မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သေဆုံးပြီးဟု ကောလာဟလများထွက်ပေါ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပေကျင်းတွင် လုပ်ကြံခဲ့ရမှုကြောင့် သေဆုံးပြီဆိုသည့် သတင်းကို twitter ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါသတင်းကို အတည်ပြုရန်အတွက် အမေရိကန် ထောက်လှမ်းရေးအ၀န်းအ၀ိုင်း က သက်သေအထောက်အထား မတွေ့ရှိခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပေကျင်းသို့ သွားရောက်လည်ပတ်စဉ်အတွင်းတွင် ပေကျင်းရှိ မြောက်ကိုရီးယား သံရုံးရှေ့တွင် ကားများစွာကို တွေ့ရှိခဲ့ပြီးနောက် လုပ်ကြံခံရသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကောလာဟလကို အမေရိကန် ထောက်လှမ်းရေးအရာရှိများက သီတင်းတစ်ပတ်ကျော်အတွင်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref:CNN
EMG
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သေဆုံးပြီးဟု ကောလာဟလများထွက်ပေါ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သေဆုံးပြီးဟု ကောလာဟလများထွက်ပေါ် Reviewed by သစ်ထူးလွင် on 06:52 Rating: 5

10 comments:

kokochit said...

သေသွားလည်းကောင်းတာပဲ ကမ္ဘာကြီးကိုဒုက္ခပေးမယ်သူ လျှော့သွားတာပေါ့

ksquare said...

ကင်္မဘကြီးအေးချမ်းသွားတာပေါ့ဗျာ

U Pai Soe Oo said...

Will be the pleasant failure of the last world communist country.

Myanmar said...

ချာတိတ်ဘမ်းပြပီး နောက်က လုပ်စားနေတဲ့ ခ၇ိုနီတွေ ကအဓိကပါ။ ။

oaksoeaung@gmail.com said...

သူနိုင်ငံရဲ့ရပ်တည်ချက်နဲ့သူသွားနေတာပါ...အမေရိကန်မီဒီယာတွေကကြောင်ကိုကျားအဖြစ်လုပ်နေလို့သာကြီးနေတာပါ...ပါလေရာအမေရိကန်တရုတ်၊ကုလားနဲ့ကျမှဖင်မွှေးပြောင်နေတယ်

Andy said...

oaksoeaung@gmail.com ရေ။ လျှော့-လျှော့၊ မင်းရဲ့ မနာလိုစိတ်တွေကိုလျှော့။

knight said...

ရပ်တည်ချက်မှန်ရဲ့လားသိနိုင်စွမ်းရှိဖို့လိုတယ်ဗျ
မှားနေရင်အတိုင်းအတာတစ်ခုထိ ပြင်နိုင်စွမ်းရှိသူပဲဗျ ဒါပေမယ့် အကြောက်တရားနဲ့ သက်ဦးဆံပိုင်အုပ်ချုပ်ပြီး မျိုးရိုးစဉ်ဆက်သရဖူလွှဲပေးဖို့ပဲ ကြိုးပမ်းနေတာလေ
oaksoeaung@gmail.com ရေ စာများများဖတ်၊ စာနာနားလည်နိုင်စိတ်များများမွေးကွာ

R.pongring said...

ကောင်းတယ်။

attack88 said...

မြန်မာက...ဟိုခေါင်းပြောင်ကြီးတွေပြီးရင်...အဲဒီကောင်...ဥပဓိရုပ်
အညံ့ဆုံးပဲ။

Anonymous said...

စိတ်မကောင်းပါ....အားလုံးကိုအဆင်ပြေစေချင်ပါတယ်......

Powered by Blogger.