေ.ဟိုတယ်ပါဆိုမှ..ဟိုတယ်လိုဘဲ ကျင့်ကြပေါ့..လာတည်းခိုတဲ့ ကာစတန်မာတွေကို အတတ်နိင်ဆုံးပြေလည်အောင်ဆက်ဆန်သင့်ပါတယ်..ဟိုတယ်ပါဆိုမှ ဘုန်ူးကြီးကျောင်းမှမဟုတ်တာလေ..လူကောင်းလည်းတည်းမယ် လူဆိုးလည်းတည်းမယ်..မိတ်ဆွေလည်းလာမယ် သူငယ်ချင်လည်းလာမယ် ဖါသည်မလည်းလာမယ်လေ..၀န်ဆောင်မူကတော့ အဆင်ပြေသလိုနားလည်မူရှိပေးပေါ့..အများကြိးတော့ မရှင်းပြချင်တော့ပါဘူး..ကွဲလွဲတဲ့ အမြင်လေးတွေတော့ ၇ှိပါတယ်..ဒါတွေက လူမသိအောင် ဖြေရှင်း ရမယ့် ကိစ္စလေ..လွယ်ဒါကို ခက်အောင်လုပ်တော့ ပါးရိုက်တာတောင် နည်းသေးပါတယ်..။ဒီလောက်ဘဲလုပ်ခဲကတဲက ဂျပန်ကိုတော်သေးတယ် ပြောရအုံးမယ်....။
'သူပြန်ဆွဲတာက သူ့ကိုအင်အားသုံး တားဆီးမှုရယ် သူ့ပိုင်နက်ထဲကို ၀င်ရောက်ခွင့်မပြုတာနဲ့ပတ်သက်ပြီးစွဲ ထားတာပါ။ " အဲ့ဒီစကားကိုနားကိုမလည်တော့ဘူးဗျာ...အိမ်ရှင်နိုင်ငံသူတစ်ယောက်ကိုပါးရိုက်သွားတဲ့ လူမျိုးခြားတစ်ယောက်ကို အင်းအားသုံးတာဆီးလို့..ဟလား။..နောက်ပြီး သူ့ပိုင်နက်ထဲကိုဝင်ရောက်ခွင့်..ဘာတုန်းဗျ..ဒါမြန်မာနိုင်ငံလေ။..နားကိုမလည်တော့ဘူး...သူခိုးက လူလိုဟစ်တယ်လို့ပဲပြောချင်တော့တယ်။..
- ဂျပန်နဲ့ လက်ဝါး...တတွဲ ထဲပါလား...
ဒီလောက်ထိCCTVမှတ်တမ်းရှိနေတာကို ဘာလို့ဆေးစာတောင်းတာလဲကွ?
ကိုယ့်နိုင်ငံသူ ခံရတာတောင်မင်းတို့မှာဒီလိုစိတ်တွေရှိသေးလား? အထောက်အထားမပြည့်စုံတဲ့ ကောင်မလေးကိုဟိုတယ်ကဘယ်လိုလုပ်လက်ခံရဲမလဲ၊သူ့စည်းနဲ့ကမ်းသူရှိပြီးသားကွ၊မှတ်ပုံတင်ကလွဲလို့ဘာကတ်နဲ့လာလာ
လက်ခံလို့မရဘူးလို့မင်းတို့အာဏာပိုင်တွေကပဲစည်းကမ်းထုတ်ထားတာလေ။
ဟိုတယ်ရဲ့လုပ်ဆောင်ချက်တွေကအမှန်တွေပဲလေ၊ဥပမာပြောရရင်တည်းခိုသူ
ဘက်ကမှတ်ပုံတင်ပါနေတယ်ဆိုရင်တောင် အခြေအနေတစ်ရပ်ရပ်ကိုကြည့်
ပြီးတော့လက်မခံပဲတောင်နေလို့ရတယ်ဆိုတာရောသိလို့လား?ယခုဖြစ်တဲ့
ဖြစ်စဉ်ကတော့ JAPANကောင်က visa ပါတယ်ဆိုရင်တောင် ဟိုကောင်
မလေးက အထောက်အထားမပြည့်စုံလို့လက်မခံတာဆိုတော့ ဟိုတယ်ဘက်
က အမှန်တရားကိုလုပ်ဆောင်တာဆိုတာ အရှင်းအလင်းကြီးဆိုတာ လူတိုင်းသိလောက်ပါတယ်နော်!ကဲ...ဒီတော့အရေးယူမယ်ဆိုရင်လည်း
သူတစ်ပါးကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ JAPAN ကောင်ကိုပဲအရေး
ယူသင့်တယ်ဆိုတာတော့အရှင်းအလင်းကြီးဆိုတာလူမှန်သမျှလူတွေကတော့
သိပြီးသားပါ၊ဆက်လက်ပြီးဘယ်လိုဆောင်ရွက်မလဲဆိုတာကိုစောင့်မျှော်လျှက်
တော်ပါပြီဗျာ..သူတို့ဖာသာ ရော်ကြေးပေးပြီး၊ ကျေအေးသွားမှ .. ခင်ဗျားတို့ ကားကားကြီးကျန်နေဦးမယ်.. မယုံမရှိနဲ့၊ ကိုယ်တွေ့ဗျို့....
အမှုမဖွင့်ပေးရင်တောင် ဘယ်လို ဆက်လုပ်ရမယ်ဆိုတာလမ်းညွှန်ပေးသင့်တယ်။အလုပ်လုပ်တယ် မလုပ်ဘူး ဆိုတာ ပေါ်လာတာပေါ့ ။
ဟိုတ၇်စည်းကမ်းတွေတော့နားမလည်ဘူး ... ဒါပေမဲ့ဟိုတ၇်ဝန်ထမ်းက
မှားနေအုံး သူ့အနေနဲ့ကိုယ်ထိလက်ေ၇ာက်ရိုက်နှက်ခွင့်မရှိဘူး ...
နောက်တစ်ခုက CCTV မှာရိုက်ထားတဲ့ဟာကိုပြန်ကြည့်ပါ (မီဒီယာ) ဟို
တ၇်ဝန်ထမ်းက မောက်မောက်မာမာဆက်ဆံတာလား ပြေပြေလည်လည်ပြောနေတာလား ဆိုတာ နောက်ဆုံးကုန်ကုန်ပြောမ၇်ကွာ ၀န်ထမ်းကိုမကျေနပ်၇င်သူ့အထက်လူကြီးကိုတိုင်လို့၇တ၇်
အဲ့ဒါမှမကျေနပ်၇င် ဟိုတ၇်ပြောင်းပြီးတည်းလက်နဲ့ ရိုက်ဖို့မပြောနဲ့ဆဲတ၇်
ဆို၇င်တောင် လွန်နေပြီ .... သောက်ေ၇းမပါတဲ့ အသားထဲကလောက်
ထွက်တဲ့ ကောင်တွေကြောင့်လဲ ငါတို့အနှိမ်ခံနေ၇တာ (မီဒီယာ) နောက်
တစ်ခါ ခင်ဗျားမိသားစုထဲကတစ်ယောက်ယောက်ကို ဂျပန်တစ်ယောက်က
ပါးရိုက်သွားမှ လက်ဆွဲသွားနှုတ်ဆက်ပြီး ကျေးဇူးတင်ပါတ၇် ဒီလောက်ပဲ
လုပ်သွားလို့ ဆိုပြီး သွားဖားလိုက် .... ;( ......
;) =Y=
ကို မီဒီယာရေ မင်းအဲဒီနေရာမှာ မင်းညီမဆိုရင် မင်းဘယ်လိုလုပ်မလ?
ဖက်ဆစ်ခေတ်တုံးကလည်း လက်သဲခွံကို ပလာယာနဲ့တောင်
ဆွဲနှုတ်တာတို့ ရေနွေးပူနဲ့လောင်းတာတို့ မုဒိမ်းကျင့်တာတို့
လုပ်ခဲ့တဲ့ ဂျပန်။ အခုချိန်ထိ အကျင့်မပျောက်ချင်သေးဘူး။
သူ့ပိုင်နက် ဆိုတာ ငှါးရမ်းထားတဲ့ သူ့အခန်းကို ပြောတာပါ။
လူလူချင်းကိုယ်ချင်းစာကြည့်ပါလား ကိုမီဒီယာ ညီမမပြောသေးဘူး ရှင့်အမေကို အဲလိုအရိုက်ခံရရင်ရော ရှင်ဘယ်လိုလုပ်မလဲ ဒီဝန်ထမ်းအမက Customer ကိုမပြေမလည်ဆက်ဆံစရာလား သူတို့အဲလိုဆက်ဆံရင်သူတို့အလုပ်ပြုတ်မှာပေါ့ နည်းနည်းလေးကိုယ်ချင်းစာစိတ်လေးထားကြည့်ပါလား
အဲဒီ ဟိုတယ်မှာ ယောင်္ကျားလေး ၀န်ထမ်း မခန့်ထားဘူးလား ....
ပြောပြမယ်...သူတို့ က နိုင်ငံခြားသားဆိုတာနဲ့ ပြည်နှင်ဒဏ်ပေးလိုက်တာပဲ။ အခုဒီပြသနာကို မဆိုလိုဘူးနော်။ တချို့ တချို့ သော ကိတ်စတွေမှာ ချွင်းချက်မရှိ ထောက်ထားခြင်း ဘာမှကို မရှိ၊ ဟိုး အပေါ်ကတောင် ဘာမှကို မသိပဲ မြို့နယ် နဲ့ ခရိုငိပေါင်းပြီး လုပ်လိုက်တဲ့ အလုပ်တွေလည်း ရှိတယ်။ ကိုယ်တွေ့ ပါ။ ပြောပြချင်တယ်၊ ရင်ဖွင့်ပြချင်တယ်....တနေ့ ပေါ့....
တရားရုံးတို့ ရဲစခန်းကကောင်တွေ မင်းတို့စားနေတဲ့ထမင်းက ပြည်သူက ကျွေးထားတာကွ။ မင်းအမေ့လင် ဂျပန်ကောင်က လာကျွေးနေတာမဟုတ်ဘူး။ ကိုယ့်ထမင်းရှင် ပြည်သူကို အကာအကွယ်ပေးရမှာကို ပထွေးဘက်က လိုက်နေကြတယ်။ တောက် စိတ်ရှိတိုင်း ပြောရရင် မကောင်းဘူး။ ဟို မီဒီယာ ဆိုတဲ့အကောင်။ နောက်တခါ ဂျပန်က မင်းညီမကို ပါးလာရိုက်မှ အာရီးဂတ်သော ဂိုဇိုင်းမတ်လို့ ပြောလိုက်။ ဟုတ်ပြီလား။
media yeah,
Hotel soda pha yone ma hote ta daw thay cha taw.
Before you writ comments, you should think twice.
(မီဒီယာ) ဆိုပြီး comment ပေးတဲ့ကောင်ကိုပြောချင်တယ်၊ မင်းကမီဒီယာ ဆိုတဲ့နာမည်သုံးရအောင် မင်းနဲ့တန်လို့လား။ နေရာတိုင်းမှာ စည်းကမ်းဆိုတာရှိတယ်ကွ၊ ဟိုတယ်မှာလဲ ဟိုတယ်အလျှောက် စည်းကမ်းရှိတယ်၊ ဟိုတယ်ရဲ့စည်းကမ်းချက်က မသင်္ကာတဲ့သူ၊ ကိုယ်ရေမသန့်တဲ့သူ၊ စိတ်မနှံ့သူ တွေကိုလက်ခံခွင့်မရှိဘူးဗျ။ ဒါကမြန်မာနိုင်ငံက သတ်မှတ်တာမဟုတ်ဘူး၊ နိုင်ငံတကာ ကနေသတ်မှတ် ထားတာဖြစ်တယ်။ ဒီတော့ ဒီဂျပန်ကနံပါတ် ၁ အချက်နဲ့သွားငြိနေတယ်၊ သူကကောင်မလေးခေါ်လာတာကိုး။ အဲ့ဒီအတွက် ဟိုတယ်ဘက်ကနေ ငြင်းပိုင်ခွင့်ရှိတယ်၊ ဒါကိုသူကသွားပြီး ပါးရိုက်တယ်ဆိုတော့ သူ့ဘက်ကမှားတာပေါ့။ ဒီစာတွေကိုဖတ်တဲ့သူတွေကို သိစေချင်တာက ဖက်ဆစ်လွှမ်းမိုးတဲ့အချိန်တုန်းက ကျွန်တော်တို့ မြန်မာမိန်းခလေးတွေကို မုဒိန်းကျင့်တာ ကလေး ၃၀၀၀ မွေးတယ်ဆိုတာပဲ။ မယုံမရှိနဲ့နော် ဒါကကျွန်တော်ပြောတာမဟုတ်ဘူး၊ ဂျပန်လူမျိုးကိုယ်တိုင်ပြောတာ၊ ဘာလို့သူကဒီစကားကို ပြောလဲဆိုတော့ ဂျပန်နိုင်ငံမှာ သတင်းစာ တစ်စောင်ကနေပြီးတော့ မြန်မာနိုင်ငံကိုသူတို့ရဲ့ကျူးကျော်မှု့ဟာ တရားတယ်လို့ပြောတယ်၊ အရင်အချိန်ကပေါ့၊ ဒါကိုဒီဂျပန်ကြီးကိုယ်တိုင်က မြန်မာနိုင်ငံကို ကျူးကျော်တဲ့အချိန်မှာ သူကိုယ်တိုင်စစ်သားတစ်ယောက်အနေနဲ့ ပါဝင်ရတော့သူတို့လူမျိုးတွေရဲ့ လုပ်ရပ်ကိုသိနေတာကိုး။ သူကကျွန်တော်တို့ မြန်မာတွေဘက်ကနေ မခံမရပ်ဖြစ်ပြီး ဒီစကားနဲ့ ပြန်ချေပခဲ့တယ်၊ တကယ်ချီးကျူးစရာလူပဲဗျ။ အဲ့ဒီ့ကလေး ၃၀၀၀ မွေးတဲ့ထဲမှာ ဒီမီဒီယာဆိုတဲ့ ကောင်များပါနေလား မသိဘူးနော်။
ဒီဂျပန်ကိုတော့ မှတ်လောက်အောင် ဒဏ်ပြင်းပြင်းလေးခပ်လိုက်ပါ။ ကာကွယ်ရေးချုပ်က ပြည်နှင်ဒဏ်နဲ့ ရာသက်ပန်ဗီဇာ ပိတ်တယ်လို့ပြောသေး။ ဒို့မြေ ဒို့ပြည်မှာ ဒို့လူမျိုးကို စော်ကားတဲ့ကောင် အပြတ်ရှင်းသင့်တယ်။ မီဒီယာဆိုတဲ့ကောင် မင်းက ဘာလူမျိုးလဲ? မင်းအဖေက ဂျန်ပန်လား? မဟုတ်ရင် မင်းနှမ သို့ မင်းအမေသာ ဒီနေရာမှာ ခံလိုက်ရရင် မင်းဒီစကားတွေ ပြောထွက်မှာဘဲလား? ဒါမှမဟုတ် လျော်ကြေးတောင်းပြီး ကျေနပ်ပေးမယ်မို့လား? ရှက်ဘို့ကောင်းတာက မင်းတို့လို အမျိုးမစစ် သို့ လူမျိုးတန်ဘိုးမထားတတ်တဲ့ကောင်တွေကြောင့် ငါတို့ပြည် ငါတို့လူမျိုး နိုင်ငံတကာအလယ်မှာ မျက်နှာငယ် အောက်ကျနေရတာ။ တခြားအိမ် အလည်သွာရတော့လဲ ကြက်မ၊ ကိုယ့်အိမ်မှာ နေရတော့လဲ ကြက်မ ဒါဆိုတော့ .... မင်းလိုသွေးမစစ်တဲ့ကောင်ကိုလဲ ငါတို့မြေ ငါတို့ပြည်မှာ ဆန်ကုန် မြေလေးပါတယ်။
အဲ့ဒီဂျပန် မြန်မာနိုင်ငံကို ပြန်လာပြီး တရားဆိုင်ရဲတဲ့သတ္တိကို တော့...
in this case,unlike Myanmar authority, Japanese authority are trying to protect their own citizen whenever and wherever they are in trouble, even their citizen are in the wrong position. this Japanese might think that Myanmar is still in second world war time,please take him necessary action against the law.if Myanmar peoples commit like this case in other countries he will definitely send home only after reasonable jail term. Myanmar authority should learn from this case how to protect our own country man.please wake up!
ငါတို့မြန်မာတွေ နိုင်ငံတကာသွားတော့လည်း မြန်မာပတ်စပို့တွေ့တာနဲ့တင် အထင်သေးခံရတယ်၊ ကိုယ့်ပြည်တွင်းမှာကြတော့လည်း သူများလာဗိုလ်ကျတာ
ခံရပြန်တယ်။ အော် မြန်မာဖြစ်ရတဲ့ဒုက္ခ။ မသေးလှပါလား။
ငယ်ငယ်တုန်းက ရွာမှာ ခွေးချင်းလုံးရင်တောင်၊ ကိုယ့်ခွေးနိုင်မှကြိုက်တာ
အခုဟာက လူ သူများခွေးက ကိုယ့်အိမ်(နိုင်ငံ)ထဲလာပြီး ကိုက်သွားတာ
ဘယ်လိုလုပ်မလဲ။
ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲဆိုတာလည်း သိနေပြီပဲ
ဘာဖြစ်လို့ သူများခွေးဘက် လိုက်အားပေးနေကြတာလဲ ...
"မီဒီယာ" ဆိုတဲ့ကောင် မင်း ညီမ ၊ မင်း ဆွေမျိုးတွေ ကိုသာ ဟိုတယ်ဝန်ထမ်း လုပ်ခိုင်းပြီး ဂျပန်က ပါးရိုက်ရုံတင်မကဘူး ၊ ဟိုဒင်းလုပ်ပြီး မျိုးပွားတာပါ ကျေကျေ နပ်နပ်ကြီး ခံလိုက်။ ပြီးရင် အခုလို Comment ကိုပြန်ရေး။ ဟုတ်ပီလား။
မိုက်ရိုင်းလိုက်တာ မြန်မာနိုင်ငံကိုလာပြီးတော့လူပါးဝနေတာ မကြိုက်ဘူးဆို
ရင်လည်းအထက်လူကြီးကိုပြောပေါ့
ပါးရိုက်တာကိုပဲ ဆေးစာပြရအုံးမယ် ဘယ်ဆေးရုံကပါးရိုက်တာကိုဆေးစာပေးလဲ ကြည့်လဲလုပ်ပါအုံးပုဇွန်တောင်ရဲစခန်းရယ်
ဂျပန်ကြီးကိုထိထိရောက်ရောက်အရေးယူသင့်တယ်
ဝန်ထမ်းဆိုတာ သူတာဝန်အတိုင်းလုပ်မှာဘဲ
သက်သက်မြန်မာတွေကိုဆော်ကားတာပါလား တော်တော်လူပါးဝတဲ့ကောင်တွေ
တော်တော်မိုက်ရိုက်တဲ့လုပ်ရပ်ပါကွာ
မီဒီယာ
ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး မင်းမိသားစု၇ိုက်ခံ၇မှဒီစကားပြော မကြေနပ်၇င်လက်နဲ့၇ှင်းတာကျောက်ခေတ်ကအတွေးအခေါ်တွေ
မြန်မာတ၇ားစီ၇င်ေ၇းမှာ နိင်ငံသားနိင်ငံခြားသားတပြေးညီဖြစ်သင့်တယ်
စင်ကပူမှာအမေ၇ိကန်ကောင်လေးစည်းကမ်းဖောက်တုန်းက အမေ၇ိကန်သမတ ၀င်တားတာတောင်မ၇ဘူး ကြိမ်နဲ့၇ိုက်အပြစ်ပေးတယ်
* Media! Do you know Myanmar's hotel policy and rules and regulations ?
* You should be recommenced to that case before you wrote it.
(မီဒီယာ)ဆိုတဲ့ချာတိတ်ကိုပြောရအုံးမယ်၊အရင်ဆုံးပြောချင်တာကတော့မင်းရွာမင်းပြန်ပြီးတော့ နွားပဲကျောင်းနေပါကွာ၊အဆင့်အတန်းရှိတဲ့လူတွေပေးနေတဲ့Commentဆိုတဲ့ထဲကိုမင်းလိုရွာသားက၀င်မပါချင်ပါနဲ့ကွာ၊ပြီးတော့မင်းက(မီဒီယာ)ဆိုတဲ့နာမည်ပေးရအောင်မင်းကဘယ်လောက်အထိမီဒီယာအကြောင်းနေလို့လဲ?အခုလည်းချာတိတ်ကဟိုတယ်အကြောင်းကိုပြောရအောင်ဟိုတယ်ကိုရောတည်းဖူးလို့လား?sorryနော် မေးတာနည်းနည်းလွန်သွားတယ် ဇရပ်ပေါ်ကိုတောင် တက်ပြီးအိပ်နိုင်တဲ့ကောင်မိုလို့လား?အခုဟိုတယ်ဖြစ်ရပ်
ရဲ့အကြောင်းအရာကို ငါရေးထားတာဖတ်ချင်ဖတ်ကြည့် အပေါ်မှာရေးထား
တယ်ကွ soecyclone နာမည်နဲ့၊မင်းလိုကောင်ကိုလေရှည်မပြောတော့
ဘူးကွာ၊ေ-ာက်ဆင့်မရှိတဲ့ကောင်၊မသိရင်အေးဆေးနေ...
မီဒီယာရေ
မင်းပြောသလိုဆို မြန်မာတွေအနေနဲ့ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် အစော်ကားခံနိုင်မှ ၀င်လုပ်ရမယ်ဆိုတဲ့ သဘောပေါ့
ငါတို့မှာလဲ ယဉ်ကျေးမှူတော့ရှိပါတယ်ကွ
မင်းအနေနဲ့ ကိုယ်ချင်းစာသင့်တယ်
ငါတို့က အစော်ကားခံရတာပါ
မင်းမှာ မျိုးချစ်စိတ်ကောရှိရဲ့လား
ဒီလိုအဖြစ်မျိုးကို အရေးမယူရင် နောက်လာမယ့် နိုင်ငံခြားသားတွေက
မြန်မာတွေဆိုတာ ငပေါတွေပါကွာ ကြိုက်သလို လုပ်ချင်ရင် မြန်မာနိုင်ငံကိုသွားလို့ ပြောကုန်ကြမှာပေါ့။
Post a Comment