ဒေါ်စန္ဒာမင်း က ဇမ္ဗူသီရိမြို့ နယ် လက်ပံခါးလှကျေးရွာ ဒေသခံ များနှင့်တွေ့ ဆုံ

နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့ နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည့် NLD ပါတီဝင် ဒေါ်စန္ဒာမင်း က ဇမ္ဗူသီရိမြို့ နယ် လက်ပံခါးလှကျေးရွာ ဒေသခံ များအား " ကျွန်မလမ်းဖောက်ပေးမယ်၊ တံတားဆောက်ပေးမယ်လို့  မပြောချင်ဘူး ဒီနေရာမှာပြောရင် လည်း အဓိပ္ပာယ်မရှိဘူး အခုဒီနေရာမှာ တကယ်လိုအပ်တာတွေကို ကျွန်မလေ့လာမယ်။ အဲဒီ တံတားဆောက်မယ်၊ လမ်းဖောက်မယ်ဆိုတာ အစိုးရကိစ္စ ကျွန်မတို့ နဲ့ မဆိုင်ဘူး အစိုးရကိစ္စကို အစိုးရလုပ်လိမ့်မယ်။ ကျွန်မတို့ နဲ့ ဆိုင်တာကို ကျွန်မ တို့ လုပ်မယ်။ ကျွန်မတို့ က ဒေသတွင်း ပြည်သူတွေဘာတွေလိုအပ်လဲ၊ ဘာအခက် အခဲရှိသလဲ ဆိုတာကို လုပ်ပေးမယ်။ လွှတ်တော်ထဲရောက်သွားရင် ဒီမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို လွှတ်တော်ကိုတင်ပြပေးမယ်လို့ " ဒေါ်စန္ဒာမင်းမှ လက်ပံခါးလှကျေးရွာ စည်းရုံးရေးတွင်ပြောကြားသွားခဲ့ကြောင်း ပေါ်ပြူလာဂျာနယ် ဖေ့စ်ဘုတ် သတင်းအရသိရသည်။
ဒေါ်စန္ဒာမင်း က ဇမ္ဗူသီရိမြို့ နယ် လက်ပံခါးလှကျေးရွာ ဒေသခံ များနှင့်တွေ့ ဆုံ ဒေါ်စန္ဒာမင်း က ဇမ္ဗူသီရိမြို့ နယ် လက်ပံခါးလှကျေးရွာ ဒေသခံ များနှင့်တွေ့ ဆုံ Reviewed by သစ်ထူးလွင် on 18:06 Rating: 5

1 comment:

aeemondra said...

မှန်ပါသည်။ လမ်းဖောက် ၊ တံတားဆောက်တာ ၊ အစိုးရအလုပ်
ဒါကို ပြည်သူတွေက အထူးတလည် တောင်းခံနေစရာမလိုပါ။
နိုင်ငံတကာမှာ ဒီလိုပဲ လုပ်ဆောင်နေပါသည်။

Powered by Blogger.