လှည်းကူး
မြို့ လူထုအားကစားကွင်းမှာ မနက်ဖြန်ကျင်းပဖို့ စီစဉ်ထားတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လူထုဟောပြောပွဲကို ခွင့်မပြုတဲ့အတွက် တခြားနေရာ ပြောင်းရွှေ့ဖို့
ကြိုးစားနေတယ်လို့ ပါတီက ပြောပါတယ်။
ဟောပြောပွဲ
ကျင်းပဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့
ခွင့်ပြုချက်ရပြီးမှ၊ ဟောပြောပွဲကျင်းပဖို့ တရက်အလိုမှာ
ပြည်ထောင်စု အားကစားဝန်ကြီးက ပိတ်လိုက်တဲ့အတွက်
နေရာပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ လှည်းကူးမြို့နယ်မှာ
ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း
ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့
နေရာလိုက်ရှာထားတယ်။ မြို့နဲ့ကပ်လျက် လယ်ကွင်းမှာပေါ့။
မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ သွားညှိနှိုင်းတယ်။
ကော်မရှင်လူကြီးတွေကို ခေါ်သွားမယ်၊ ပြပြီး အဲဒီနေရာကို သူတို့ဆီကို
စာတင်ပြဖို့ ကျနော်တို့ လုပ်တယ်။ နေ့ချင်းပြီးအောင်
ဆောင်ရွက်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ဒါက ကျနော်တို့ကို
ကပ်ပြီးမှပြောတာ၊ ကျနော်တို့က ဖိတ်ကြားတဲ့ကိစ္စလည်း
လုပ်ထားပြီးပြီ။ ရွာပေါင်း ၁၁၉ ရွာရှိတယ်၊ အုပ်စုက ၅၇ အုပ်စုရှိတယ်၊
မြို့ပေါ်မှာ ရပ်ကွက် ၅ခု ရှိတယ်။ အဲဒီအတွက် လာမယ့် ပြည်သူလူထုတွေကတော့
အများကြီးပဲ။ ကျနော်တို့ မြို့မှာတော့ ဆိုက်ကားလေးတွေကစပြီး
ခွပ်ဒေါင်းအလံတွေ လွှင့်ပြီးတော့ လုပ်နေတာဆိုတော့ ကျနော်က
ဒီအခြေအနေကို ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။
ပြည်သူလူထုရဲ့ ဆန္ဒကို ပေါ်လွင်စေချင်တယ်။ ပြည်သူလူထု ဖြစ်စေချင်တဲ့
အခြေအနေလေးတွေကို လုပ်ပေးနိုင်ဖို့ ကျနော်ကြိုးစားမယ်။”
လာမယ့် ဧပြီလ
ကြားဖြတ် ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း
ဦးဖြိုးမင်းသိန်း၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက
ကိုယ်စားလှယ်တဦး၊ မြန်မာ့လူ့ဘောင်သစ်ပါတီက ကိုယ်စားလှယ် တဦးတို့
ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။
အာဏာပိုင်တွေရဲ့ ဒီလို လုပ်ဆောင်ချက်တွေကြောင့် အထင်အမြင် လွဲတာတွေ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့
တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် မြို့တိုင်းမှာ
ရွေးကောက်ပွဲတွေမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာမှာ
ပြည်သူလူထုနဲ့ တွေ့ဆုံနိုင်တယ်၊ ပြည်သူလူထုကို ဟောပြောနိုင်တယ်
ဆိုတဲ့ နေရာမျိုးတွေကတော့ ဒီရွေးကောက်ပွဲကို ကျင်းပပေးတဲ့
ပြည်ထောင်စု ကော်မရှင်နဲ့ မြို့နယ်အသီးသီးအတွက်
ညှိနှိုင်းမှုမျိုးတော့ နဂိုကတည်းက ရှိသင့်တယ်။ အခုဆောင်ရွက်နေတဲ့
အခြေအနေတွေက ပုံသဏ္ဌာန်တွေ အမျိုးမျိုး ဖြစ်နေတယ်။ ဒါကတော့ အား/ကာ
ဝန်ကြီးဌာနအပိုင်တို့၊ ဒီဟာတော့ ဘောလုံးအဖွဲ့ချုပ်ကို
ငှားထားတဲ့ကွင်းမို့ သုံးလို့ရတယ်ဆိုတဲ့ အခြေအနေတွေက
ထင်သလိုဖြစ်နေတဲ့ အနေအထားမျိုးတော့ ကျနော်တို့စိတ်ထဲမှာ
မဖြစ်စေချင်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်ဆိုရင် ဒီမိုကရေစီကို
ရှေးရှုသွားမယ်ဆိုတဲ့ အခြေအနေတွေကို သံသယဖြစ်အောင် လုပ်နေသလို
ဖြစ်နိုင်တယ်။ ပြည်သူလူထုက အမြင်လွဲမှားသွားနိုင်စရာ ကိစ္စရပ်တွေက
ဒီအခြေအနေမျိုးမှာ မရှိသင့်ဘူးလို့ ထင်ပါတယ်။”
ဒေါ်
အောင်ဆန်းစုကြည်ရဲ့ အခု လှည်းကူး ခရီးစဉ်ဟာ လူသိန်းချီ
ကြိုဆိုခဲ့ကြတဲ့ တနင်္သာရီတိုင်း ထားဝယ်ခရီး၊ ဧရာဝတီတိုင်း ပုသိမ်၊
မြောင်းမြခရီး၊ ရန်ကုန်တိုင်း ကော့မှူးခရီးစဉ်အပြီးမှာ
စီစဉ်ထားတာ ဖြစ်ပါတယ်။
အခုခရီး
စဉ်မတိုင်ခင် ဒီလ ၄ ရက်နေ့က စီစဉ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မန္တလေးတိုင်း ခရီးစဉ်လည်း နေရာ အခက်အခဲကြောင့်
ဖျက်သိမ်းခဲ့ရပါတယ်။ မန္တလေးခရီးစဉ်မှာ ဟောပြောဖို့ နဂိုက
စီစဉ်ထားတဲ့ ဗထူးအားကစားကွင်းနဲ့ မန္တလေးတောင်ခြေရှိ
အားကစားကွင်းတွေကို ငှားရမ်းပေမယ့် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က
ခွင့်မပြုတဲ့အတွက် ရပ်ဆိုင်းခဲ့ရပါတယ်။
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန် လှည်းကူးခရီးစဉ် အဆင်မပြေဖြစ်
Reviewed by သစ်ထူးလွင်
on
16:18
Rating:
5 comments:
အော်နေကြတာကတော့
တရားမျှတတဲ့ ဒီမိုကရေစီတဲ့
တော်တော်တရားကျဖို့ကောင်းပါတယ်
ဒီကောင်တွေ ဒီလိုသာလုပ်နေမယ်ဆိုရင် ငါတို့နိုင်ငံလည်း လစ်ဗျားတို့၊ဆီးရီးယားတို့လို့ ဖြစ်တော့မယ်ထင်တယ်။ဒီနေ့ခေတ်ရဲ့ ပြည်သူတွေအကြောင်းဒီကောင်တွေမသိဘူးထင်တယ်....
ရင်လေးမိပါတယ်...
ဘာမှမပူပါနဲ့..ဒီရွေးကောက်ပွဲကိုမပြောနဲ့....နောက်လာမဲ့မြန်မာပြည်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ပဲကွ..စိတ်ချ..ဘယ်သူမှ..ဘာနည်းလမ်းနဲ့မှ..တားလို့မရတော့ဘူး..ဒီကာလ.ဒီခေတ်...ဒီပြည်လူထု..ဒီကမ္ဘာ့နိုင်ငံအသီးသီးကတောင်းဆိုနေတာက ဒေါ်အောင်ဆန်းစုကြည်ပဲ..
ဒီအခက်အခဲ ဒီပိတ်ပင်တာလောက်ကိုတော့ သားတို့ဂရုမစိုက်ဘူးအမေ...ဘယ်နေရာ၊ဘယ်မှာပဲဟောပြောပွဲလုပ်လုပ် သားတို့ လိုက်လာခဲ့မယ်..အခက်အခဲနဲ့ရတဲ့အောင်ပွဲက ပိုချိုမြိန်တယ် အမေရယ်..အမေ့အသံကြားရင် အားရှိတယ်..အမေ့ရုပ်ကိုမြင်ရရင် စိတ်ဓါတ်တွေတက်ကြွလာတယ်...ကျွန်တော်တို့ရဲ့ရွှေပြည်သစ်ကြီးကိုမြင်သာတယ်...သားတို့အောင်ပွဲ လက်တစ်ကမ်းရောက်နေပါပြီ..အမေကျန်းမာပါစေ..ဆထက်တိုးပြီး တိုင်းပြည်တာဝန်တွေထမ်းရွက်နိုင်ပါစေ...(အမေ့သားများအားလုံးကိုယ်စား)
တကယ့် တရားခံအစစ်ကိုရအောင်ရှာ။ ပြီးရင်မေ့မပစ်ကြနဲ့။ ဒီမိုကရေစီရရင်ကြိုးစင်တင်ရမဲ့ အကောင်တွေ။
Post a Comment