အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ဗန်းမော်မြို့၊မနောကွင်းတွင် လူထုသို့ဟောပြောနေစဉ်။ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်မှစတင်ကာ ၂၅ မိနစ်ကြာမိန့်ခွန်းပြောကြားခဲ့ပြီး သောင်းချီသော လူထုက လာရောက်အားပေးသည်။ ဓာတ်ပုံ - အိဖြူလွင် မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့လေဆိပ်သို့ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကိုတွေ့ရစဉ် ။ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့တွင် နံနက် ၉နာရီမှ ၁၀နာရီအထိ မိန့်ခွန်းပြောကြားကာ ဗန်းမော်မြို့သို့စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်ကာ ဗန်းမော်လေဆိပ်သို့ နံနက် ၁၁နာရီ ၄၅ မိနစ်တွင်ရောက်ရှိသည်။ ဓာတ်ပုံ- အိဖြူလွင် ဒေါ်အောင်ဆန်းစုကြည်ကိုဗန်းမော်မြို့တွင် လာရောက်ကြိုဆိုသော ကချင်တိုင်းရင်းသူနှစ်ဦးကိုတွေ့ရစဉ်။ ဓာတ်ပုံ- အိဖြူလွင် 7 Day
No comments:
Post a Comment