အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦး တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရပ်တည်

ဒေါ်မြင့်မြင့်အေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဒေါ်မြင့်မြင့်အေး က ပြည်သူ့လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ် မိတ္ထီလာ မြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည်ဖြစ်ရာ ရာနှုန်းပြည့် အောင်နိုင်ရန် ယုံကြည်မှုအပြည့် ရှိနေသည်ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့သူဖြစ်သည့် ဒေါ်မြင့်မြင့်အေးသည် ၁၉၈၉ ခုနှစ်မှ စတင်ခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ပြီး ယခုအဖွဲ့ချုပ်က မှတ်ပုံတင်ပြန်တင်ပြီး နောက် ပါတီဝင်ဟောင်းများ ပြန်လည် ပါတီဝင်မှတ်ပုံတင်ရန် ပြောကြားချိန် တွင် ပါတီပြန်မ၀င်တော့ဘဲ တစ်သီးပုဂ္ဂလအဖြစ် ပြန်လည်အရွေးခံရန် ရွေးကောက် ပွဲကော်မရှင်ကို တင်ပြခဲ့ရာ ဖေဖော်ဝါရီ လ ၁၃ ရက်တွင် ခွင့်ပြုချက်ကျခဲ့ပြီ ဖြစ်သည်။
"မိတ္ထီလာမြို့နယ်မှာ ကျွန်မကို ထောက်ခံသူအများကြီးရှိပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်က လူရွေးတဲ့အခါ ကျွန်မ နာမည် မဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်တဲ့အတွက် ပါတီပြန်မ၀င်တော့ဘဲ တစ်သီးပုဂ္ဂလအဖြစ် ပြန်ဝင်ခဲ့တာပါ" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ထားသူမှာ ရန်ကုန်မြို့ အဖွဲ့ချုပ်မှ ဦးဝင်းထိန် ဖြစ်သည်။
ဒေါ်မြင့်မြင့်အေးသည် မိတ္ထီလာမြို့နယ်တွင် အဖွဲ့ချုပ်ဝင်တစ်ဦးအဖြစ် ဒေသခံများ၏ ထောက်ခံမှုဖြင့် နိုင်ငံရေး လှုပ်ရှားမှုများကို နှစ်၂၀ ကျော်လုပ် ဆောင်ခဲ့သော်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခြင်းမပြုခဲ့ခြင်းအပေါ် အဖွဲ့ချုပ်သို့ မည်သည့်မှတ်ချက်မျှ မပေးလိုသော်လည်း တစ်သီးပုဂ္ဂလ အဖြစ် ပါဝင် ပါကလည်း ဒေသခံများက ၎င်းကို ရွေးချယ်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
"မိတ္ထီလာ၊၀မ်းတွင်း၊ သာစည်နဲ့ မလှိုင် တစ်ဝိုက်က ရွာတွေမှာ ကျွန်မလုပ်ကိုင်ခဲ့တာကို သိကြပါတယ်။ မလွှဲသာလို့ အခုလို တစ်သီး ပုဂ္ဂလအဖြစ် ၀င်အရွေး ခံရတာပါ။ လူ့အခွင့်အရေး ကိစ္စတွေမှာလည်း ကျွန်မအများကြီး ဆောင်ရွက်နေပါတယ်။ အခုအဖွဲ့ချုပ်က ရွေးထားတဲ့သူကလည်း ဒီက ဒေသခံမဟုတ်ဘူး" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
ဒေါ်မြင့်မြင့်အေး၏ အဆိုအရ အဖွဲ့ချုပ်က ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့မှာ ၀င်ရောက် မည့်ဒေသမှ ဒေသခံများမဟုတ်ကြောင်း၊ မိတ္ထီလာမြို့နယ် အပါအ၀င် အချို့သော မြို့နယ်များတွင်လည်း အလားတူ ကိုယ်စားလှယ်လောင်းများနှင့် ပတ် သက်သည့် အငြင်းပွားမှုများရှိကြောင်း ပြောသည်။
ယခု ၀င်ရောက်မည့် မိတ္ထီလာမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမို ကရက်တစ်မဟာမိတ်ပါတီတစ်ခု မှ ကိုယ်စားလှယ်လောင်းများလည်း ၎င်းနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ၎င်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ မဟုတ်တော့ကြောင်းကို ဒေသခံ များကို ရှင်းလင်းမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စည်းရုံးရေးများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။
"ကျွန်မ ဘယ်ပါတီကြီးတွေရဲ့ စည်းရုံးမှုကိုမှ လက်ခံမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ငွေနဲ့ပဲ စည်းရုံးရေး ဆောင်ရွက်မှာပါ။ စည်းရုံးရေး အတွက် ကော်မရှင်က သတ်မှတ်ထားတဲ့အတိုင်း ကျပ်သိန်း ၁၀၀ မကျော်အောင်သုံးမှာပါ" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
အသက် ၅၄ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေး၏ တစ်သီး ပုဂ္ဂလအမှတ်အသား တံဆိပ်မှာ ကြယ်ဖြူ ဖြစ်ပြီး ၎င်းနှင့်အတူ စည်းရုံးရေးအတွက် လိုက်လံကူညီသူများရှိရာ အချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းများဖြစ်ပြီး ပါတီဝင်အဖြစ် မှတ်ပုံပြန်မတင်သူများဖြစ်သည်။
"လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမယ်" ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
ဒေါ်မြင့်မြင့်အေး၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ရှင်ပြု၊ နားသများအတွက် ၀တ်စုံများ ငှားရမ်းသည့် လုပ်ငန်းဖြစ်သည်။
ကျော်ဆုမွန်  (မြန်မာ့တိုင်းမ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦး တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရပ်တည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦး တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရပ်တည် Reviewed by သစ်ထူးလွင် on 17:47 Rating: 5

12 comments:

Myanmar said...

အင်း အမေ၇ ကိုယ်ယုံကြည်၇ာ ကိုယ်လုပ်တာဘဲဗျာ။ အများကောင်းကျိုးကို တကယ်လုပ်နိုင်တဲ့သူ ဖြစ်ပါစေဗျာ။ အမ၇ဲ့ စေတနာ ၀ါသနာကို ယုံကြည်ပါတယ်။ ဒါပေမယ့် ထင်းစီးများလိုဘဲ အစုအစည်းနဲ့ဆို၇င် ပိုပီးအားဖြစ်တာပေါ့။ ဒါပေမယ့် သဘောထားခြင်းမတိုက်ဆိုင်တာတွေလဲ၇ှိနိုင်တာပေါ့လေ။ အောင်မြင်ပါစေ။ ။

သူရိယ said...

အနှစ် ၂၀ ကျော်ပါတီအတွက်လုပ်လာခဲ့ပြီးမှ ကိုယ်စားလှယ်လောင်းမဖြစ်ရတဲ့ အတွက်ခံစားချက်ကိုနားလည်ပါတယ်။ သို့သော်ယခုအချိန်ကပုဂ္ဂိုလ်ရေးထက် ပါတီအရေး နဲ့ နိုင်ငံ့အရေးကိုပိုအလေးထားရမဲ့အချိန်ပါ။ အခုလိုမျိုးခွဲထွက်ပြီး ပြိုင်မယ်ဆိုရင် ကောင်းဖို့ထက်ဆိုးဖို့ပိုများမယ်ထင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်းစိတ်ရှုပ်သွားနိုင်ပါတယ်။ စည်းလုံးမှုမရှိတဲ့သဘောမျိုးဖြစ်သွားပါလိမ့်မယ်။ ရင့်ကျက်မှုနဲ့ ဆက်ပြီးပေးဆပ်ကြပါလို့ပြောချင်ပါတယ်ခင်ဗျား။

noelzawlin said...

Ag Myin par say

Red Warrior said...

ကြိုက်တယ် ... ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ကိုယ့်အရည်အချင်းကို ... ကိုယ့်ကိုကိုယ် ယုံကြည်တယ်ဆိုရင် ဘယ်သူမဆို လွတ်လပ်စွာပြိုင်ခွင့်ရှိတာပဲ .... တခုတော့ရှိတယ် ... NLD နဲ့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း လုပ်ဖို့တော့လိုမယ် ... ပါတီကိုဖြစ်ဖြစ် အမေစုကိုပဲဖြစ်ဖြစ် အမှီပြု ခုတုံးမလုပ်ဘူး ဆိုရင် ပြီးတာပါပဲ .....ပါတီနာမည် အမှတ်တံဆိပ် ဆင်တူရိုးမှား တုပ ခုတုံးလုပ်ပြီး မဲရအောင် လုပ်ခဲ့တာတွေ အများကြီး ကြုံဖူးပြီးပြီ ...
မဲထည့်မဲ့ ပြည်သူလူထုက သူတို့ကို အကျိုးပြုနိုင်မယ် ထင်တဲ့ ကိုယ်စားလှယ်ဖြစ်မဲ့သူကို သူတို့ဘာသာ ဆုံးဖြတ်ရွေးချယ်မှာပါ .... ကိုယ်တွေကတော့ ... ဒီအချိန်မှာ တခြားသူတွေ ပါတီတွေ အားလုံး နိုးပဲ ...
အမေစုနဲ့ NLD ရဲ့ ကိုယ်စားလှယ်တွေပဲ အပြည့်အဝယုံကြည်တယ် ... အမေစု ဦးဆောင်ပြီး လျှောက်လမ်းမဲ့လမ်းကို ရဲရဲကြီး ဝိုင်းရံ ပံ့ပိုးသွားမယ် ...

Myo Aung said...

ဒေါ်မြင့်မြင့်အေးရဲ့ခံစားချက်ကို မျှဝေခံစားနိုင်ပါတယ်။ အခုလက်ရှိအနေအထားအရ NLD ပါတီအနေနဲ့ နေရာတိုင်းမှာ ရာနှုန်းပြည့်နိုင်သိတိုင်အောင် လွှတ်တော်မှာ ဆန္ဒထုတ်ဖေါ်ခွင့်ရတဲ့အဆင့်သာ ဖြစ်ပါလိမ္မယ်။ ဦးဝင်းထိန်ဆိုတာလည်း မိုးပေါ်ကကျလာတာမှမဟုတ်တာ။ တမြို့တည်းသားချင်း၊ ကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူကို ဖေးမပေးရင် မိတ်ထိလာတမြို့နယ်လုံးမက မြန်မာတပြည်လုံးက လေးစားတာကိုခံရလိမ္မယ်။ အခုပုံစံက ဒီမိုကရေစီဘက်တော်သားလို့နာမည်ယူပြီးတော့ နေရာလုတဲ့သဘောဖြစ်နေတယ်။ ဒေါ်မြင့်မြင့်အေးမဲနိုင်တယ်ထားအုံး မိတ်ထိလာမြို့နယ်အတွက် ဘာတွေလုပ်ပေးနိုင်မယ်လို့ထင်ပါသလည်း။ ဒေါ်မြင့်မြင့်အေးအနစ်နာခံတယ်ဆိုတာ အနှစ်၂၀နီးပါးထောင်ကျခံရတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ ၈၈-ကျောင်းသားခေါင်းဆောင်တွေကိုတော့ မှီတယ်လို့ ကျွန်တော်မထင်ပါ။ အခု သူ့တို့တွေလွှတ်တော်ကိုယ်စားလှယ်လောင်း လုနေတာမြင်လား၊ကြားမိလား။ ဒါ့ကြောင့် ပြည်သူတွေကပိုပြီးလေးစားကြတယ်။ သဘာအတိုင်းဆိုရင် အသက်ကြီးတဲ့လူက အရင်သေရတတ်တယ်။ ဒေါ်မြင့်မြင့်အေးက အခုမှ အသက် ၅၄-နှစ်ဆိုတော့ ကျန်းမာရင် နောက်ထပ် အနှစ် ၃၀ နိုင်ငံရေးအလုပ်ကို လုပ်နိုင်သေးတယ်။ ၂၃-နှစ်လုံးလုံး NLD ကိုအင်တိုက်အားတိုက်ကူညီခဲ့ဒါကိုအမှတ်ရသလို နောက်ထပ် အနှစ် ၃၀လောက်ကို ဘယ်လိုဖြတ်သန်းမလည်းဆိုတာကို စဉ်းစားဖို့ အကြံပြုပါတယ်။
တစ်ယောက်အားနဲ့မနိုင်တဲ့ကိစ္စ တစ်သိန်းအားလို့ လုပ်ယူလို့ရတယ်။ စည်းရုံးခြင်းကိုသာအားပေးထောက်ခံပါတယ်။ အနစ်နာခံတာတခုတည်းနဲ့ မလုံလောက်ပါ။ နားလည်ပေးမှု့ကိုပါ ဖြည့်စွက်ပါ။

Ye Naing said...

ပါတီအရေးထက်နေရာရဖို့အရေးဦးစားပေးတဲ့သဘောလို့မြင်ပါတယ်။

Once Myanmar said...

Self-centered personal expectation!

Unknown said...

uhmmmmm personal...personal....
*sigh**

zinzin said...

ဒေါ်မြင့်မြင့်အေးရေ ပြည်သူတွေအတွက် နိုင်ငံရေးလုပ်တာလား ကိုယ့်အတွက် နိုင်ငံရေးလိုက်တာလား မသိဘူးနော် ကိုယ့်အခြေအနေ ကိုယ်စဥ်းစားတတ်ရင်ကောင်းမှာပဲ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးမခံရတာနဲ့ပဲ အနှစ် ၂၀ လုပ်ခဲ့တဲ့ နေရာကို ကျောခိုင်းတယ်တဲ့ အဲ့ဒိလို လုပ်ခဲ့တဲ့ အရာတွေ ဟာ တချိန်မှာ ကိုယ်စားလှယ်လောင်း အရွေးခံဖို့လုပ်ခဲ့တာပေါ့ ဒါဆို ပြည်သူတွေအတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်ပဲ တွေးပြီး လုပ်ခဲ့တာပဲ တို့သာဆိုရင်လေ အဲ့လိုလူမျိုးကို မဲမပေးဘူး ဒီလောက်တောင် အတ္တကြီးတာနေတာကို ဒီလိုလူမျိုး တနေ့နေ့ တချိန်ချိန် ပြည်သူတွေကို ကိုယ်စားပြုတဲ့ အမတ်ဖြစ်လာရင်လဲ ကြံ့ဖွတ်လိုပေါ့ ကိုယ့်ဖို့ပဲကိုယ် ကိုယ် ကြည့်မယ့် သူဖြစ်လာမှာပဲ ။။ ဒေါ်မြင့်မြင့်အေးလဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသလိုပဲ တို့လဲ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိတယ်ထင်လို့ ဝေဖန်လိုက်တယ်နော် အော်ပြီးတော့ ပြောအုံးမယ် တို့က မိတ္ထီလာမှာတော့ မနေဘူး တို့အဘွားတွေက မိတ္ထီလာ ဇာတိတွေ ဆိုတော့ အဲ့မှာ ရှိတဲ့ အမျိုးတွေကို ပြောထားမယ် အဲ့လို အတ္တတခုပဲ ကြည့်တဲံ့သူကို မဲထည့်ရင် ရှေ့က အဖွဲ့တွေကိုပဲ ကြည့်လို့ အဖွဲ့အစည်းပဲ ကောင်းစားမယ် ပြည်သူမကောင်းစားဘူးလို့ ပြောလိုက်မယ်...

Min Min said...

ဒေါ်မြင့်မြင့်အေးရဲ့ လုပ်ဆောင်ခဲ့သော သမိုင်းကို အသိအမှတ်ပြု ပါဧ။် နေရာရမှ လုပ်နိုင်မယ်ဆိုရင် စိတ်ကုန်ပါသည်။ မန္တလေးမှဒေါ်ဝင်းမြမြ ကို အတုယူစေချင်ပါသည်။

Weik Zar said...

ကောင်းလိုက်တဲ့ဆုံးဖြတ်ချက်၊အပျိုကြီးရယ်၊စိတ်ပျက်ဖို့။
I think you should know
the meanings of the words like
timing, situation,team work,future,
analyze,strategy,the right decision etc,etc.

kothantun said...

ဒေါ်မြင့်မြင့်အေးရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရပ်တွေအတွက် ထောက်ခံအားပေးသွားမှာပါ၊ ဒေါ်မြင့်မြင့်အေးရဲ့စိတ်ဓါတ်နဲ့ ကိုယ်ဒေသအပေါ်ထားတဲ့ သဘောထားတွေကို လဲ လေးစားမိပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ဖို့၊ ကိုယ်ရပ်ကိုယ်ဒေသဖွင့်ဖြိုးဖို့ဆိုတာ NLD ဖြစ်မှ လုပ်နိုင်တယ်ဆိုတဲ့အယူအဆ ဟာ ပုဂ္ဂိုလ်စွဲ ပါတီစွဲ အယူအဆပါဥပမာအနေနဲ့ သင်္ဃန်းကျွန်းက ဦးသိန်းညွန့်ရဲ့လွှတ်တော်တွင်းလွှတ်တော်ပြင်ပ ဆောင်ရွက်ချက်တွေကို လေ့လာကြည့်ရင်သိနိုင်ပါတယ် ဒေါ်မြင့်မြင့် ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ပေးနေကြတဲ့ ရဲဘော်များကိုလဲ ဂုဏ်ယူပါတယ် ဒေါ်မြင့်မြင့်အေးနိုင်ရမည်

Powered by Blogger.